Monday, October 14, 2013

ရန်ကုန်မှာ ဗုံးထပ်တွေ့၊ သက်ဆိုင်ရာမှ အချိန်မီရှင်းလင်းနိုင်ခဲ့

Posted by drmyochit Monday, October 14, 2013, under | No comments

ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည် ၁ နာရီခန့်က ကမ်းနားလမ်း Western Park Ruby မှာ ဗုံးတွေ့ရှိကြောင်း သိရပါတယ်။ အဆိုပါဗုံးကို Western Park Ruby ရဲ့ စားပွဲအမှတ် ၁၉ အောက်မှာ ထားသွားတာကို ဆိုင်မှ စားပွဲထိုးမှ  တွေ့ရှိ၍ သက်ဆိုင်ရာကို အကြောင်း ကြားခဲ့လို့ ပေါက်ကွဲမှု မဖြစ်မီ အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါတယ်။ By ပြည်သူ့အနာဂ...

မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်တော့မည်

Posted by drmyochit Monday, October 14, 2013, under | No comments

ရန်ကုန်အောက်တိုဘာ ၁၄ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးပွဲကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ MICT Park တွင်ပြုလုပ်မည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မှ တွဲဖက် ပါမောက္ခ ဒေါက်တာ သန္တဖြူ တို့မှ "Cyber Security , Malware Incident" "Understanding Web Application Attacks" ခေါင်းစဉ်ဖြင့် ဆွေးနွေး မည်ဖြစ်သည်။ ဆွေးနွေးပွဲကို မနက် ၁၀ နာရီမှ ၁၂ နာရီထိ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လိုပါက...

ရန်ကုန်မှာ ဒီကနေ့ တွေ့ရတဲ့ ဗုံးတွေအကြောင်း တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

Posted by drmyochit Monday, October 14, 2013, under | No comments

ဒီရက်ပိုင်း ရန်ကုန်နဲ့ တခြားမြို့တချို့မှာ ဗုံးပေါက်ကွဲမှုတွေ၊ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ အခု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အခုလို ကြေညာ သတိပေးလိုက်ပါတယ်။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Western Park 2 စားသောက်ဆိုင်တွင် ယနေ့ တွေ့ရတဲ့ မပေါက်ကွဲသေးသောမိုင်းတခု၊ ဓာတ်ပုံ- ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ လုပ်သားပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း  ရန်ကုန်၊ အောက်တိုဘာ ၁၄ လုပ်သားပြည်သူများအနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလနီးလာ...

ယောင်္ကျားလေး ၃ ဦးကို လိမ်လည်ခေါ်ဆောင်သွား မိန်းမ ၃ ဦးအား အမှုဖွင့်ထား

Posted by drmyochit Monday, October 14, 2013, under | No comments

မွန်ပြည်နယ်၊ ရေးမြို့တွင်အလုပ်ရမည်ဟုဆိုကာ သန်လျင်တွင်နေထိုင်သည့် လူငယ်များကို ခေါ်ဆောင် သွားသောကြောင့် ခေါ်ဆောင်သွားသူ အမျိုးသမီးများကို အရေးယူပေးရန် လူငယ်များ၏ ဖခင်ဖြစ်သူက တိုင်ကြားလိုက်သည်။ အမှုကို သန်လျန်မြို့နယ် ထမလုံကျေးရွာနေ ဦးတင်မြင့်က အောက်တိုဘာ ၁၂ ရက်တွင် အမှုဖွင့် တိုင်တန်း ထားခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။ စက်တင်ဘာ ၁၈ ရက်ညနေ ၄နာရီက သားဖြစ်သူ မောင်သန်းကျော်သည် နေအိမ်သို့ ပြန်လည်ရောက်ရှိ မလာသဖြင့် ၎င်း၏ ဖခင်ဖြစ်သူက...

