Tuesday, February 18, 2014

မြန်မာကျောင်းသူ ၄ ဦးအား ဘာသာခြား တစ်ယောက်က အဓမ္မ ပြုကျင့်မှု ဖြစ်ပွား၊ မ ဘ သ အဖွဲ့က ပြဿနာ မကြီးထွားစေရန် ထိန်းသိမ်းနိုင်ခဲ့

Posted by drmyochit Tuesday, February 18, 2014, under | 1 comment

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ပင်လောင်းနေပြည်တော် ကားလမ်းအနီး သပြေကုန်းကျေးရွာ၌ အရွယ် မရောက်သေးသူ (၄)ဦးအား ဘာသာခြားတစ်ဦးက သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ယင်းမြို့နယ်ရှိ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဖော်ထုတ်နိုင် ခဲ့သည်ဟု အောင်ပန်းမြို့ ဓမ္မစက္ကဖောင်ဒေး ရှင်း တာဝန်ရှိသူ ဦးမင်းလွင်ဦးက Nwes Watch ဂျာနယ်သို့ ပြောကြားသည်။

၎င်းက “ဒီသတင်းကြားတော့ အောင်ပန်းနဲ့ မိုင် ၇၀ ဝေးတဲ့ အဲဒီရွာကို အရောက်သွားခဲ့တယ်။ ဖြစ်စဉ်က အဲဒီလူကြီးက ရွာမှာငွေတိုးချေးစားတဲ့သူ၊ ကလေးတွေကို စိတ်ကြွဆေးကျွေးပြီးမှ ကျူးလွန်ခဲ့တာဆိုတာ သိခဲ့ရတယ်။ ၂၀၁၃ ဧပြီပြီးလောက်ကတည်းက ကျူးလွန်ခဲ့တာကို သူတို့လင်မယား ရန်ဖြစ်ရာကနေ ဒီအဖြစ် အပျက် ပေါ်သွားတာ” ဟု ပြောကြားခဲ့သည်။

အရွယ်မရောက်သေးသည့် ကလေးငယ်(၄)ဦးတွင် (၁၂)နှစ်အရွယ် ပဉ္စမတန်းကျောင်းသူအား (၁)ကြိမ်၊ အသက်(၁၁)နှစ်အရွယ် တတိယတန်းကျောင်းသူနှစ်ဦးအား(၃)ကြိမ်နှင့် (၅)ကြိမ်စီ၊ အသက်(၉)နှစ်အရွယ် ဒုတိယတန်းကျောင်းသူအား(၂)ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု ဖော်ထုတ်တွေ့ရှိခဲ့ရကြောင်း
ပြောကြားခဲ့သည်။ ကျူးလွန်ခဲ့သူသည် ဦးလှရွှေ အသက်(၅၈)နှစ် အစ္စလာမ်ဘာသာဝင်ဖြစ်သည် ဟု ပြောကြား ခဲ့သည်။

“ရဲစခန်းက ပုဒ်မ ၃၆၃/၃၇၆/၅၁၁ နဲ့ အရေးယူပေမယ့် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်အောင် မ.ဘ.သ က ရဲစခန်းကိုလိပ်မူပြီး စာပို့တာရယ်၊ သက်ဆိုင်ရာဌာနတွေကိုလည်း စာတွေပို့ပေးခဲ့တယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအမှုအား ဇန်နဝါရီလထဲတွင် တရားရုံးသို့ ရောက်ရှိနေချိန်၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မှ သိရှိခဲ့ပြီး ကွင်းဆင်းဖော်ထုတ်ခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့ အမှားမှန်ဖော်ထုတ်ခြင်းလုပ်သကဲ့သို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ပဋိပက္ခမဖြစ်ပွားရေးအတွက်လည်း ပြုလုပ်ခဲ့ကြောင်း သားမယား အဖြစ် ပြုကျင့်ခံခဲ့ရသူများအား လတ်တလော ငွေကျပ်(၉)သိန်း ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆကိုးသူဇာ

1 comments:

အစ္စလာမ်ဘာသာဝင် ဆိုရင် ငွေတိုးချေးမစားပါဘူး။ဖွချင်သူများ ဟုတ်မှလည်း လုပ်ပါဦး....

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်