Friday, March 01, 2013

လဖြူဂျီလုပ်စားတော်လှန်ရေး၊ သောက်တလွဲရဲရဲတောက်နဲ့ အော်စလိုရွှေပန်းများ

Posted by drmyochit Friday, March 01, 2013, under | No comments

လဖြူဂျီလုပ်စား တော်လှန်ရေးသမား
***********************
အော်စလို သူရဲကောင်းကြီးတွေ ဆတ်ဆတ်ခါအောင် နာသွားရတဲ့ မြန်မာပြည် သူတွေရဲ့ မေတ္တာပို့ သမှု.....ကြောင့် တော်လှန်ရေးသမားကြီးခင်ဗျာမလဲ .. နုတ်တင်ပြီး ရှင်းလင်းချက် ထုတ်ထားပါတယ်....

ဒီမိုကရေစီလက်ချာပေးသွားတဲ့ လဖြူဂျီလုပ်စား တော်လှန်ရေး သမားကြီးကို မေးချင်တာက ဒါလားဟဲ့ ဒီမိုကရေစီ ဆိုတာပါပဲဒီ မိုကရေစီ ဗားရှင်းအမျိုးမျိုးရှိပါတယ်......ကားလ်မတ်စ်တို့ အိန်ဂျယ် တို့ရဲ့ ကွန်မြူ နစ် မှာ လည်း ဆိုရှယ်ဒီမို ကေ ရစီ ရှိတာပဲ.....စလုံးမှာလဲ စလုံး ဒီမိုကရေစီရှိသလို အမေရိကန်မှာလဲ အမေရိ ကန် ဒီမိုကရေစီ ရှိတာပဲ......

အနောက်ဥရောပ ဒီမိုကရေစီကလဲ သူ့ဟာနဲ့သူပါပဲ .....
ဆွစ်ဇာလန်ဒီမိုကရေစီမှာ အလှည့်ကျခွဲဝေအုပ်ချုပ်တဲ့ စနစ်တစ်ရပ် ရှိနေတာပဲ...ဒီထက်ပိုပြီး ဒီမိုကရေစီ ကျဦးမလား..
ဒါပေမယ့် ဆွစ်မှာ ဒီလို မရိုင်းစိုင်းပါဘူး......ကိုယ့်ကိုယ်ကို ယဉ်ကျေးပါတယ်...ဆိုတဲ့ မြန်မာ့တော် လှန်ရေး သမားကြီးတွေ ရဲ့ ဒီမိုကရေစီ ဆိုတာ ကိုယ်လုပ်ချင်တာ လုပ်တဲ့ ဒီမိုကရေစီလား.......

မင်း ပြောသလိုဘဲ ပြောလိုက်မယ် ငညိုရေ...မြန်မာတွေ မင်း ထင်သလို မအ ကြတော့ဘူး......
အလုံပိတ်ထား တဲ့ အထီးကျန်ကမ္ဘာကြီးထဲမှာ တစ်သက်လုံးနေလာခဲ့ပြီး သူများ ဒို့အရေး လုပ်တော့ ရောယောင် ပေါကြောင်လုပ်...... စစ်တပ်က လိုက်ရှာတော့ ကြောက်ချီးပန်းပြီး ထွက်ပြေး.... .မင်းကြောင့် ကျောက်မဲမြို့လဲ မျက်နှာမဲမဲ ဖြစ်နေရတာ သိရဲ့လား......

ကျောင်းသားအဖေက ကျောင်းသားယောင်ဆောင်....ကျောင်းသားထဲမှာ ငါအသက်ကြီးတယ်ကွ ဆိုပြီး လူစွာ လုပ်......မဏ်ပူရတောင်တန်းမှာ ပုတ်သင်ရှာ ပဒူရှာ နေလာခဲ့တဲ့ဘ၀ကိုပဲ ပီဘိ စွန့်စားခန်းကြီး ထင်နေ တဲ့ တော်လှန်ရေးသမားကြီး.....ဘယ်သူမှာ လိုက်မရှာပါဘဲ ကသည်းကို အဖေခေါ် ကုလားကို ပထွေးတော်ပြီး လက်ဖြန့်တောင်းနေခဲ့ရတာကိုပဲ စွန့်စားခန်းကြီး တစ်ခုလို ထင်နေတဲ့ ဘ၀.....