ချောင်းသာကနေ လွမ်းနေရတယ်ဆိုသူ ဝတ်မှုံရွှေရည်

Posted by drmyochit Monday, October 14, 2013, under | No comments

ဝတ်မှုံရွှေရည်က ဗီဒီယို ဇာတ်ကားသုံးကားကို ချောင်းသာမှာ သွားရောက် ရိုက်ကူးနေပါတယ်။ ဗီဒီယို သုံးကားအပြင် ရန်ကုန်မှာ ရိုက်ကူးခဲ့တဲ့ ‘အနူးဘစ်’ ရုပ်ရှင်ဇာတ်ကား လက်ကျန် တချို့နဲ့ ကြော်ငြာ တစ် ခုပါ ရိုက်ကူးခဲ့မယ်လို့လည်း သိရပါတယ်။ လတ်တလော ချောင်းသာမှာ ရိုက်ကူး နေတဲ့ ဗီဒီယို ဇာတ်ကား တွေ က ရိုမန့်ဇာတ် ကား လေးတွေလို့လည်း ဝတ် မှုံရွှေရည်က ပြောပြပါ တယ်။ “ချောင်းသာမှာ ရိုက်နေတာ ဆက်တိုက်ဆိုတော့ ရန်ကုန်ကိုလည်း လွမ်းနေပြီ။ ပရိသတ်တွေကို ရော၊ သူငယ်ချင်း တွေကိုရောတအား...

သီချင်းဆိုရတာ စိတ်လှုပ်ရှားရတယ် ဆိုတဲ့ နန်းသူဇာ

Posted by drmyochit Monday, October 14, 2013, under | No comments

ကြော်ငြာတွေမှာ အတွေ့ရများ လာတဲ့ နန်းသူဇာက သူငယ်ချင်းဖြစ် သူ နန်းမြတ်ဖြိုးသင်းနဲ့ နှစ်ယောက် တွဲအခွေထွက်ရှိလာပြီဖြစ်ပါတယ်။ မော်ဒယ်မှ တစ်ဆင့် ဂီတလမ်း ကြောင်းပေါ်ရောက်လာတဲ့ သူမရဲ့ ရင်ခုန်သံနဲ့ ပတ်သက်ပြီး နန်းသူဇာက.. “နန်းသူဇာက ဂီတသီချင်းကို အစောကြီးကတည်းက လုပ်ဖို့ စဉ်းစားလာတာကြာပါပြီ။ နန်းမြတ်နဲ့ ကိုယ်က ဝါသနာလည်း တူသလို တစ်စိတ်တစ်ကိုယ် သူငယ်ချင်း တွေလည်း ဖြစ်တယ်ဆိုတော့ စကားပြောရင်း နှစ် ယောက် ပေါင်းခွေထုတ်မယ်ဆိုပြီး ထုတ်ဖြစ်သွားတာပါ။ မိန်းကလေး...

မော်ဒယ်ဘဝနဲ့ သရုပ်ဆောင်နှစ်ခုစလုံး က သူမရဲ့ ဘဝပါလို့ ပြောတဲ့ ဝင့်ယမုံလှိုင်

Posted by drmyochit Monday, October 14, 2013, under | No comments

မော်ဒယ်လောကမှာ နာမည်ရလာပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးခံရသူကတော့ ဝင့်ယမုံလှိုင် ပဲဖြစ်ပါတယ်။ ကြော်ငြာများကိုလည်း သွက်သွက်လက် လက်အမူအရာနဲ့ ပရိသတ်တွေ သတိ ထားမိသူ တစ်ဦးလည်း ဖြစ်တာမို့ မော်ဒယ် တစ်ယောက်ရဲ့ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်အောင် ဝင့်ယမုံလှိုင် အနေနဲ့ ဘယ်လို ပြုမူနေထိုင်ပါသလဲလို့ မေးကြည့်တော့ “ကိုယ်ကပရော် ဖက်ရှင်နယ်မော်ဒယ် တစ်ယောက် အနေနဲ့ ရပ်တည်မယ်ဆိုရင်တော့မော်ဒယ် တစ်ယောက်အတွက် ခန္ဓာကိုယ်က တအားရေးကြီးပါတယ်။ မော်ဒယ် တစ်ယောက်ရဲ့ ခန္ဓာကိုယ်က...

