Wednesday, May 01, 2013

ပြင်းထန်တဲ့စိတ်ဓာတ်စွဲတွေ နိုင်ငံဖွံ့ဖြိုးမှုမှာ အသုံးပြုဖို့ သမ္မတပန်ကြား

Posted by drmyochit Wednesday, May 01, 2013, under | No comments


 မနေ့တုန်းက နေပြည် တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်း ဆောင်ရည် ဆုချီး မြှင့်ပွဲမှာ နိုင်ငံတော် ရဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်တဲ့ သူတွေကို ဆု အမျိုး အစား ပေါင်း ၁၄ မျိုးကို ချီးမြှင့် ပေးခဲ့ပါ တယ်။ ဒါဟာ အစိုးရ သစ် လက်ထက်မှာ ပထမဆုံး အကြိမ် ကျင်းပ ခဲ့တာ လည်းဖြစ် ပါတယ်။ မြန်မာ နိုင်ငံမှာ ပြင်းထန် တဲ့ စိတ်ဓာတ် အစွဲကို ပဋိပက္ခတွေမှာ မသုံးဘဲ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် ရေးမှာ အသုံး ပြုကြ ဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က အဲ့ဒီနေ့က အခမ်းအနားမှာ မိန့်ခွန်းထဲမှာ တိုက် တွန်း ပြော ကြားသွား ပါတယ်။ ဒီအကြောင်း အပြည့် အစုံကို ကိုသားညွန့်ဦး က တင်ဆက်ပေးမှာဖြစ်ပါတယ်။

မနေ့တုန်းက နေပြည် တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်းဆောင် ရည် ဆု ချီးမြှင့်ပွဲမှာ တော့ ဆုအ မျိုးပေါင်း ၁၄ မျိုးနဲ့ လူပုဂ္ဂိုလ် ၄၂ ဦးကို နိုင်ငံစွမ်းဆောင် ရည်ဆုတွေဆိုပြီး ချီးမြှင့်သွားခဲ့တာပါ။

စိုက်ပျိုး ရေး၊ မွေးမြူရေး၊ အားကစား စတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်သူတွေ တိုင်းပြည်အတွက် ထူးထူး ခြားခြား ဆောင်ရွက်ခဲ့သူတွေကို ရွေးချယ်ပေးအပ်ခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံ တကာနဲ့ ယှဉ်ရင် အဘက် ဘက်က နောက်ကျနေပေမဲ့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ အချိန်မနှောင်းသေးဘူးလို့ သမ္မတ ဦးသိန်း စိန်က ဆု ချီးမြှင့်ပွဲ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံဟာ အဘက် ဘက်မှာ အများကြီး နောက်ကျကျန်နေပါတယ်။ သို့သော်လည်းပဲ အချိန် မနှောင်း သေးဘူး လို့ ပြောရ မှာဖြစ် ပါတယ်။ ကျနော်တို့နိုင်ငံ တည်ငြိမ်အေးချမ်းဖို့၊ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုး တက်ဖို့၊ ကျနော်တို့ကိုယ်တိုင် စည်းစည်းလုံးလုံး ကြိုးစားပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ ဒါမှ လည်း တခြားနိုင်ငံတွေလို ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ဓာတ်အစွဲတွေကို ပဋိ ပက္ခဖြစ် မယ့် နေရာ တွေမှာ မသုံးဘဲ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံး ချမယ် ဆိုရင် ကျနော်တို့ အများကြီး တိုးတက်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေကို အမြန် ဆောင်ရွက်ကြဖို့နဲ့ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။”

အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်အဖြစ် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ဦးချစ် ခင်ကတော့ အခုလို ဆုရရှိလို့ ၀မ်းမြောက်မိတယ် လို့ ပြောပါတယ်။