လဖြူဂျီစခန်းမှာ လူလည်ကြီးလုပ် အုပ်ချုပ်ခဲ့တဲ့ဘ၀ကိုပဲ ရွှေထီးဆောင်းခဲ့ရသလို တသသနဲ့ ထုတ်ပြနေရ တဲ့ဘ၀........သတ္တိတစ်စက်ကလေး ရှိခဲ့မယ် ဆိုရင် မြောက်ပိုင်းကို ဘာဖြစ်လို့ မသွားခဲ့သလဲ....ဒါလည်း မင်းကို မင်း သိတယ်......

သောက်တစ်လွဲ ရဲရဲတောက်
******************** 
လူပေါင်းမှားလို့ပါ ဆိုပြီး ငိုပြခဲ့တာ မင်း မေ့မသွား နဲ့ဦး.......
မဏိပူ ရတောင်တန်းမှာ မင်းမျက်ရည်တွေ မခြောက်သေး ဘူး....သူများတွေလို သွေးနဲ့ တင်စား လို့ မရဘဲ မျက်ရည်နဲ့ တင်စားရ တာတော့ သနားစ ရာ့ သတ္တ၀ါ.....

အရုပ်သေနတ်တွေ တကားကားနဲ့ ကျီးနဲ့ ဘုတ် တစ်လှည့်စီ မြှောက်ပင့်ပေးပြီး လည်ရင်လည်းသလို ဒေလီအရောက်မှန်းလို့ မြန်းခဲ့တဲ့ မင်းအတိတ်....အခု ပြန်ကြည့်ဦး မင်းခြေရာတွေ.....

ကိုယ်ဖြတ်လာတဲ့ လမ်း ကိုယ်အသိဆုံးပဲ မဟုတ်လား...........အခုတော့ သေနတ်အစစ်တွေ လက်နက် အစ်တွေ မြင်ဖူးပြီပေါ့....

ပြောပါဦး Freedom Fighter

မီဒီယာ လုပ်ချင်လွန်းလို့ တစ်ပိုင်းသေပြီး ငမ်းငမ်းတက် လူလည်ကျခဲ့တာ ဘယ်သူလဲ....
ဒါမှ ဒေလီရောက်မှာ ဆိုတဲ့ စီမံကိန်းကြီးချ လေလှိုင်းပဲဖြစ်ဖြစ် ပရင့်တက်ပဲ ဖြစ်ဖြစ် ရရင် ဘာပဲ လုပ်ရလုပ်ရ ဆိုပြီး ဘ၀တူချင်း တက်နင်းခဲ့တာ ဘယ်သူလဲ........

အခုတော့ အော်စလိုမှာ ကောင်းကောင်းကြီး ဇိမ်ကျနေလေတော့.... ဖားရှာ ငါးရှာ တော်လှန်ရေးကိုပဲ သမိုင်းဝင် ရာဇ၀င်ကြီးတစ်ခု အဖြစ် ဖက်တွယ်ထားတဲ့ ဥခွံထဲက ဘ၀ ...............

အသက်အကြီးဆုံး အလည်ဆုံး ဆိုတဲ့ ဂုဏ်ပုဒ်တွေ တစ်သီကြီးနဲ့ မီဒီယာသမားကြီးပေါ့.........
ဒီမိုကရေစီ ဆိုပြီး ရွှေပန်းကို မရိုင်းဘူးလို့ထင်ရင်.....
ဒေါ်စုကို ရွှေပန်းနဲ့ကြိုဖို့ ဆိုင်းဘုတ်တင်ရင် မင်း ဘယ်လိုပြောမလဲ ဒါ ဒီမိုကရေစီဘဲ ချသာချ လို့ ပြောမလား......

ဒီလိုပြောလို့ ဦးသိန်းစိန်ကို တစ်ဖက်သတ် ကိုးကွယ်နေတာတော့ မဟုတ်ဘူး.....