ည ၁၀ နာရီကျော်လို့ အပြင်ထွက်ရင် မိုင်းပဲနင်းနင်း၊ သေနတ်နဲ့ပဲ အပစ်ခံရခံရ သူတို့တာဝန်မယူဟု အသံပေးမိုင်းတစ်လုံးခွဲ၍ ဒေသခံများကို KIA မှ သတိပေး

Posted by drmyochit Monday, October 14, 2013, under | No comments

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းလေးကျေးရွာ သချိုင်္င်းကုန်းအနီးတွင်အောက်တိုဘာ ၁၂ ရက် ရက်ည ၉ နာရီခန့်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA)အဖွဲ့ တစ်ဖွဲ့မှ အသံပေးမိုင်းတစ်လုံးခွဲပြီး ယင်းရွာသူ ရွာသားများအား ည ၁၀ နာရီနောက်ပိုင်း ရွာပြင်မထွက်ရန် လာရောက် တားမြစ်သွားခဲ့ကြောင်း ယင်းဒေသ ခံအချို့ထံမှ သိရှိရသည်။ မန်စီမြို့နယ် နန့်အူကြီးကျေးရွာတစ်ဝိုက်၌ ၀င်/ထွက်သွားလာနေသော KIA တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၂ ရက်နေ့တွင် သံတံတားကျေးရွာ အနီးဝန်းကျင်သို့ အင်အားအလုံးအရင်းဖြင့်...

ရေကျိုငါးပိ ပြဿနာ ထပ်မံပေါ်လာပါက ငါးပိ လုပ်ငန်းရှင်အသင်း တာဝန်ယူမည်

Posted by drmyochit Monday, October 14, 2013, under | No comments

ရန်ကုန်မြို့တော်တွင် ရေကျိုငါးပိနှင့် ပတ်သက်သော ပြဿနာများ ထပ်မံပေါ်ပေါက်ပါက မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းက တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိ ဈေးကွက် ပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်က ပြောကြားသည်။ လက်ရှိ အချိန်တွင် ငါးပိ ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းတွင်...

၂၀၇၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ဆိုတာ ရှိတော့မည်မဟုတ်ကြောင်း မိုးလေ၀သပညာရှင်ဆို

Posted by drmyochit Monday, October 14, 2013, under | 1 comment

၂၁ ရာစုနှစ်အတွင်း ကမ္ဘာ့အပူချိန်တိုးနှုန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မြို့ကြီးများ လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေအနေရှိနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြောကြားသည်။ ၂၁ ရာစုကုန်ပိုင်းတွင် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံများအားလုံး အပူချိန် ၄ ဒီဂရီသာ တိုးမည်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်မူ ၁ ဒီဂရီပိုမိုပြီး ၅ ဒီဂရီ အထိတိုးလာနိုင် ကြောင်း၎င်းက ရှင်းပြသည်။ အပူချိန်တိုးမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရန်...

အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးဘူးဆိုတဲ့ စံရတီမိုးမြင့်

Posted by drmyochit Monday, October 14, 2013, under | No comments

ဒါရိုက်တာသိန်းဟန် (ဖီးနစ်) ရိုက်ကူးနေတဲ့ ‘ကူညီချင်လွန်းလို့’ ဇာတ်ကားကို စံရတီမိုး မြင့် က ဖြိုးငွေ စိုးနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါ တယ်။ အခုနောက်ပိုင်းမှာ ဇာတ် ကားရိုက်ကူးမှု တွေ များလာပြီး ပရိသတ်ရဲ့ အားပေးမှုကိုလည်း ရရှိထားပေမယ့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက်တော့ လောလော ဆယ်မှာ မရိုက် ကူးဖြစ်သေး ဘူးလို့ ပြောလာတဲ့ စံရတီမိုးမြင့် က “ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ကတော့ ပြောထားတာရှိပါတယ်။ လောလောဆယ်တော့ မရိုက်ဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့...

သီချင်းတွေပဲဆိုဖြစ်နေတဲ့ ချစ်စနိုးဦး

Posted by drmyochit Monday, October 14, 2013, under | No comments

‘ခိုနားခွင့်ပေးပါ’ ဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးထွက်ရှိထားတဲ့ သရုပ်ဆောင်အကယ်ဒမီချစ်စနိုးဦးက တစ်ခွေလုံးမှာကိုယ်ပိုင်သံစဉ်တွေချည်းပဲ လုပ်ထားတာကြောင့် ပရိသတ်အားပေးမှု အသံတွေကို အခုလို ပြောပြပါတယ်။ ”အခု ပရိသတ်တွေဆီက ပြန်ကြားတာကတော့ သီချင်းလေးတွေ ကောင်းတယ်။ ပရိသတ်ကတော့ Dictionary ကို ကြိုက်ကြတယ်ပြောတယ်။ ရှင်းရှင်းပြောရရင်တော့ ချစ်စနိုးက တစ်ခွေလုံးကို ကိုယ်ပိုင် သံစဉ်တွေ ချည်းပဲ လုပ်ထားတာဖြစ်တဲ့အတွက် ချစ်စနိုးဦးအနေ နဲ့ ပြောရရင် တစ်ခွေလုံးကို ကြိုက်...