“နိုင်ငံတော်က ချီးမြှင့်တဲ့ ဆုကို ရရှိတော့ အင်မတန်မှ ၀မ်းသာပါတယ်။ သမ္မတကြီး ချီးမြှင့်တဲ့ဆုကို ရရှိတာ။ ဒါပေမဲ့ ကျနော် တို့မှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ အတွက် နောက်ထပ် ထပ်ပြီးတော့ အများကြီး ကြိုးစားဖို့ရှိပါတယ်။”

နိုင်ငံကို အခွန်ဘဏ္ဍာ အများဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံရတဲ့ စီးပွားရေး လုပ်ငန်း ရှင် ဦးဇော်ဇော်ကတော့ သူ့အနေနဲ့ နိုင်ငံတကာ စီးပွားရေး ဈေးကွက်မှာ ၀င်ရာက် လုပ်ကိုင် နိုင်ဖို့ အပြင် မြန်မာလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်သစ် ဖန်တီးရေးတို့အတွက်လည်း ကြိုး ပမ်း သွားမယ်လို့ ပြောသွားပါတယ်။

“မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေ ပွင့်လင်းမြင်သာမှု ရှိပြီး တော့ ဘဏ္ဍာအခွန်ငွေတွေကိုလည်း ကျနော်တို့ ဆောင်မယ်။ နောက်ပြီးရင်လည်း နိုင်ငံတကာ စီးပွားရေး ဈေး ကွက်မှာ ၀င်ပြီးတော့ လုပ်ကိုင်နိုင်ဖို့၊ ကိုယ့်လူတွေအတွက် အလုပ်အကိုင် အခွင့်အလန်း ဖန်တီးဖို့ အတွက် ရယ် အဲ့ဒါတွေအတွက်လည်း ကျနော်တို့ ကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေမှာ လိုအပ်ချက်တွေ နေရာတိုင်းကို တတ်နိုင်သမျှ ကျနော် ဖြည့်ဆည်း ပေးသွား မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် တတ်နိုင် တဲ့သမျှ အသက်ရှင်သေးသ၍ ကြိုးစားဆောင်ရွက်သွားမှာပါ။”

အရင်တုန်း ကတော့ ဒီလိုဆုမျိုးတွေကို လွတ်လပ်ရေးနေ့မှာ လူမှုထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆုလိုမျိုး ပေးအပ် လေ့ရှိပေမဲ့၊ ဒီ တခေါက် အနေနဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံ စွမ်းဆောင် ရည်ဆု ချီးမြှင့် တာကတော့ ပထမဆုံး အကြိမ်လို့ ပြောရမှာပါ။

From: VOA 

Thursday, March 28, 2013

နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း အား ကြည့်ရှုနားထောင်နိုင်ပါပြီ

Posted by drmyochit Thursday, March 28, 2013, under | No comments

နိုင်ငံတော် သမ္မတ၏ မိတ္ထီလာ ကိစ္စ အပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း အား ကြည့်ရှုနားထောင်နိုင်ပါပြီ

မိတ္ထီလာအရေးကိစ္စအပါအဝင် လတ်တလောဆူပူမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးမှ ပြည်သူ လူထု ထံသို့ ရှင်းလင်း ပြောကြားခြင်း

