Tuesday, July 22, 2014

ဆွံ့အနားမကြားသော အမျိုးသမီးကို ခေါ်ဆောင်သွား၍ သားမယား ပြုကျင့်သည်ဟုဆိုသူကို ၂၄နာရီအတွင်း ဖမ်းမိ

Posted by drmyochit Tuesday, July 22, 2014, under , | No comments

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် သပြုပင်ကျေးရွာတွင် ဆွံ့အ နားမ ကြားသော အမျိုးသမီးငယ်တစ်ဦး အားတစ်ရွာတည်းနေ အမျိုးသား တစ်ဦးမှ ခေါ်ဆောင်သွားပြီး အလို မတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွား ခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄နာရီ အ တွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူနိုင်ခဲ့ကြောင်း ဒေသခံတို့ ထံက သိရသည်။

ဖြစ်စဉ်အကျဉ်းမှာ ဟင်္သာတ မြို့နယ် သပြုပင်ကျေးရွာရှိ အဒေါ် ဖြစ်သူ ဒေါ်....သည် အိပ်ပျော် သွားစဉ် ၄င်းနှင့်အတူနေထိုင်သူ မ---- (ဆွံ့အ နားမကြား) ၁၇နှစ် သည် ဇူလိုင် ၁၉ရက် ည ၈နာရီခန့် တွင် နေအိမ်ရှေ့ ဖိနပ်ချွတ်၌ သင် ဖြူးဖျာရက်နေစဉ် တစ်ရွာတည်းနေ သိန်းထွန်း(ခ)မိုးကြိုး ၅၂နှစ်မှ လက် ဆွဲ၍ ခေါ်ဆောင်သွားပြီး လယ်ကွင်း ကန်သင်းရိုးပေါ်တွင် သားမယားအ ဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက်မိန်း ကလေးငယ်အား လိန်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်ဆောင် သွားရာ မိန်းကလေးမှ မနေချင်ကြောင်း ပြုမူသဖြင့် ဇလွန်မြို့နယ် ဂွေးတောက် ချောင်ကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်သွားခဲ့ပြီး မိန်းကလေးငယ် အား ချော့မော့ရာမရ၍ ဇူလိုင် ၂ဝ ရက် နံနက် ၄နာရီခန့်တွင် ဟင်္သာတ မြို့ထဲ၌ထားခဲ့ကြောင်း ဒူးယားနယ် မြေရဲစခန်း၏ စစ်ဆေးပေါ်ပေါက် ချက်အရ သိရသည်။
အဒေါ်ဖြစ်သူ ဒေါ်...သည် ဆွံ့အနားမကြားသော တူမဖြစ်သူ မ...အား ညပိုင်းတွင် လိုက်လံရှာ ဖွေရာ မတွေ့သဖြင့် ဇူလိုင် ၂ဝရက် နံနက်၌ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းတို့တွင် တိုင်ကြားခဲ့ သည်။
''အခုဖြစ်ခဲ့တဲ့ မိန်းကလေးက မိဘတွေမရှိဘူး။ အပျိုအဒေါ်ကြီးနဲ့ ဆွံ့အနေတဲ့ မောင်နှမ နှစ်ယောက်ပဲ အတူနေကြတာ။ သူက လက်ဟန်ခြေ ဟန်နဲ့ဘဲ ပြောနိုင်တယ်။ သူ့ကို ဟင်္သာ တမှာထားခဲ့တယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူတို့ကိုမြင်ခဲ့တဲ့သူက အ ကြောင်းကြားလို့ အခုဖမ်းမိတဲ့သူကို စစ်မေးတော့ ဝန်ခံတယ်''ဟု ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောသည်။

အဒေါ်ဖြစ်သူ ဒေါ်....က ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင် ကြားခဲ့ရာ ဒူးယားနယ်မြေရဲစခန်းမှ သိန်းထွန်း (ခ) မိုးကြိုးအား (ပ) အမှတ် ၁၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။
AKK
Democracytoday
Yangon Media Group

Monday, June 30, 2014

အမျိုးသမီးတစ်ဦးကို အိမ်ပြန်လိုက်ပို့ပေးမည်ဟုဆိုကာ အဓမ္မပြုကျင့်

Posted by drmyochit Monday, June 30, 2014, under | No comments

သီဟလွင်-ပြည်(မြစ်မခ) - ဖလားဝါးနယူးစ်ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၅)။

ပြည်၊ ဇွန် ၂၇- ပဲခူးတိုင်းဒေသကြီး အ နောက်ပိုင်း ပြည်မြို့တွင် မန္တလေးမှ ပြည်မြို့ နယ်သို့ပြန်လာသော မိန်းကလေးအား ပြည် မြို့သို့အရောက်တွင် ထွန်းမြင့်နိုင်ဆိုသူက မိန်းကလေးနေထိုင်သောကျေးရွာသို့ လိုက် ပို့ပေးမည်ဆိုကာ တစ်ညတာ ခေါ်ဆောင် သွားပြီးနောက် ဇွန် ၂၆ရက်တွင် ပြည်မြို့ ဘူတာကြီးသို့ ပြန်လည်လိုက်ပို့ရာမှ ဒေသခံ များမှ ဝိုင်းဝန်းဖမ်းဆီး၍ ရဲစခန်းသို့ ပို့ ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါမိန်းကလေးက မန္တလေး မှ ပြည်မြို့သို့ ဇွန်၂၅ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီးနောက် ရွှေဆံတော်ဘုရား ပေါ်တွင် ထွန်းမြင့်နိုင်ဆိုသူနှင့် တွေ့ဆုံခဲ့ ပြီး မိန်းကလေးပြန်မည့်ရွာကို သိကြောင်း၊ ထို့ကြောင့် သူကိုယ်တိုင် လိုက်ပို့ပေးမည် ဟုပြောဆိုကာ နဝဒေးတံတားအနီးရှိလူသူ ပြတ်လတ်သော အလောင်းတော်ကဿပတောင်ပေါ်သို့ခေါ်သွားပြီးနောက် လက်သီးဖြင့်ထိုးကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် ကြောင်း မိန်းကလေး၏ ပြောပြချက်အရဖခင်ကထွက်ဆိုခဲ့သည်ဟု ပြည်မြို့မရဲစ ခန်းမှ တာဝန်ကျရဲအရာရှိကပြောသည်။
ဇွန်၂၅ ရက်ညနေပိုင်းတွင် စွပ်စွဲ ခံရသူကမိန်းကလေးအား ပြည်မြို့တစ်ဖက် ကမ်း ကံမမြို့နယ် ဝဲကြီးရွာသို့ ခေါ်ဆောင် သွားပြီး အုပ်ချုပ်ရေးမှူးအား မိန်းမခိုးလာ သည်ဟုပြောဆိုကာ လက်မှတ်ထိုးခိုင်းခဲ့ သော်လည်း မှတ်ပုံတင်မပါရှိ၍ လက်မှတ် မထိုးပေးခဲ့ကြောင်း၊ ဇွန်၂၆ရက်တွင် အဆိုပါ မိန်းကလေးအား ပြည်မြို့ ဘူတာကြီးသို့ ပြန်လည်ပို့ဆောင်ရာတွင် ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော် ပြထားသည်။
''အဲဒီကောင်က ကျွန်တော်တို့ ဘူတာကို ကောင်မလေးကို ဆိုင်ကယ်နဲ့ လာပို့ပြီး ပြန်မယ်လုပ်တော့ ကျွန်တော်တို့ ကတားတာ ဒီကောင်ကထွက်ပြေးတယ်။ အဲဒါအနီးအနားက လူတွေက ဝိုင်းဖမ်းပြီး ရဲစခန်းပို့လိုက်တယ်။ ကောင်မလေးရဲ့အမေ ဆို မျက်ရည်နဲ့မျက်ခွက်ပဲ။ စိတ်မကောင်း ဖြစ်မိတယ်''ဟု ပြည်မြို့ ဘူတာကြီးအနီးမှ လိုက်လံဖမ်းဆီးပေးခဲ့သော ဒေသခံတစ်ဦး က ပြောသည်။
အဆိုပါမိန်းကလေးသည် မန္တ လေးမြို့ရှိ အဒေါ်ဖြစ်သူထံသို့ သွားရောက် နေထိုင်စဉ် မိခင်နေမကောင်း၍ ပြန်လာ ရန်မှာကြားခဲ့သောကြာင့် အဒေါ်ဖြစ်သူက မန္တလေး-ပြည်ကားဂိတ်သို့ ပို့ဆောင်ပေးခဲ့ ပြီး ဇွန် ၂၅ရက် နံနက်ပိုင်းတွင် ပြန်ရောက် နိုင်ကြောင်း ဖုန်းဆက်ပြောဆိုခဲ့သော်လည်း ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ပြည်မြို့ပေါ် ထိ လိုက်လံရှာဖွေရာမှ ၂၆ရက်တွင် ပြည် မြို့ဘူတာကြီးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း မိန်းကလေး၏ ဖခင်ဖြစ်သူက ရဲ စခန်းတွင်ထွက်ဆိုသည်။
အဆိုပါအမှုအား ပြည်မြို့မရဲစ ခန်းတွင် မိန်းကလေး၏ဖခင်က တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး (ပ) ၄၈ဝ/၂ဝ၁၄ ပြစ် မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆/၃၂၃ ဖြင့်စစ် ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Yangon Media Group

ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက ဗုဒ္ဓ ဘာသာဝင် ဆိုင်အလုပ်သမ တဦးအား အဓမ္မပြုကျင့်

Posted by drmyochit Monday, June 30, 2014, under | 2 comments


ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ညက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့ နယ် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည် ဆိုင်မှာ ထမင်းချက် လုပ်ကိုင်နေတဲ့ မစိုးစိုး (ဗုဒ္ဓ ဘာသာဝင်) မိန်းခလေးကို ဆိုင်ပိုင်ရှင် ကိုဆန်းမောင် (မွတ်ဆလင်/အစ္စလာမ်) နှင့် ညီဖြစ်သူ ကိုနေ၀င်း (မွတ်ဆလင်/အစ္စလာမ်) တို့ ညီ အစ်ကို နှစ်ဦးက လိမ်လည် လှည့်ဖျားပြီး အဓမ္မပြုကျင့် ခဲ့ကြောင်း သစ်ထူးလွင် က သတင်းရရှိပါတယ်။

 အဆိုပါ ညက လ္ဘက်ရည်ဆိုင် ပိတ်ချိန်မှာ ၁၈/၁၉ လမ်း၊ ၈၀/၈၁ လမ်းနေ  ဆိုင်ရှင်ကိုဆန်းမောင် နှင့် ကိုနေ၀င်းတို့ ကားအဖြူရောင်နှင့် ရောက်ရှိလာပြီး နေပြည်တော်မှာ လ္ဘက်ရည်ဆိုင် ဖွင့်ရန် လိုက်ခဲ့ဖို့ ပြော ကာ မစိုးစိုး အား ယာဉ်နောက်ခန်းမှာ တင်ဆောင် မောင်းနှင် ခဲ့ကြောင်း သိရပါတယ်။

 ဇွန်လ ၂၉ရက်နေ့ နံနက် ၁ နာရီခန့် မှာတော့ ပျဉ်းမနားမြို့ ယောက်သွားအင်း ရပ်ကွက် တော်ဝင်နန်းတော် ဟိုတယ် အနီး ကားလမ်းဘေးမှာ ကားရပ်နားကာ ဆန်းမောင်မှ ယာဉ်နောက်ခန်းကို ရောက်ရှိလာပြီ မစိုးစိုး အား တောင်းပန်နေသည့် ကြားက အဓမ္မတကြိမ် ပြုကျင့်ခဲ့ပါတယ်။

အဲဒီနောက် ဆန်းမောင် ကားရှေ့ခန်း ပြန်သွားပြီ နေ၀င်း ထပ်မံရောက်လာကာ အဓမ္မ တကြိမ် ထပ်မံပြုကျင့်ခဲ့ပြန်ပါတယ်။

အဲဒီနောက် မြင်းရတနာ မီးပွိုင့်အလွန်မှာ ကားရပ်ပြီး မစိုးစိုးကို ဆင်းခိုင်းကာ ကားမောင်းနှင် ထွက်ပြေးသွားကြောင်း သိရပါတယ်။

အဆိုပါ အမှုကို  ပျဉ်းမနား ရဲစခန်းမှာ အမှုဖွင့်လှစ် ထားပြီ ထွက်ပြေးသွားတဲ့ တရားခံ ညီအစ်ကို ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သစ်ထူးလွင် က စုံစမ်းသိရှိရပါတယ်။

BY THIT HTOO LWIN

Sunday, June 22, 2014

အသက်၁၅ နှစ်အရွယ်မယားပါသမီးငယ်အားအကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်ငွေတောင်း

Posted by drmyochit Sunday, June 22, 2014, under | 2 comments

အသက်၁၅ နှစ်အရွယ် မယားပါ သမီးငယ်အားအကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အကြပ်ကိုင်၍ငွေေ ကြးပါ ထပ်မံတောင်းခံသဖြင့် MAT နှင့် FED တို့ က နယ်မြေခံရဲဖြင့်ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

အဖြစ်အပျက်တို့အား ၈လအကြာတွင် မိခင်ဖြစ် သူက သိရှိခဲ့သည်။

ဇွန်လ ၁၈ ရက်နေ့က ၁၅ နှစ်အရွယ် ကလေးမ၏ မိခင်ဖြစ်သူထံသို့ အသက်၄၂ နှစ်အရွယ် ဦးခင်မောင်တင့် ဆိုသူက အဓမ္မပြုကျင့်ထားခြင်းများအား လူအများမသိစေ လိုပါက ဘတ်ငွေ၂၀,၀၀၀ ပေးရမည်ဖြစ်ေ ကြာင်း အကြပ်ကိုင် တောင်ခံလာခဲ့သည်။

အကယ်၍ မပေးအပ်ပါက မြန်မာပြည်သို့လည်း လူသိအောင် အရှက်ခွဲမည်ဟု ပြောပြန်သဖြင့်  မိခင်ဖြစ်သူက ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ M.A.Tသို့ အကူညီတောင်းခံလာခဲ့သည်။

M.A.T အဖွဲ့က ထိုင်းတောင် ပိုင်း တကွန်ပါ  အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFE နှင့် ညှိနှိုင်းပြီးေ နာက် ချက်ခြင်းအကောင်အထည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

M.A.T အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ ခွင့်မလွှတ်ချင်အောင် ယုတ်မာတဲ့အမှုကိစ္စဖြစ်တယ်။ ကျနော်တို့ အတွေ့အကြုံအရ ရဲဆေးရုံ စစ်ဆေး ချက်တို့ သက်သေခံအထောက်အထားတို့ တစ်စုံတစ်ခု ရရှိဖို့ ခက်ခဲနေတယ်။ ဒါပေမယ့်ဖြစ်ရပ်ကမှန်နေတယ်။ ကလေးမလေးဘက်က အလွန်နစ်နာနေ တယ်။

ကျနော်တို့  အတော်စဉ်းစားပြီးတော့လုပ်ရတယ်။ တစ်ခုခုမှားယွင်းမှာ စိုးရိမ်တယ်။ နယ်မြေခံ ရဲအရာရှိကို အကျိုးအကြောင်းတင်ပြတယ်။ အချက်အလက်တွေမှန်ကန်တိကျတယ်ဆိုတော့မှ ပထွေးဆိုသူကို ပိုက်ဆံ လာယူ  ဆိုပြီးခေါ်ဖမ်းလိုက်ရတယ်” ဟုပြောသည်။

ဘန်ကောက်မြို့ ဖက်ကဆင်....လမ်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော အသက်၁၅နှစ်အရွယ် မိန်းကလေး၏မိခင်က“ကျမတို့ ထိုင်းမှာ ပေါင်းသင်းလာ တာ ၇နှစ်လောက်ရှိပြီ။

သမီးလေးအရွယ်ရောက်လာတာနဲ့ ခေါ်လိုက်တာ။ ကျမ မသိတဲ့အချိန်မှာ သမီးကို အဓမ္မပြုကျင့်တယ်။ တစ်ခါတစ်ရံ သမီး မျက်နှာညှိးနေတာမြင့်လို့ ကျမမေးတော့ သူဆူထားလို့ ဆိုပြီးပြောတာ။

ကျမကတောင်မှ အဖေဆူတာ သမီးကို ဆုံးမတာဆိုပြီးတော ပြောပြသေး တယ်။ ကျမ ဒီလိုပက်စက်မယ်လို့ မထင်ဘူးလေ။ သမီး နေမကောင်း လို့ ဆေးရုံသွားပြတော့ ဆရာဝန်က ကလေးဟာ လိင်ဆက်ဆံခံဖူးတဲ့ လက္ခဏာ ရှိတယ်လို့ပြောမှ သမီးကိုမေးကြည့်တယ်။

ဒီတော့မှ ကျမသိတာ။ သိတော့ ကျမကသူ့ကို မပေါင်းတော့ဘူးဘာညာပြောတော့ သူက အရှက် မကွဲချင်ရင် ဘတ်ငွေ၂၀,၀၀၀ ချက်ခြင်းပေးဆိုပြီး အကြပ်ကိုင်တောင်းတာ” ဟုပြောသည်။

