Tuesday, August 21, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သတင်းထုတ်ပြန်ချက်

Posted by drmyochit Tuesday, August 21, 2012, under | No comments




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ရက်) နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင်- နိုင်ငံတော်သမ္မတ ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ၂.၂.၂၀၁၂ ခုနှစ် ရက်စွဲဖြင့် တင်သွင်းခဲ့သော တင်သွင်းလွှာအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ၂၈.၃.၂၀၁၂ ရက်နေ့က အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁)၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၄၆ ပြဋ္ဌာန်းချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၀ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းခဲ့ပြီး ခုံရုံး၏ လုပ်ငန်းတာဝန်များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၂၂ အရ အောက်ပါပြဋ္ဌာန်း အပ်နှင်းခဲ့ပါသည်။ (က) ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း၊ (ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ စိစစ်ခြင်း၊ (ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ စိစစ်ခြင်း၊ (ဃ) ပြည်ထောင်စုနှင့် တိုင်ေးဒသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီး အချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ (င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့က ပြည်ထောင်စု ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊ (စ) ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊ (ဆ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ဟူသော စကားရပ်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်သမ္မတက တင်သွင်းခဲ့သည့် တင်သွင်းလွှာအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက မိမိအား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များနှင့်အညီ အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၄ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဥပဒေပုဒ်မအမှတ် ၂၃ အရ အပြီးအပြတ် အတည်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး ဖွဲ့စည်းထားခြင်း မရှိသည့် နိုင်ငံများတွင် တရားလွှတ်တော်ချုပ် (Supreme Court) က ဆုံးဖြတ်လျက်ရှိကြပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်ဟု ကတိသစ္စာပြုခဲ့ကြသူများ ဖြစ်ပါသည်။ သို့ဖြစ်သည့်အားလျှော်စွာ ခုံရုံးသို့ တင်သွင်းလာသည့် တင်သွင်းလွှာများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိရှိဖြင့် တရားမျှတစွာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဆုံးဖြတ် ဆောင်ရွက်လျက် ရှိကြပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ကတိသစ္စာ ပြုထားသည့်အတိုင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဦးထိပ်ထားလျက် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်ဝတ္တရားများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆက်လက်ရပ်တည် ဆုံးဖြတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

တပ်မတော် သဘောမတူပဲနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်တော့မှ မခိုင်မြဲနိုင်ဘူး လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အား ဒေါ်အော င်ဆန်းစုကြည် က  အောက်ပါအ တိုင်းပြောခဲ့ပါတယ်။ပြည်သူ့လွှတ်တော် ထဲမှာရှိတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှ ယ်တွေနဲ့ အချင်းချင်း နားလည်မှုရအောင် လုပ်ကြဖို့ လိုအပ်ကြောင်းကို လည်း ဒေါ်အောင်ဆန်းစုကြ ည်ကအောက်ပါအတိုင်း ပြောပါတယ်။
“ကျွန်မတို့ ဒါတော့ ပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ကျွန်မတို့ ကိုယ်စားလှယ်တွေကို ကျွန်မတို့ အများကြီး ပြောတယ်။ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တတ်နိုင်သမျှ ခင်မင်အောင် ပေါင်းပါ။ သူ့အမြင် ကိုယ့်အမြင် သိဖို့လိုတယ်။ အဆင်ပြေဖို့
လိုတယ်။ နောက်ဆုံးကျတော့ တပ်မတော် သဘောမတူပဲနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်တော့မှ မခိုင်မြဲနိုင်ဘူး။ အခုဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရကို မခိုင်မြဲနိုင်ဘူး။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရကို တပ်မတော်ရဲ့ သဘောဆန္ဒရှိသ၍သာ ဒီလွှတ်တော်က တည်မှာ။ တခြားဟာတွေ ကျွန်မတို့ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုဘူး။ တပ်မတော် အလိုရှိသလောက်ပဲ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ၊ တပ်မတော် အလိုရှိသလောက်ပဲ ကျွန်မတို့ရဲ့ လွှတ်တော်ရဲ့ သက်တမ်းကရှိမှာ။ အဲတော့ အဲဒီလို ဖြစ်နေတဲ့ အခြေအနေမှာ လက်တွေ့ကျကျ ကျွန်မတို့ တပ်မတော်ကနေပြီးတော့ ဒီမိုကရေစီကို နားလည် လက်ခံလာမှ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ အုတ်မြစ်ကျွန်မတို့ ချနိုင်မယ်”
ကိုးကား -RFA Burmese

သမ္မတဦး သိန်းစိန်၏ ဦးရွှေမန်းသို့ပေးစာ

Posted by drmyochit Tuesday, August 21, 2012, under | No comments


 

သြဂုတ် ၂၀၊ ၂၀၁၂ ရက်စွဲနဲ့ ဦးသိန်းစိန် ပို့လိုက်တဲ့ သ၀ဏ်လွှာ ဖြစ်ပါတယ်။ အခြေခံဥပဒေခုံရုံး နဲ့ ပြည်သူ့လွှတ်တော်တို့အကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုနဲ့ ပတ်သက်တဲ့စာ ဖြစ်ပါတယ်။ 
သမ္မတထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသို့ ပေးပို့သော သ၀ဏ်လွှာ
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံးရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် များက ကျေနပ် လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများ အားလုံးအတွက် ထိခိုက်နစ်နာမှု အနည်းဆုံး
ဖြင့် သင့်မြတ်ပြီး တရား နည်းလမ်းကျသော ဆောင်ရွက် ချက်များ ဖြစ်လာစေရန် စေတနာ ကောင်းဖြင့် အကြံပြု ပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါကြောင်း။
ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့် စပ်လျဉ်း၍ရှင်းလင်းပြန်ကြား လိုပါကြောင်း။
လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်သည်ဟု သတ်မှတ်ပြောကြားနေခြင်းနှင့် စပ်လျဉ်း၍ အဆိုပါကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ တို့သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စု အဆင့်နှင့် လျော်ညီသည့်
ငွေကြေး ကိစ္စများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့အစိုးရ အဖွဲ့အနေဖြင့် စီမံဆောင် ရွက်ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါကြောင်း။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း များနှင့် ညီညွတ်ရန်လို အပ်ပါကြောင်း။ လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မ တီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ တွင် အကျုံးဝင်ခြင်း ရှိ/မရှိ တိကျ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆို သည့် စကားရပ်ကို အနက် အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ တင် သွင်း မေးမြန်းခဲ့ခြင်း ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်သွင်း ခဲ့ခြင်းသည် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင် နှင့် အဖွဲ့တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး အတွက် သတ်မှတ်ချက်များနှင့်အညီ
ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
ဤကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချမှတ်ပြီးဖြစ်ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ် အတည်ဖြစ်ပါကြောင်း၊ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲ အဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည် ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်း များအရ မည်သို့မျှ မဖြစ်နိုင်ပါသဖြင့် ဤကိစ္စအား အစိုးရအဖွဲ့အပေါ် နားလည်နိုင်မည် ဟု ယုံကြည်ပါကြောင်း။
ဒုတိယ အချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျှောက် တာဝန်မှ အနားယူစေရေး ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြန်ကြား လိုပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရန် အတွက်သာ အပ်နှင်းထား ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင် ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပေးအပ်ထားသော လုပ်ငန်းတာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက် ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူသွားစေရေး အတွက် နိုင်ငံတော် သမ္မတက ဆောင်ရွက်မည်ဆိုလျင် ဥပဒေနှင့် ညီညွတ်မည် မဟုတ်သည့်အပြင် တရားမျှတမှုလည်း ရှိနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စ ဖြစ်ပါကြောင်း။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥမဒေဆိုင်ရာ ခုံရုံးအဖွဲ့တွင် ပါဝင်သည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ (၂) ဦးတို့မှ ရွေးချယ်၍ ပြည်ထောင်စုသည်ဥပဒေရေးရာ ကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရား စီရင်ရေး အတွေ့အကြုံရှိသူများ ဖြစ်သည့်အပြင် အချို့သော ပညာရှင်များသည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ရေးဆွဲရေး အတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ ကြသူများဖြစ်ပါကြောင်း။
ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာကိစ္စ အပေါ် အမှားမှား အယွင်းယွင်း သော်လည်းကောင်း၊ ဘက်လိုက် ၍ သော်လည်းကောင်း အဆုံး အဖြတ် ပေးကြမည့် ပုဂ္ဂိုလ်များ မဖြစ်နိုင်ဟု ယုံကြည်ပါကြောင်း။
မိမိအပါအ၀င် ပြည်သူ့ ကိုယ်စားလှယ်အားလုံးသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့် သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည် ဟု လွှတ်တော်ကျင်းပ စဉ်က ပြည်သူ့လွှတ်တော် သဘာပတိ၏ ရှေ့မှောက်တွင် ကတိသစ္စာ သို့မဟုတ် ကျမ်းသစ္စာ ပြုထားကြသူ များ ဖြစ်ကြပါကြောင်း။ သို့ဖြစ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥပဒေ ပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက် များ အရ မိမိအနေဖြင့် လိုက်နာရမည် ဖြစ်ပါကြောင်း။
မိမိတို့ နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးစ ကမ္ဘာ့အလယ်တွင် မျက်နှာ ပွင့်လန်းကာစ အခြေအနေတွင် သာ ရှိပါသေးကြောင်း။ သို့ပါ၍လက်ရှိ အခြေအနေတွင် ဤအငြင်းပွားမှု ပြဿနာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေး မဏ္ဍိုင်ကြီး (၃)ရပ်လုံးမှ အကောင် အထည် ဖော်နေသော ပြုပြင်ပြောင်လဲရေး လုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်း ရပ်တန့် သွားခြင်း မရှိစေရန်နှင့် ပြည်သူ သန်း (၆၀)၏ မျက်နှာကို ထောက်ထား၍ လည်းကောင်း၊ မိမိတို့ မဏ္ဍိုင်ကြီး (၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက် လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂)တွင် တရားဝင်
ပေးအပ်သည့် အခွင့်အရေးကို အသုံးပြုမည် ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်
ကောင်းမွန်မည် ဟု ယူဆပါကြောင်း။
သို့သော်လည်း ဤအဖွဲ့အစည်း နှစ်ခုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ် လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေး လမ်းကြောင်းကို ရွေး ချယ်နိုင်ခွင့် ရှိပါကြောင်း ပြန်ကြားပါကြောင်း။။။

ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင် ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
ကျွန်တော်ကတော့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ နိုင်ငံသားတစ်ဦးပါ။ တစ်သက်လုံး စိတ်ပျက်စရာနိုင်ငံရေး အခြေအနေနဲ့ ကြီးပြင်းလာခဲ့ရသူတစ်ဦးအနေနဲ့ ၂၀၁၁ အစိုးရသစ်တက်ချိန်မှာ အပြောင်းအလဲတွေမြင်ရတော့ အားတက်မိပါတယ်။ အဲလို အပြောင်းအလဲတွေစလို့မှ မကြာသေးခင် ဖဆပလလို ကွဲကြ၊ ပြဲကြတော့မယ့် အခြေအနေတွေ မြင်နေရလို့ မနေနိုင်၊ မထိုင်နိုင် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနာမည်စကြားဖူးတာ သူညှိနှိုင်းကွပ်ကဲ
ရေးမှူးဖြစ်လာတဲ့အချိန်ကပါ ၊ အဲဒီ အချိန်က နိုင်ငံကို တပ်မတော်က အုပ်ချုပ်နေပြီး တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရွှေမန်းက တတိယအဆင့်ရှိသူဆို တော့ နိုင်ငံတော်အဆင့်မှာလဲ တတိယအဆင့်လို့ ပြောနိုင်မယ်ထင်ပါတယ်၊ညှိကွပ်ဘ၀မှာ သဘော ကောင်း တယ်လို့တော့တပ်မတော်သားတွေကပြောကြပါတယ်၊ ဒါပေမယ့် တပ်မတော်တိုးတက်ရေးမှာ ဘာတွေစွမ်းစွမ်း
တမံလုပ်ခဲ့သလဲဆိုတာတော့ တစ်ခါမှ မကြားဖူးပါဘူး၊
ဒါကတော့သူကိုယ်တိုင်ကလူအထင်ကြီးမခံချင်လို့နှိမ့်ချထားလို့မသိတာဖြစ်နိုင်သလိုကျွန်တော်အကြားအမြင်နည်းပါးတာလည်း ဖြစ်နိုင်ပါတယ်၊တပ်မတော်နဲ့ပတ်သက်ပြီးဗိုလ်ချုပ်ကြီးရွှေမန်းရဲ့နာမည်အကြီးဆုံးကိစ္စကတော့မြောက်ကိုရီးယားနိုင်ငံကို လေ့လာရေး သွားတဲ့ အစီရင်ခံစာပေါက်ကြားတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအစီရင်ခံစာပေါက်ကြားတဲ့ကိစ္စမှာ တာဝန်အရှိဆုံးသူက သူပဲဖြစ်ပေမယ့် ဘယ်သူတွေပဲ အရေးယူခံရသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူကတော့ အရေးယူမ ခံခဲ့ရဘူးဆိုတာ သေချာပါတယ်။
ဗိုလ်ချုပ်ကြီးဘ၀ကနေပြီးတော့၂၀၁၁ခုနှစ်အစိုးရသစ်ကာလမှာပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ထမ်းဆောင်တဲ့အချိန်မှာတော့ သူရဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင်အရှား ပုံဖော်လာတဲ့အပြင် လွှတ်တော်တွင်းမှာလည်း ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး ပါတီကမဟုတ်တဲ့ အမတ်တွေ ကိုယ်တိုင်က ဥက္ကဌကြီးက ပါတီစွဲမရှိဘူး၊ သမာသမတ်ရှိတယ်လို့ လေးစားတဲ့ အသံတွေကြားရပါတယ်။ လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာလည်း လွှတ်တော်တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ပြီး အသက်ဝင်လာပါတယ်။ ဒီအထိ အားလုံး ကောင်းပါတယ်။ နေရာမှန် လူမှန်လို့ ကျွန်တော်တွေးမိပြီး နိုင်ငံ အနာဂတ်အတွက်တောင် မဆီမဆိုင် အားတက်မိပါတယ်။ စိတ်သဘောထားဖြောင့်မတ်မှန်ကန်တဲ့နိုင်ငံတော် သမ္မတကြီး၊ စည်းရုံးရေးကောင်းတဲ့လွှတ်တော်ဥက္ကဌ၊ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်။ ဒီလိုခေါင်းဆောင်တွေနဲ့ဆိုတော့ ငါတို့နိုင်ငံ အချိန်တိုအတွင်း တိုးတက်လာမှာ မြေကြီး လက်ခတ်မလွဲဆိုပြီးတော့ပေါ့။ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူရဦးရွှေမန်းရဲ့လုပ်ရပ်တွေဟာ ရိုးသားမှုရှိ / မရှိ သံသယ ဖြစ်စရာ ရှိလာပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော် သံသယဖြစ်မိတာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ထားပြီးသားကိစ္စတစ်ခုကို ပြည်သူ့လွှတ် တော်က ပြန်လည်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေး ထိုးထုတ်ပြန်ရေး အတွက်ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်း  ကော်မတီအားစိစစ်ရန်၊ ဥပဒေကြမ်းကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ်များ ပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး လဲ တက်ရောက်ခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်မှာကတည်းက ကန့်ကွက်လို့ရတဲ့ကိစ္စကို အဲဒီမှာ တော့မကန့် ကွက်ဘဲ သူတို့ပါအလိုတူ၊ အလိုပါသဘောတူဆုံးဖြတ်ခဲ့ပြီး တစ်ရေးနိုးတော့မှ အကြံပေါ် ပြီးတော့ ပြည်သူ့ လွှတ်တော်အနေနဲ့ကန့်ကွက်တာဟာ အင်မတန်အရုပ်ဆိုးတဲ့ကိစ္စပါ ၊ ကိစ္စကလဲ အမျိုးသား အကျိုးစီးပွားနဲ့ ဘာမှ မဆိုင်ပါဘူး။ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဘယ်သူအာဏာ ပိုရှိသလဲဆိုတာ ပြတဲ့ပုံစံ လုပ်တာပါ။ အဲဒီကိစ္စဖြစ်တော့ ပြည်သူ့လွှတ်တော်ဥက္ကဌအပေါ် အထင်ကြီး စိတ်နဲနဲလျော့သွားတယ်။ ဒါပေမယ့်
ဘေးက မြောက်ပေးတဲ့လူတွေရှိလို့ နားယောင်ပြီး လုပ်တာဖြစ်မယ်လို့လျော့လျော့ပေါ့ပေါ့တွေးမိပါတယ်။
ဒါပေမယ့် ဥက္ကဌရဲ့ ဒုတိယအကြိမ်တိုက်ကွက်ကို မြင်ရတဲ့အခါမှာတော့ ဥက္ကဌရဲ့လုပ်ရပ်တွေ ရိုးသားမှု ရှိ/ မရှိအပေါ် ကျွန်တော်ရဲ့သံသယက ပိုမိုကြီးထွားလာခဲ့ပါတယ်။ ၀န်ထမ်းအားလုံးမျှော်လင့်တောင့်တနေတဲ့ လစာတိုးမြှင့်ရေးကိစ္စကို ဗန်းတင်ပြီးသူရဲကောင်းလုပ်ပြတာကတော့ အစွယ်ထုတ်ပြတာလို့ပြောလို့ရမယ်။ဝန်ထမ်းတွေနဲ့အစိုးရ၊ နိုင်ငံတော်သမ္မတကို ရန်တိုက်ပေးပြီး သူကတော့ဝန်ထမ်းတွေဖက်က ရှေ့နေလိုက်ပေးတဲ့ သူရဲကောင်းကြီးပေါ့။ ဒီကိစ္စကိုတော့ ကိုထိန်လင်းက အသေးစိတ်ရေးပြီးဖြစ်လို့ ကျွန်တော်အသေးစိတ် မပြောတော့ပါဘူး။ မဖတ်ရသေးသူများအောက်ကလင့်မှာ သွားဖတ် နိုင်ပါတယ်။
http://sonenaykya.blogspot.com/2012/02/blog-post_844.html
သူရဦးရွှေမန်းကို ပိုပြီးစိတ်ပျက်ရတာကတော့ သူ့သားတိုးနိုင်မန်းကိုပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်တာဝန်ပေးလိုက်တာပါပဲ။ ဒီကောင်လေးက ဘာများတတ်ကျွမ်းနေလို့လဲ။ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်လို့ တာဝန်ပေးတယ်ဆိုရင် တော့ ဘာမှမပြောလိုပါဘူး။ တပ်မတော်ထဲမှာတုန်းကလဲ အဖေအရှိန်နဲ့ဘော်ကြော့နေလာတဲ့ကောင်။ သင်တန်းမှာ တပ်ပြင်ခိုးထွက်။ ကားမှောက် လူသေ၊ ဒါတောင်မှင်နီတစ်ချက်မစွမ်းဘူး။ တပ်ထဲမှာလူစွာလုပ်ရ တာဝတော့ အပြင်ထွက်။ အဖေအရှိန်နဲ့ ပိုက်ဆံရှာ။ အခုတော့နိုင်ငံရေးသမားယောင်ယောင်၊ ဘာယောင် ယောင် လုပ်တော့မယ်ပေါ့။ သူရဦးရွှေမန်းရဲ့ အကြံကလည်း အကြီးသား။ သားကြီးကို အဖေအရှိန်နဲ့ စီးပွားရှာ ခိုင်း၊ သားငယ်ကိုတော့ အဖေအရှိန်နဲ့ နိုင်ငံရေးမှာနေရာပေး၊ ပြီးတော့ မြောက်ကိုရီးယားလို ငမန်းမျိုးဆက်တွေ ထူထောင်ကြမယ်ပေါ့လေ။
တကယ်အရည်အချင်းရှိလို့နေရာပေးရင်တော့ ထားပါ။ စင်ကာပူက လီကွမ်းယူလုပ်သလို သူ့သား လီရှန်လွန်းကို သေချာလေ့ကျင့်ပေးခဲ့သလိုလေ့ကျင့်ပေးပြီးမှ နေရာပေးရင်ပေးပေါ့။ အခုတော့ ကိုယ်စွမ်းကိုစ နဲ့ဆို
အောက်တန်းစာ ရေးတောင်ဖြစ်မှာ မဟုတ်တဲ့ တိုးနိုင်မန်းကို ကော်မရှင်အဖွဲ့ဝင်ပေးထားတာကတော့ မရှက်တတ်တာလား၊ အရှက်မရှိတာလား မပြောတတ်တော့ပါဘူး။ သားကို ကော်မရှင်အဖွဲ့ဝင်ပေးပြီးတဲ့အချိန်မှာ လွှတ်တော်ကဖွဲ့စည်းတဲ့ ကော် မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးက ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဦးရွှေမန်းအတွက်တော့ တကယ့်အကွက်ကောင်း ရတော့တာပဲ။ အဲဒီအချိန်မှာ သမ္မတနဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုခဏချွေးသိပ်ထားတော့ ဘာလဲပေါ့၊ ကျွန်တော်မျက်စိလည်သွားသေးတယ်၊
လွှတ်တော်စတုတ္ထအကြိမ်အစည်းအဝေးမှာ ဒေါ်စုကို ကော်မတီဥက္ကဌပေးတော့မှပဲရှင်းတော့တယ်။ ဒါဆိုရင် ကော်မ တီများပြည်ထောင်စုဖြစ်ရေးတိုက်ပွဲမှာ ပြည်သူလူထု ထောက်ခံမှုရနိုင်ပြီပေါ့။ လွှတ်တော်ကိုယ်စားလှယ် တွေကိုလည်း သူတို့အကျိုးအတွက် လုပ်ပေးနေတယ် ပေါ့။ အထူးသဖြင့်တော့ ခိုးလို့၊ ၀ှက်လို့၊ အာဏာပြလို့မ၀သေးတဲ့ ၀န်ကြီးဟောင်း
များဖြစ်တဲ့ ကြံ့ဖွံ့ စီအီးစီ တွေပေါ့။
လွှတ်တော်ကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်ရေးကို ဒီလူကြီးတွေကတော့ အားတက် သရော ထောက်ခံမှာပေါ့။ အဲဒီအချိန်မှာ လက်ညှိးထောင်ခေါင်းညိတ် လွှတ်တော်ကိုယ်စားလှယ်အများစု (ကျွန်တော့်စ ကားမဟုတ်ပါ၊ လယ်ဆည်ဝန်ကြီးစကားကို အငှားယူသုံးခြင်းသာဖြစ်ပါတယ်) အနေနဲ့ ဘုမသိ၊ ဘမသိ နဲ့ ခုံရုံးတခုလုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုတာကတော့ အံ့အားသင့်စရာမရှိဘူးလို့ထင်ပါတယ်။ နမူနာအနေနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်အမတ်ဒေါ်ဒွဲဘူရဲ့ပြောစကားကိုပြချင်ပါတယ်။
“ဘာပဲပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသားဆိုတဲ့အခါဆိုတော့နံမည်ကိုက ပြည်ထောင်စု လွှတ်တော် ဆိုတာပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍ တချက်ပေါ့နော်” ။ အဲလိုအတွေးအခေါ်မျိုးဆိုတော့ ကျွန်တော်လဲ ပြည်ထောင်စုပါတီဆိုပြီး ပါတီထောင် လိုက်ရင်ချက် ချင်း  ပြည် ထောင်စုအဆင့်ဖြစ်သွားမလားမသိဘူး။နောက်ပြီး ပြောချင်တာက ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့်ဆုံးဖြတ်တာနဲ့ ခုံရုံးဥက္ကနဲ့အဖွဲ့ဝင်အားလုံး ထွက်ရမယ်ဆိုတာ လွတ်တော် အနေနဲ့ ငါ့တို့ကိုမထောက်ခံရင်၊ ငါတို့လိုတာ လုပ်မပေးရင် ဖြုတ်ပစ်မယ်လို့ အာဏာပြတဲ့သဘော သက်ရောက်နေတယ်။ ပြီးတော့ ကော်မတီတွေအနေနဲ့သူတို့လုပ်ငန်းဆောင်တာ တွေကို ပြည်ထောင်စုအဆင့်ဖြစ်မှပဲ လုပ်နိုင်တော့မှာလား။ ပြီးခဲ့တဲ့တတိယအကြိမ်လွှတ်တော် တုန်းကလယ် ဆည်ဝန်ကြီးကိုလွှတ်တော်အခွင့်အရေးကော်မတီက ခေါ်ယူကြားနာခဲ့ပြီးတဲ့နောက်ပြည်ထောင်စု လွှတ်တော်မှာ လယ်ဆည်ဝန်ကြီး က ၀န်ချတောင်းပန်ခဲ့ရပါတယ်။ ဒါဆိုရင် လွှတ်တော်ကော်မတီတွေ ဘယ်လောက်လုပ်ပိုင်ခွင့်
ရှိတယ်ဆိုတာ ရှင်းပါလိမ့်မယ်။ ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ကော်မတီတွေဟာ သူ့အလုပ်ကိုသူလုပ်နိုင်တဲ့ အခွင့်အာဏာရှိဖို့က လိုရင်းပဲ မဟုတ်လား။
ဒါပေမယ့် တကယ်ကိုဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော်
ကြေညာပြီး မှတ်တမ်းတင်ရန်အဆိုကိုတော့ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီအဆိုကို ဘာလို့ပယ်ချရသလဲဆိုရင် ရှေ့နေချုပ်က ဒီကိစ္စကို ရှင်းလင်းတဲ့အချိန်မှာ ဒီပုဂ္ဂိုလ်တွေသာမကဘဲ လွှတ်တော်ဥက္ကဌ၊ ကော်မတီ ဥက္ကဌများနဲ့ လွှတ်တော်ကိုယ်စားလှယ်များပိုင်ဆိုင်မှုတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌကိုယ်တိုင်က သူ့ပိုင်ဆိုင်မှုတွေ ၊ ဒါတွေကို ဘယ်လိုပိုင်ဆိုင်လာ တဲ့အကြောင်းပြည်သူ လူထုကိုတင်ပြရဲသလားဆိုတာ အဖြေပါ။ လွှတ်တော်တွင်းက ၀န်ကြီးဟောင်းများ၊ ခရိုနီ များရော တင်ပြရဲပါသလား။ ဒါကြောင့်မို့ လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူအကျိုး၊ နိုင်ငံအကျိုး တစ်ပြားသားမှ မပါဘဲ ကိုယ်စားလှယ်များရဲ့ အကျိုးစီးပွားသက်သက် အတွက်သာဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။
ဒါ့အပြင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ဆက်စပ်အခြေအနေတွေကိုပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ဒီလောက် ရိုးစင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ အခွင့်အရေးပြပြီး လွှတ်တော်ကိုယ် စားလှယ်များကို စည်းရုံးလိုက်ခြင်းဖြစ်ပါတယ်။
ဥက္ကဌကြီးအကွက်မြင်လိုက်ပုံက အမေစု ကော်မတီဥက္ကဌ ပေးပြီးတဲ့အချိန်ထိစောင့်ပြီး အပိုင်ရိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့ကလဲ လွှတ်တော်က မှန်တယ်၊ တချို့က ခုံရုံးကမှန်တယ်ပြောနေကြပေမယ့် အဲဒါက သိပ်အရေးမကြီးလှဘူးလို့ ယူဆပါတယ်။ တကယ်အရေးကြီးတာက လူများစုအာဏာရှင်စနစ်မဖြစ်ဖို့လိုတယ်ဆိုတဲ့ ဥက္ကဌကြီးရဲ့စကားဟာ အပြောက တော့ရွှေမန်းပဲဆိုတဲ့ စကားကိုမဟုတ်ကြောင်းပြလိုက်တာပါ။ သူဆန့်ကျင်ရမယ်ဆိုတဲ့ လူများစုအာဏာရှင် စနစ်ကို လူများစု သတိမထားမိစေဘဲတည်ဆောက်လိုက်တာပါ။ တစ်ချက်ခုတ် သုံးချက် လောက်ပြတ်တဲ့လုပ် ရပ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးအတွက်လုပ်ပေးတယ်ဆိုပြီး ကိုယ်စား လှယ်တွေကိုစည်းရုံးတယ်။
အမေစုကိုကော်မတီဥက္ကဌပေးထားပြီး အမေစုကို ထောက်ခံတဲ့သူတွေကိုစည်းရုံးတယ်။ငါတို့ပြည် သူ့လွှတ်တော်က လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အချိုးမျိုးနဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင် ၊ ကုန်ကုန်ပြောရရင် အမျိုးသားလွှတ်တော်
ကိုပါ ခြိမ်းခြောက်တယ်။
သူရဦးရွှေမန်းရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင်-
(၁) ပြည်ထောင်စုလွှတ်တော်ကို စိန်ခေါ်ပြီး သူကအာဏာပိုရှိကြောင်းပြတယ်။
(၂) လစာတိုးပေးရေးကိစ္စကို အကြောင်းပြပြီး အစိုးရအဖွဲ့ကို စိန်ခေါ်တယ်။
(၃) ကိုယ်စားလှယ်တွေကို အပေါစားစည်းရုံးရေးနဲ့စည်းရုံးပြီးတော့ အခြေခံဥပဒေခုံရုံးဆိုတာ ပြည်သူ့လွှတ် တော်အလိုကျဆုံးဖြတ်ပေးရမယ်ဆိုတဲ့ပုံစံလုပ်တယ်။
ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းတရားကဘာလဲ။ နောက်ထပ်ဘာဆက်လုပ်ဦးမှာလဲ။ အဖြေကရှင်းနေတာပဲလို့ မြင်တယ်။ နောက်အဆင့်တွေမှာ သမ္မတကိုပါ လွှတ်တော်က စွပ်စွဲပစ်တင်ပြီး ဖြုတ်ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ သမ္မတ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ရင် ပြည်သူ့လွှတ်တော်က နောက် ဒုသမ္မတရွေးပေးရမယ်။ သူက ဒုသမ္မတဖြစ်လာမယ်။ အဲဒီအချိန်မှာ ယာယီသမ္မတတာဝန်ထမ်းဆောင်နေတဲ့ ဒုသမ္မတအပါအ၀င် ဒုသမ္မတသုံးယောက်ကို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါ သူအပေါစား စည်းရုံးရေးနဲ့ စည်းရုံးထားတဲ့ ပြည်သူလွှတ်တော်က လူအများဆုံးဖြစ်တဲ့အတွက် သူသမ္မတဖြစ်လာမယ်။
ဘာလို့ဒီလိုလုပ်မှာလဲလို့မေးရင် ၂၀၁၅ ဆိုတာ မသေချာလို့ပါ။ တစ်ချိန်က နိုင်ငံတော်ရဲ့နံပါတ်(၁) နေရာ ကိုမှန်းထားခဲ့ပြီး လက်ရှိအခြေအနေမှာ နံပါတ်(၄/၅)လောက်ဖြစ်နေရတဲ့သူတယောက်ရဲ့ အာဏာမက်မောစိတ် ပါ။ ဒါကိုမြင်အောင်ကြည့်နိုင်ဖို့လိုပါလိမ့်မယ်။
သူရဦးရွှေမန်းသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွန်တော်စိတ်မပူပါဘူး။ တကယ်လို့ သူ့တိုက်ကွက်တွေအောင်မြင် ပြီး သမ္မဖြစ်သွားတဲ့အခါမှာ မင်းသားခေါင်းဆောင်းကျွတ်သွားမှာကိုပဲ စိတ်ပူပါတယ်။ နဂိုကတည်းက ခရိုနီတွေ နဲ့ပေါင်း စီးပွားရှာ၊ ဆွေမျိုးသားချင်းတွေကို တန်၏၊ မတန်၏၊ သင့်တော်၏၊ မတော်၏ မစဉ်းစားပဲ နေရာပေး တတ်တဲ့လူမျိုးသာ
နိုင်ငံတော်အကြီးအကဲ ဖြစ်သွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ စဉ်းစားကြည့်ကြပါ။ အဲဒီ လိုသာဖြစ်သွားခဲ့မယ်ဆိုရင် လွှတ်တော်ထဲ
မှာလည်း သူပြောသမျှနားထောင်မဲ့သူကို ဥက္ကဌအဖြစ်ထားခဲ့ပါလိမ့် မယ်၊(တစ်နာရီလောက်မတ်တပ်ရပ်ရလို့ မကျေမနပ်ဖြစ်နေတဲ့သူကို ကျွန်တော့်စကားနားထောင်ရင် ခင်ဗျား နောက်ကို မတ်တပ်ရပ်စရာ
မလိုတော့ဘူးလို့ ပြောပြီးနေရာပေးတာမျိုးဘဲဖြစ်ဖြစ်ပေါ့)၊ ပြီးရင် ဒီမိုကရေစီလှိုင်း နောက်ပြန်သွားမလား၊ ရှေ့ဆက်သွားမလား ဆိုတာတော့ စဉ်းစားကြည့်ကြပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ် စားလှယ်ကြီးများလည်း နိုင်ငံရေးတိုက်ကွက်တွေကို မြင်အောင်ကြည့်ပြီး လူတစ်ဦးရဲ့ အာဏာရလိုမှုမှာ အသိမဲ့ အသုံးချမခံကြရပါစေနဲ့လို့ ကျွန်တော်ဥာဏ်မီသမျှတင်ပြ
လိုက်ရပါတယ်။
http://www.dawnmanhon.com/2012/08/parliamentary-coup.htmlအာဘော်သာဖြစ်ပါသည်။