Posted by drmyochit Thursday, March 28, 2013, under | No comments



နေပြည်တော် မတ် ၂၈

မိတ္ထီ လာ အရေး ကိစ္စ အပါ အဝင် လတ် တလော ဆူပူ မှုများ ကူး စက်ပြန့် ပွားရန် ကြိုး ပမ်း လာတဲ့ အခြေ အနေ များနဲ့စပ် လျဉ်းပြီး ကျွန်တော့် အနေနဲ့ ပြည်သူ လူထု တရပ် လုံး ကို လို အပ် တဲ့ ကိစ္စ ရပ်များ အား ရှင်းလင်း ပြောကြား သွားမှာ ဖြစ်ပါတယ်။ သာမန် ပုဂ္ဂ လိက အငြင်း ပွားမှု၊ သာမန် မှုခင်း တခုကို အကြောင်း ပြုပြီး မိတ္ထီ လာမှာ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ် စ ပြုလာ သည့် အခြေ အနေမှာ ပြည် သူ လူ ထုကြီး ရဲ့ ရိုးသား မှုကို အခွင့်ကောင်း ယူပြီး ရန် ကုန်မြို့ အပါအဝင် မြန်မာ နိုင်ငံဒေသ အနှံ့ အပြား တွင် ဆူပူ မှုများ ကူးစက် ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင် လာမှု များကို စိတ် မ ချမ်းမြေ့  ဖွယ် တွေ့မြင် နေ ရ ပါ တယ်။ ဒါကြောင့် ဒီ ကိစ္စ များနဲ့ပတ် သက်ပြီး ကျွန်တော်ရဲ့ သဘော ထားနဲ့ အစိုး ရရဲ့ ရပ် တည် ချက် များကို ရှင်းလင်း ပြောကြား သွားမှာ ဖြစ်ပါ တယ်။


ကျွန်တော့် အနေနဲ့ အင် အား သုံးပြီး ပြဿ နာ တွေကို ဖြေရှင်း တာကို မနှစ် မြို့ပါ။ ဒါပေမဲ့ ပြည်သူ လူထု ရဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံ မှုကို ထိပါး တဲ့လုပ် ရပ် မှန် သမျှ ကိုတော့ လုံးဝ လက် သင့် ခံမှာ မဟုတ် ဘဲ လိုအပ်လျှင် မြို့ပြ အင်အား သုံးပြီး ထိထိ ရောက်ရောက် တားဆီး နှိမ်နင်း သွားရမှာ ဖြစ်ပါ တယ်။ ဒီနေ ရာမှာ တရား ဥပဒေ စိုးမိုး ရေးတွင် အဓိက တာဝန် ရှိနေတဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ဥပဒေနဲ့အ ညီ ရဲဝံ့ပြတ်သား စွာ ဆောင် ရွက်ကြဖို့ ပြောကြား လိုပါတယ်။


ဒီမို ကရေစီ ရဲ့ ရေသောက် မြစ်လို့ ဆိုရမယ့် တစ်ဦး တစ်ယောက် ချင်းစီရဲ့ လွတ်လပ် ခွင့်ဆိုတာ သူတပါး ကို ထိခိုက်မှု မရှိပဲ လွပ် လပ်ခြင်း ရဲ့ အရ သာကို အားလုံး ခံစား နိုင်ဖို့ ဖြစ်ပါ တယ်။ ကျွန်တော် တို့နိုင်ငံ ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း မိမိ ယုံကြည် ရာကို လွတ် လပ်စွာ ကိုးကွယ် ပိုင်ခွင့်အား နိုင်ငံသား အခွင့် အရေး အနေနဲ့ အာ မ ခံချက် အပြည့် အဝ ပေးထား ပါတယ်။ ဒီနေ ရာမှာ မွန်မြတ် တဲ့ ကိုးကွယ် ယုံကြည် မှုကို ခုတုံး လုပ်ပြီး အလွဲ သုံးတဲ့ အယူသီး အစွန်း ရောက်လုပ် ရပ်တွေ၊ မတူ ညီတဲ့ ဘာသာ တရားတွေ အကြား အမုန်း တရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုး စီးပွား နဲ့ယှဉ် တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ် ထုတ် လုပ်ဆောင် လာမှု တွေကို ပပျောက် သွားအောင် ကျွန်တော် တို့ အစိုး ရအနေ နဲ့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေ များနဲ့အညီ ထိထိ ရောက် ရောက် အရေး ယူ ဆောင်ရွက် သွားမှာ ဖြစ်တယ် ဆိုတာ သတိ ပေး ပြောကြား လိုပါ တယ်။


