Sunday, June 30, 2013
မိုးဟေကိုရဲ့ အမိုက်စား Sexy ဓါတ်ပုံတွေ
Posted by drmyochit
Sunday, June 30, 2013, under ဓါတ်ပုံ Album | No comments
“၃၁ ဘ၀ အသက်တစ်ချောင်း ကယ်တင်သူများကို ကုမ္ပဏီပိုင်ရှင်ရဲနဲ့ဖြဲခြောက်”
Posted by drmyochit
Sunday, June 30, 2013, under သတင်းများ | No comments
ဖြူးမြို့နယ်တွင် အမျိုးသမီး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်မှ လက်ဗွေရာများ ရရှိလာသဖြင့် ကျူးလွန်သူများကို ရှာဖွေနေ
Posted by drmyochit
Sunday, June 30, 2013, under မှုခင်း | No comments
တောင်ငူခရိုင် ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး တံတားအောက်တွင် ဖေဖော်ဝါရီလ အတွင်း က တွေ့ရှိခဲ့သော အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့် အမှုဖြစ်စဉ်မှ လက်ဗွေရာများကို ရရှိလာ သဖြင့် ကျူးလွန်ခဲ့သူများကို ဆက်စပ်ရှာဖွေ ဖော်ထုတ်စစ်ဆေးနေပြီဖြစ်ကြောင်း ဇွန် ၂၉ ရက် နံနက် ပိုင်းက ဖြူးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ဇဟားကျေးရွာ ချောင်းတံတားအောက် အနောက်ဘက် ကမ်းစပ်အနီးတွင် ပီနံအိတ် အဖြူရောင်ဖြင့် ထည့်ထားသော ခေါင်းပြတ်ခန္ဓာကိုယ်အား တွေ့ရှိခဲ့ရပြီး စစ်ဆေးရာမှတစ်ဆင့် ဦးခေါင်းအား ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၂/၁၃၈ ရှိလမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းအား တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်း စစ်ချက်အရ သိရသည်။
ဖြူးမြို့နယ် ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက "ဒီအမှုကိုတော့ CID က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနေတယ်။ အမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကတော့ သေဆုံးသွားသူရဲ့ ခန္ဓာကိုယ်နဲ့ အခင်းဖြစ်စဉ် အနီးကနေ လက်ဗွေရာတွေကို စစ်ဆေးရရှိ နေပါပြီ။ အဲ့ဒီ လက်ဗွေရာတွေကို လ.၀.က ဌာနနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟုဆိုသည်။
အဆိုပါ အမျိုးသမီးမှာ ပဲခူးတိုင်း ဒေသကြီးအတွင်း နေထိုင်သူ မဟုတ်ကြောင်းနှင့် တခြားတစ်နေရာမှ လာရောက်စွန့်ပစ်သွားခြင်း ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးမြ၀င်းက ပြောကြားခဲ့သည်။ ဖြူးရဲစခန်းမှ(ပ) ၃၆/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။
Eleven

လားရှိုးမြို့တွင် ရပ်ကွက်(၇)တွင် နေအိမ်အတွင်းမှ မူယစ်ဆေးဝါးနှင့်အတူ လက်နက်များဖမ်းဆီးရမိ
Posted by drmyochit
Sunday, June 30, 2013, under ပြည်တွင်းသတင်းများ | No comments
ဇွန်လ၂၈ရက်နေ့ကလားရှိုးမြို့၊ရပ်ကွက်(၇)၊နယ်မြေ(၆၀)၊ ရန်ကင်းလမ်းရှိ စိုင်းလှထွန်း (ခ)အိုက်ကျိုင်းနေ အိမ် အားသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် စိုင်းလှထွန်းအားမတွေ့ဘဲ ၄င်း၏ ဇနီးဖြစ်သူ မနန်းမလေးအား မိသားစုနှင့် အတူတွေ့ရပြီးစိုင်း လှထွန်းမှာနေအိမ်မှ ထွက်ခွာသွားကြောင်း သိရပြီးနေအိမ်အားရှာဖွေရာ၎င်းအိမ် အိပ်ခန်းအတွင်းမှ ကုတင်ခေါင်းရင်း အံဆွဲအ တွင်းမှအမေ ရိကန်နိုင်ငံ လုပ်Beretta အမျိုးအစား အနက်ရောင် ပစ္စတို(၁)လက်နှင့်ကျည်(၁၂)တောင့်၊ထိုင်းနိုင်ငံလုပ်မိန်းမကိုင်
(၅)လုံးပြုးသေနတ်(၁)လက်ကျည်(၁၇)တောင့်၊ WYစိတ်ကြွဆေးပြား(၁၀၀)ပြား၊ ဆူဒိုအက်ဖီ ဒရင်း အဖြူရောင်ဆေးပြား(၆၀၀)ပြား၊ မက်သာအက် ဖက်တမင်း (ICE)၂ဂရမ်၊နှင့်နေ အိမ်အိပ်ခန်း မီးခံသေတ္တာ အတွင်းမှ အမေရိကန်ဒေါ်လာ(၄)ဒေါ်လာ၊အိန္ဒိယရှုပီး(၁၆၃၅)ရှုပီး၊ တရုတ်ယွမ်ငွေ
(၁၃၆၀၁၄)ယွမ်၊ ထိုင်းဘတ်ငွေ(၁၄၃၂၀)ဘတ်၊မြန်မာကျပ်ငွေ(၄၀)သိန်းအားသိမ်းဆီးရမိကြောင်း သိရ သည်။
မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ တရားမ၀င် သိုဝှက်သယ်ဆောင် ရောင်းဝယ်သူ စိုင်းလှထွန်းနှင့် မနန်းမလေး အားလား ရှိုး ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး စိုင်းလှထွန်း အားဖမ်းဆီး ရမိရေး ဆောင်ရွက် နေကြောင်း တာဝန်ရှိသူ တစ်ဦးမှ ပြောပါသည်။
from ရွှေလားရှိုး

မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၂၂၈ ဦး ထပ်မံရောက်ရှိ
Posted by drmyochit
Sunday, June 30, 2013, under ပြည်တွင်းသတင်းများ | No comments
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးအား ကြိုဆိုသူ တစ်ဦးနှင့် တွေ့ရစဉ်
မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၂၈ ဦး ဇွန် ၂၉ ရက် တွင် မြန်မာနိုင်ငံ သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
ဇွန် ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ရွှေ့ပြောင်းလုပ်သား ၅၅ ဦး၊ ဇွန် ၂၉ ရက်နေ့ ညပိုင်း ၉ နာရီတွင် ၁၇၃ ဦး ထပ်မံရောက်ရှိခဲ့ရာ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ပါဝင်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း၏ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ကိုအောင်မျိုးစောက ပြောကြားသည်။ ပြန်လည်ရောက်ရှိ လာသူများသည် ထိန်းသိမ်းရေး စခန်းတွင် နှစ်၊ လ၊ ရက်ပိုင်း ထိန်းသိမ်းခံရသူများ ဖြစ်ကြပြီး အများစုမှာ ထိန်းသိမ်းရေး စခန်းတွင် ရိုက်နှက်မှုများ၊ ခွဲခြားဆက်ဆံမှုများ ခံခဲ့ရကြောင်း သိရှိရသည်။
"ကျွန်တော်တို့က တရားဝင်သွားပေမယ့် အေးဂျင့်တွေက ပတ်စ်ပို့ မပေးထားဘူး။ ရဲစစ်တဲ့အခါ အဖမ်းခံရတယ်။ ဖမ်းတဲ့အခါ အိမ်ထဲကို ၀င်ဖမ်းတာပါ။ ဖမ်းတော့ အကုန်ပါပြီး ထိန်းသိမ်းရေး ကန့်ထဲကို ထည့်ခံရတယ်။ ထောင်ချကြိမ်ဒဏ် ပေးတာတွေ လုပ်တယ်။ တစ်လတစ်ကြိမ်၊ သုံးလ၊ ခြောက်လတစ်ကြိမ်လောက်ခွဲပြီး ကြိမ်ဒဏ်ပေးတာတွေ ရှိတယ်။ ကြိမ်ဒဏ်က တရားအမိန့် ချတာပေါ် မူတည်တယ်။ မလေးရှားကို ပြန်မသွားချင်တော့ပါဘူး" ဟု ကွာလာလမ်ပှုရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်စဉ် အဖမ်းခံရသူ ကိုအောင်နိုင်ဦးက ပြောကြားခဲ့သည်။
ယခုရောက်ရှိ လာသူများမှ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပဉ္စအကြိမ်မြောက် ထပ်မံရောက်ရှိ လာသူများ ဖြစ်သည်။
"ကလေးက မလေးစာသင်ကျောင်း တစ်ခုမှာ စာသင်နေရင်း ကလေးကို အရင်ဖမ်းတာ ပြီးတော့ကျွန်မကို ဖမ်းတယ်။ ထောင်ထဲမှာ မြန်မာနိုင်ငံ အကျဉ်းသားတွေကို ခွဲခြားဆက်ဆံတာတွေ ရှိပါတယ်။ အစားအသောက်ကတော့ တန်းတူစားရတယ်။ စကားနားမထောင်ရင်တော့ ရိုက်တာတွေ ရှိပါတယ်" ဟု မလေးရှား စခန်းတွင် တစ်လနီးပါး အကျဉ်းချခံသူ မခမ်းဝါက ပြောပြခဲ့သည်။
မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ လုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းရေး စခန်းများမှ ပြန်လိုသူများကို လေဆိပ်သို့ ပို့ဆောင်ရာ၌ မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ယူပြီး လေယာဉ်ပေါ်သို့ တိုက်ရိုက်ပို့ဆောင်သည့် အချိန်ထိ လက်ထိတ်ခတ် ပို့ဆောင်ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူများ၏ ပြောကြားချက်အရ သိရသည်။
ညပိုင်းတွင် ရောက်ရှိလာသူများမှာ မွန်တိုင်းရင်းသားများ အများဆုံးဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ရှိသူများကို ဧရာဝတီ ဖောင်ဒေးရှင်း၊ အမ်အေအိုင် လေကြောင်းလိုင်းနှင့် ကွာလာလမ်ပူရှိ မြန်မာသံရုံးတို့ ပူးပေါင်းဆောင်ရွက်ပြီး အခမဲ့ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။
From: Eleven