
အဲပဲလ် ကုမ္ပဏီဟာ သူတို့ရဲ့ နောက်ဆုံးပေါ် Desktop ကွန်ပျူတာ Mac Pro ကို ကြာသပတေးနေ့က စတင် ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ မိုဘိုင်းတွေရဲ့လွှမ်းမိုးမှုကို ခံနေရတဲ့ စားပွဲတင် ကွန်ပျူတာတွေရဲ့ ဂုဏ်ရောင်ကို ပြန်လည် ထွန်းပြောင် စေမှာဖြစ်တယ်လို့ သိရပါတယ်။ အဲပဲလ် ၀က်ဘ်ဆိုက်နဲ့ အဲပဲလ် စတိုးမှာသာ ကြိုတင် မှာယူနိုင်တဲ့ Mac Pro ရဲ့ ဈေးနှုန်းဟာ အမေရိကန် ဒေါ်လာ သုံးထောင် ကျော် ရှိတာကြောင့် လူအများစု တတ်နိုင်တဲ့ ကွန်ပျူတာ တွေထက် အများကြီး ဈေးပိုကြောင်းလည်း...