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာ မုနိဘုရားကြီးရှိ ၀န်ထမ်းအချို့က အလှူခံသေ တ္တာပုံးများ အတွင်းမှအလှူငွေ များေ  ဖာက်ထွ င်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍ အမှူဖွင့် တိုင်ကြား ထားကြောင်း သတင်းရရှိသည်။ “အဲဒီအချိန်တုန်းကကိုယ် တို့ဂေါပက သက်တမ်း(၃)လ ပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန် ထမ်းတွေကို လည်းအဲလို လုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေ ဘက် အာရုံစိုက်နေ တဲ့အချိန် ခုလိုဖြစ်သွား ခဲ့တာပါ။ ခုကျမှသူတို့ချင်းအ သံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိ ဘု ရားကြီး ဂေါပက အဖွဲ့မှ အတွင်းရေး မှူးဦးစိန် သင်ကပြောသည်။

၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူမသိ ရှိရသေး ကြောင်း၊ ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျဝန်ထမ်း(၁၁)ယောက်ကို ရာထူး မှချကာ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင် ကြားထား ကြောင်း ဦးစိန်သင်ကပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့် ချမ်းမြသာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့ မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့ ဆောင်ရွက် နေကြောင်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြန်လည်ပြောကြားသည်။ မဟာမုနိဘုရားကြီးတွင် လျှပ်စစ်မီး၊ ရွှေသင်ကန်း ကပ်လှူရန် နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။

From -7DayNewsJournal

မီးရှို့တရားခံအား ဖမ်းဆီးစဉ် တရားခံမှ ဖမ်းဆီးသူ ရဲတပ်ဖွဲ့ဝင် များအား ဓါးဖြင့်ခုတ်

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
နစက၊ နယ်မြေ(၈) စခန်း(၁၇) ဥဒေါင်း ကင်းစခန်းမှူး ဒုရဲအုပ် ဖြိုးဝေအောင် ဦးစီး တပ်စိတ် တစ်စိတ်သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ရက်နေ့ ၀၀၃၅ ချိန်တွင် ဥဒေါင်း ကျေးရွာ အုပ်စု ကုန်းတန်း ကျေးရွာတွင် လှည့်ကင်း ဆောင်ရွ က်နေစဉ် နလက ကျေးရွာအား မီးရှို့ ဖျက်ဆီး ရန်ကြီုးစားမှု တွင် ပါဝင်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင် နေသူ ဆော်လီမူလာ (ဘ) ရှော်မူ လုပ် သည် နေ အိမ်သို့ ပြန်လည်ရောက် ရှိနေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့မှ သတင်း ပေးပို့ခဲ့ သဖြင့် ၄င်းအဖွဲ့ နှင့် အတူ တရားခံ၏ နေအိမ်အား ၀၁၀၀ နာရီတွင် ၀င်ရောက် ဖမ်းဆီး ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးစဉ် တရားခံမှ အဖမ်း ခံခြင်း မရှိဘဲ ဓားရှည် ဖြင့်ခုတ်ရာ  ဒုရဲအုပ် ဖြိုးဝေအောင် ၏ ၀ဲဘက် လက်မောင်းတွင် ၂ လက်မ ခန့် ပြဲရှ ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းမှ အမ်အေ ၁၃ သေနတ် ဖြင့် ၁ ချက်ခန့်ချောက်လှန့် ပစ်ခတ် ခဲ့ရာ တရားခံ၏ ၀ဲဘက် လက်မောင်းတွင် သေနတ် ဒဏ်ရာရရှိ ခဲ့ေ ကြာင်း သိရှိရပြီး ဒုရဲအုပ် ဖြိုးဝေအောင် နှင့် တရားခံ ဆော်လီမူလာ တို့အား နယ်မြေ ဆေးခန်းတွင် ဆေးကုသ လျက်ရှိပြီး တရားခံ အသုံးပြု ခဲ့သော ဓားအား ရှာဖွေ ပုံစံဖြင့် သိမ်းယူ၍ တရားခံကို တရား ဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
 
 
From -မြ၀တီ 

ကချင်တွင် တပ်တိုးချဲ့၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အစိုးရတပ်နှင့်ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ အကြား ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကိုဒေသခံများ ကစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ဖားကန့်မြို့နယ်ထဲရှိ ဘာသာရေးကျောင်းများတွင် မှော်မောင်းကုန်း၊ မှော်ဝမ်းကြီးနှင့် မှော်ဝမ်းကလေး၊ သူဌေးချောင်း စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀၀ နီးပါး လတ်တလော ခိုလှုံနေကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။ဘာသာရေးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံအများစုသည် ကချင်တိုင်းရင်းသားများဖြစ်ပြီး ဖားကန့် မြို့ပေါ်ရှိ ဒေသခံများက ပူးပေါင်း၍ ဆန်အိတ်များ သွားရောက်ထောက်ပံ့ပေးကြကြောင်း ၎င်းက ဆိုသည်။“KIA ဘက်ကလည်း သူတို့အနေနဲ့ စစ်ဖြစ်လာမှာကို စိုးရိမ်ပြီးမှ အဲဒီမှာရှိတဲ့ ရွာသားတွေကို သူတို့က ရှောင်ခိုင်းလိုက်တဲ့ အနေအထားမှာ အခုလိုမျိုး ရွာသူရွာသားတွေကလည်း ရှောင်ကြရင်းနဲ့ ဖားကန့်မြို့ထဲကို ရောက်လာကြတယ်” ဟု ဦးဒါချီလစိုင်းက ဆက်ပြောသည်။ဦးဒါချီလစိုင်း၏ အဆိုအရ ယခင်က အစိုးရ တပ်အင်အား ၆၀၀ ခန့်သာ ရှိပြီး ယခုရက်ပိုင်း အစိုးရတပ်အင်အား ၁၀၀၀ ခန့် ထပ်မံတိုး ချဲ့လာကြောင်း ကြားသိရကြောင်း၊ စစ်ရေးအရ နှစ်ဖက် တင်းမာနေသော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကမှု “အစိုးရစစ်တပ်တွေ နဂိုမရှိတဲ့နေရာမှာ အစိုးရတပ်တွေ အင်အား အလုံးအရင်းနဲ့ ၀င်လာတဲ့ အတွက်ကြောင့် ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေပဲ” ဟု ပြောသည်။ယခုရက်ပိုင်းအတွင်း KIO တပ်မဟာ ၂ ထိန်းချုပ်ဒေသဖြစ်သည့် ဖားကန့်ဒေသ အပါအ၀င် တပ်မဟာ ၃ ဗန်းမော် ဒေသအနီးရှိ ခြေကုတ်ယူထားသည့် အစိုးရ တပ်စခန်းများတွင် အစိုးရတပ်များက တပ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ရေကြောင်း၊ကုန်းကြောင်းများမှတဆင့်ဖြည့်တင်းမှုများပြုလုပ်နေကြောင်းသိရသည်။

“အစိုးရရဲ့ တပ်အင်အားကို တဖြည်းဖြည်းချင်း နေရာအလွတ် မရှိအောင် သူတို့ တပ်ဖွဲ့တွေကို ကချင်ဒေသအနှံ့မှာ စစ်စခန်းတွေ တည်ဆောက်သွားနိုင်အောင် စီစဉ်မှုတွေ ရှိတယ်။ ဒါကတော့ ကျနော့်တို့ရဲ့ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုကို ပိတ်ဆို့သွားအောင် ရည်ရွယ်တာ ဖြစ်နိုင်တယ်” ဟု ဦးလနန်က ရှင်းပြသည်။KIO နှင့် အစိုးရတပ်များအကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ်ပွားလျက်ရှိရာ ဒေသခံ ၅ သောင်းကျော် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြသည်။

အလားတူပင် မိုးညှင်းခရိုင်တွင်လည်း ကူညီရေးစခန်းများ၊ မြို့ပေါ်များ၊ နယ်စပ်ဒေသများနှင့် အလှမ်းဝေးသည့် တောတောင်များအတွင်း ပုန်းအောင်းနေသော ဒုက္ခသည် ၂၀၀၀ ခန့်ရှိကြောင်း၊ ဗန်းမော်နှင့် ရွှေလီ မြစ်အကြားရှိ တောင်ကြောများတွင်လည်း ဒုက္ခသည် ၁၅၀၀ ကျော် ခိုလှုံနေရကြောင်း ကချင် ဒုက္ခသည်စခန်းများ ကော်မတီက ပြောဆိုထားသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြား ခဲ့သည်။

ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။

ယခုနှစ်ဆန်းပိုင်းက KIO အား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့သော်လည်းထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။

(ဧရာဝတီ)