ဒီနိုင်ငံ ဒီတိုင်းပြည် ဒီအချိန်လေးဘဲ လူရိုသေ ရှင်ရိုသေ ရှိလာတဲ့ မျက်နှာပွင့်ကာစ ဘ၀......
ဘယ်အချိန်နောက်ကြောင်း ပြန်သွားမလဲ ဆိုပြီး စိုး၇ိမ်စိတ်တွေ အပြည့်နဲ့ နောက်ကြောင်း ပြန်မလှည့်အောင် လိမာပါးနပ်စွာ ဆောင်ရွက်နေရတဲ့ အခြေအနေ..
မင်းပြောတဲ့ အယောင်ဆောင် ဒီမိုကရေစီကိုပဲ မျှော်လင့်နေရတဲ့ ပြည်သူတွေ....

မြန်မာပြည်ကို ပြန်ကြည့်ဦး မပြည့်မစုံ ချို့ချို့တဲ့တဲ့ ဘယ်မှာလဲ အခွင့်အရေး မေးယူနေကြရတဲ့ဘ၀....

မင်းကတော့ ဘယ်သ်မလဲ .....တစ်သက်လုံး လဖြူဂျီလုပ်စားတော်လှန်ရေးသမားကြီး ဆိုတော့ နော်ဝေက လက်မခံရင်တောင် နောက်တစ်နိုင်ငံပြောင်းပြီး လဖြူဂျီလုပ်စားဦးမယ့် သူ ဆိုတော့ .........
မင်းကတော့ တစ်သက်လုံး လဖြူဂျီလုပ်စား တော်လှန်ရေးသမားကြီး ဆိုပြီး အလုပ်အကိုင် အတည်တကျ လစာကောင်းရင် ပြောင်းမယ်ဆိုတဲ့ အခွင့်အရေးသမား အတွေး...
မင်းသမီးတွေ ကျောင်းကောင်းကောင်းမှာ တက် ....လူမှုဖူလုံရေးထောက်ပံ့မှုတွေ ခံစား...
မင်း မိန်းမက ဖက်ရှင် ဒီဇိုင်း သီးချင်းတွေနဲ့ ကြော့ကြော့မော့မော့လေး နေတဲ့အချိန်မှာ မြန်မာပြည်မှာ ကုန်းကောက်စရာ မရှိတဲ့ ဆင်းရဲသားတွေ သိန်းနဲ့ချီပြီး ရှိနေတယ် ဆိုတာ သတိရရဲ့လား.....

အော်စလို ရွှေပန်းများ*************

ဦးသိန်းစိန် အရှက်ကွဲသွားတယ် ပေါ့ ...(.ကျေနပ်စရာကြီးနော်)

နော်ဝေအစိုးရ အရှက်ကွဲသွားပြီပေါ့ ....(ငါတို့လုပ်လိုက်တာပေါ့)

ဒီမိုကရေစီ အဝေဖန်ခံနိုင်ရမယ်.........(မင်းတို့ကို ၀ိုင်းပြောတော့ မင်း ဘယ်လို ခံစားရလဲ...)
မညာနဲ့ ....စိတ်ကို ရိုးသားအောင်ထား...ဟုတ်ပလား...

ဟန်ညောင်ဝေနဲ့ ၀ါကာအူဒင်တို့ အုပ်စုတွေ ယူရိုဘားမား ရုံးဖွင့်ပြီး ရိုဟင်ဂျာ တော်လှန်ရေး လုပ်ကြတော့ မင်း အခု ပြောနေတဲ့ ရဲရဲတောက် သွေးတွေနဲ့ ၀ိုင်းကူခဲ့တယ်ပေါ့........
ရခိုင်မှာ တိုင်းရင်းသားတွေ ခံနေရတော့ မင်းရဲ့ ရဲရဲတောင်သွေးတွေနဲ့ အမြီးကုပ်နေခဲ့တယ်ပေါ့.......
တစ်ဆိတ်ရှိ စစ်အစိုးရ လက်ညိုးထိုးချ အပြစ်ပုံချ.. ငါတို့ကမှ တော်လှန်ရေး ဆိုတဲ့ ဥမမည် စာမမြောက်သေးတဲ့ အတွေးတွေ မင်း ခေါင်းထဲမှာ ရှိနေသရွေ့ ဒီနိုင်ငံကို မင်း ဘယ် တန်ဖိုးထားမလဲ.....