ပထွေးဖြစ်သူ ဦးခင်မောင်တင့် အား ယခုအခါ  ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး အမှုရင်ဆိုင်နေရ ဆဲဖြစ်သည်။ ၎င်းသည် မွန်ပြည် နယ် မော်လမြိုင်မြို့နယ်၊ ခရိတ်သစ်ကျေးရွာမှဖြစ်ပြီး အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ ကရင်ပြည်နယ်၊…………….မြို့နယ်၊ ……….ကျေးရွာမှဖြစ်ကြောင်းသိရှိရသည်။

ထိုင်းနိုင်ငံအနှံ့အပြားတို့တွင် မြန်မာအလုပ်သမားအချင်းချင်း သတ်ဖြတ်မှု၊ အဓမ္မမှု၊ လိမ်လည်မှု  စသည့် ရာဇ၀တ်မကင်းသော အမှုများနေ့စဉ်ဖြစ် ပွားလျှက်ရှိသော်လည်း ဖေါ်ထုတ်အရေး
ယူဆောင်ရွက်နိုင်မှုနည်းပါးသည်။

ရွှေလုပ်သား

Wednesday, June 11, 2014

တူဖြစ်သူခိုးယူလာသည့် မိန်းကလေးကို ဦးလေးက အဓမ္မပြုကျင့်

Posted by drmyochit Wednesday, June 11, 2014, under | 1 comment

ရန်ကုန်၊ မဇ္ဈိမ။    ။ တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ ရည်းစားဖြင့် ခိုးရာလိုက်ပြေးလာစဉ် ရည်းစားဖြစ်သူ၏ ဦးလေးက အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၈ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ အထက်ပါမိန်းကလေးသည် ၎င်း၏ရည်းစားဖြစ်သူ အုတ်လုပ်သား စိုးမင်းဦးနှင့် ခိုးရာလိုက်ပြေးလာပြီး တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အနီးရှိ အောင်ပြည့်စုံစားသောက်ဆိုင်တွင် စိုးမင်းဦး၏ ဦးလေးဖြစ်သူ စန်းမင်းထွေး (၂၆)နှစ်နှင့် (၃)ယောက်အတူ စားသောက်နေခဲ့သည်ဟု ဆိုသည်။

၁၅ မိနစ်ခန့်အကြာတွင် စန်းမင်းထွေးက အိမ်ငှားပေးမည်ဟုဆိုကာ မိန်းကလေးကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် တိုက်ကြီးမြို့နယ်၊ လသာကုန်းရွာ(ရန်ကုန်ဘက်သို့အထွက်) မြောင်းတံတားထိပ် လမ်းဘေးအရောက်တွင် အထက်ပါမိန်းကလေးကို ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းပြီး တွန်းလှဲကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး စားသောက်ဆိုင်တွင် ကျန်နေခဲ့သည့် တူတော်စပ်သူ စိုးမင်းဦးထံ ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။

စားသောက်ဆိုင်သို့ ပြန်အရောက်တွင် ၎င်း၏ရည်းစားဖြစ်သူကို ပြောပြပြီး ဥပ္ပုံစုရပ်ကွက် ဆယ်အိမ်မှူးထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ စန်းမင်းထွေးကို အရေးယူပေးပါရန် အထက်ပါ မိန်းကလေး၏ တရားလိုပြု တိုင်တန်းချက်ကို တိုက်ကြီးမြို့မရဲစခန်းက(ပ)၂၁၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို ဖမ်းစီးစစ်ဆေးလျှက်ရှိသည်။

Written by  ဖြိုးဝေလင်း
Mizzima - News in Burmese

Friday, June 06, 2014

အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အမျိုးသား ငါးဦးက အဓမ္မပြုကျင့်ခဲ့ပြီး အဓိက တရားခံတိမ်းရှောင်နေ

Posted by drmyochit Friday, June 06, 2014, under | No comments

ခင်ငြိမ်းသစ်(ရန်ကုန်)

မိုးညိုမြို့နယ်၊ သာယာဝတီတိုက်နယ် ထိန်တော၊ အင်္ဂါရပ်ကွက်အတွင်းနေ အသက် ၁၂ နှစ်မပြည့်သေး သည့် မိန်းကလေးငယ်တစ်ဦးအား တစ်ရပ်ကွက်တည်းနေ လှိုင်ကြည်စိုး၊ ကိုပြူးကျယ်၊ မင်းဇော်ထွန်း၊ ဖိုးခက်၊ ကရင်တို့ ငါးဦးက ၂၀၁၃ ခုနှစ်အတွင်း အလိုမတူဘဲ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုကြောင့် အဒေါ်ဖြစ်သည့် မ၀င်းဝင်းအေးက ထိန်တောရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် တိုင်ချက်ဖွင့်ခဲ့သော်လည်း တရားခံ လေးဦးးကိုသာ ဖမ်းဆီးရမိပြီး အဓိကတရားခံဖြစ်သည့် လှိုင်ကြည်စိုးက ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းလည်း သိရသည်။

အမှုဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ညပိုင်း၌ လုပ်ငန်းခွင်ဝင်ရလေ့ရှိပြီး မိခင်ဖြစ်သူ သေဆုံးသွားသဖြင့် ညအချိန် တွင် နေအိမ်၌ ကလေးလေးဦးသာ ကျန်ရစ်ခဲ့သည်။ ထိုသို့ အခြေအနေကို သိထားသည့် လှိုင်ကြည် စိုးက ၂၀၁၃ နှစ်ဝက်ခန့်တွင် အိမ်ပေါ်သို့ တက်လာပြီး မိန်းကလေးငယ်ကို ဓားဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ သည်။

ထို့သို့ပြုကျင့်ပြီးနောက် အခြားသူများကိုလည်း အဓမ္မပြုကျင့်လျှင် ရသည့်အကြောင်း ပြောပြခဲ့သဖြင့် တစ်ရွာတည်းနေ ပြူးကျယ်၊ ဇော်မင်းထွန်း၊ ဖိုးခက်တို့ကလည်း အဓမ္မပြုကျင့်ခဲ့သည့် အပြင် အခြား သူများ သိရှိ သွားပါက သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ကာယကံရှင်ကပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၃၊ ဒီဇင်ဘာလ ၃၀ ရက်က တစ်ဖက်ရွာနေ ကရင်က ရေခပ်ပြန်လာသည့် မိန်းကလေးငယ်အား အဓ္ဓမပြုကျင့်နေစဉ် တစ်ရွာတည်းနေ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့သဖြင့် ၎င်း၏ အဒေါ်နှင့်အတူ ရဲစ ခန်းသို့ သွားရောက်ကာ အမှုဖွင့်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့ အမှုဖွင့်စဉ် အဓိက တရားခံ လှိုင်ကြည်စိုးက ထွက်ပေးတိမ်းရှောင်သွားကြောင်း သိရသည်။

ထိုအမှုကိုကိုင်တွယ်ခဲ့သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင်လင်း လူ့အဖွဲ့အစည်းမှ မမီးမီးက “အခုခေတ်မှာ အပြာကားအခွေတွေ ပေါပေါလောလော ၀ယ်လို့ရနေတယ်။ ဒါကြောင့် ဒီလိုအဓမ္မမှုတွေက နိုင်ငံတစ်ဝန်းလုံးများလာတယ်။ အသက်မပြည့်သေးတဲ့ သူတွေကို ဒီလို လုပ်တာကတော့ တော်တော်ဆိုးပါတယ်” ဟု မမီးမီးက သုံးသပ်ပြောကြားသည်။