ဒီလို ပဋိ ပက္ခတွေ၊ အခက် အခဲ အကျပ် အတည်း တွေဟာ ဒီမို ကရေစီ အသွင် ကူးပြောင်း ရေး ကာ လမှာ မဖြစ် မနေကြုံ တွေ့ရမယ့် စိန်ခေါ် မှုတွေ၊ ပြဿ နာတွေ ထဲက တစ်ခု လို့ ရှုမြင် ရမှာ ဖြစ်ပြီး အားလုံး အတူ ပူးပေါင်း ကျော်လွှား ဖြေရှင်း သွား ရမှာ ဖြစ်ပါတယ်။ ဒီလို ဖြေရှင်း တဲ့ အခါ မှာလည်း နိုင်ငံတည် ဆောက်ရေးမှာ နှစ်ပေါင်း ခြောက်ဆယ် လုံးလုံး ကျွန်တော်တို့  နိုင်ငံကို နောက်ကျ ကျန်စေ ခဲ့တဲ့ မတူ တဲ့ အင်အား စုတွေ အကြား ထိပ်တိုက် ရင် ဆိုင်ပြီး အချင်းချင်း ဖယ်ထုတ် ဖို့ ကြိုးစား ခဲ့တဲ့ အနိုင်-အရှုံး သတ်မှတ် တဲ့ အလေ့ အကျင့် ကို အတိတ် မှာ ချန် ထား ခဲ့ပြီး မ တူ ညီတဲ့ အား တွေကို စုစည်းပြီး အချင်း ချင်း ညှိနှိုင်း ပူးပေါင်း ဆောင် ရွက်ခြင်း နဲ့ အား လုံး အတွက် အကောင်း ဆုံး အဖြေ ကို ရှာတဲ့ ဒီမို ကရေ စီ အလေ့ အကျင့်ကို ကျင့် သုံးခြင်း ကသာ ပေါ်ပေါက် လာတဲ့ အကျပ် အတည်း တွေ ကို ဖြေရှင်း နိုင်ပြီး ဒီမို ကရေစီ အသွင် ကူးပြောင်း ခြင်း ဖြစ် စဉ် ကို ပံ့ပိုး ပေးနိုင် လိမ့် မယ်လို့ ယုံကြည် ထား ပါတယ်။


ယခု မိတ္ထီ လာမှာ ဖြစ် ပျက် ခဲ့ တဲ့ ဖြစ် စဉ်ကို ဖြေ ရှင်း တဲ့နေ ရာမှာ ယခင် ကနဲ့မ တူဘဲ အသိုက် အဝန်း တွေကြား မှာ နားလည် မှုတွေ နဲ့ ယုံကြည် မှုတွေ ပြန်လည် တည်ဆောက် နိုင်ဖို့ အ တွက် အ ရပ် ဘက် လူ့ အဖွဲ့ အစည်း တွေရဲ့ ပူးပေါင်း ပါဝင်မှု၊ ဘာသာ ပေါင်းစုံက ခေါင်း ဆောင် တွေရဲ့ ပူးပေါင်း ဆောင်ရွက် မှု၊ နိုင်ငံ တကာ အဖွဲ့ အစည်း တွေရဲ့ ပူးပေါင်း ကူ ညီမှု၊ မီဒီ ယာ များရဲ့ ပိုမို တာ ဝန် သိသိ၊ တာဝန် ရှိရှိ သတင်း ဖော်ပြမှု၊ ပြည်သူ တွေရဲ့ အသက် အိုးအိမ် စည်း စိမ် လုံခြုံ မှုနဲ့ ပြန်လည် ထူထောင် ရေး လုပ်ငန်း များအတွက် ဘုန်းတော် ကြီးများ အပါ အဝင် လုံခြုံရေး အဖွဲ့ အစည်း များနဲ့ တပ် မတော် တို့ရဲ့  မှန် ကန်တဲ့ အခန်း ကဏ္ဍက ပါဝင် မှုတွေ ကို တွေ့ရှိ ရပါတယ်။ တချို့ ဒေသ တွေမှာ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင် နေကြတဲ့ ပြည်သူ လူထုတွေ အထိတ် တလန့် ဖြစ်အောင်၊ အကြမ်း ဖက်မှု တွေဖြစ် အောင်၊ ကောလာ  ဟလ တွေနဲ့ သွေးထိုး လှုံ့ဆော် နေ တာတွေ ရှိပေ မယ့် ဒါတွေ က တ ဆင့် အကြမ်း ဖက်မှု တွေ အဖြစ် ရောက်ရှိ မသွား ရအောင် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး အာဏာ ပိုင်တွေ၊ အရပ် ဘက် လူ့ အဖွဲ့ အစည်း တွေ၊ ရပ်မိ ရပ်ဖ တွေနဲ့ ဘာသာ ရေး ခေါင်းဆောင် တွေ ပူးပေါင်း ကော် မတီ တွေ၊ ဘာသာရေး အဓိ ကရုဏ်း ကာကွယ် တားဆီး ရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ် ပေးနေ ကြတာ တွေကို လည်း အပြု သဘောဆောင်သော ဖြစ်ရပ် များ အဖြစ် တွေ့မြင် နေရ ပါတယ်။


