
မြန်မာနိုင်ငံအနေဖြင့်
ဒီမိုကရေစီ ပန်းတိုင်သို့ရောက်ရှိရန် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး
မြန်မာပြည်သူ အနေဖြင့် စစ်မှန်သော တော်လှန်ရေး စိတ်ဓာတ်၊ ပြောင်းလဲလိုသော
စိတ်ဓာတ်နှင့် ခေါင်းဆောင် သတ္တိများမွေးမြူကြရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက
တိုက်တွန်းပြော ဆိုလိုက်သည်။
ယနေ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်
ဖိတ်ကြားခံရသော ပရိသတ် တစ်ထောင်ခန့် တက်ရောက်သည့် အခမ်းအနားတွင် ပြောကြားသော
နာရီဝက်ကြာ သမိုင်းဝင်မိန့်ခွန်းတွင် သမ္မတအိုဘားမားက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။...