Mizzima - News in Burmese

Tuesday, May 27, 2014

အသက် (၁၄) နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်

Posted by drmyochit Tuesday, May 27, 2014, under , | No comments


ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရောက် သေး သော မိန်းကလေး ငယ် တစ်ဦး အား ပထွေး ဖြစ်သူမှ သားမယား ပြုကျင့်မှု ဖြစ် ပွားခဲ့ကြောင်း လှော်ကားနယ် မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၉) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ............ကျေးရွာ၊ .........လမ်း၊ အမှတ်... ........နေ ဒေါ်.......... (၄၂) နှစ်သည် ၎င်း ၏ ဒုတိယ ခင်ပွန်း ဖြစ်သူ ဦး...... (၃၆) နှစ် နှင့် သဘော ထားမ တိုက် ဆိုင်၍ သမီးဖြစ်သူ မ..........(၁၄) နှစ်နှင့် အတူ နေအိမ်မှ ဆင်းသွားပြီး၊ ဧပြီလ (၁၈) ရက် နေ့တွင် သမီး ဖြစ်သူ၏ ခန္ဓာကိုယ် အနေအ ထား ပျက် ယွင်းနေသဖြင့် မေးမြန်းရာ လွန်ခဲ့ သော သုံးလခန့် က မ.......(၁၄) နှစ်အား ပထွေးဖြစ်သူ ဦး.........(၃၆) နှစ်က အလိုမတူ ဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည် ဟု ပြော ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဩရုံး၏ ပထမသတင်းပေးချက်များအရ သိရသည်။ ကျူးလွန်သူ ဦး..... ....(၃၆) နှစ်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ စစ်ဆေးမေးမြန်း နေပါတယ်”” ဟု လှော်ကားနယ် မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦး........ (၃၆) နှစ်အား အရေးယူ ပေးရန် ဒေါ်......... (၄၂) နှစ်၏ တရား လိုပြုတိုင်တန်းမှုအား လှော်ကားနယ်မြေ ရဲစခန်း (ပ) ၉၆/၁၄၊ ပြစ်မှု ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး၊ စခန်းမှူး ရဲအုပ် လှမြင့်မှ စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

The Messenger News

Tuesday, May 20, 2014

အသက် ၈၂ နှစ်ရှိသက်ကြားအိုနှင့် ၁၇ နှစ်အရွယ် မိန်းကလေးတို့ ၏ မုဒိမ်းမှု နောက်ဆက်တွဲပြဿနာ

မင်းဘူး၊ မေ ၁၆

အသက် ၈၂ နှစ်ရှိ သက်ကြားအိုက အသက် ၁၇ နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်ပြီး အမှု ဖွင့်အရေးယူသည့်အခါ ထောင်မချရန် အ ကြိမ်ကြိမ်တောင်းပန်သဖြင့် နစ်နာကြေး ၁ဝ သိန်းဖြင့် သဘောတူကျေနပ်ပြီး ငါးသိန်းကို ပထမပေးကာ ကျန်ငါးသိန်းကို မပေးဘဲ တ ရားခံက ခြိမ်းခြောက်ပြောဆိုသဖြင့် တရား လိုက ရဲစခန်းတွင် ပြန်လည်အမှုဖွင့် အရေး ယူရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားကြောင်းသိ ရသည်။

မင်းဘူးခရိုင် ဆောမြို့နယ်နေ ဒေါ်------၏သမီးဖြစ်သူ အသက် ၁၇ နှစ် အရွယ် မိန်းကလေးသည် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်က နေအိမ်တွင်းတစ်ဦး တည်းအိပ်ပျော်နေစဉ် တစ်ရပ်ကွက်တည်း နေ ဦးထန်းရှိန် အသက် ၈၂ နှစ်အရွယ်က အိမ်ပေါ်သို့ရောက်ရှိလာပြီး မိန်းကလေး မျက်နှာအား စောင်ဖြင့်အုပ်၍ သားမယား အဖြစ် ပြုကျင့်ခဲ့ပြီးနောက် ဦးထန်းရှိန်မှ ဓားဦးချွန်ကိုင်၍ ထိုမိန်းကလေးအား ခြိမ်း ခြောက်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မိခင် နှင့် ထိုမိန်းကလေးငယ်က ဆောရဲစခန်းသို့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် တိုင်တန်း ခဲ့သဖြင့် ဆောပြည်သူ့ ဆေးရုံတွင် မိန်းက လေးငယ်အား စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန် သူ ဦးထန်းရှိန်မှပြစ်မှုကျူးလွန်သည်ဟု ဝန်ခံ ခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုကြောင့် ထောင်မ ချရန် အကြိမ်ကြိမ်တောင်းပန်သဖြင့် တရား လို ဒေါ်----------မှ ချင်းလူမျိုးအချင်း ချင်းဖြစ်ခြင်း၊ တစ်ရပ်ကွက်တည်း နေသူ ဖြစ် ခြင်းတို့ကြောင့် ရန်မများလိုသဖြင့် နစ်နာ ကြေး ကျပ် ၁ဝ သိန်းဖြင့် ညှိနှိုင်း၍ အမှုဖွင့် လှစ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက် တွင် ဦးထန်းရှိန်မှ ကျေးရွာလူကြီးများရှေ့ တွင် ငွေကျပ်ငါးသိန်းအား ပေးပြီး ကျန်ငွေ ငါးသိန်းအား တစ်လကြာလျှင် ပေးမည်ဟု ဝန်ခံကတိပြုခဲ့သော်လည်း ယနေ့အချိန်အ ထိ ကျန်ငွေ ငါးသိန်းအား မပေးသည့်အ ပြင် ဦးထန်းရှိန်မှ တရားလိုဒေါ်------- နှင့် မိန်းကလေးငယ်အား ခြိမ်းခြောက်ပြော ဆိုခြင်းများ ပြုလုပ်ခဲ့သဖြင့် ဦးထန်းရှိန်အား အရေးယူပေးရန် ယခုနှစ် မေ ၁၄ ရက် တွင် ဒေါ်-----မှ တိုင်တန်းခဲ့သဖြင့် ဆော မြို့နယ် ဆောမြို့မရဲစခန်းက (ပ)၃၂/ ၂ဝ၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
-------------------------------------------------------------------------
-------------------------------------------------------------------------

Flower News Journal |

Wednesday, April 23, 2014

အသက် (၁၄) နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ သားမယားပြုကျင့်

Posted by drmyochit Wednesday, April 23, 2014, under | No comments


ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ် တွင် အသက် (၁၄) နှစ် အရွယ်၊ အရွယ် မရောက် သေး သော မိန်းကလေး ငယ် တစ်ဦး အား ပထွေး ဖြစ်သူမှ သားမယား ပြုကျင့်မှု ဖြစ် ပွားခဲ့ကြောင်း လှော်ကားနယ် မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၉) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ............ကျေးရွာ၊ .........လမ်း၊ အမှတ်... ........နေ ဒေါ်.......... (၄၂) နှစ်သည် ၎င်း ၏ ဒုတိယ ခင်ပွန်း ဖြစ်သူ ဦး...... (၃၆) နှစ် နှင့် သဘော ထားမ တိုက် ဆိုင်၍ သမီးဖြစ်သူ မ..........(၁၄) နှစ်နှင့် အတူ နေအိမ်မှ ဆင်းသွားပြီး၊ ဧပြီလ (၁၈) ရက် နေ့တွင် သမီး ဖြစ်သူ၏ ခန္ဓာကိုယ် အနေအ ထား ပျက် ယွင်းနေသဖြင့် မေးမြန်းရာ လွန်ခဲ့ သော သုံးလခန့် က မ.......(၁၄) နှစ်အား ပထွေးဖြစ်သူ ဦး.........(၃၆) နှစ်က အလိုမတူ ဘဲ သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည် ဟု ပြော ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဩရုံး၏ ပထမသတင်းပေးချက်များအရ သိရသည်။ ကျူးလွန်သူ ဦး..... ....(၃၆) နှစ်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ စစ်ဆေးမေးမြန်း နေပါတယ်”” ဟု လှော်ကားနယ် မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦး........ (၃၆) နှစ်အား အရေးယူ ပေးရန် ဒေါ်......... (၄၂) နှစ်၏ တရား လိုပြုတိုင်တန်းမှုအား လှော်ကားနယ်မြေ ရဲစခန်း (ပ) ၉၆/၁၄၊ ပြစ်မှု ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ပြီး၊ စခန်းမှူး ရဲအုပ် လှမြင့်မှ စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

The Messenger

Tuesday, April 22, 2014

အသက်မပြည့် ကလေးမလေးနှစ်ဦးအား အဓမ္မပြုကျင့်သူကို အမှုသုံးခုနဲ့ ဖမ်းဆီးအရေးယူထား

Posted by drmyochit Tuesday, April 22, 2014, under , | No comments



မကြာသေးခင်ကပဲ ပြီးဆုံးသွားခဲ့တဲ့ သင်္ကြန်အတက်နေ့တုန်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှာ အရွယ်မရောက်သေးတဲ့ ညီအစ်မနှစ်ဦးကို အဓမ္မကျင့်ခဲ့တဲ့ အမျိုးသားကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးမလေး တွေဟာ အသက်(၁၆)နှစ်နဲ့ အသက်(၁၄)နှစ် အရွယ်တွေဖြစ်ပြီး (၁၆)နှစ်အရွယ် ကလေးမလေး ကတော့ လည်ပင်ရိုးကျိုးပြီး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီဓမ္မပြုကျင့်ခဲ့သူအမျိုးသားဟာ ကလေးမလေးနှစ်ဦးကို အရက်တိုက်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒိုက်ဦးမြို့နယ်ရဲစခန်းက စခန်းမှူး ဦးတင်ထွန်းက ခုလို ရှင်းပြပါတယ်။