ဒါ့အပြင် သွေးထိုး မှုတွေ လှုံ့ဆော် မှု တွေကြောင့် အခြား မြို့ကြီး များကို ပဋိ ပက္ခများ ကူး စက်မယ့် အန္တ ရာယ် ကိုလည်း အရပ် ဘက် လူ့ အဖွဲ့ အစည်းတွေ၊ ရပ်မိ ရပ်ဖ တွေနဲ့ သက် ဆိုင်ရာ အစိုး ရ အဖွဲ့ အစည်း တွေ၊ လုံခြုံရေး အဖွဲ့ အစည်း တွေ အားလုံး ဝိုင်း ဝန်း ကာကွယ် လုပ် ဆောင်နေ ကြ တာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစု တွေနဲ့ မတူ ညီတဲ့ ကိုးကွယ် ယုံကြည် မှုတွေ အကြား အချင်း ချင်း အပြန် အလှန် လေးစားမှု၊ နားလည် မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင် တဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ် ကမ္ဘာ ပေါ်မှာ ဂုဏ် သိက္ခာ ရှိရှိ ရပ် တည် နိုင်ဖို့ အတွက် ကြိုးပမ်း နေကြ တယ် ဆို တာ ကိုလည်း သက် သေထူ ရာ ရောက် ပါတယ်။

ကျွန်တော် တို့အစိုးရ အနေနဲ့ အင် အား သုံးဖြေရှင်း ကိုင် တွယ် မှုတွေ ကို တတ်နိုင် သမျှ ထိန်း ထိန်း သိမ်း သိမ်း ဆောင် ရွက် ခဲ့ရတဲ့ အကြောင်း ရင်း ကတော့ မိမိတို့ နိုင်ငံ သားများရဲ့ အရှိန်ယူစ ဒီမို ကရေစီ ကျင့် စဉ်များ စမ်းသပ် ကျင့် သုံးမှု ကို အဟန့် အတား ဖြစ်ပြီး အချိန် မတိုင်မီ ပျက်စီး သွား နိုင်မယ့် အန္တ ရာယ်ကို ရှောင်ရှား လို တဲ့ အ တွက်ကြောင့် ပဲ ဖြစ်ပါ တယ်။ ယခု ကာ လတို အ တွင်း မြေစမ်း ခရမ်း ပျိုးနေ တဲ့ ပြုပြင် ပြောင်းလဲ ရေးများနဲ့ ဒီမို ကရေစီ ရှင်သန် ရေးများကို မဆုံး ရှုံးစေ လိုတဲ့ အတွက် ပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော် တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ် စည်းစိမ် ကို ထိပါး လာရင်တော့ ကျွန်တော့် ကို အခြေခံ ဥပဒေ က အပ်နှင်း ထားတဲ့ နိုင်ငံတော် သမ္မ တရဲ့ လုပ်ပိုင် ခွင့်တွေ၊ လုံခြုံရေး အဖွဲ့ အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေရဲ့ အင် အား ကို အသုံး ပြုပြီး အကာ အကွယ် ပေးသွား ဖို့ ဆုံးဖြတ် ထားပြီး ဖြစ်ပါတယ်။ ပြည် သူ လူထု တစ်ရပ် လုံး ကလည်း မေ တ္တာကို အရင်း ခံ၊ ကိုယ်ချင်း စာ တရားကို လက်ကိုင် ထားပြီး အမြင် ကျယ် ကျယ်၊ သတိ ကြီးကြီးနဲ့ ဝိုင်းဝန်း ကူညီ ပူးပေါင်း ဆောင် ရွက် ကြဖို့ ကျွန်တော် အလေး နက် တိုက်တွန်း မေတ္တာ ရပ်ခံ ပါတယ်။