ရန်ကုန် ဗိုလ်ချုပ် အောင်ဆန်းဈေးအနီး နိုင်ငံတကာ ကုန်တိုက် ဖွင့်လှစ်မည်

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
ရန်ကုန်မြို့ ၏ အသည်းနှလုံး နေရာတွင် တည်ရှိသည့် ကိုလိုနီ ခေတ်လက်ရာများဖြင့် ဆောက်လုပ်ထားသော ဗိုလ်ချုပ် အောင်ဆန်းဈေးအနီးတွင် နိုင်ငံတကာတွင် ဖွင့်လှစ်ထားသည့် ကုန်တိုက်ကြီး တစ်ခု ဖွင့်လှစ်မည် ဖြစ်ကြောင်း FMI ကုမ္ပဏီ၏သတင်းထုတ်ပြန်ချက်အရ
အဆိုပါ ကုန်တိုက်သည် မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ကုန်တိုက်ပေါင်း ၅၄ ခု ဖွင့်လှစ်ထားပြီး အရှေ့ တောင်အာရှ အခြေစိုက် Parkson Retail Asia Limited ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံ ဗိုလ်ချုပ်ဈေး အနီးရှိ FMI Center တွင်ဖွင့်လှစ်သွားမည် ဖြစ်ပြီး သိရသည်။

အဆိုပါ Parkson ကုန်တိုက်ကို ၂၀၁၃ ခုနှစ် မတ်လပိုင်း၌ ရန်ကုန်မြို့ ရှိ FMI Center တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ယင်းကုန်တိုက် ဖွင့်လှစ်ရန်အတွက် Yoma Strategic Holding Co., Ltd. ၊ Parkson retail Asia Limited ၊ Parkson Myanmar နှင့် FMI Co.Ltd. တို့က ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုပြီး ဖြစ်ကြောင်းယင်းထုတ်ပြန်ချက်အရသိရသည်။

ယင်း ကုန်တိုက်ကို Parkson Myanmar မှ ၇၀ ရာခိုင်နှုန်း၊ Yoma Strategic Holdings နှင့် FMI ကုမ္ပဏီတို့က ၂၀ ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်ကြောင်း သိရသည်။


မဇ္ဈိမ သတင်း လွဲမှားဖေါ်ပြမှု ရခိုင်လူမျိုးများ အကြား မကျေနပ်မှု တိုးပွား

Posted by drmyochit Tuesday, August 21, 2012, under | No comments

 
ထွန်းထွန်း သြဂတ်(စ်)လ ၁၉ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်လူငယ်များ UNနှင့် INGOs အဖွဲ့များအား ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြပွဲအား အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဌာနက ရခိုင် လူမျိုးများအား ကမ္ဘာအလယ်တွင် သိက္ခာကျ နာမည်ပျက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းရေးသား ထုတ်လွှင့်ခဲ့
သည်ဟု သိရသည်။ဆန္ဒပြရခိုင်လူငယ်များသည်မည်သည့်ဘာသာ၊မည်သည့်လူမျိုးကိုမှတိုက်ခိုက်စော်ကားမူ မရှိခဲ့ပါ။မစ္ဈိမ သတင်းဌာမှ အဆိုပါ သတင်းအား အင်္ဂလိပ်လို “Anti-Rohingya demonstration held in Rangoon”  ခေါင်းစည်းတပ်ကာ သြဂတ်စ်လ ၂၀ ရက်နေ့က ဖေါ်ပြရာတွင်   ရခိုင်လူမျိုး ၅၀ ခန့်သည် မြန်မာပြည် အနောက် ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် နေထိုင်နေကြသော ရိုဟင်ဂျာမွတ်ဆလင်များအားကုလသမဂ္ဂမှ အကူအညီပေးနေမှုများအား ရပ်တန့်ရန် ယူအန်နှင့် နိုင်ငံခြား အန်ဂျီအိုများ တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်ဟု မဟုတ်မမှန် သတင်းရေးသား ဖေါ်ပြခဲ့သည်။“ကျွန်တော်တို့ ဆန္ဒပြတာက UNနဲ့ INGOs က ရိုဟင်ဂျာ ဘင်္ဂလီ ဆိုတဲ့သူတွေကို ကူညီပေးနေတာ ရပ်တန့်ဖို့ အတွက် ဆန္ဒပြတာ မဟုတ်ဘူးဗျာ။ ပြည်တွင်းပြည်ပ တခြားမီဒီယာ ဆိုဒ်တွေနဲ့ ဆိုင်းဘုတ် တိုင်းမှာ ကျွန်တော်တို့ ရေးထားတဲ့ စာတန်းတွေကို ကြည့်လို့ သိနိုင်ပါတယ်။
ကျွန်တော်တို့က ရခိုင်လူမျိုးတွေ အပေါ်မှာ UN နဲ့ INGOs ကခွဲခြားဆက်ဆံမူတွေ ရှိနေတဲ့ အတွက် ဒါကို ရပ်တန့်ဖို့ ဆန္ဒ ထုတ်ဖေါ်တာသာ ဖြစ်ပါတယ်။ဒီလို မဟုတ်မက သတင်းကျင့်ဝတ်နဲ့ မကိုက်ညီဘဲ ဖေါ်ပြတဲ့ မဇ္ဈိမကိုတော့ တရားဥပဒေ အရ တစ်ခုခု လုပ်ရပါလိမ့်မယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်ခဲ့သူ ကိုစည်သူက နိရဉ္စရာသို့ ပြောသည်။၎င်းပြင် ရန်ကုန် တာမွေမှ အရှင် သုန္ဒာရကလည်း  မဇ္ဈိမမှ ရေးသား တင်ပြသောသတင်းနှင့်ပတ်သက်ပြီး “ မှတ်တမ်းမှတ်ရာ အထောက်အထားများ အလျှံပယ်ရှိပါလျှက်နှင့် ရခိုင်လူငယ်များက ရိုဟင်ဂျာဘင်္ဂလီများအား ထောက်ပံ့ခြင်းကို ရန်တန့်ရန် ဆန္ဒပြသည်ဟု မဇ္ဈိမသတင်းဌာနမှ ပြောင်းအတင်း လိမ်ညာဖော်ပြခြင်းမှာ အော့နှလုံးနာဖွယ် အတိပင် ဖြစ်သည်” ဟု ဖေါ်ပြသည်။
မဇ္ဈိမ အင်္ဂလိပ်ဝက်ဘ်ဆိုဒ်တွင် သြဂစ်လ ၂၀ရက်(တနင်္လလာ)နေ့ နေ့စွဲဖြင့် ရန်ကုန်ရောက် ရခိုင်လူငယ်များ ဆန္ဒပြ သတင်းနှင့် ပတ်သက်ပြီး လွဲမှားစွာ ဖေါ်ပြမှုအပေါ် မလေးရှားရောက် ရခိုင်လူငယ်တဦး ဖြစ်သည့် ကိုမင်းထက်ကလည်း  နိရဉ္စရာသို့ ယခုလိုပြောသည်။


