
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။ ကတုတ်ဘုရားကြီး ကျေးရွာရှိ ဘကြီးဖြစ်သူထံ အလည်လာသည့် စတုတ္ထ တန်း ကျောင်းသူ တစ်ဦးသည် အဘွား ဖြစ်သူက ဈေးဝယ်ခိုင်းရာသုံးဖာလုံ ခန့် ဝေးသည့်...