မြန်မာနိုင်ငံရဲတပ်ဖွဲ့က မိဘပြည်သူညီအစ်ကိုမောင်နှမများသို့ မေတ္တာရပ်ခံအကူအညီတောင်းခြင်း

Posted by drmyochit Monday, October 14, 2013, under | No comments

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ချထား ဆောင်ရွက် လျက်ရှိပါသည်။ လုပ်သားပြည်သူများအနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများနှင့်လမ်းကြိုလမ်းကြားများတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖေါက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့်...

ဘာသာကြီး (၃) ရပ်၏ အထွဋ်အမြတ် ပွဲတော်များ တစ်ပတ်တည်း အတွင်း ပြိုင်တူကျ

Posted by drmyochit Monday, October 14, 2013, under | No comments

ယခုနှစ်အတွင်း ဘာသာကြီး (၃) ခု ဖြစ်သည့် ဟိန္ဒိ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာတို့၏ ဘာသာရေး ပွဲတော်များမှ ရက်သတ္တပတ် တစ်ခု အတွင်း ပြိုင်တူ ကျရောက်ခဲ့သည်။ ဟိန္ဒီ ဘာသာဝင်များ၏ အထွဋ်အမြတ် ဘာသာရေးပွဲတော် တစ်ခု ဖြစ်သော ဒူရဇာ ပူဇာ ( Durga Puja) ပွဲတော်ကို အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။ ဟိန္ဒီဘာသာဝင်များ နေထိုင်သော အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့ အပါအ၀င် ကမ္ဘာ့ အနှံ့အပြားတွင် ဒူရဇာ ပူဇာ ပွဲတော်ကို ခြိမ့်ခြိမ့်သည်း...

လက်တွေ့မဆန်သော စိတ်ကူးယဉ်စကားများကြောင့် ယုံကြည်ဖို့ ခက်ခဲသွားပြီ UNFC

Posted by drmyochit Monday, October 14, 2013, under | No comments

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက UNFC ဟာ ပြည်သူလူထုရဲ့ အထင်ကြီး အာရုံစိုက်ခံရမှုကို ရရှိခဲ့တဲ့ အဖွဲ့ အစည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အချို့နဲ့အပြိုင် UNFC အဖွဲ့ကလည်း ဖွဲ့စည်းပုံကိစ္စကို ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစခဲ့တဲ့ ဖွဲ့စည်းပုံကိစ္စဟာ လတ်တလော ကာလ မှာတော့ ပြည်သူလူထုစိတ်ဝင်စားမှု အခံရဆုံးစိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါပြီ။ UNFC က လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရေးမူကြမ်း ပြုစုနေပြီလို့တောင် သတင်းထွက်ပေါ်ခဲ့တာ...

သမ္မတ၏ သမီးဖြစ်သူ လိင်ပျော်ပါးသည့် ပါတီပွဲတက်ခဲ့ဟုဆို

Posted by drmyochit Monday, October 14, 2013, under | No comments

ချက်နိုင်ငံ သမ္မတ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူမှာ မဖွယ်မရာ ပါတီပွဲတစ်ခုသို့ တက်ရောက်ပျော်ပါး ခဲ့ကြောင်း စွပ်စွဲမှုများကို အသည်းအသန် ငြင်းဆိုဖြေရှင်းနေရသည်။ အင်တာနက်တွင် ကက်ထရီနာ ဇီမာနိုဗာဟု ယူဆရသည့် အမျိုးသမီး တစ်ဦးသည် အုပ်စုလိုက် လိင်ပျော်ပါးသည့် ပါတီပွဲတစ်ခုတွင် တက်ရောက်ခဲ့ကြောင်း ဗီဒီယိုတစ်ခု ထွက်ပေါ်လာသည့်နောက် သမ္မတရုံးက ယင်းသည် အတုအပ လုပ်ကြံမှုသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။ အသက်(၁၉)နှစ်ရှိ ကက်ထရီနာဟု ယူဆရသော မိန်းကလေးသည် လူအများ ရှုပ်ထွေးနေသည့်...