ဂနာမငြိမ်ဖြစ်နေတဲ့ ပြည်ပရောက်ဒီမိုလုပ်စားများ

Posted by drmyochit Tuesday, August 21, 2012, under | No comments

မွတ်ဆလင်နိုင်ငံများ ဖြေရမည့် ဆီးရီးယား ပုစ္ဆာ

Posted by drmyochit Tuesday, August 21, 2012, under | No comments

ဆီးရီးယားတွင် အစိုးရနှင့် အတိုက်အခံများ အကြား စစ်ပွဲ ဖြစ်ပွား ခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သေဆုံးသူ များလည်း တစ်သောင်းကျော် သွားခဲ့ကာ လူပေါင်းများစွာ မှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ပွားလျက်ရှိသည်။ ဆီးရီးယား အရေးကို ကုလသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ် တို့က ၀င်ရောက် ဖြေရှင်း ပေးနေေ သ်ာလည်း ပြဿ နာမှာ ပြေလည် သွားခြင်း မရှိဘဲ တိုး၍သာ ဆိုးဝါး လာသည်ကိုတွေ့ရသည်။ ဤ အခြေအနေတွင်
ကမ္ဘာပေါ်ရှိ အစ္စလာမ်များ စုဖွဲ့ထားသော Origanisation of Islamic Cooperation (OIC) မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ဆီးရီးယားကို OIC အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ထားလိုက်သည်။ ဤတွင်ဆီးရီးယားအရေးကို OIC အဖွဲ့အနေဖြင့် မည်မျှထိရောက်အောင်ဖြေရှင်းနိုင်မည်နည်း၊ OIC အဖွဲ့တွင်းရှိ အခြေအနေများမည်သို့ရှိမည်နည်း စသည်တို့ကို အရှေ့အလယ်ပိုင်း လေ့လာရေးဌာနမှ အကြီးတန်း သုတေသီ တစ်ဦးဖြစ်သူ Ed Husain ၏ အမြင်များကိုဖော်ပြလိုက်ပါသည်။
မေး : ဘာဖြစ်လို့ ဒီဆွေးနွေးပွဲ လုပ်တယ်လို့ထင်ပါသလဲ။ ဘယ်ကိစ္စ တွေကို ဆွေးနွေးကြမယ်လို့ထင်ပါ သလဲ။
ဖြေး ဒီဆွေးနွေးပွဲ လုပ်တဲ့ အချိန်အခါ နဲ့ အခြေအနေက စိတ်ဝင်စားစရာလည်း ကောင်းသလို အရေးလည်း ကြီးတယ်ဗျ။ ဒီဆွေးနွေးပွဲက မွတ်ဆလင် ဘာဘာဝင် တွေရဲ့ ရာမဒန် ဥပုသ်လ ကုန်ခါနီး နောက်ဆုံး သုံးရက်မှာ လုပ်တဲ့ ဆွေးနွေးပွဲဆိုတော့ တစ်ကမ္ဘာလုံးမှာ ဘာသာရေးနဲ့ ပတ်သက် ပြီး စိတ်ဓာတ်တွေနှိုးကြား တက်ကြွနေ တဲ့အချိန်ပေါ့ဗျာ။ ဒီဆွေးနွေးပွဲကို အရင် ကတော့ ပါကစ္စတန်က အစ္စလာမာဘတ် မြို့တို့၊ တခြားအာရပ် မွတ်ဆလင်နိုင်ငံ မြို့တော် တစ်ခုခုမှာပဲ လုပ်ခဲ့တာ။ ဒါပေမဲ့ အခုတစ်ခေါက် ကိုတော့ ဆော်ဒီအာရေး ဗီးယားနိုင်ငံ မက္ကာမြို့မှာ လုပ်မှာ ဆိုတော့ ဒီမြို့မှာက ဒီလို အဆင့် ဆွေးနွေးပွဲမျိုးကို ဆော်ဒီ အစိုးရ လက်ခံမှပဲ လုပ်လို့ရတာ မျိုးပါ။ သဘောကတော့ ဒီဆွေးနွေးပွဲ ကို ဆော်ဒီမှ လုပ်ခြင်းအားဖြင့် ဒေသတွင်း ရော၊ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ မွတ်ဆလင် အများစု ရှိတဲ့ နိုင်ငံတွေ အပေါ် ဆော်ဒီအာရေးဗီးယားအနေနဲ့ လွှမ်းမိုးနိုင်စွမ်း ရလာ နိုင်တာပေါ့ဗျာ။ မွတ်ဆလင်တွေ ရဲ့ခေါင်းဆောင်မှုရရှိဖို့၊ မွတ်ဆလင်တွေ ရဲ့ စိတ်နှလုံးကို သိမ်းပိုက်နိုင်ဖို့နဲ့ ပတ်သက် ပြီး အီရန်နဲ့ ဆော်ဒီအာရေးဗီးယားဟာ အရှေ့အလယ်ပိုင်းမှာ စစ်အေးတိုက်ပွဲ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အခုလို ဆွေးနွေးပွဲကို ဆော်ဒီအာရေးဗီးယားမှာ လုပ်နိုင်လိုက်တဲ့ အခါကျတော့ အီရန်ရဲ့ အဆို သဘောထားတွေ အပေါ် စိန်ခေါ်မှု တွေပိုရှိလာနိုင်တယ်။ ဆော်ဒီအာရေးဗီး ယား ပြောနေပုံကတော့ “ကြည့်စမ်း၊ ငါတို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဆွန်နီ မွတ်ဆလင်အများစုတွေကို ဦးဆောင် နိုင်တုန်းပဲ” ဆိုပြီးတော့ပေါ့။
ဆီးရီးယားမှာ ဖြစ်နေတဲ့ ပဋိပက္ခ တွေနဲ့ပတ်သက်ပြီးပြောရရင် ဆီးရီးယား မှာရှိတဲ့ ဆွန်နီတွေကို မွတ်ဆလင် မဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့ အာလာဝိတ် ဘာသာဝင် ဆီးရီးယား အစိုးရက ချေမှုန်း နေတဲ့အပေါ် ဆော်ဒီတွေက စိတ်ဒုက္ခ ရောက်နေကြတာပါ။ ဆော်ဒီတွေနဲ့ ဆီးရီးယားတွေက မျိုးနွယ်အနေနဲ့ကလည်း အဆက်အစပ်တွေ ရှိနေကြတယ်။ ဒီတော့ ဆော်ဒီနဲ့ ဆီးရီးယားတွေရဲ့ဆက်ဆံရေး က ပုဂ္ဂိုလ်ရေး သဘောလို့တောင် ပြောလို့ ရတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဆီးရီးယားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို မွတ်ဆလင် အနေနဲ့ ဘာလုပ်နေနိုင်မလဲ၊ ဒါမှမဟုတ် ဆီးရီးယား ပဋိပက္ခကို တားဆီးနိုင်စွမ်း မရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက နေ OIC အနေနဲ့ ဘယ်လိုသင်ခန်းစာ မျိုး ရယူကြမလဲဆိုတာ မေးခွန်း ထုတ်စရာ ပါပဲ။
မေး : ဒီ OIC အစည်းအဝေးကို အီရန်သမ္မတ အာမက်ဒီနေဂျက်လည်း တက်မယ်လေ။ တကယ်လို့ ဒီအစည်း အဝေးမှာ ဆီးရီယားကို OIC အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ ထားမယ်ဆိုရင် ဆီးရီးယား အစိုးရနဲ့ အဆင်ပြေတဲ့ အီရန်က ဘယ်လိုမျိုး တုံ့ပြန်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေး ဆီးရီးယားကို OIC အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ကိစ္စကို OIC အမှုဆောင် ကောင်စီကတော့ အတည်ပြု ပြီးပြီ။ ဒါကို OIC အစည်းအဝေးမှာ ချ ပြပြီး အတည်ပြုချက် ယူချင်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အီရန်နဲ့ တခြား နိုင်ငံတွေ အကြားမှာ တင်းမာမှု ရှိလာနိုင် ပါတယ်။ အီရန် ထောက်ပြ နိုင်တာကတော့ အရင်က အီရတ်မှာရော၊ ဟိုး အရင်က အီရန်မှာသာမက ဆူဒန်လို နိုင်ငံတွေမှာ လူသားမျိုးနွယ် အပေါ် ပြစ်မှု ကျူးလွန်တာမျိုးတွေ ရှိခဲ့ပေမယ့် သူတို့ကို OIC အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့တာမျိုး မရှိခဲ့ဘူး။ ဆိုတော့ အခုမှ ဆီးရီးယား ကို ဘာလို့ ဆိုင်းငံ့သလဲ ဆိုတာမျိုး ပြောလာနိုင်ပါတယ်။ နောက်ပြီး ဆီးရီးယား မှာလည်း အီရန်အပြင် အခြား မဟာမိတ် တွေရှိပါသေးတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်က ဒီလို အစည်းအဝေးမျိုးကို အီရန် က လုပ်တုန်းက ဆီးရီးယား အစိုးရကို ထောက်ခံတဲ့ အခြား မွတ်ဆလင်နိုင်ငံတွေ လည်း တက်ကြပါသေးတယ်။ ပါကစ္စတန် တို့၊ အီရတ်တို့ပေါ့။
ဒီအစည်းအဝေးမှာ ဆီးရီးယား ကိစ္စကတော့ အကြီးအကျယ် ငြင်းခုံကြ ရမှာပါ။ ဒါပေမဲ့ နောက်ဆုံးတော့လည်း လက်တွေ့အလုပ်ဖြစ်မယ့် အဖြေမျိုး ထွက်မလာနိုင်ပါဘူး။ အာရပ် အဖွဲ့ချုပ် ကတော့ ဆီးရီးယားကို အဖွဲ့ဝင် နိုင်ငံအဖြစ် ကနေ ဆိုင်းငံ့ထားပြီး ပါပြီ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘာမှ ထူးထူးခြားခြား ဖြစ်မလာပါဘူး။
မေး : ဆီးရီးယား ပဋိပက္ခက ဘာသာရေး အကွဲ၊ လူမျိုးရေး အကွဲအပြဲလို့ ဆိုနိုင်တော့ ဒေသတွင်း နိုင်ငံတွေအပေါ် ဘယ်လောက် အန္တရာယ် ပေးနိုင်မလဲ ဗျ။ ဆီးရီးယား မီးပွား လွင့်စဉ်တာ ခံရမယ့် ဒေသတွင်း နိုင်ငံတွေက ဘာတွေဖြစ် မလဲဗျ။
ဖြေး ပထမဆုံး မီးပွားလွင့်တာ ထိမယ့် နိုင်ငံကတော့ လက်ဘနွန်ပဲဗျ။ ဆီးရီးယားရဲ့ မီးပွား လက်ဘနွန်ကို လွင့်စဉ်သွားတာက တွေ့ခဲ့ရပြီး ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆီးရီးယား ရဲ့လူမျိုးရေး၊ ဘာသာရေး ဂိုဏ်းဂဏ ဖွဲ့စည်းပုံမျိုးဟာ လက်ဘနွန်ဖွဲ့စည်းပုံ မျိုးကို ရောင်ပြန် ဟပ်စေပါတယ်။ လက်ဘနွန်နိုင်ငံမှာ ခရစ်ယာန်တွေ၊ ဆီးရီးယား သမ္မတ အာဆတ်လိုလား သူတွေ၊ အာဆတ်ကို ဆန့်ကျင်တဲ့ ဆွန်နီတွေရဲ့ ပဋိပက္ခ တွေကို တွေ့ရပြီးပါပြီ။
နောက်ပြီး လက်ဘနွန်က ဟစ်ဇ ဘိုလာအဖွဲ့ဆိုရင်လည်း ဆီးရီးယား သမ္မတအာဆတ်လိုလားသူတွေပါ။ ဒီတော့ လက်ဘနွန်က ဆီးရီးယားက လွင့်စဉ်မီးပွားကို ပထမဆုံးထိမယ့် နေရာ ပါ။ ပြီးရင်အီရတ်နောက်ကပါလာနိုင် တယ်။ နောက်ပြီးနယ်မြေချင်းထိနေတဲ့ အီရန်နဲ့ ဆီးရီးယားတို့ရဲ့ ပဋိပက္ခကို လည်း မေ့ထားလို့မရပါဘူး။ နောက် အစ္စရေးနဲ့ဂျော်ဒန်ကိုလည်း အတိုင်း အတာတစ်ခုထိ ရိုက်ခတ်နိုင်ပါတယ်။ နောက်တူရကီလည်းထိနိုင်တာပဲ။ အမြန် ဆုံးထိမယ့်နိုင်ငံကတော့ လက်ဘနွန် ပါပဲ။
မေးး OIC မှာ ဘာသာရေး ဂိုဏ်း ဂဏကရော ဘယ်လိုအခန်းကရှိပါ သလဲ။ အထူးသဖြင့် ဆူဖီအယူဝါဒနဲ့ ပတ်သက်လို့ပေါ့။
ဖြေး OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝန်း က မွတ်ဆလင် အစိုးရတွေကို ထင်ဟပ် နိုင်တဲ့အဖွဲ့အစည်းပါ။ ဒါပေမဲ့ အယူ ၀ါဒကွဲတဲ့ နိုင်ငံ သုံးလေးနိုင်ငံ လောက်တော့ ချွင်းချက် ရှိပါတယ်။ ဒီတော့ OIC အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက ဆွန်နီ မွတ်ဆလင်အများစုကို ထင်ဟပ်စေတဲ့ အဖွဲ့ကြီးပါ။ ဒီမှာဆွန်နီမဟုတ်တဲ့ အီရန် တိုဟစ်ဇဘိုလာ အဖွဲ့တို့ကတော့ အရေးပါတဲ့ အဖွဲ့ဝင်တွေပေါ့။ သူတို့ ကတော့ ဒီအယူဝါဒ ကွဲပြားမှုကို ကိုင်ပြီး ကစား ချင်တာပေါ့။
ဆူဖီအယူဝါဒ ဆိုတာက ဆွန်နီနဲ့ ရှီးယိုက် ဘာသာရေး အယူဝါဒ ကြားက အယူဝါဒပါ။ ပါကစ္စတန်နဲ့ အင်ဒိုနီးရှား တို့မှာရှိတဲ့ မွတ်ဆလင် အများစုက ဆူဖီ အယူဝါဒ ရှိကြပါတယ်။ ဆိုမာလီယာမှ ဆိုရင်လည်း ဆူဖီ အယူဝါဒဘက်ကို ညွှတ်တာပါ။ ဒီတော့ ကမ္ဘာ့မွတ်ဆလင် အများစုက ဆွန်နီ အယူဝါဒကို လက်ခံ ကြတယ်။ သို့သော် သူတို့ထဲက အများ စုက ဆူဖီ အယူဝါဒ အလေ့အထတွေကို ကျင့်သုံးကြတယ်။ အီဂျစ်မှာ၊ အင်ဒိုနီးရှား မှာဆိုရင် ဆူဖီ အယူဝါဒကို လိုက်နာကြ တယ်။ ဒါပေမဲ့ ဆူဖီ အယူဝါဒက ဒီ လောက်ကြီး ဂိုဏ်းဂဏ သဘောမျိုး မဆောင် ပါဘူး။ အရှေ့အလယ်ပိုင်း နိုင်ငံရေးမှာ က ဆွန်နီ၊ ရှီးယိုက် အယူဝါဒကသာ အရေးပါတဲ့ နေရာများ ရှိနေတာပါ။
မေးး အီဂျစ်မှာ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့က သမ္မတ ဖြစ်လာခဲ့ တော့ ဒီကိစ္စက OIC အဖွဲ့တွင်း နိုင်ငံရေးကို ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
ဖြေး အရှေ့အလယ်ပိုင်း ဒေသ တစ်ခုလုံးမှာ အစ္စလာမ်မစ် ပုံစံ တစ်ခုခုကို တော့ ကြုံတွေ့ နေရတာပါ။ အီဂျစ်မှာ မွတ်ဆလင် ညီအစ်ကိုအဖွဲ့ အာဏာ ရလာ တာဟာ အစ္စလာမ်မစ်တွေထွက်ပေါ်လာ တယ်လို့ မဆိုနိုင်ပါဘူး။ ဘာလို့လဲဆို တော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဖြစ် တည်တာ မျိုးတွေက အမြဲတမ်း ရှိနေတာ ပါ။ နောက်လည်း ရှိနေဦးမှာပါ။ အီဂျစ် က မွတ်ဆလင် ညီအစ်ကိုအဖွဲ့ ရုပ်လုံးပြ လာ နိုင်တာက နိုင်ငံရေး အရ ဖြစ်စေ၊ ခေတ်မီမှု အရ ဖြစ်စေ၊ ပြဿနာ ပဋိပက္ခ ရင်ဆိုင်ရေးမှာ ဖြစ်စေ၊ အစ္စလာမ် အယူ ၀ါဒ အရ ဖြစ်စေ ပုံစံသစ် တစ်မျိုး ပေါ်လာ တယ်လို့ ဆိုနိုင်ပါတယ်။ တူနီးရှားအစ၊ အီဂျစ်အလယ်၊ ယီမင်အဆုံး အခုဒီလို လမ်းကြောင်းတစ်ခုဖြစ်လာနေပါတယ်။ မေးရမယ့် မေးခွန်းက OIC အနေနဲ့ ဒီ အပေါ် ရဲရဲတင်းတင်း လက်ခံ ယုံကြည်နိုင် သလား ဆိုတာပါပဲ။
တူရကီကိုပဲ ကြည့်ပါ။ တူရကီဟာ တိုးတက်မှု ရှိတဲ့ ဘာသာရေးနဲ့ နိုင်ငံရေး မရောယှက်တဲ့ အစ္စလာမ်ပုံစံ အဖြစ်ဆုံးပါ။ ဒါပေမဲ့ တူရကီရဲ့စိတ်ခံစားမှု အရရော၊ မဟာဗျူဟာ အရကပါ ဘာသာရေး ဘောင်ထဲမှာပဲ ရှိနေတာ တွေ့ရပါတယ်။
အခု အခြေအနေကို ကြည့်မယ် ဆိုရင် အရှေ့အလယ်ပိုင်း မှာရှိတဲ့ တခြား အစ္စလာမ်မစ် အဖွဲ့အစည်း ဖြစ်တဲ့ မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့လို၊ ဟား မစ် အဖွဲ့လို၊ တူရကီ AKP ပါတီလိုမျိုး တွေက လက်တွေ့ရလဒ် တစ်ခုခုရဖို့ အားသန်ကြတယ်။ ပြီးတော့ အဲဒီအဖွဲ့ တွေက တော်လှန်ရေးလို၊ ရွေးကောက်ပွဲ လိုမျိုး ကြီးကြီးမားမား ရုန်းကန် ခဲ့တာပါ။ OIC အဖွဲ့ကတော့ အဲဒီလို ရုန်းကန်ခဲ့ ရတာမျိုး မဟုတ်ပါဘူး။ OIC အဖွဲ့ဟာ ၁၉၆၉ ခုနှစ် လောက်မှာ ကျန်နေခဲ့တဲ့ အဖွဲ့ ဟောင်းကြီး တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒီအဖွဲ့ဟာ ပါလက်စတိုင်း တွေရဲ့ အခွင့် အရေးနဲ့ ပတ်သက်ပြီးတော့လည်း ထူး ထူးခြားခြား လုပ်မပြ နိုင်ခဲ့ပါဘူး။ ၁၉၆၉ ခုနှစ်က စပြီး အရှေ့အလယ်ပိုင်းမှာ ဖြစ် တဲ့ အရေးကြီးတဲ့ ပဋိပက္ခတွေမှာ ဆိုရင် OIC ဟာ အရန်အဖွဲ့လောက် လို့ပဲ ဆိုရမှာ ပါ။ ဒီတော့ တခြားအဖွဲ့တွေရဲ့ အမြင် မှာ OIC ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ စကားပြော စင်မြင့် တစ်ခုလောက်လို့ ပဲ မြင်ကြတာပါ။OIC အဖွဲ့ဟာ ‘ စကားပြောစင်မြင့်’ ထက်သာတဲ့အဖွဲ့ မျိုး ဖြစ်နိုင်လောက်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိ ခေါင်း ဆောင်တွေ လက်ထက်မှာတော့ မဖြစ်နိုင် လောက်ဘူး။

From -TheVoiceweekly 

အစိုးရ၏ တတိယမြောက် ရာဇသံကို SSPP ထပ်မံ အာခံ

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှု့မြို့နယ် မိုင်အွတ် တပ်စခန်း တစ်ခုနှင့် လာရှိုးမြို့ နှင့် မိုင်းရယ်မြို့ကြားရှိ နမ့်မဂွင်မှ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်များ ဇူလိုင်လ (၂၅) ရက် နောက်ဆုံး ထားပြီး ဆုတ်ခွာပေးရန် အစိုးရ တပ်မှ ရာဇသံကို SSPP က ပယ်ချ ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး ဖိန်ဖက ဆိုပါသည်။


“ ကျနော်တို့က နှစ်ခါ ဆုတ်ပေးပြီးပြီးလေ။ အခု ထပ်ဆုတ်ခိုင်းပြန်တယ်။ ကျနော်တို့က မဆုတ်ပေးနိုင်တော့ဘူး။ သူတို့ကို ကြည့်နေတယ်။ တိုးလာရင်တော့ ပစ်မှာဘဲ၊ ဒီကိစ္စပြောရရင် ဒီလိုပါ ကျနော်တို့က အစိုးရဖက်က သဘောထားမမှန်ဘူးဆို တာသိတယ်။

