Tuesday, February 18, 2014
ဂန့်ဂေါ၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာတွင် အသက်(၇၀)ကျော် အမျိုးသားကြီးတစ်ဦးက (၇)တန်းကျောင်းသူ နှစ်ယောက်ကို အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အတွက် ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ထိုသို့ အမှုဖွင့်အရေးယူခဲ့ခြင်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီအချိန်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး ကျောင်းသူမလေး၏ မိခင်ဖြစ်သူမှ ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ခေါက်ခူကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၏ ကျောင်းမုခ်ဦးအား ဆေးသုတ်ရန် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူ ထီးလင်မြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က အသက်(၇၀)ကျော်ရှိ
ဦးကျော်ခင်ဆိုသူမှ သက်(၁၃)နှစ်အရွယ်သာရှိသေးသည့် သတ္တမတန်းကျောင်းသူနှစ်ဦးကို အပင်းချပေးရန်ဟုဆိုကာ ဘုန်းကြီးကျောင်းသို့လာရန် ချိန်းဆိုခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင်
မိခင်ဖြစ်သူက ထွက်ဆိုထားသည်။
ထို့ကြောင့် သတ္တမတန်းကျောင်းသူလေးနှစ်ယောက် ညနေ ၆ နာရီက အောင်မင်္ဂလာ ဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့ပြီး အပင်းချသည့်အခါ လူမြင်ခံ၍ မရသည့်အတွက် ကျောင်း၏
အနောက်တောင်ဘက်အရပ်တွင် ရေကန်နှင့် ပေ ၃၀ ၀န်းကျင်ရှိ ကြက်ဟင်းခါးပင်ချုံအောက်သို့ ကလေးတစ်ဦးကို ခေါ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် အခြားကလေးတစ်ဦးကို ရေကန်အနီးမှ
စောင့်ခိုင်းသဖြင့် စောင့်နေရသည်ဟု ဆိုသည်။
ထို့နောက် ကလေးငယ်က အကူအညီတောင်းခံခဲ့ရာမှ အခြားကလေးငယ်တစ်ဦးက သွားရောက်ကြည့်ရှုခဲ့ရာတွင် နှစ်ဦးစလုံးကို အဓမ္မပြုကျင့်ခဲ့သည်ဟု ကလေးမိခင်က ရဲစခန်းတွင် ထွက်ဆိုထားသည်။
Mizzima - News in Burmese
Time in Rangoon
.jpg)

0 comments:
Post a Comment