ကျော်ကြားခဲ့တဲ့ ဂြိုလ်သားဖြစ်ရပ်တွေထဲက တစ်ခု

Posted by drmyochit Monday, October 14, 2013, under | No comments

၁၂ ရာစုက အင်္ဂလန်နိုင်ငံ Suffolk ဒေသနားက လယ်သမားတစ်ယောက်ဟာ ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခုကို တွေ့ရှိခဲ့ပါတယ်။လယ်ကွင်းထဲမှာ ကောင်ကလေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယော က် နဲ့ ကို တွေ့ရှိခဲ့ပြီး သူတို့ရဲ့အသားအရေတွေက အစိမ်းရောင်တွေဖြစ်နေပါတယ်။ကလေးတွေကို သူကအိမ်ေ ခ်ါသွားပါတယ်။သူတို့ကထူးဆန်းတဲ့ ဘာသာတစ်ခုကို ပြောဆိုကြပြီးတော့ ၀တ်ဆင်ထားတာတွေက လဲသ တ္တုနဲ့လုပ်ထားတဲ့အင်္ကျီပျော့တွေပါ။ကောင်လေးကတော့ အစာမစားနိုင်ဖြစ်ပြီးတော့ မကြာခင်သေ ဆုံးသွား ပါတယ်။ကောင်မလေးကတော့...

ညသန်းခေါင်အချိန်ရောက်တိုင်း လမ်းပေါ်မှာအ၀တ်အစားချွတ်ပြတတ်သည့် မိန်းကလေး၏ အ၀တ်မဲ့ ဓာတ်ပုံများ အင်တာနက်မှာ ပျံ့နှံ့နေ

Posted by drmyochit Monday, October 14, 2013, under | No comments

တရုတ်နိုင်ငံရှိ အင်တာနက် အသုံးပြုသူများကြား အမျိုးမျိုး ဝေဖန်မှုများ ဖြစ်ပေါ်နေစေသည့် ရှန်ဟိုင်း အဖော်အချွတ်မယ်ကို မြို့တော် ရဲတပ်ဖွဲ့က စတင်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။ သူမ၏ ဓာတ်ပုံများသည် တရုတ်ရှိ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့လာသော်လည်း...

၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်၊ မထောင် ယခုနှစ်ကုန်ပိုင်း ဆုံးဖြတ်မည်

Posted by drmyochit Monday, October 14, 2013, under | No comments

၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဟု ၈၈ မျိုးဆ က် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ပြောကြားသည်။ ယခုအချိန်တွင် အခြားလုပ်ငန်းများကိုသာ လုပ်ဆောင်နေပြီး အဆိုပါ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယ ခုနှစ်ကုန်ပိုင်းတွင် အပြတ်ဖြတ်သွားမည်ဟု ရည်ရွယ်ထားကြောင်း ဦးမင်းဇေယျက ပြောကြားသည်။ "အခုထိတော့ ဒီကိစ္စကို မကိုင်တွယ် နိုင်သေးဘူး ဖြစ်နေတယ်။ ဒီနှစ်ကုန်ပိုင်းလောက် ဆိုရင်တော့ ဒီကိစ္စကို...

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးရေး အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် UNFC လိုလားချက်များ ထုတ်ပြန်

Posted by drmyochit Monday, October 14, 2013, under | No comments

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအ ဖြစ် လက်မှတ်ရေးထိုးပေးရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အကျေအလည် ညှိ နှိုင်းဖြေရှင်းရေးကို အာမခံရန်ဆိုသည့် အချက်များ အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအ တွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ လိုလားချက်များကို အောက် တိုဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သော UNFC အရေးပေါ် ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အရ...