“ညနေငါးနာရီလောက်မှာ သူတို့ချမ်းတယ် အဲ့တော့ အရက်ဆိုင်ရှေ့ရပ်တယ် အရက်သောက်တယ်ပဲ ထားပါတော့ အရက်သောက်တယ် အဲဒီမှာ တရာခံရဲ့ ပြောပြချက်၊ အသက်မသေဘဲကျန်ခဲ့တဲ့ ကောင်မလေးရဲ့ ပြောပြချက်အရဆိုရင် အရက်နှစ်ပြားပေါ့ နှစ်ပြားဆိုတော့ တစ်ပြားကိုရှစ်ပက်၊ နှစ်ပြားဆိုတော့ ၁၆ ပက်၊ အဲဒါကို ဘီယာတစ်ဗူးရယ်၊ လက်ဖက်သုပ် ရယ်စားကြ သောက်ကြတယ်။”
လက်ရှိအချိန်မှာတော့ အဓမ္မကျင့်ခဲ့သူအမျိုးသားကို ဒိုက်ဦးမြို့နယ်ရဲစခန်းက အမှုဖွင့် အရေးယူထား ကြောင်း မြစ်မခသတင်းအရ သိရပါတယ်။

Radio Australia - Myanmar

Tuesday, April 01, 2014

ဒေသခံ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်


ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ရပ်ကွက်(၅)နေအိမ်၌ မူကြိုဆရာမ မ…………သည် ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ အိပ်နေစဉ် ည ၈ နာရီခန့်တွင် နေအိမ်အောက်မှ ကချင်စကားဖြင့် အဖွားဟုခေါ်သဖြင့် ဖခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ KIA တပ်ဖွဲ့ဝင်(၄)ဦးမှ သမီး(၂)ယောက်ရှိသည့်အတွက် တစ်ဦးထည့်ပေးရမည်ဟု ပြောကာ မ…………အား အိမ်ပေါ်သို့တက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွာနှင့် (၂)မိုင်ခန့်အကွာရှိ လယ်တဲသို့ရောက်ရှိစဉ် မ………… အား ရိုက်နှက်၍ ၎င်းတို့(၄)ဦးမှ အလိုမတူဘဲ (၂) နာရီကြာ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

`` သမီးကို ဖမ်းသွားပြီး အတင်းအဓမ္မကျင့်ခံရတာတောင် ဖအေလုပ်သူက ဘယ်မှ မတိုင်ရဲဘူးလေ၊ လီဆူး ဆိုတော့ ရိုး အ တယ်၊ ပြီးတော့ KIA ကို ကြောက်ရတာလည်း ပါတာပေါ့၊ ရပ်ကွက်ထဲက လူတွေက ၀ိုင်းပြော၊ ၀ိုင်းအကြံပေးလို့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ခဲ့တာ ´´ ဟု ၎င်းရပ်ကွက်နေ ကူညီဆောင်ရွက် ပေးသူ တစ်ဦးက ပြောကြားခဲ့သည်။
KIA တပ်ဖွဲ့ဝင်(၄)ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုးကြိတ်ရိုက်နှက်ကာ အလိုမတူဘဲ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့မှုကြောင့် မ………… လီဆူး/ခရစ်ယာန်သည် ရရှိဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေ ရကြောင်း သိရသည်။

`` မူကြိုဆရာမကို အတင်းအဓမ္မဖမ်းသွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်တာကတော့ တော်တော် မိုက်ရိုင်းလွန်းပါတယ်၊ တရားမျှတအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်၊ အပြစ်ကျူးလွန်သွားတဲ့ ကချင်စစ်သားတွေကို ဖမ်းဆီးပြီး အမှုမှန်ဖော်ထုတ်ပေးဖို့လိုပါတယ်၊ KIA ခေါင်းဆောင်တွေအထိ အသိ ပေးပြီး အရေးယူဖို့ လိုပါတယ်၊ ဒီတစ်ကြိမ် ဥပဒေမဲ့ လီဆူးတိုင်းရင်းသူကို မုဒိမ်းကျင့်လို့ ရတယ်၊ ဘာအမှုမှ မဖြစ်ဘူးဆိုရင် ကျန်တဲ့ လီဆူးတိုင်းရင်းသူတွေအတွက် အန္တရာယ်ကြီးပါတယ်´´ ဟု မြို့ခံ လီဆူး တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။

မူကြိုဆရာမ မ………… သားမယားအဖြစ် ပြုကျင့်ခဲ့သော KIA တပ်ဖွဲ့ဝင်(၄)ဦးအား မနရ(၀ိုင်းမော်)မှ (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းနှင့် တရားခံ(၄)ဦးအား ဖမ်းဆီး ရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။

ညီသစ် (မြစ်ကြီးနား)

Shan News

Friday, March 28, 2014

''ဖခင်ဖြစ်သူက သမီးအရင်းအား သားမယားအဖြစ် အဓမ္မပြုကျင့်''

Posted by drmyochit Friday, March 28, 2014, under | No comments


စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ၊ တည်းခို ခန်းတစ်ခုတွင် ဖခင်ဖြစ်သူတစ်ဦးက သမီးအရင်းအား သားမယား အဖြစ်ပြု့ ကျင့်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်း က ယခုလ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် အမှု ဖွင့်အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။ 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာနေ ဦး….. အသက်(၄၂)နှစ်ဆို သည် ယခုလ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်က သမီးဖြစ်သူ အသက်(၁၅)နှစ်၊ ခြောက်လအရွယ်ရှိ မ ….. ဆိုသူကို ပန်းရံဆင်းနေသည့် လုပ်ငန်းခွင်သို့လိုက်ပါခဲ့ရန် ဆိုင်ကယ်ဖြင့်တင်ဆောင်၍ခေါ်ခဲ့ သည်။

ထို့နောက် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အိုကေ တည်းခိုခန်းရှိ အခန်းအမှတ်(၇)အား ငှားရမ်းခဲ့ပြီး နောက် သူမကိုယ်ခန္ဒာပေါ်ရှိ အ၀တ်အထည်းများအား ချွတ်ခိုင်းပြီးနောက် အခန်းအတွင်းရှိကုတင်ပေါ်တွင် သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည်ဟု စစ်ကိုင်းမြို့မရဲစခန်းတွင် ကာယလံရှင်ကိုယ်တိုင်မှ ထွက်ဆို တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ် ၃/ ၂၀၁၄ ရဲစခန်း(ပ) ၁၂၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း

Tuesday, February 18, 2014

မြန်မာကျောင်းသူ ၄ ဦးအား ဘာသာခြား တစ်ယောက်က အဓမ္မ ပြုကျင့်မှု ဖြစ်ပွား၊ မ ဘ သ အဖွဲ့က ပြဿနာ မကြီးထွားစေရန် ထိန်းသိမ်းနိုင်ခဲ့

Posted by drmyochit Tuesday, February 18, 2014, under | 1 comment

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ပင်လောင်းနေပြည်တော် ကားလမ်းအနီး သပြေကုန်းကျေးရွာ၌ အရွယ် မရောက်သေးသူ (၄)ဦးအား ဘာသာခြားတစ်ဦးက သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ယင်းမြို့နယ်ရှိ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဖော်ထုတ်နိုင် ခဲ့သည်ဟု အောင်ပန်းမြို့ ဓမ္မစက္ကဖောင်ဒေး ရှင်း တာဝန်ရှိသူ ဦးမင်းလွင်ဦးက Nwes Watch ဂျာနယ်သို့ ပြောကြားသည်။

၎င်းက “ဒီသတင်းကြားတော့ အောင်ပန်းနဲ့ မိုင် ၇၀ ဝေးတဲ့ အဲဒီရွာကို အရောက်သွားခဲ့တယ်။ ဖြစ်စဉ်က အဲဒီလူကြီးက ရွာမှာငွေတိုးချေးစားတဲ့သူ၊ ကလေးတွေကို စိတ်ကြွဆေးကျွေးပြီးမှ ကျူးလွန်ခဲ့တာဆိုတာ သိခဲ့ရတယ်။ ၂၀၁၃ ဧပြီပြီးလောက်ကတည်းက ကျူးလွန်ခဲ့တာကို သူတို့လင်မယား ရန်ဖြစ်ရာကနေ ဒီအဖြစ် အပျက် ပေါ်သွားတာ” ဟု ပြောကြားခဲ့သည်။

