
ရန်ကုန်မှ ထွက်လာသော ရထားသည် အရှိန်အဟုန်ဖြင့် မော်လမြိုင်မြို့သို့ ဦးတည်နေသည်။ ရထားပေါ်ရှိ ခရီးသည်များမှာ တစ်ယောက်တစ်ပေါက် စကားပြောနေသောသူကပြော၊ အနားယူနေသူကယူ၊ စာဖတ်နေသောသူက စာဖတ်ဖြင့် ခပ်ငြိမ့်ငြိမ့် လိုက်ပါလာကြသည်။ ထိုခရီးသည်များထဲတွင် ဆရာဝန်များ ဖြစ်သော ဒေါက်တာဦးမင်းထင်ကျော်၊ ဒေါက်တာကေသွယ်၊ နောက်ပြီး ဆေးကျောင်းသားများ ဖြစ်ကြသော ရွှေအိုရောင်၊ ထက်မြက်၊ ဉာဏ်လင်းအောင်နှင့် အကူနာ့စ်ဖြစ်သော ရဲရင့်တို့ ပါဝင်လေသည်။ ၄င်းတို့ လူစုသည် မိမိတို့ မရောက်ဖူးသော...