စာအရမ်းကျက်လွန်းလို့ စိတ်ကစဥ့်ကလျားဖြစ်ပြီး အိမ်ကထွက်သွားတဲ့ ၁၀ တန်းကျောင်းသူမိန်းကလေး တွေ့ရင် အကြောင်းကြားပေးကြပါ

Posted by drmyochit Monday, October 14, 2013, under | No comments

လူပျောက်ကြေညာ ကျေးဇူးပြု၍ရှယ်ပေးပါ။ ကျွန်တော်ညီမဝမ်းကွဲတော်သူ ဆယ်တန်းကျောင်းသူ ညီမလေးပြည့်ပြည့်သည် စာကျက်လွန်ပြီး၊ စိတ်ကစဥ့်ကလျားဖြစ်နေပြီး မန္တလေးမြို့စက်မှု ၂ မိခင်နေအိမ်မှထွက် သွားပါသဖြင့် တွေရှိပါကအောက်ပါဖုန်းနံပါတ်သို့ အကြောင်းပေးပါရန် 09402549853 0991037700 အိမ်မှထွက်သွားစဉ်အကျီ င်္ နီညိုရောင်လက်ပြတ်ဝတ်ဆင်ထားပါသည်၊ မျက်မှန်ပါပါသည်။ By ပန်းနုရောင် လွင်ပြ...

ရွှေတိဂုံဘုရားသို့ ဖူးမျှော်လိုသူများ ယာဉ်လမ်းကြောင်းပြောင်းပေးထားခြင်းကြောင့် အဆင်ပြေကြဟုဆို

Posted by drmyochit Monday, October 14, 2013, under | No comments

ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်လမ်း နှင့် ကမ္ဘာအေး ဘုရားလမ်းဆုံ တွင် တည်ဆောက်လျက် ရှိသော ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြောင့် ယာဉ်များ ထိခိုက်မှုများ မဖြစ်ပေါ် စေရန် အတွက် အဆိုပါလမ်းဆုံ အနီးရှိ ကမ္ဘာအေး ဘုရားလမ်း ပိုင်းကို ခေတ္တ ယာယီ ပိတ်ထားကာ တခြားသော လမ်းများမှ မော်တော်ယာဉ် များကို ယာဉ်သွား လမ်းကြောင်း ယာယီ ပြောင်းထား ခြင်းကြောင့် ရွှေတိဂုံ ဘုရားသို့ သွားလိုသူများ အတွက် အဆင်ပြေ မောင်းနှင် သွားလာ စေသဖြင့် ယခုအခါ လိုင်းကား တချို့သည်...

အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ထုတ်ပြန်ချက်

Posted by drmyochit Monday, October 14, 2013, under | No comments

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် လိုက်ပါမည့် လူဦးရေစာရင်း (၁). ဒေါ်အောင်ဆန်းစုကြည် - (ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) (၂). ဒေါက်တာတင်မာအောင် - (Chief of Staff & Personal Assistant to Chairperson) (၃). ကိုနိုင်ငံလင်း - (ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) (၄). ဦးစိုးဝင်း - (Personal Aide to Chairperson) ခရီးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃)ခုနှစ်၊...

လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့ ဓာတ်ပုံ

Posted by drmyochit Monday, October 14, 2013, under | No comments

အမည် Myleene Klass လို့ခေါ်ပါတယ်။ အင်္ဂလန်နိုင်ငံသူဖြစ်ပြီး လက်ရှိ အသက်-၃၅ နှစ်အရွယ်ရှိပါပြီ။ နာမည်ကျော် အဆိုတော်၊မော်ဒယ်လ်တစ်ယောက်လည်းဖြစ်သလို၊ ပါပါရာဇီတွေ စိတ်ဝင်စားတဲ့ Celebrity တွေထဲမှာလည်း အပါအဝင်ပါပဲ။ ယခုမြင်တွေ့ရတဲ့ ပုံကတော့ သူမရဲ့  Instagram မှာတင်ထားတဲ့ ဓာတ်ပုံ ဖြစ်ပြီး လူအများစိတ်ဝင်စားခဲ့တဲ့ပုံ တစ်ပုံဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ အစစ်နီးပါးတူညီအောင်ပြင်ဆင်မွန်းမံထားတဲ့ မွေးကင်းစကလေးငယ်ပုံစံ Baby Cake...