မြန်မာ နိုင်ငံလို တိုင်း ရင်းသား ပေါင်း စုံနဲ့ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ နဲ့ ယဉ်ကျေး မှု ပေါင်းစုံ စုစည်း တည်ဆောက် ထားတဲ့ နိုင်ငံတော် တစ်ရပ် အနေ နဲ့ နိုင်ငံ သား အားလုံး ပါဝင်တဲ့ ဒီမို ကရေစီ စနစ် ကသာ လျှင် တည်ငြိမ် အေးချမ်း မှုကို အာမ ခံနိုင် တဲ့ ဒီမို ကရေ စီစ နစ် ဖြစ်လာ မယ် ဆို တာ ကို အား လုံးက အလေး အနက် ခံယူ ထားကြ ရမှာ ဖြစ် ပါတယ်။ မတူ ကွဲပြား မှုတွေ ရှိနေပေ မယ့် လည်း အဆင်ပြေပြေ ယှဉ်တွဲ နေထိုင် နိုင်ဖို့ အတွက် ဒီမို ကရေ စီ နည်းလမ်း ကျကျ၊ ငြိမ်းငြိမ်း ချမ်းချမ်း ကြိုး ပမ်းကြ ရမှာဖြစ် ပါတယ်။ ကျွန်တော် တို့ တွေရဲ့ မတူ ကွဲပြား မှုတွေ ကို ဂုဏ် ယူကြ ရမှာ ဖြစ် သလို တစ်ပြိုင် နက် တည်း မှာပဲ ကွဲပြားတဲ့ အင်အား တွေကို စု စည်းပြီး ပေါင်း စည်း အား အဖြစ် အသုံးပြု နိုင်မယ် ဆိုရင် ကျွန်တော် တို့ လက်တွေ့ ကြုံတွေ့ နေရတဲ့ အခက် အခဲတွေ၊ အနာ ဂတ်မှာ ကြုံတွေ့ ရမယ့် စိန်ခေါ် မှုတွေ ကို ကျော် လွှား သွားနိုင် မယ်လို့ ကျွန်တော့် အနေနဲ့ ရာနှုန်းပြည့် ယုံကြည် ပါတယ်။


