အစ္စလာမ်မစ် နိုင်ငံရေး ပါတီ ခေါင်းဆောင် တစ်ဦးအား စစ်ရာဇ ဝတ်မှုများ အတွက် သေစားသေစေ အမိန့် ချမှတ်လိုက်ပြီးနောက် မကျေ နပ် သူများက အုံကြွခဲ့ရာမှ ပဋိပက္ခများ ကြီးထွားလာခြင်း ဖြစ် သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် တရားရုံး ဆုံးဖြတ်ချက် တစ်ခုအပေါ် မကျေနပ်သဖြင့် လူအများ အဓိကရုဏ်း သောင်းကျန်းကြရာ အနည်း ဆုံး (၄၂)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အစ္စလာမ်မစ် နိုင်ငံရေး ပါတီ ခေါင်းဆောင် တစ်ဦးအား စစ်ရာဇဝတ်မှုများအတွက် သေစား သေစေ အမိန့် ချမှတ်လိုက်ပြီးနောက် မကျေနပ်သူများက အုံကြွခဲ့ရာမှ ပဋိပက္ခများ ကြီးထွားလာခြင်း ဖြစ်သည်။
(ဆာယာက်ဒီ [အလယ်] အား နိုဝင်ဘာ ၂၂ ရက်၊ ၂၀၁၁ ခုနှစ်က ဒါကာမြို့ရှိ တရားရုံးတွင် တွေ့ရစဉ်)
ဂျာမား အီလ်အစ္စလာမ်မီ ပါတီခေါင်းဆောင် ဒယ်လ်ဝါ ဟော့စိန်း ဆာယက်ဒီသည် ကြာသပတေးနေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် ကြမ်းကြုတ် ရက်စက်မှုများအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဆာယက်ဒီသည် နိုင်ငံလွတ်မြောက်ရေး တိုက်ပွဲအတွက် (၁၉၇၁)ခုနှစ်က ပါကစ္စတန်နှင့် စစ်ဖြစ်ခဲ့စဉ်က အဆိုပါ စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ခံထားရသည်။
(ဆာယက်ဒီအား သေဒဏ်ချမှတ်မှုကို ကန့်ကွက်ဆန္ဒပြသည့် ၎င်းအားထောက်ခံသူများ)
နိုင်ငံရေးအရ စွဲချက်တင်ခဲ့မှုအတွက် ယခုကဲ့သို့ စီရင်ချက် ချမှတ်လိုက်ပြီးနောက် ဆာယက်ဒီကို ထောက်ခံ အားပေးသူများက လမ်းများပေါ်တွင် အုံကြွလာကာ အစိုးရ ဝန်ထမ်းများကို ဦးတည် တိုက်ခိုက်ခဲ့သည့်နောက် ရဲများနှင့် ထိပ်တိုက် တွေ့ခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် မျက်မြင်များ၏ အဆိုအရ သောကြာနေ့တွင် ပဋိပက္ခာများအတွင်း သေဆုံးသူ (၄၂)ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း သိရှိရသည်။
(ဆန္ဒပြသူများ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖြိုခွင်းမှု)
Source: AP
Planet Myanmar Network
Time in Rangoon




0 comments:
Post a Comment