ဆီးဂိမ်းမှာ နိုင်ငံတကာက တားမြစ်ဆေး စစ်ဆေးရေးအဖွဲ့ ၃ ဖွဲ့ လာစစ်ဆေးမည်

Posted by drmyochit Monday, October 14, 2013, under | No comments

မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ နိုင်ငံတကာ မှ တားမြစ်ဆေး စစ်ဆေးရေး အဖွဲ့သုံးဖွဲ့ လာရောက် စစ်ဆေး ပေးမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ အားကစား ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ပြိုင်ပွဲအတွင်း ယှဉ်ပြိုင် ကြမည့် အားကစား သမားများ အနေဖြင့် တားမြစ် ဆေးဝါးများ သုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်မည် ဖြစ်ရာ အတိအကျ စစ်ဆေး ပေးနိုင်ရေး အတွက် ယင်းကဲ့သို့ လာရောက်မည် ဖြစ်ကြောင်း...

ပဲခူးတိုင်းဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု၊ န၀ဒေး တံတားအောက် လူသတ်ပစ္စည်းလုယူမှု၊ ဗုံးပေါက်ကွဲမှုနှင့် ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု စသည့်ဖြစ်စဉ်များ ကိုးလအတွင်းဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ များကို ဖမ်းဆီးရမိခြင်း မရှိသေး

Posted by drmyochit Monday, October 14, 2013, under | No comments

၂၀၁၃ ခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်၊ န၀ဒေး တံတား အနီး လူသတ် ပစ္စည်းလုခဲ့သည့် ဖြစ်စဉ်၊ ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ဗုံးပေါက်ကွဲမှု စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ယခုထိ ဖော်ထုတ်နိုင်သေးခြင်း မရှိ သေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းချက်များအရ သိရသည်။ ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ယခုလက်ရှိ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၌ လုံခြုံရေးကို တပ်မတော်၊...

ရန်ကုန်တွင် ဗုံးပေါက်ကွဲမှု တစ်ရက်တည်း နှစ်ကြိမ်ဖြစ်၊ တရားခံရှာ မရသေး

Posted by drmyochit Monday, October 14, 2013, under | No comments

ရန်ကုန်မြို့ နှစ်နေရာတွင် တစ်ရက်တည်း နှစ်ကြိမ်ဗုံးပေါက်ကွဲမှု စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းနှင့် ညပို င်းတို့ မင်္ဂလာဒုံမြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်နှင့် သာကေတမြို့နယ် ယမုံနာလမ်းမကြီးပေါ်ရှိ မာန်ပြေ မှတ်တိုင်အနီးတွင် ဖြစ်ပေါ်ခဲ့သည်။ သာကေတ မြို့နယ် ဗုံးပေါက်ကွဲမှုမှာ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲခြင်းဖြစ်ကာ အဆိုပါ ရပ်ကွ က်အနီးရှိ အသက် ၁၄ နှစ် ၀န်းကျင်ရှိ ကလေးငယ် နှစ်ဦးက အခွန်လွတ်ဈေးရှေ့ လမ်းဘေး ပလက်ဖေါင်း အနီးရပ်ထားသည့် နောက်တွဲယာဉ်အောက်တွင်...

နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုမည်

Posted by drmyochit Monday, October 14, 2013, under | No comments

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ပြစ်ဒဏ်ကျခံ ရသူများကို နိုင်ငံရေး အကျဉ်းသားဟု ဆိုနိုင်သော် လ ည်း နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆို သွားမည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။ လက်ရှိအချိန်တွင် တက်ကြွလှုပ်ရှားသူများကို ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့နှင့် ဖမ်းဆီးထားမှုများ ရှိကြော င်း၊ ယင်းပုဒ်မများနှင့် အရေးယူ ခံရသူများကို ၎င်းတို့အနေဖြင့် နိုင်ငံရေး...

