Wednesday, July 24, 2013

ပျံလွန်တော်မူသည်မှာ ခြောက်လကျော်ကြာသော်လည်း ရုပ်အလောင်း မပုပ်မသိုးသည့် ရသေ့

Posted by drmyochit Wednesday, July 24, 2013, under | No comments


ပဲခူးတိုင်းပြည်မြို့နယ် ၀က်ထီးကန်တိုက်နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာအုပ်စု သာယာကျေးရွာမှ သက်တော် ၇၃ နှစ်ရှိ ရသေ့ဦးဝိသထ ပျံလွန်တော်မူသွားသည်မှာ နှစ်ဝက်နီးပါး ရှိခဲ့သော်လည်း ရုပ် အလောင်းကို ပြန်လည် တူးဖော်ရာတွင် မပုပ်မသိုးသော ရုပ်ကလာပ်ကို ပြန်လည် တွေ့ရှိရသည်ဟု ရုပ် အလောင်း ပြန်လည်တူးဖော်သူများက ပြောသည်။

ဦးဝိသထသည် ဇန်န၀ါရီလ ၃၁ ရက်တွင် ပျံလွန်တော်မူခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်တွင် မှန်ခေါင်းထဲ ထည့် သွင်းကာ သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဂူသွင်းမြှုပ်နှံခဲ့သည်။ ယင်းနောက် ဇူလိုင်လ ၁၆ ရက်တွင် ပြန်လည်တူးဖော်ရာ ရုပ်ကလာပ်မှာ ပုပ်သိုးခြင်းမရှိသည်ကို တွေ့ရှိရသည်ဟု ဒေသခံတို့က ပြောသည်။

ဦးဝိသထ၏ ရုပ်ကလာပ် စံမြန်း အပူဇော်ခံရန် ၁၀ ပေပတ်လည် စံကျောင်းဆောင် (အပေါ်တွင် စေတီတစ် ဆူတည်ထား) ဆောက်လုပ်လျက်ရှိပြီး လာရောက်ဖူးမြော်သူ နေ့စဉ် နှစ်ရာခန့်ရှိကြောင်း သိရသည်။ ရသေ့ ကြီး ပျံလွန်တော်မမူမီ ကျောင်းသို့ လာရောက် တရားအားထုတ်သူများကို သက်သတ်လွတ်ကျွေးခြင်း၊ ဘရသေ့ကိုယ်တိုင် မီးလွတ်စားခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ရေခဲ (ပြည်) |  Mizzima - News in Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်