မင်း ချစ်လှပါတယ် ဆိုတဲ့ မင်းအမေတောင် စစ်တပ်ကို အဲဒီလို အရာရာ လက်ညိုးမထိုးဘူး...ဒါ မင်း ပိုပြီးသိပါတယ်.....
သစ္စာဆောင်မှာ အရက်သောက် ဖဲရိုက် ဂစ်တာတီးနဲ့ မင်း ဆည်းပူးခဲ့တာ နိုင်ငံရေး တစ်လုံးမှ မပါပါဘူး......

ကောင်မလေးတွေအလှအပ....တဂိုးကဗျာတွေ....မိုးဝေခေတ် ကဗျာတွေနဲ့..မင်း ယစ်မူးခဲ့တာပါ....

နိုင်ငံရေး နကန်းတစ်လုံးတောင် မသိတဲ့ မင်းက ဒို့အရေးမှာ ၀င်ပြီး ပါခဲ့တာလေးနဲ့ ကြောက်ချီးပါပြီး ထွက်ပြေးခဲ့တာ မင်းကိုယ်မင်း အသိဆုံးပါပဲ...

ယူ၇ိုဘားမားရုံးကို မင်း ရွှေပန်း စွပ်မလား...(ဝေးသေး)
ဟန်ညောင်ဝေနဲ့ ၀ါကာအူဒင်တို့ကို မင်း ဆန္ဒပြမလား.......(သနားတယ်)

နောက်ဆုံး ကုန်ကုန် ပြောမယ်ကွာ....

နော်ဝမှာနေ....နော်ဝေက ဥပဒေကို မင်း လိုက်နာရမယ်.....


ဒီမိုကရေစီဗန်းပြ အခွင့်အရေးတွေ မလိမ့်တပါတ် လုပ် ... ဒါကိုပဲ သူရဲကောင်းကြီး လို့ ထင်နေလေသလား....
မအော်နဲ့ မကြွေးကြော်နဲ့ ဆိုရင် မအော်နဲ့ပေါ့....အသက်အကြီးဆုံး ဆိုပြီး စည်းကမ်း စဖောက်...မင်းတို့ကို နော်ဝေအစိုးရက ဘယ်လို ထင်မလဲ...
မင်းတို့ကို ကြည့်ပြီး မြန်မာပြည်သူတွေကို ဘယ်လို ထင်မလဲ.....

ဒါတောင် ဦးသိန်းစိန် လာရင် ဘယ်လို လုပ်ကြမယ် ဆိုပြီး မင်းနဲ့ မင်းကိုနိုင်၊ မြင့်အေး၊ မွန်းအောင်တို့ တိုင်ပင်ထားတဲ့ စကားတွေ အကုန် မရသေးလို့....
အဲဒီ အထောက်အထားတွေ ရရင် မင်းကို ဆက်ပြီး ဖွင့်ချမယ်......
မင်းကိုနိုင်က သတိနဲ့လုပ်ဖို့ ပြောတော့ မင်းတို့က နော်ဝေမှာ ဆရာကြီးတွေပါ ဆိုတဲ့အထာတဲ့ မင်းပြောခဲ့တဲ့ စကားတွေ...
(အကုန် ရရင် တင်ပေးဦးမယ် ... မင်းမျှော်ရကျိုး နပ်အောင်ပေါ့ကွာ)


မင်းဟာ ၈၈ မဟုတ်ဘူး ၈၈ အယောင်ဆောင်ပြီး ကိုယ့်ကိုယ့်ကို ၈၈ လုပ်စားနေတာပါ....
မင်းဟာ တော်လှန်ရေးသမား မဟုတ်ဘူး လဖြူဂျီလုပ်စား တော်လှန်ရေးသမားပါ...
မင်းဟာ ရဲရဲတောက် မဟုတ်ဘူး သောက်တစ်လွဲ ရဲရဲတောက်ပါ....
မင်းဟာ ဒီမိုကရေစီသမား မဟုတ်ဘူး ဒီမိုကရေစီအရေခြုံထားတဲ့ ပုံပျက်ပန်းပျက်သမားပါ...

ခုတော့ ဒါပါဘဲ ငညိုရေ.....ပြီးရင် Part-2 လာဦးမယ်....
From:ပလေတို ဒီမို

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်