ထိုင်း ချစ်ကြည်ရေးအပျော်တမ်းစက်ဘီးအဖွဲ့ ထားဝယ်နယ်စပ်ရောက်ပြီ

Posted by drmyochit Monday, October 14, 2013, under | No comments

ထားဝယ်- ထိုင်းနယ်စပ် ထီးခီးနယ်စပ်စခန်းမှတစ်ဆင့် ကန်ချနဘူရီ - ထား ၀ယ် လမ်းမကြီးအတိုင်း စီးနင်း ၀င်ရောက်လာမည့် ထိုင်းချစ်ကြည် ရေးအေ ပျာ်တမ်းစက်ဘီးစီးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကန်ချနဘူ ရီမြို့သို့ေ ရာက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအဖွဲ့တွင် အမျိုးသမီးစက်ဘီးစီးအားကစားသမား ၆ ဦးအပါအ၀င် အဖွဲ့ဝင်စုစုပေါင်း ၄၇ ဦးပါဝင်ေ ကြာင်းသိရပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် နဘုလယ်ဒေသရှိ ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်း သို့ရောက်ရှိညအိပ်ရပ်နားမည်ဖြစ်သည်။ထို့နောက်ထားဝယ်စက်ဘီးစီးအဖွဲ့နှင့်တွေ့ဆုံကြမည်ဖြစ်သည်။ အဆိုပါစက်ဘီးစီးအဖွဲ့သည်...

အနေအစား ချောင်ဖို့ အမေရိကန်သွားမယ့် ရီဖူဂျီ အသစ်များ ကြန့်ကြာမှုနဲ့ကြုံ

Posted by drmyochit Monday, October 14, 2013, under | No comments

အမေရိကန်ပြည်ထောင်စုမှာ Obamacare လို့ခေါ်တဲ့ တန်ဖိုးနည်း ကျန်းမာရေး အာမခံအတွက် အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းကိစ္စ အစိုးရနဲ့ Republican အမတ်တွေအကြား ညှိနှိုင်းလို့မရ ဖြစ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အစိုးရလုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်း ထားရတာ အခုဆိုရင် သီတင်းနှစ်ပတ် နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒီဂယက်က အာဖရိက၊ အာရှနဲ့ အရှေ့ အလယ်ပိုင်းကနေ အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချနေထိုင်ကြဖို့ရှိနေတဲ့ ဒုက္ခသည်တွေ ကိုပါ ရိုက်ခတ်လာတာပါ။ ဒီအထဲမှာ...

အိန္ဒိယဘုရားဖူး ၈၉ ဦး လူပိသေဆုံး

Posted by drmyochit Monday, October 14, 2013, under | No comments

အိန္ဒိယနိုင်ငံ၊ မာဒီယာပရာဒတ်ရှ် (Madhya Pradesh) ပြည်နယ် ဒါဆီယာ (Datia) ခရိုင်က ဟိန္ဒူ ဘုရားကျောင်းတစ်ကျောင်းရဲ့အပြင် တံတားပေါ်မှာ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပိမိပြီး ၈၉ ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရှိသွားပါတယ်။ ဒီတံတား ကျိုးကျတော့မယ်ဆိုတဲ့ ကောဠဟာလထွက်လာပြီးတော့ လူတွေ ရုန်းရင်းဆန်ခတ်ပြေးလွှားကြလို့ တစ်ဦးနဲ့တစ်ဦး နင်းမိကုန်တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေး ဟာ လူတွေကြပ်ပိတ်တဲ့ အခက်အခဲတွေကြားက လှုပ်ရှားနေကြရတဲ့အတွက်...

ဖြူးတွင် လင်မယားနှစ်ယောက် ခေါင်းဖြတ်သတ်ခံရ

Posted by drmyochit Monday, October 14, 2013, under | No comments

ဖြူးမြို့နယ် ၊ ခင်တန်းကြီး ကျေးရွာအုပ်စု ၊ ကျွဲမကူး ကျေးရွာရှိ ကျွန်းစိုက်ခင်း အတွင်း အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က ဇနီးမောင်နှံ နှစ်ဦး အသတ်ခံ ရမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားမှာ ဦးခေါင်းဖြတ် အသတ်ခံ ရပြီး ဦးခေါင်း ရှာမတွေ့ သေးကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကျွဲမကူး ကျေးရွာ အနောက်ဘက် တစ်ဖာလုံခန့် အကွာရှိ ဖြူးမြို့နေသူ ဒေါ်စန်းစန်းသွယ် ၏ စိုက်ခင်းတွင် အစောင့် လုပ်ကိုင် နေသည့် ဦးဇော်မင်း ၅၆ နှစ် (ဘ) ဦးဇသန်း ဗဟာဒူး နှင့် ဒေါ်တင်ရွှေ ၅၅ နှစ် (ဘ)...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်