ဒါပေမဲ့ကျနော်တို့က အပစ်အခတ်ရပ်စဲရေးကို မသုံးသပ်သေးတာဟာ နိုင်ငံရေးနည်းနဲ့ အဖြေရှာချင်သေးတဲ့ သဘောပါ။

သူတို့တောင်းတာကို ကျနော်တို့က ဆုတ်ပေးပါတယ်။ တခါဆုတ် နှစ်ခါဆုတ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ သူတို့က အခွင့် ကောင်းယူတာလားတော့ မပြောတတ်ဘူး။ ထပ်ဆုတ်ခိုင်းပြန်တယ်။ ဒါတော့ သိပ်လွန်လာပြီးလေ။ မဆုတ်တော့ ဘူး” ဟု ဆိုပါသည်။

SSPP သည် အထက်ပါကဲ့သို့ သဘောထား တင်းမာ လာသည့်အတွက် အစိုးရ တပ်ဖွဲ့များသည် သြဂုတ်လဆန်းမှ စပြီး SSPP ဌာနချုပ် ဖြစ်သော ၀မ်းဟိုင်းဒေသအ၀င်လမ်းကြောင်းများကို ရှိပြီးသားအင်အား (၁၀) ရင်းအပြင် နောက်ထပ် အင်အား တထောင်ခန့် ထပ်မံအားဖြည့်တင်းပြီး ပိတ်ဆို့ ထားလိုက်ပါသည်။ဤကဲ့သို့ ၀မ်ဟိုင်း အ၀င်လမ်း ကြောင်းများကို ပိတ်ဆို့ထား ခြင်းကြောင့် SSPP အနေနှင့် စီးပွားရေးအရ ထိခိုက်လာနေသော်လည်း ထွက်ပေါက် လမ်းကြောင်းများစွာ ရှိသည်ဟု ဗိုလ် မှူးကြီး ဖိန်ဖက ဆိုပါသည်။ဝမ်းဟိုင်း ဌာနချုပ်သည် ရှမ်းပြည်နယ် ကျေးတီမြို့နယ် အရှေ့ဖက် မိုင်းရှု့၏ အနောက်ဖက်၊ မိုင်းယောင်း၏ အရှေ့မြောက်ဖက်၊ တန်းယန်းမြို့နယ်နှင့် လာရှိုးအကြား၌ရှိပါသည်။  SSPP တပ်ဖွဲ့များသည် အထူးသဖြင့် ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ မိုင်းရှူးဂွင်၊ မိုင်းမဂွင်နှင့် ၀မ်းဟိုင်းဂွင်များ၌ လှုပ်ရှားကြပါသည်။

အစိုးရတပ်ဖွဲ့များသည်၊ ပြီးခဲ့သည့် ဇူလိုင်လဆန်း၌ မိုင်းရှူးဂွင်ရှိ SSPP စခန်းများကို ရာဇသံ နှစ်ခါပေးပြီး (၇) မိုင်ကုန်းခေါ် မိုင်းအွတ် စခန်းနှစ်ခုကို ဆုတ်ခွာခိုင်းခဲ့သည်။ SSPP သည် ၄င်းတို့ရာဇသံကို လက်ခံပါသည်။ ဤကိစ္စကိုလည်း သမ္မတထံ တိုင်ကြားပြီး ဖြေရှင်းစေလိုသော်လည်း တိုက်ပွဲများဆက် လက်ဖြစ်ပွားခဲ့သည်။ဤသို့ကြောင့် SSPPသည်၎င်း၏ မဟာမိတ်ဖြစ်သော  KIA နှင့်ပလောင် လွတ်မြောက်ရေး တပ်ဖွဲ့တို့နှင့် ပူးပေါင်းပြီး ရှမ်းပြည် မြောက်ပိုင်းရှိ လာရှိုးဂွင်မှ အစိုးရတပ်များကို တိုက်ခိုက် ခဲ့ပါသည်။ ဤကဲ့သို့ တန်ပြန်တိုက်ခိုက်လာသဖြင့် အစိုးရ၏ မိုင်းရှူး စစ်ဆင်ရေး များသည် ဇူလိုင်လဆန်းပိုင်းမှယနေ့အထိရပ်တန့်သွာပါသည်။
ဤကဲ့သို့ ရပ်တန့်နေချိန်တွင် အစိုးရသည် ယခုလသြဂုတ်လဆန်း၌ တတိယအကြိမ် ရာဇသံသစ်ပေးပြီး SSPP ၏ ၀မ်ဟိုင်း ဌာနချုပ်ကို ထပ်မံ ပိတ်ဆို့ လိုက်ပြန်ပါသည်။ ဤနည်းဖြင့် အစိုးရသည် SSPP အပေါ် စစ်ရေးအရ လှည့်စားနေခဲ့ပါသည် အစိုးရ၏ ဤကဲ့သို့ လုပ်ရပ်အပေါ် “၀” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ၊ မိုင်းလား အဖွဲ့များကလည်း စောင့်ကြည့်နေပါသည်။ အစိုးရသည် SSPP ကို တကယ်တိုက်လာလျှင် “၀” တို့က မည်သို့ သဘောထားမလဲ ဆိုသည်ကိုလည်း သိချင်နေဖွယ်ရှိ သည်ဟု စစ်ရေး အကဲခတ်တို့ကဆိုပါသည်။ “ကိုးကန့်ကို တကယ်တိုက်တုန်းက ဘယ်သူမှ ၀င်မကူဘူးလေ” ဟု ဆိုကြပါသည်စစ်ရေးအရ အစိုးရက တိုးချဲ့လှုပ်ရှား လာနေသည်ကို သမ္မတ ကိုယ်တိုင်က ရေငုံနှုတ်ပိတ်နေပါသည်။

ဘာကြောင့်လဲ?၊ KIA ကို ၀င်ကူမှာ စိုးသည့်အတွက် KIA အဖွဲ့နှင့် အနီးစပ်ဆုံးဖြစ်သည့် SSPP ကို ထိုးစစ်အသွင်ဖြင့် ဟန့်တားနေသလော?၊ ဤအ ပေါ် “၀”တို့က မည်သို့သဘောထား မည်လဲ? ၊ သို့မဟုတ် KIA အလှည့်ပြီးလျှင် SSPP အလှည့်လား၊

စစ်အင်အားနှင့် တဖွဲ့ချင်း အားပျော့လာအောင် ကြံဆောင်နေတာလား စသည့် နည်းဗျူဟာ များဖြစ်သလား စဉ်းစားစရာ ဖြစ်လာခဲ့ပါသည်။ဤသို့ကြောင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုဖြစ်သည့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခြင်းသည်၊ အသွင်သစ်စစ်ရေးဗျူ ဟာဟုစစ်ရေး သုံးသပ်သူများက ဆိုပါသည်။ SSPP/SSA သည် အစိုးရနှင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ဤကဲ့သို့ သဘောတူညီမှုများ လက်မှတ်ရေးထိုး ထားသော်လည်း အစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲပေါင်း (၃၀) ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။

(ရွေဟဿင်္ာ)

စစ်ဗျူဟာမြောက် KIA ပန်းဝါစခန်းကို အစိုးရက စခန်းသိမ်း တိုက်ပွဲ ဆင်နွဲခြင်း

Posted by drmyochit Tuesday, August 21, 2012, under | No comments

kachin_08_334

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ချီဖွေမြို့နယ် ပန်းဝါဒေသ၊ တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသ နယ်ခြားမှတ်တိုင် (၆) အနီးတွင်ရှိသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIA)တပ်မဟာ (၁)  စခန်းတစ်ခုကို အစိုးရ တပ်ဖွဲ့များက ယနေ့မနက် ပိုင်း၌ စခန်းသိမ်းရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်ဟု KIA ပြောခွင့် ရရှိသူ ဆလန်ကဘာလနန်းက ဆိုပါသည်။

“ ၂နာရီလောက် အပြင်းအထန်ဖြစ်တယ်။ အစိုးရဖက်က အလောင်း (၂) လောင်း ကျန်ခဲ့တယ်။ သူတို့က တပ်ရင်း (၂) ရင်းနဲ့ လာပြီး ထိုးစစ်ဆင်တယ်။ အင်အားကတော့ (၄၀၀) ကျော်နဲ့ ပန်းဝါဒေသကို စစ်ဆင်နေတာ ဖြစ်တယ်။

 မနိုင်လို့ သူတို့ ပြန်ဆုတ် သွားတယ်။ အစိုးရ ဖက်က အထိအခိုက် အကျအဆုံး များပုံရတယ်။ စစ် ဆင်လာတဲ့ တပ်ရင်းကတော့ ခလရ (၇၇) နဲ့ ခလရ (၄၇) တပ်ရင်း တွေဖြစ်တယ်”ဟုဆိုပါသည်။အစိုးရ တပ်ဖွဲ့များသည် ဤ နယ်ခြား မှတ်တိုင် (၆) (၇) အနီးရှိ ပန်းဝါဒေသကို သြဂုတ်လ (၁၅) ရက်နေ့ကတည်းက ထိုး စစ်ဆင်လာရာက ယနေ့တွင် KIA တပ်မဟာ (၁) စခန်း တစ်ခုကို ၀င်ရောက် သိမ်းပိုက်ရန် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပါသည်။ဤအကြိမ်သည် ပန်းဝါဒေသတွင် အစိုးရ၏ ပထမဆုံး စခန်း သိမ်းတိုက်ပွဲဖြစ်သည်ဟု ဆိုပါသည်။ ဤဒေသ၌ စစ်ပြေးဒုက္ခ သည် (၅၀၀) ခန့် ရှိပြီး ဇွန်လ (၂၀) ရက်နေ့တွင် ဦးအောင်မင်းတို့နှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးစဉ် စစ်မဲ့ဇုံအဖြစ် ထားရှိရန် KIA က အဆိုပြုထားသည့် နေရာဖြစ်ပါသည်။ ပန်းဝါဒေသသည် ယခင်က ဗမာပြည်ကွန်မြူနစ် ပါတီ (ဗကပ) ၏ အမှတ် (၂၀၂) စစ်ဒေသဖြစ်ခဲ့ပါသည်။ နောက်ပိုင်း၌ ဦးစကုန်တိန်း ယင်းဦးဆောင်သော အဖွဲ့က အစိုးရထံ လက်နက် ချပြီးနောက် အစိုးရ၏ နယ်ခြားစောင့်တပ် အဖြစ် ပြောင်း လဲသွားခဲ့ပါသည်။ ဦးစကုန်တိန်းယင်းလည်း လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားခဲ့ပါသည်။

 ဤဒေသသည် (ဗကပ) မတိုင် ခင်ခေတ် ကတည်းက KIA ၏ လှုပ်ရှား နယ်မြေဖြစ်ခဲ့ပါသည်။KIA သည် နှစ်ဖက်စလုံးမှ စိုးမိုးမှုမရှိသည့် နေရာကို စံထားပြီး ဒုတိယနိုင်ငံ တခုခု၌ တွေ့ဆုံဆွေးနွေးရန် ဖြစ်သင့်သည့် အတွက် အပစ်ရပ်ရေး တွေ့ဆုံ ဆွေးပွဲကို တရုတ်နိုင်ငံရွှေလီမြို့၌ ကျင်းပသင့်ကြောင်း အစိုးအား ဇူလိုင်လကတည်းက အဆိုပြု ထားပါသည်။ သို့သော် အစိုးရက ရှမ်းပြည်နယ် မူဆယ်၌သာ တွေ့ဆုံရန် ယခင်ကတည်းက ကမ်းလှမ်းထား ပြီးယနေ့အထိ ဤနေရာကိုသာ လက်ခံမည်ဖြစ်ပါသည်။

ပန်းဝါဒေသမှ ကချင် စစ်ပြေး ဒုက္ခသည်များမှာမူ ထွက်ပြေး တိမ်းရှောင် နေရဆဲဖြစ်သော်လည်း တရုတ်နိုင်ငံ ရွှေလီနယ်စပ်မှ ကချင် စစ်ပြေး ဒုက္ခသည် တချို့ကိုမူ  တရုတ်အစိုးရသည် မြန်မာ အစိုးရနှင့် ညှိနှိုင်းပြီး မြန်မာ အစိုးရ ထိမ်းချုပ်သော ဒုက္ခသည် စခန်းများသို့ ပြောင်းရွှေ့စေခဲ့သည်ဟု ဒုက္ခသည် ကော်မီတီဝင် တချို့က ပြောပါသည်။

ထို့အပြင် KIA သည် မိုင် (၂၀၀) ကျော်အထိ ပစ်ခတ်နိုင်သော တာဝေးပစ် လက်နက်ကြီးများကို စမ်းသပ်နေသည်ဟု အစိုးရ ဖက်ကို ထောက်ခံသော ကချင်သတင်း မီဒီယာအချို့တွင် ရေးသားထားပါသည်။ဤကိစ္စနှင့်ပါတ်သက်ပြီး ဦးလာနန်းက-“ကျနော်တို့မှာက လက်နက် အင်အား ထက်ပေါ့လေ ခိုင်မာတဲ့ စိတ်ဓါတ်အင်အားနဲ့ ရရာလက်နက်နဲ့ဘဲ တိုက်ခိုက်နေတာပါ။ ကျနော်တို့မှာ အဝေးပစ် လက်နက်ကြီးတွေရှိလျှင် အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ပုံစံက ပြောင်းလဲသွားမှာပါ” ဟုဆိုပါ သည်။အစိုးရသည် KIA မှ ဤလက်နက်များ အသုံးပြုနေသည်ဟု ၀ါဒဖြန့်ရသည့် အကြောင်းရင်းမှာ ၄င်းတို့အသုံးပြုသည့်အခါ အ ပြစ်မမြင်သာအောင် စိတ်ကြိုက်လက်နက်မျိုး သုံးသည့်အခါ အပြန်အလှန် သဘောဆောင်အောင် ဖန်တီးနေခြင်းသာ ဖြစ် သည်ဟု စစ်ရေး သုံးသပ်သူများက ဆိုပါသည်။