ကျွန်တော့် အနေ နဲ့ ပြည် သူ လူ ထု အား လုံး ကို ပြောကြား လိုတာ ကတော့ အခု ချိန်မှာ ကျွန်တော် တို့ မြန်မာ့ လူ အဖွဲ့ အစည်း ကို ပွင့်လင်း လွတ်လပ်တဲ့ လူ့ အဖွဲ့ အစည်း ဖြစ်အောင် ကြိုးစား နေတာ ဖြစ်တဲ့ အတွက် အစိုးရ ကလည်း ဖြစ် စဉ်ဖြစ် ရပ် အမှန် တွေကို အချိန်နဲ့ တစ်ပြေးညီ ပွင့်လင်း မြင်သာ မှုရှိရှိ သတင်း ပေးပြန် ကြား သွားမှာ ဖြစ် သလို ပြည် သူ လူ ထု တစ်ရပ် လုံး အနေ နဲ့ လည်း ကောလာ ဟလ တွေ ရဲ့ အန္တ ရာယ်ကို သတိ ကြီးကြီး၊ ဥာဏ် အမြော် အမြင် ရှိရှိနဲ့ ရင်ဆိုင် တုံ့ပြန် သွားကြရင် ကျွန်တော် တို့အား လုံး ဒီ စိန်ခေါ် မှုတွေ ကို သမိုင်း အစဉ် အလာ အရ သဟ ဇာ တ ရှိ ရှိ နေထိုင် ခဲ့တဲ့ လူ အဖွဲ့ အစည်း တစ် ရပ်ရဲ့ ဂုဏ်သိ က္ခာ နဲ့ အညီ အတူ လက်တွဲ ကျော် လွှား သွားကြ ပါစို့ လို့ တိုက် တွန်း ရင်း နိ ဂုံး ချုပ် ပါ တယ်။

နိုင်ငံတော်သမ္မတရုံးမှ

Friday, March 01, 2013

စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်ရုံ ညစာစားပွဲများ ကျင်းပနေရုံမျှနှင့် မလုံလောက်ဘူးဆိုသည်ကို နားလည်လက်ခံထားကြောင်း ပြည်သူသို့ ပြောကြားသည့် တတိယအကြိမ်မြောက် ရေဒီယိုမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထည့်သွင်းပြောကြား

Posted by drmyochit Friday, March 01, 2013, under | No comments


၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ်ဆိုက်)

စစ်မှန် သည့် ငြိမ်းချမ်းရေးရရန် ခေါင်းဆောင်များ လက်ဆွဲနှုတ် ဆက်ရုံ ညစာစားပွဲများ ကျင်းပနေရုံ မျှနှင့် မလုံလောက်ဘူး ဆိုသည်ကို နားလည် လက်ခံ ထားကြောင်းနှင့် ယင်းသို့ အစပြု တွေ့ဆုံ မှုများမှ တစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မများ ရယူပြီး ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက် ဖို့ အခြေခံအုတ်မြစ်များ တည်ဆောက်ရမှာ ဖြစ်သည်ဟု မတ်လ ၁ ရက် နံနက် ၇ နာရီက ပြည်သူ သို့ ပြောကြားသည့် တတိယအကြိမ်မြောက် ရေဒီယို မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းများကို လာမည့်ဧပြီလအတွင်း သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား

Posted by drmyochit Friday, March 01, 2013, under | No comments


ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက် လို့လည်း မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန် ကစပြီး နည်း လမ်း မျိုးစုံနဲ့ ကြိုးပမ်းဆောင် ရွက်နေ တာကို မိဘ ပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။

မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်း ဖုန်းအရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချ ပေးနိုင် အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။

Friday, February 01, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ ရေဒီယို မိန့်ခွန်း အပြည့်အစုံ

Posted by drmyochit Friday, February 01, 2013, under | No comments

By အိမ့်သံစဉ်

သမ္မတ ဦးသိန်းစိန်ဟာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီက ပြောကြား တဲ့ ရေဒီယို မိန့်ခွန်းဖြစ်ပါတယ်။ အပြည့်အစုံကို ပြန်ကြားရေး ၀န်ကြီးဌာန စာမျက်နှာကနေ ပြန်လည် ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။

Friday, January 04, 2013

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ် ရေးနေ့ အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ

Posted by drmyochit Friday, January 04, 2013, under | No comments

From : သမ္မတရုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းနားသို့ ပေးပို့သော သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်