Friday, March 01, 2013

မိုဘိုင်းဖုန်းများကို လာမည့်ဧပြီလအတွင်း သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား

Posted by drmyochit Friday, March 01, 2013, under | No comments


ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက် လို့လည်း မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန် ကစပြီး နည်း လမ်း မျိုးစုံနဲ့ ကြိုးပမ်းဆောင် ရွက်နေ တာကို မိဘ ပြည်သူများ သိရှိကြပြီး ဖြစ်ပါတယ်။

မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်း ဖုန်းအရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချ ပေးနိုင် အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။


ယခုကဲ့သို့ အတိုအစီအစဉ်များကို ဆောင်ရွက်နေ တဲ့ နည်းတူ များမကြာခင် ကာလမှာလည်း ဆက်သွယ်ရေး ကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစ်စိုက် မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင် အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

(နိုင်ငံတော်သမ္မတကြီး၏ မတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းမှ)


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်