ဤသို့ကြောင့် ပန်းဝါဒေသ စစ်ဆင်ရေးကို သုံးသပ်လျှင် အစိုးရသည် KIA အား စစ်ဆင်ရာတွင်၊ သံတမံနည်းအရ တရုတ် အစိုးရ အလိုကျကချင်စစ်ပြေးဒုက္ခသည် များကို လက်ခံပေးခြင်းဖြင့် ကိုယ့်ဖက်ပါအောင် ဆောင်ရွက်နေခြင်း။

စစ်ရေးအရ စခန်း သိမ်းတိုက်ပွဲများ ဆင်နွဲခြင်း၊ မီဒီယာအရ လက်နက်ဆန်းများ KIA က အသုံးပြုနေခြင်းဟူသော တိုက်ကွက်ကို ဖန်တီး နေခြင်းသာဖြစ်သည်ဟု သုံးသပ်သူများက ဆိုကြပါသည်။

ရွေဟဿင်္ာ

မလေးရှားရောက် ရခိုင်များ အနိုင်ကျင့်သတ်ဖြတ်ခံရမှုနဲ့ပက်သက်၍ အစိုးရမှ သေချာစွာ အရေးယူဆောင်ရွက်ခြင်းမရှိသေး

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
မလေးရှားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော ရခိုင်များအား ဘင်္ဂလီမူဆလင်များ အနိုင်ကျင့်သတ် ဖြတ်သည့် အမှုများနှင့်ပက်သက်၍ မလေးရှားအစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက် စစ်ဆေးခြင်းမရှိသေးကြောင်း
သတင်းရရှိသည်။


ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်း၏ ဂယက်ရိုက်ခတ်မှု့ကြောင့် မလေးရှားဒေသခံများနှင့် မလေးရှားရှိ ဘင်္ဂလီမူဆလင်များထံ မလေးရှားရောက် ရခိုင်များ အနိုင်ကျင့် သတ်ဖြတ်ခံရမှုများကို မလေးရှား အာဏာပိုင်များသို့ တိုင်ကြားထားသော်လည်း ရဲအရာရှိများက ယင်းအမှုများနှင့် ပက်သက်သည့် တရားခံများကို ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရှိရသည်။"အလုပ်က ပြန်လာချိန်မှာ သတ်ဖြတ်ခံရတာ၊ အခန်းကိုလာပြီး သတ်ဖြတ်ဖို့ကြိုးစားတာတွေ၊ ပြီးတော့ လိုင်းကားပေါ်မှာ အနိုင်ကျင့် ခံကြရတာ ကျနော်သိသလောက်ဆို ရခိုင်တိုင်းရင်းသား ၃ဦး သေဆုံးပြီး၊ ၄ဦး ဒဏ်ရာရှိထားပါတယ်။

မလေးမှာ မြန်မာနိုင်ငံသားတွေအတွက် လုံးဝလုံခြုံမှုမရှိဘူး။ ရဲအာဏာပိုင်တွေကလည်း အခုဖြစ်ပွားခဲ့တဲ့ အမှုတွေနဲ့ ပက်သက် လို့ အခုချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးတာ၊ နောက်ဒီလိုအမှုတွေ မဖြစ်အောင် တစ်စုံတစ် ရာလုပ်ဆောင်နေတာတွေဘာမှမရှိဘူး။

အလုပ်ခွင်ထဲမှာဆိုလည်း ကျွန်တော်တို့ကို ဘင်္ဂလီတွေ၊ မလေးတွေက မြန်မာလား၊ ရခိုင်လားဆိုပြီး လာမေးကြတယ်၊ အဲဒီ တော့ သူတို့က မြန်မာတွေ၊ ရခိုင်တွေကိုဆိုရင် အနိုင်ကျင့် သတ်ဖြတ်မယ့် သဘောမှာရှိတာပေါ့။ ဒါကြောင့် အလုပ်ခွင် ထဲမှာလည်း ကျနော်တို့ အမြဲတမ်း သတိပြုပြီး စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်နေရပါတယ်။"ဟု မလေးရှားရောက် ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သူကိုဇော်မိုးကပြောသည်။ကိုမင်းမင်းထွန်း ဇွန်လ ၁၁ရက်နေ့ ညနေအလုပ်က ပြန်လာချိန်တွင် သူ့အခန်းသို့ မရောက်ရှိဘဲ ယခုချိန်ထိပျောက်ဆုံးနေကြောင်း၊ မလေးရှားနိုင်ငံ ကိုတာသီဂီမြို့တွင် နေထိုင်ကြသော ကိုအောင်ဇော်မိုး၊ ကိုစိုးချေ၊ ကိုအချောက် ၃ဦးတို့မှာ ဇွန်လ ၁၁ရက်နေ့က ဘင်္ဂလီတစ်စုနှင့် မလေးရှားဒေသခံများ၏ အနိုင် ကျင့် သတ်ဖြတ်မှုကြောင့် ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြပြီး တစ်ဦးမှာ ကိုတာသီဂီ ဆေးရုံတွင် ဆေးကုသခံနေရကြောင်း၊

 ဇူလိုင်လ ၁၂ရက်နေ့တွင် ကိုလင်းနိုင်ဆိုသူအား ဘင်္ဂလီများမှ ဓါးဖြင့်ခုတ်ရာ ဦးခေါင်းနောက်စည်းတွင် ဒဏ်ရာရရှိခဲ့ပြီး ကလန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ကိုစိုးနိုင်၊ ကိုကျော်သိန်းတို့ နှစ်ဦးသည် ဇူလိုင်လ ၁၈ရက်နေ့ အန်ပန်းမြို့နယ် ၁၄မိုင်တွင် ဘင်္ဂလီများနှင့် မလေးရှားဒေသခံများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီး တောထဲတစ်နေရာတွင် ၄င်းတို့အလောင်းနှစ်လောင်းကိုတွေ့ရှိခဲ့ရကြောင်း၊

ဇူလိုင်လ ၂၈ရက်နေ့က လိုင်းကားပေါ်တွင် လိုက်ပါလာသော ရခိုင်များအား လိုင်းကားပေါ်မှဆွဲချကာ ရိုက်နှက်မှုများ တစ်ဘက်နှင့်တစ်ဘက် ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။"အခုဖြစ်ပွားခဲ့တဲ့အမှုတွေဟာ ဘင်္ဂလီတွေ မလေးရှားနိုင်ငံက လူကြမ်းတွေကို ပိုက်ဆံပေးပြီး သူတို့နဲ့ ပူပေါင်းပြီးတော့မှ အနိုင်ကျင့်သတ်ဖြတ်တာတွေပါ၊ မလေးနိုင်ငံသားတွေကိုက ဒီအမှုတွေထဲမှာ ပါဝင်နေလို့ ရဲအာဏာပိုင်တွေကလည်း လိုက်လျူရှုထားတာလို့ ကျနော်ယူဆမိပါတယ်။ မြန်မာသံရုံးလည်း ဒီအမှုတွေနဲ့ ပက်သက်ပြီးတော့ မလေးအစိုးရဆီ တရားခံတွေကို တစ်စုံတစ်ရာ အရေးယူပေးဖို့ တောင်းဆိုတာတွေလည်း ကျနော်တို့မသိရှိရဘူး။ အရင်ကတည်းက မြန်မာသံရုံးမှာ ဘာဘဲသွားပြောပြော လိုက်လံဖြေရှင်းပေးတာမရှိတော့ ကျနော်တို့အနေနဲ့လည်း ကိုယ့်နိုင်ငံသံရုံးအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားမိတော့ဘူးဗျာ"ဟု ကိုဇော်မိုးက ဆက်လက်ပြောကြားသည်။

မလေးရှားနိုင်ငံသည် Organisation of Islamic Cooperation အဖွဲ့ဝင် ၅၇နိုင်ငံထဲတွင် ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

Arakan Times

အမေရိကန်အနေဖြင့် ဥဇဘက်ကစ္စတန်တွင် စစ်အခြေစိုက်စခန်းတည်ဆောက်သွားရန် အစီအစဉ်မရှိဟုဆို

Posted by drmyochit Tuesday, August 21, 2012, under | No comments



အမေရိကန်နိုင်ငံအနေဖြင့် ဥဇဘက်ကစ္စတန် နိုင်ငံတွင် စစ်အခြေစိုက် စခန်းတစ်ခုတည် ဆောက်သွားရန် အစီအစဉ်မရှိကြောင်း တောင်အာရှနှင့် အလယ်အာရှဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Robert Blake ကပြောကြားခဲ့သည်ဟု သြဂုတ်လ ၁၈ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည် ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုမတိုင်မီ ရှေ့တန်းအမြောက်စခန်းသို့ သွားရောက်စစ်ဆေးခဲ့ခြင်း

Posted by drmyochit Tuesday, August 21, 2012, under | No comments



မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့၏ နှစ်စဉ်ပြု လုပ်နေကျ စစ်ရေးလေ့ကျင့်ခန်း မစတင်မီ ရက်ပိုင်းအလိုတွင် မြောက်ကိုရီးယားနိုင်ငံ အနောက်တောင်ဘက် နယ်စပ်ဒေသရှိ Mu ကျွန်းငယ်ပေါ်ရှိ ရှေ့တန်းအမြောက် စခန်းတစ်ခုအား သွားရောက်စစ်ဆေး ခဲ့ကြောင်းသြဂုတ်လ ၁၈ ရက်နေ့ Xinhua သတင်းတစ်ရပ် အရသိရှိရပါသည်။ အဆိုပါအလည်အပတ် ခရီးစဉ်အတွင်း ကင်က အနောက်ပင်လယ်အား ကျူးကျော်သူများ ၏သုသာန်အဖြစ် ပြောင်းလဲပစ်ရမည်ဟု တပ်ဖွဲ့ဝင်များအား အမိန့်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဂျပန်တက်ကြွ လှုပ်ရှားသူများသည် ဒိုင်အိုယုကျွန်းစုသို့ ရောက်ရှိလာခဲ့ကြသည်ဟုဆို

Posted by drmyochit Tuesday, August 21, 2012, under | No comments



    ဂျပန်နိုင်ငံသား တက်ကြွလှုပ်ရှား သူအနည်းဆုံး ၉ ဦးခန့်သည် ဒိုင်အိုယုကျွန်းစုပေါ်သို့ သြဂုတ်လ ၁၉ရက်နေ့တွင် တက်ရောက်ခဲ့ကြကြောင်း ဂျပန်ကမ်းခြေ စောင့်တပ်ဖွဲ့က အတည်ပြုပြော ကြားခဲ့သည်ဟု Qin Gang သတင်းတစ်ရပ် အရသိရှိရပါသည်။ ဂျပန်တက်ကြွ လှုပ်ရှားသူ ၁၅ဝ ခန့်နှင့် ရေယာဉ် ၂၁ စီးတို့သည် ဒိုင်အိုယုည ကျွန်းစုအနီး ရေပြင်ပိုင်နက် အတွင်းသို့ သြဂုတ်လ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် ရောက်ရှိလာခဲ့ ကြခြင်းဖြစ်ပါသည်။

ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ်က အမေရိကန်တပ်ဖွဲ့များနှင့်ပူးတွဲစစ်ဆင်မှု ပြုလုပ်မည်ဆိုသည့်သတင်းများအားငြင်းဆိုခဲ့ခြင်း

Posted by drmyochit Tuesday, August 21, 2012, under | No comments



အမေရိကန် တပ်ဖွဲ့များနှင့် ပူးတွဲ၍ စစ်ဆင်မှုတစ်ရပ် ပြုလုပ်မည်ဟူသော သတင်းများကို ငြင်းဆိုခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်က သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ 

အိန္ဒိယနိုင်ငံ၏ အာဏာရကွန်ဂရက်ပါတီသည် ဝန်ကြီးချုပ်နုတ်ထွက်ရေး အတိုက်အခံပါတီ၏တောင်းဆိုမှုအားပယ်ချခဲ့သည်ဟုဆို

Posted by drmyochit Tuesday, August 21, 2012, under | No comments



အိန္ဒိယနိုင်ငံ၏ အတိုက်အခံပါတီ (Bharatiya Janata Party-BJP) က အစိုးရ၏ ဘဏ္ဍာငွေများ ဆုံးရှုံးမှုကိုဖြစ်ပေါ်စေသည့် ကျောက်မီးသွေးတွင်း လုပ်ကွက်များခွဲဝေ သတ်မှတ်ရာတွင် မှားယွင်းစွာ စီမံခန့်ခွဲခဲ့သည် ဟူသောစွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုကို အာဏာရ ကွန်ဂရက်ပါတီက ပယ်ချခဲ့ကြောင်း ကွန်ဂရက်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ Manish Tewari က သြဂုတ်လ ၁၇ရက်နေ့တွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့

Posted by drmyochit Tuesday, August 21, 2012, under | No comments



 
OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
 အဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင် များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ် ရေးအတွက် ကူညီပေးပါ ရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆို ထားခြင်းဖြစ်သည်။ ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံအတွင်း မူဆလင် များအပေါ် ဖိအားပေး နေမှုများ အဆုံးသတ် ရန်အတွက်ရေးသားထားကြောင်း OIC က ကြေညာချက် ထုတ်ပြန်ထားသည်။ “ဤကိစ္စနှင့် ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူ အညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံရေးသားပေး ပို့လိုက်ပြီး မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလသမဂ္ဂအား မည်သည့် အကူအညီ မျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။

ငွေတိုးမပေးနိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းဆည်း

Posted by drmyochit Tuesday, August 21, 2012, under | No comments



ကန်ပက်လက် မြို့နယ်အတွင်း ကျေးလက် ဒေသများတွင် ငွေတိုးချေး စားသူများက ငွေတိုးမပေး နိုင်သူများ၏ သမီးတွေကို မယားအဖြစ် ယခုလအတွင်း သိမ်းဆည်း နေသည်ဟု သိရသည်။ ဒေသထုတ် ဟားခါးလူငယ် အော်သံ သတင်းတွင် ကန်ပက်လက်မြို့နယ် ပန်ကွင်းရွာမှ ငွေတိုးချေးစား သူ ဦးလိန်းထန်း၊ မူလတန်းကျောင်းအုပ် ဆရာကြီး ထာဟုန်းတို့က ငွေတိုးမပေး နိုင်သူများ၏ သမီးတွေကို မယားအဖြစ် သိမ်းပိုက်လိုက် ကြောင်း ဒေသခံဆလိုင်း ပိုင်စိုးက ပြောသည်ဟု ပါရှိသည်။ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်း ပန်ကွားရွာသား ဦးလောကွီးသည် ငွေရှင်တွေရဲ့ သေနတ်ပြ ခြိမ်းခြောက် ဒါဏ်ကြောင့် အကြောက်လွန်ပြီး ရူးသွားပြီး သူ့မိသားစုလည်း ပြိုကွဲသွားကြောင်း သိရသည်။

ရခိုင်ပြည်ရှိ အဝေးပြေးကားလမ်းမ ပျက်စီး၍ ခရီးသွားလာရေး အခက်ကြုံ

Posted by drmyochit Tuesday, August 21, 2012, under | No comments


 ရခိုင်ပြည် ကျောက်တော်မြို့နယ်ရှိ ကန်စောက်ကျေးရွာနှင့် အပေါက်ဝ ကျေးရွာကြား တွင်ရှိသာ အဝေးပြေး ကားလမ်းမ ပျက်စီးခြင်းကြောင့် ခရီးသည်များမှာ ခရီးသွားလာရေး အခက်အကြုံ နေရကြောင်း သတင်းရရှိသည်။ဒေသခံ ခရီးသွားတစ်ဦးက " လမ်းပျက်စီးနေတာ တော်တော့ကို ဆိုးရွားနေပါတယ်။ လမ်းပေါ်မှာဆိုရင် ရွှံ့အိုင်ကြီးတွေနဲ့ ကားသွားရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ကားသွားနိုင် ဖို့အတွက် ခရီးသည်တွေက ကားပေါ်မှ ဆင်းပေးရပါတယ်။တချို့နေရာ တွေမှာဆိုရင် ကားကို ကြိုးနဲ့ချည်ပြီး ခရီးသည်တွေက ဆွဲရသေးတယ် " ဟု အာရ်ကန်တိုင်းမ်စ်ကို ယခုကဲ့သို့ပြောသည်။ယခုကဲ့သို့ ရခိုင်ပြည်ရှိ အဝေးပြေးလမ်းမ ဆိုးရွားစွာပျက် စီးနေခြင်းမှာ ကန်စောက်ကျေးရွာနှင့် အပေါက်ဝ ကျေးရွာကြားတွင်သာ မဟုတ်ဘဲ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်း တစ်လျှောက်တွင်လည်း ပျက်စီးနေကြောင်း ခရီးသည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ " ရန်ကုန်- စစ်တွေကားလမ်း တစ်လျှောက်လုံး ပျက်စီးနေတာဘဲ။ ကိုယ်ဝန်သည်၊ လူနာတွေနဲ့ သက်ကြီးရွယ် အိုတွေဆိုရင် အဲဒီလမ်းကို အသုံးမပြုတာ အကောင်းဆုံးဘဲ။

မြန်မာပြည် မြောက်ပိုင်း စစ်ရေး အခြေအနေ ပိုမိုပြင်းထန် တင်းမာလာ

Posted by drmyochit Tuesday, August 21, 2012, under | No comments



ထောက်ပို့တပ်များ ဆေးတပ်များနှင့် လေကြောင်း ပစ်ကူ တပ်များ ပါဝင်ပြီး စုစုပေါင်း အင်အားမှာ တသောင်းကျော်ခန့် ရှိကြောင်း KIA အတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို ပြောသည်။ ထို့အပြင် တပ်မ (၆၆)၊ တပ်မ (၇၇) နှင့် တပ်မ (၁ဝ၁) တပ်များ ကိုလည်း အရန်တပ်များ အဖြစ် မြစ်ကြီးနားနှင့် ဗန်းမော် မြို့များတွင် နေရာချထားလျက် ရှိသည်။ ဤတပ်များဖြင့် လိုင်ဇာ KIO ဗဟိုဝန်းကျင်ကို ဝိုင်းထားကာ KIA တပ်၏ နေရာ ငါးနေရာဖြစ်သည့် ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းမှ KIA ပ်ရင်း (၃) နယ်မြေနှင့် တပ်မဟာ (၁) နယ်မြေများ (ပန်းဝါဒေသ)၊ KIA တပ်မဟာ(၃) ဌာနချုပ် နယ်မြေ (လွယ်ဂျယ် - မိုင်ဂျာယန် ဒေသ)၊ KIAဗဟိုယာယီဌာနချုပ် လိုင်ဇာဒေသ၊ KIA တပ်မဟာ (၅) ဌာနချုပ်နယ်မြေ တာပိန်-ဘွမ်ဆင်ဒေသနှင့် KIA တပ်မဟာ (၄) ပ်ရင်း (၈) နယ်မြေရှမ်းပြည် မြောက်ပိုင်းဒေသ တို့အား ချိန်ရွယ် နေရာယူထားသည်ဟု KIO မှ ပြောသည်။ အလားတူ SSPP ၏ ဝမ်ဟိုင်း ဌာနချုပ် အားလည်း အစိုးရတပ်မှ အင်အား ၁,ဝဝဝ ခန့်က အင်အားဖြည့်၍ နေရာယူရေး စစ်ဗျူဟာဖြင့် တပ်စွဲထားကြောင်း SSPP ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။ “ကျနော်တို့ရဲ့ ဝမ်ဟိုင်း ဗဟိုဌာန ချုပ်ကို လူအင်အား တထောင်ကျော်လောက်နဲ့ ဝိုင်းထားပါတယ်။ နှစ်ပတ် ရှိပါပြီ၊ ပိတ်ဆို့ထားတာ။

အစိုးရ၏ တတိယမြောက် ရာဇသံကို SSPP ထပ်မံ အာခံ

Posted by drmyochit Tuesday, August 21, 2012, under | No comments

SSAN_010099887
ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှု့မြို့နယ် မိုင်အွတ် တပ်စခန်း တစ်ခုနှင့် လာရှိုးမြို့ နှင့် မိုင်းရယ်မြို့ကြားရှိ နမ့်မဂွင်မှ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်များ ဇူလိုင်လ (၂၅) ရက် နောက်ဆုံး ထားပြီး ဆုတ်ခွာပေးရန် အစိုးရ တပ်မှ ရာဇသံကို SSPP က ပယ်ချ ခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး ဖိန်ဖက ဆိုပါသည်။ “ ကျနော်တို့က နှစ်ခါ ဆုတ်ပေးပြီးပြီးလေ။ အခု ထပ်ဆုတ်ခိုင်းပြန်တယ်။ ကျနော်တို့က မဆုတ်ပေး နိုင်တော့ဘူး။ သူတို့ကို ကြည့်နေတယ်။ တိုးလာရင်တော့ ပစ်မှာဘဲ၊ ဒီကိစ္စပြောရရင် ဒီလိုပါ ကျနော်တို့က အစိုးရဖက်က သဘောထားမမှန်ဘူးဆို တာသိတယ်။ ဒါပေမဲ့ကျနော်တို့က အပစ်အခတ် ရပ်စဲရေးကို မသုံးသပ်သေးတာဟာ နိုင်ငံရေးနည်းနဲ့ အဖြေရှာချင်သေးတဲ့ သဘောပါ။ သူတို့တောင်းတာကို ကျနော်တို့က ဆုတ်ပေးပါတယ်။ တခါဆုတ် နှစ်ခါဆုတ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ သူတို့က အခွင့် ကောင်းယူတာလားတော့ မပြောတတ်ဘူး။ ထပ်ဆုတ်ခိုင်းပြန်တယ်။ ဒါတော့ သိပ်လွန်လာပြီးလေ။ မဆုတ်တော့ ဘူး” ဟု ဆိုပါသည်။

စစ်ဗျူဟာမြောက် KIA ပန်းဝါစခန်းကို အစိုးရက စခန်းသိမ်း တိုက်ပွဲ ဆင်နွဲခြင်း

Posted by drmyochit Tuesday, August 21, 2012, under | No comments

kachin_08_334

ကချင်ပြည်နယ်  အရှေ့မြောက်ပိုင်းရှိ ချီဖွေမြို့နယ် ပန်းဝါဒေသ၊ တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသ နယ်ခြားမှတ်တိုင် (၆) အနီးတွင်ရှိသော ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIA) တပ်မဟာ (၁) ဌာနချုပ် စခန်းကို အစိုးရတပ် ဖွဲ့များက ယနေ့မနက် ပိုင်း၌ စခန်းသိမ်းရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်ဟု KIA ပြောခွင့် ရရှိသူ ဆလန်က ဘာလနန်းက ဆိုပါသည်။ “ ၂နာရီလောက် အပြင်းအထန်ဖြစ်တယ်။ အစိုးရဖက်က အလောင်း (၂) လောင်း ကျန်ခဲ့တယ်။ သူတို့က တပ်ရင်း (၂) ရင်းနဲ့ လာပြီး ထိုးစစ်ဆင်တယ်။ အင်အားကတော့ (၄၀၀) ကျော် ရှိမယ် ထင်တယ်။ မနိုင်လို့ သူတို့ ပြန်ဆုတ်သွားတယ်။ အစိုးရ ဖက်က အထိအခိုက် အကျအဆုံး များပုံရတယ်။ စစ် ဆင်လာတဲ့ တပ်ရင်းကတော့ ခလရ (၇၇) နဲ့ ခလရ (၄၇) တပ်ရင်း တွေဖြစ်တယ်”ဟုဆိုပါသည်။ အစိုးရ တပ်ဖွဲ့များသည် ဤ နယ်ခြား မှတ်တိုင် (၆) (၇) အနီးရှိ ပန်းဝါဒေသကို သြဂုတ်လ (၁၅) ရက်နေ့ကတည်းက ထိုး စစ်ဆင်လာရာက ယနေ့တွင် KIA တပ်မဟာ (၁) ဌာနချုပ်ကို ၀င်ရောက် သိမ်းပိုက်ရန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

ကော့သောင်းမှာ NLD အဖွဲ့ဝင်တချို့ ဆန္ဒပြ

Posted by drmyochit Tuesday, August 21, 2012, under | No comments


တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးရှေ့မှာ ဒီကနေ့ နေ့လည်က အဖွဲ့ဝင်တချို့က ပါတီတွင်း မကျေနပ်မှုအတွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ မြို့နယ်က ၁၅ ဦး ခရိုင်က ၁၅ ဦးပါဝင်တဲ့ ခရိုင်နဲ့ မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်ကို ဇူလိုင်လ ၁၅ ရက်နေ့က ကော့သောင်မြို့ ဝေလရိပ် စားသောက်ဆိုင်မှာ ဖွဲစည်းခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်း မကျလို့ ပြန်လည် ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြတာပါလို့ မြို့နယ်ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် မြို့နယ် လှုမှုအထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်မောင်က ပြောပါတယ်။ “ပါတီကိုမဟုတ်ပါဘူးခင်ဗျ။

ဆရာမနှစ်ဦး ကျောင်းပြောင်းရွှေ့မှု ရန်ကုန် TTC ကျောင်းသားများ ဆန္ဒပြ

Posted by drmyochit Tuesday, August 21, 2012, under | No comments



 
ရန်ကုန်မြို့ ပြည်လမ်းရှိ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း အထက်တန်းပြ ဆရာမ နှစ်ဦးဖြစ်သူ ဒေါ်မာလာကြိုင်နှင့် ဒေါ်အေးအေးသိန်းတို့ ကျောင်းပြောင်း ရွေ့ခံရခြင်းနှင့် ပါတ်သက်၍ အဆိုပါ ကျောင်းမှ ကျောင်းသားများက မကျေနပ်သဖြင့် ယခုလ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြကြောင်း ၂၀၁၂ ခုနှစ်နှင့် ၂၀၁၀ တွင် တက္ကသိုလ် ၀င်တန်း အောင်မြင်ခဲ့သူ မကာရံချိုနှင့် မောင်ကောင်းဇော်ခန့် တို့ထံမှ သိရသည်။ ၎င်း ဆရာမ နှစ်ဦးကို အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ၏ သြဂုတ်လ ၁၃ ရက်နေ့ရက်စွဲ ဖြင့် ကျောင်းပြောင်းမိန့် ထွက်လာပြီး နောက်ပိုင်း လက်ရှိ ပညာ သင်ကြားနေသော ကျောင်းသားများက ယင်းသို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းတို့က ပြောကြားသည်။

အမေရိကန်က သူ့ကို သုတ်သင်ဖို့ ကြိုးပမ်းဟု Assange စွပ်စွဲ

Posted by drmyochit Tuesday, August 21, 2012, under | No comments



 
ဝီကီလိခ် ထူထောင်သူ Julian Assange က အမေရိကန်ဟာ သူ့ကို သုတ်သင်ဖယ်ရှားဖို့ လုပ်ဆောင်နေ တယ်လို့ စွပ်စွဲလိုက်ပါတယ်။ လန်ဒန်မြို့ အီကွေဒေါ သံရုံးမှာ နှစ်လကြာ ခိုလုံနေခဲ့ပြီး တနင်္ဂနွေနေ့က ပထမဆုံး အကြိမ်အဖြစ် သံရုံးလေသာ ဆောင်ကနေ အခုလို ပြောဆို လိုက်တာပါ။ သူ ထူထောင်ထားတဲ့ ၀ီကီလိခ် အင်တာနက် စာမျက်နှာ ကနေ ၂၀၁၀ ပြည့်နှစ်တုန်းက ထောင်နဲ့ချီတဲ့ အမေရိကန် သံတမန်ရေးနဲ့ စစ်ဘက်ဆိုင်ရာ သီးသန့် အတွင်းေ ရးနဲ့ လျှို့ဝှက် စာအသွား အလာတွေ ပေါက်ကြားအောင် ဖော်ထုတ်ခဲ့လို့ အမေရိကန် ပြည်ထောင်စုက သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်