Tuesday, November 20, 2012

ဗီယက်နမ်သမ္မတ မြန်မာနိုင်ငံလာမည်

Posted by drmyochit Tuesday, November 20, 2012, under | No comments


အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ၁၀ ရက်အကြာတွင် ဗီယက်နမ် သမ္မတ Mr.Truong Tan Sang သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး ၁၀ ရက်အကြာတွင် ဗီယက်နမ်နိုင်ငံ သမ္မတသည် နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်သည်။ “နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်အတွက် ကျွန်တော်တို့ သမ္မတဟာ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E Mr.Chu  Cong Phung ကအတည်ပြုပြောကြား ခဲ့ကြောင်း သိရှိရသည်။

 Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်