Monday, November 12, 2012

မြေငလျင်နှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ကောလာဟလများကိုမယုံရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ပြောကြား

Posted by drmyochit Monday, November 12, 2012, under | No comments


 (၁၁-၁၁-၂၀၁၂)ရက်နေ့ နံနက် ( ၇နာရီ၊ ၄၂ မိနစ်၊ ၃၈ စက္ကန့်)အချိန်ကမြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုငးတိုငး ရွှေဘိုမြို့ရဲ့ မြောက်အရှေ့ယွန်းယွန်း (North northeast) ၅၆ ကီလိုမိတာ(၃၅ မိုင်)ခန့်အကွာ ပြည်တွင်းတစ်နေရာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး(၆.၆)ရှိ ပြင်းထန်သော
မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။ အခြား.အနီးဆုံးမြို့မှာ မိုးကုတ်မြို့၊သပိတ်ကျဉ်း၊ ကျောက်မြောင်းမြို့ များဖြစ်ကြပါသည်။
မြေငလျင်ဗဟိုချက်ဟာ စစ်ကိုင်းငလျင်ကြော အပေါ်တွင်တည်ရှိနေပြီး မြေအောက်အနက် ၉.၉ ကီလိုမီတာ(၆ မိုင်)တွင် ဗဟိုပြုလှုပ်ရှားခဲ့သဖြင့် အနက်တိမ် ပြင်းအားကြီး မြေငလျင်(shallow depth strong earthquake) ဖြစ်သဖြင့် ပျက်စီးမှု များနိုင်ပါသည်။ မြေငလျင်ကြီးတို့၏ အစဉ်အလာအတိုင်း နောက်ဆက်တွဲ မြေငလျင်များ လှုပ်ရှားနိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန် လေ့မရှိသောကြောင့် အများပြည်သူများ အနေဖြင့် သတိထားရန်လိုသော်လည်း အစိုးရိမ်မလွန်ကြရန် လိုအပ်ပါသည်။ အထူးသဖြင့် အချိန်ကာလနေ့ရက်နာရီ အတိအကျဖြင့် ထွက်ပေါ်လာသော ခန့်မှန်းမှုများဟာ အခြေအမြစ်ကင်းမဲ့သော ကောလဟလများ သာဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန် လိုအပ်ပါမည်။



 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်