အရွယ်မရောက်သေးသည့် ကလေးငယ်(၄)ဦးတွင် (၁၂)နှစ်အရွယ် ပဉ္စမတန်းကျောင်းသူအား (၁)ကြိမ်၊ အသက်(၁၁)နှစ်အရွယ် တတိယတန်းကျောင်းသူနှစ်ဦးအား(၃)ကြိမ်နှင့် (၅)ကြိမ်စီ၊ အသက်(၉)နှစ်အရွယ် ဒုတိယတန်းကျောင်းသူအား(၂)ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု ဖော်ထုတ်တွေ့ရှိခဲ့ရကြောင်း
ပြောကြားခဲ့သည်။ ကျူးလွန်ခဲ့သူသည် ဦးလှရွှေ အသက်(၅၈)နှစ် အစ္စလာမ်ဘာသာဝင်ဖြစ်သည် ဟု ပြောကြား ခဲ့သည်။

“ရဲစခန်းက ပုဒ်မ ၃၆၃/၃၇၆/၅၁၁ နဲ့ အရေးယူပေမယ့် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်အောင် မ.ဘ.သ က ရဲစခန်းကိုလိပ်မူပြီး စာပို့တာရယ်၊ သက်ဆိုင်ရာဌာနတွေကိုလည်း စာတွေပို့ပေးခဲ့တယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအမှုအား ဇန်နဝါရီလထဲတွင် တရားရုံးသို့ ရောက်ရှိနေချိန်၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မှ သိရှိခဲ့ပြီး ကွင်းဆင်းဖော်ထုတ်ခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့ အမှားမှန်ဖော်ထုတ်ခြင်းလုပ်သကဲ့သို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ပဋိပက္ခမဖြစ်ပွားရေးအတွက်လည်း ပြုလုပ်ခဲ့ကြောင်း သားမယား အဖြစ် ပြုကျင့်ခံခဲ့ရသူများအား လတ်တလော ငွေကျပ်(၉)သိန်း ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆကိုးသူဇာ

(၇)တန်းကျောင်းသူနှစ်ယောက် အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ်ပြုကျင့်ခံရ

Posted by drmyochit Tuesday, February 18, 2014, under | No comments


Tuesday, February 18, 2014

ဂန့်ဂေါ၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာတွင် အသက်(၇၀)ကျော် အမျိုးသားကြီးတစ်ဦးက (၇)တန်းကျောင်းသူ နှစ်ယောက်ကို အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အတွက် ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ အမှုဖွင့်အရေးယူခဲ့ခြင်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီအချိန်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး ကျောင်းသူမလေး၏ မိခင်ဖြစ်သူမှ ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ခေါက်ခူကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၏ ကျောင်းမုခ်ဦးအား ဆေးသုတ်ရန် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူ ထီးလင်မြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က အသက်(၇၀)ကျော်ရှိ
ဦးကျော်ခင်ဆိုသူမှ သက်(၁၃)နှစ်အရွယ်သာရှိသေးသည့် သတ္တမတန်းကျောင်းသူနှစ်ဦးကို အပင်းချပေးရန်ဟုဆိုကာ ဘုန်းကြီးကျောင်းသို့လာရန် ချိန်းဆိုခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင်
မိခင်ဖြစ်သူက ထွက်ဆိုထားသည်။

ထို့ကြောင့် သတ္တမတန်းကျောင်းသူလေးနှစ်ယောက် ညနေ ၆ နာရီက အောင်မင်္ဂလာ ဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့ပြီး အပင်းချသည့်အခါ လူမြင်ခံ၍ မရသည့်အတွက် ကျောင်း၏
အနောက်တောင်ဘက်အရပ်တွင် ရေကန်နှင့် ပေ ၃၀ ၀န်းကျင်ရှိ ကြက်ဟင်းခါးပင်ချုံအောက်သို့ ကလေးတစ်ဦးကို ခေါ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် အခြားကလေးတစ်ဦးကို ရေကန်အနီးမှ
စောင့်ခိုင်းသဖြင့် စောင့်နေရသည်ဟု ဆိုသည်။

ထို့နောက် ကလေးငယ်က အကူအညီတောင်းခံခဲ့ရာမှ အခြားကလေးငယ်တစ်ဦးက သွားရောက်ကြည့်ရှုခဲ့ရာတွင် နှစ်ဦးစလုံးကို အဓမ္မပြုကျင့်ခဲ့သည်ဟု ကလေးမိခင်က ရဲစခန်းတွင် ထွက်ဆိုထားသည်။

Mizzima - News in Burmese

Saturday, December 07, 2013

ဦးလေးဖြစ်သူမှ ၁၆ နှစ်အရွယ် တူမအား မိဘတွေမရှိခိုက် သားမယားပြုကျင့်

Posted by drmyochit Saturday, December 07, 2013, under | No comments

ကျိုက်လတ်မြို့နယ်၊ အထက် ဆင်ကူး ကျေးရွာ အုပ်စု၊ ကျောင်းချောင်း .ကျေးရွာ တွင် ဦးလေးဝမ်းကွဲ မှ အသက်(၁၆ )နှစ်ရှိ တူမ၀မ်းကွဲ တော်စပ်သူအား သားမယား အဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ရာ ကာယ ...ကံရှင်မှ ကျေနပ်မှု မရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေး မှူးအား တိုင်ကြားရာ ၎င်းအုပ်ချုပ်ရေးမှူး မှ ပြစ်မှုကျူး လွန်သူ အား အရေးယူခြင်း မရှိသည့်အပြင် အုပ်ချုပ်ရေး မှူး အာဏာ အလွဲသုံးစားလုပ် ခြိမ်းခြောက်၍ အလိုမတူ သူနှင့် ပေါင်းသင်းရန် အဓမ္မစေခိုင်းမှု ဖြစ်ပေါ်ခဲ့သည်။

လွန်ခဲ့သော တပို့တွဲလက ကျောင်းချောင်းကျေးရွာနေ မ— အသက်(၁၆)နှစ်အား ဦးလေးဝမ်း ကွဲတော်စပ်သူမှ ၎င်း၏ အစ်မများ ဘုရားဖူးသွားခိုက် သားမယားအဖြစ် အဓမ္မပြုကျင့်ကြံခဲ့သည်။ ““နင်ဒီ ကိစ္စဘယ်သူမှ ပြန်မပြောရဘူး ပြန်ပြောရင် သတ်ပစ်မယ်”” ဟု ခြိမ်း ခြောက်ကာ နောက်ထပ် (၆)ကြိမ် ခန့်ကျင့်ကြံခဲ့သည်။ မ– သည် အလိုမတူသော်လည်း ခြိမ်းခြောက် ထား၍ ကြောက်ရသည့်က တစ်ကြောင်း၊ ဦးလေး တော်စပ်နေသည် ကတစ်ကြောင်း တို့ကြောင့် မည်သူ့ကို မှမပြောဘဲ နေခဲ့ရာ မ—တွင်ကိုယ် ၀န်ရှိလာသည့် အတွက် ကျောင်း ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှသိန်းထံတိုင် ကြားခဲ့သည်။

ထိုသို့ တိုင်ကြားခဲ့သော်လည်း မ–အား စော်ကားသူမှာ ၎င်းအုပ်ချုပ်ရေးမှူး ဦးလှသိန်းနှင့်လည်း ဦးလေးတော်စပ်သူ ဖြစ်နေသည့် အတွက် … ၎င်း၏ ဦးလေးအိမ်ထောင် ရေးပြိုကွဲမှာ၊ အရှက်ရမှာ၊ မျိုးရိုး ဂုဏ်သိက္ခာ ထိခိုက်မှာစိုးသဖြင့် မ– လွယ်ထားသည့် ကိုယ်ဝန်မှာ ၎င်းဦးလေးနှင့်ရသည့် ကိုယ်ဝန် ဖြစ်ပါလျက်နှင့် မည်သို့မျှ ပတ်သက် ဆက်နွယ်ခြင်း မရှိခဲ့သော ရွာထဲမှ အေးဆေး ရိုးသားသော ငလက်မ (ခ)သန်းစိုးနှင့် ပေါင်းသင်းရန် စာရွက် အလွတ်ပေါ်တွင် အတင်းလက်မှတ် ထိုးခိုင်းခဲ့သည်။

ထိုနည်းတူ ငလက်မ(ခ)သန်း စိုးကိုလည်း မ—နှင့်ပေါင်းသင်း ရမည်ဟု ရင်ဘတ်ကို ဆောင့်ဆွဲပြီး လက်မှတ် ထိုးရင် ထိုး၊ မထိုးရင် အခုချက်ခြင်း ရဲစခန်းပို့မယ်၊ ဟို ရောက်ရင် သွေးအန်အောင်ရိုက် ခိုင်းမယ်ဟု ခြိမ်းခြောက် ပြောဆို ကာစာရွက် အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းခဲ့သည်။ ၎င်းအပြင် လက်မှတ် ထိုးထားသော နေရာတွင် လက်ဗွေရာ အတုကိုပါ နှိပ်ထားခဲ့သည်။ ထို့အပြင် ကာမရယူသူ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ၎င်းတို့ နှစ်ဦးအား လူကြီးများရှေ့တွင် ကန်တော့စေကာ အတင်းပေါင်း သင်းခိုင်းခဲ့သည်။

ယင်းကဲ့သို့ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ယောက်၏ အာဏာကို အလွဲသုံးစားလုပ်၊ ခြိမ်းခြောက်၍ လက်ဗွေရာ အတုလုပ်ကာ အပြစ်ရှိသူ၊ အပြစ်ကွယ် ပျောက်စေရန် မည်သို့မျှ ပတ် သက်ခြင်းမရှိသူနှင့် မတရား အဓမ္မ ပေါင်းသင်းစေခဲ့ခြင်း တို့ကြောင့် ဦးလှသိန်းအား ပြစ်မှုကြီး အမှတ် (၂၀၈/၂၀၁၃)ပြစ်မှုပုဒ်မ (၅၀၆) အတင်းအဓမ္မ ကာမရယူစော်ကား သူအား ပုဒ်မ (၄၁၇)တို့ဖြင့် ၂၀၁၃ ဇွန် (၇)ရက်က ကျိုက်လတ်မြို့ နယ်တရားရုံးသို့ မ—-မှ တရား လိုပြု တရားစွဲဆိုခဲ့ရာ ကာမရယူ သူမှာပြစ်ဒဏ် (၆)လ ကျခံခဲ့ရသော်လည်း ဦးလှသိန်းမှာမူ အမှုမှ ကွင်းလုံး ကျွတ်လွတ်စေခဲ့သည်။

ယင်းအတွက်ကြောင့် ဦးလှသိန်းမှာ ပြစ်မှုထင်ရှားသော်လည်း ပြစ်ဒဏ် မကျခံရခြင်း၊ ၎င်းကျူးလွန် ငြိစွန်းသည့် ပုဒ်မ (၅၀၆) သည် ထောင်ဒဏ် (၂)နှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေကျခံ ရမည ဖြစ်သော်လည်း ကွင်းလုံး ကျွတ်လွတ်ရခြင်း၊ လက်ရှိတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် ဆောင်ရွက်နေ ခြင်းတို့အား ကျေလည်မှု မရှိသော ကြောင့် ယခုအခါ တရားလိုမှ (၃- ၁၂-၂၀၁၃)ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ဥပဒေရုံးသို့ အယူခံဝင်ခွင့် တောင်းခံခဲ့ကြောင်း သတင်း ရရှိသည်။

Thursday, October 31, 2013

အမျိုးသမီးငယ်တစ်ဦးအား ဓားပြ၍ခြိမ်းခြောက်ပြီး ပါးစပ်ကို ပလာစတာနှင့်ပိတ်၊ လက်ကိုကြိုးတုတ်ပြီး အဓမ္မပြုကျင့်

Posted by drmyochit Thursday, October 31, 2013, under | No comments



အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေးတစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ဓားပြခြိမ်းခြောက်ပြီး၊ ပါးစပ်ကိုပလာစတာဖြင့် ကပ်၍ပိတ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ အမျိုးသားတစ်ဦးမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ ရဲဝန်ထမ်းတစ်ဦး ထံမှ သိရသည်။

ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေးတစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုနေ့က မန္တလေး ရထားဆိုက်ရောက်ချိန်တွင် အဓမ္မပြုကျင့်ခြင်းခံရသည့် ရထားဈေးသည်မလေးသည် ထမင်းများလိုက်လံ ရောင်းချပြီးနောက် ဘူတာအနီး စိန်ပန်းပင်အောက်ရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် သူမနှင့် တစ်ရပ်ကွက်တည်းနေ အသက် (၂၁)အရွယ် အမျိုးသားတစ်ဦးက သူမအနီးသို့ ရောက်ရှိလာပြီး ထိုသူမှ စောင်ယူပေးရန် သူမအား ခိုင်းစေခဲ့သည် ဟု သူမမှဆိုသည်။

ထို့နောက် ထိုသူသည် သူမအား အိပ်ရအောင်ဟု ပြောဆိုခဲ့သဖြင့် သူမက ငြင်းဆန်းခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ထိုသူမှ ဓားဖြင့်ခြိမ်းခြောက်ပြီး၊ သူမ၏ ပါးစပ်ကို ပလာစတာဖြင့်ကပ်၍ ပိတ်ခဲ့သည်။ ထိုမျှမက သူမ၏ လက်ကိုလည်း ထိုသူမှ ကြိုးဖြင့် ချည်နှောင်တုတ်၍ သူမ၏ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သူမက ကျေနပ်မှုမရှိသည့်အတွက် ယခုလ ၂၉ ရက်နေ့ည ၉ နာရီအချိန်တွင် အင်းတော်မြို့မ ရဲစခန်းသို့သွားရောက်၍ အမှုဖွင့်အရေးယူပေးရန် ထိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၎င်း တိုင်ကြားချက်အား ရဲစခန်းက (ပ) ၂၂၃/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုအမှုအား စစ်ဆေးဆောင်ရွက်နိုင်ရန် ရဲစခန်းမှူး ဒုရဲမှူး မျိုးညွှန့်သန်းမှ အမှုစစ်တာဝန်များ ရယူလက်ခံထားကြောင်း စုံစမ်းသိရှိရသည်။

မြန်မာအမျိုးသမီးငယ်များ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရခြင်း ဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အသိပညာပေး ဆောင်ရွက်မှု လုပ်ငန်းများအား ထိုဒေသတွင် ပြုလုပ်သွားရန် သက်ဆိုင်ရာမှ အပူတပြင်း စီးစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)
From: ThitHtooLwin

Friday, October 25, 2013

ဘုရားသွားမည်ဟုဆိုကာ တည်းခိုခန်းခေါ်၍ အဓမ္မပြုကျင့်ခံရမှု တစ်ပတ်အကြာမှ တိုင်ကြား

Posted by drmyochit Friday, October 25, 2013, under | 1 comment


ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့ရှိ တည်းခိုခန်းတစ်ခု၌ အသက်၁၇နှစ်အရွယ် ၁၀ တန်းကျောင်းသူ တစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

သာကေတမြို့နယ်၊ ၁၀ တောင် ၁၃ရပ်ကွက်၊ဇေယျဝတီ ၄လမ်းနေမ......(၁၇)နှစ်သည်ကျူရှင်တက် ရန်အိမ်မှ ထွက်သွားရာ ညနေပိုင်းအချိန်အထိ ပြန်ရောက်မလာသဖြင့် မိခင်ဖြစ်သူကလိုက်လံရှာဖွေ ရာ ညဆယ်နာရီ အချိန်ခန့် တွင် သမီးဖြစ်သူမှာ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံသို့ ရောက် ရှိနေကြောင်း သိရပြီး လိုက်သွား ခဲ့သည်ဟုဆိုသည်။

သမီးဖြစ်သူမ..... အားမေးမြန်းကြည့်ရာမှ တစ်ရပ်ကွက်ထဲနေ အသက်(၂၉) နှစ် အရွယ် အဘ ဦးကျော်ကျော်ဝင်း၏ သားဖြစ်သူမှာ သန်လျင်သို့ဘုရားဖူးသွားမည်ဟု ခေါ်ဆောင်သဖြင့် မ….မှာ လိုက်ပါ သွားခဲ့ရာ သန်လျင်မြို့ရှိ “မြိုင်” တည်ခိုခန်းသို့ခေါ်ယူပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်သဖြင့် သွေးသွန် ခဲ့ပြီး ရန်ကုန် ဗဟို အမျိုး သမီးဆေးရုံသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း မ…....က မိခင်ဖြစ်သူကို ပြန်ပြောပြ ခဲ့သည်။

မ......မှာ ၁၀ တန်းနှစ်ကျကျောင်းသူတစ်ဦးဖြစ်ပြီး အပြင်ဖြေအဖြစ်စာမေးပွဲဖြေဆိုရန် ကျူရှင် တက်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၄င်း၏မိခင်ဖြစ်သူဒေါ်တင်တင်မူက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမ….၏ မိခင်ဖြစ်သူဒေါ်တင်တင်မူ က မကျေ နပ် သဖြင့် တစ်ပတ်အကြာ အောက်တိုဘာ ၂၄ရက်နေ့တွင် သန်လျင်မြို့နယ်ရဲစခန်း၌ ကျူးလွန် ခဲ့သူကို အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ . . . . .ကို အရေးယူပေးရန် မ....၏ မိခင်ဖြစ်သူဒေါ်တင်တင်မူ၏ တရားလိုပြု တိုင်ကြား ချက်ကို သန်လျင်ရဲစခန်းမှ မမစ(ပ)

၉၈၃/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၃၆၆ ဖြင့် အောက်တိုဘာ ၂၄ရက် မွန်းတည့် ဆယ့်နှစ်နာရီ ငါးမိနစ်အချိန်၌ အမှုဖွင့်ပြီး အမှုစစ်ဒုရဲမှူး(စခမ)မှ တရားခံအား ဖမ်းဆီး ရမိရေးစုံ စမ်းလျက် ရှိသည်ဟု သန်လျင်ရဲစခန်း က သိရသည်။

BY ဇော်ဂျီ(မြစ်မခ)

Thursday, October 17, 2013

အကြောရောဂါသည် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

Posted by drmyochit Thursday, October 17, 2013, under | No comments


ဒလမြို့နယ်တွင် ကျန်းမာရေး မကောင်းသော အကြောရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရဟု ဆိုကာ အမှုဖွင့် တိုင်တန်းမှုတစ်ခုကို အောက်တိုဘာ ၁၄ ရက်တွင် ရဲစခန်းက အမှုဖွင့်စစ်ဆေး နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါအမှုကို ဒလမြို့နယ်၊ ရပ်ကွက်တစ်ခုရှိ ကာယကံရှင်၏ အစ်မဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

သူမသည် တစ်ခြံတည်းနေ ၃၂ နှစ်အရွယ်၊ ကျန်းမာရေးမကောင်း၊ အကြောရောဂါရှိသည့် ညီမအငယ်ဆုံး ဖြစ်သူကို နေ့လယ်စာ ကျွေးပြီး နေအိမ်သို့ ပြန်လာကာ နေ့လယ်ဘက်တွင် ခေတ္တအိပ်စက်ခဲ့ချိန် မွန်းလွဲ ၁ နာရီခွဲတွင် တူမဖြစ်သူ ကလေးတစ်ဦးက လာရောက်၍ ညီမဖြစ်သည့် အကြောရောဂါ ဝေဒနာရှင်မှာ ငိုနေကြောင်း ပြောပြသဖြင့် စုံစမ်း မေးမြန်းခဲ့သည်ဟုလည်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ညီမဖြစ်သူအား ကို------(၃၆)နှစ်၊ လက်သမား၊ အမှတ်မရှိ ဒလမြို့နယ်နေသူက လက်ကိုချုပ်၍ မအော်ရန် ခြိမ်းခြောက်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ကို သိရှိရသည်ဟုလည်း တရားလိုက တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဒလရစခန်းက (ပ)၄၆၆/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား စခန်းမှူးက ဖမ်းဆီး စစ်ဆေး နေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

ဇော်ဇော်ထွေး 
Mizzima - News in Burmese

Tuesday, October 15, 2013

အသက် ၆၈ နှစ်အရွယ် အဘိုးအိုက ၇ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်

Posted by drmyochit Tuesday, October 15, 2013, under | No comments


နေအိမ်တွင် မွေးနေ့ပွဲပြုလုပ်မည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားသည့်အဘိုးအိုက အသက် (၇)နှစ် အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်အတွင်း နေထိုင်သူ အသက် (၇)နှစ်အရွယ် မိန်းကလေးကို အောက်တိုဘာ ၈ ရက် နံနက် ၇နာ ရီတွင် အိမ်နီးနားချင်းဖြစ်ပြီး ခင်မင်နေသူ အသက် (၆၈) နှစ်အရွယ် ဦးမောင်မောင် စိန်က မွေးနေ့ပြုလုပ်မည်ဟုပြောဆိုကာ မိခင်ထံမှ ၎င်း၏နေအိမ်သို့ တစ်နေကုန်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ကလေးငယ်ခေါ်သွားပြီး နေအိမ်မီးဖိုချောင်အတွင်း သားမယားပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြ ထားသည်။ ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် ၎င်းက ည ၁၀ နာရီတွင် နေအိမ်သို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။

ကလေးငယ်၏ မိခင်ဖြစ်သူမှာ ဈေးရောင်းပြီး နေအိမ်သို့ ည ၁၁နာရီအချိန် ပြန်ရောက်လာသည့်အခါ ကလေးမှာ ခဏခ ခဏငိုနေခဲ့သည်။ အောက်တိုဘာ ၉ရက်တွင် ကလေးငယ်က နာနေကြောင်းပြောပြ၍ ဒဏ်ရာများတွေ့ရှိပြီး ဖြစ်စဉ်ကို မေးမြန်းသိရှိခဲ့ရသည်ဆိုသည်။

““တရားခံကို ရမန်ယူထားပြီး ချုပ်ထားတုန်းပဲရှိသေးတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အရင် ကတည်းက အိမ်နီးချင်းဆိုတော့ ခင်တော့ အ၀င်အထွက်ရှိတယ်။ အဓမ္မပြုကျင့်တဲ့အချိန်မှာတော့ အဲဒီ အိမ်မှာ ဘယ်သူမှမရှိပါ ဘူး””ဟု ကမာရွတ်မြို့နယ်၊ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကလေးမိခင်က ကလေးငယ်အားအဓမ္မပြုကျင့်မှုဖြင့် ဦးမောင်မောင်စိန်ကို ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆အရ မုဒိမ်းမှုဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထား၍ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
By 7Day Daily

Friday, October 11, 2013

ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်

Posted by drmyochit Friday, October 11, 2013, under | No comments


ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားပေါ် တောင်ဘက်မုဒ်ရှိ ဗေဒင်ဟောခန်း အနီးတွင် (၁၀.၁၀.၂၀၁၃)နေ့ နံနက်(၄း၀၀) အချိန်ခန့်ကမုဒိန်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ထက်ထက်လှိုင် ထမင်းဆိုင်တွင် အလုပ်နေသော မxxxxx(၁၇)နှစ်သည် အလုပ်လုပ်နေစဉ် ဘုရားတောင်ဘက်မုဒ်ရှိ အိမ်သာသို့ သွားစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။ 

အဆိုပါ ဆိုင်ဘေးမှ ဘုရားပန်းရောင်း သော မိန်းခလေးတစ်ဦးနှင့် အတူသွားရာ မxxxxမှ အိမ်သာမှထွက်၍ ခြေထောက်ဆေးနေစဉ် လွန်ခဲ့သော (၄/၅)ရက်ခန့်က ထမင်းဆိုင်တွင် ထမင်း စားဘူးသူ ကျော်သက်ဦး (၂၁)နှစ်၊ (ဘ)ဦးဇော်ဦး၊ (ယာဉ်နောက်လိုက်)၊ ဘဏ္ဍာကုန်းကျေးရွာ၊ ပဲခူးမြို့နယ် နေသူသည်မှ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ 

ကျော်သက်ဦးမှ ဘုရားပေါ်တက်မည်၊ လိုက်ခဲ့ဟုခေါ်ရာ မxxxxမှ မလိုက်နိုင်ကြောင်း ပြောသောအခါ ကျော်သက်ဦးမှ အတင်းလက်ဆွဲကာ ပါးစပ်ပိတ်ပြီး ဘုရားပေါ်သို့ ခေါ်ဆောင်သွားခဲ့ရာ ဘုရားတောင်ဘက် မုဒ်ပေါ်ရှိ ဗေဒင်ဟောသည့် အခန်းအနီးတွင် ထိုင်ပြီး ကျော်သက်ဦးမှ မxxxxအား ချစ်ကြိုက်ကြောင်း ပြောဆိုပြီး မxxx၏ ရင်သားအား ကိုင်ခြင်း၊ ပါးအား နမ်းပြီး ဆွဲလှဲကာ အလိုမတူဘဲ သားမယား အဖြစ်(၁) ကြိမ်ပြုကျင့်ခဲ့သဖြင့် မxxxxမှ ကျော်သက်ဦးအား အရေးယူပေးပါရန် ပဲခူးမြို့မ ရဲစခန်းသို့
တိုင်ကြားရာ ရဲစခန်းမှ(ပ)၆၀၀/၂၀၁၃ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)အရ အမှုဖွင့် အရေးယူထားပြီး တရားခံ ကျော်သက်ဦးအားဖ မ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်

Ko Thant Zin

by Myanmar News Now

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်