Tuesday, August 21, 2012

မဇ္ဈိမ သတင်း လွဲမှားဖေါ်ပြမှု ရခိုင်လူမျိုးများ အကြား မကျေနပ်မှု တိုးပွား

Posted by drmyochit Tuesday, August 21, 2012, under | No comments

 
ထွန်းထွန်း သြဂတ်(စ်)လ ၁၉ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်လူငယ်များ UNနှင့် INGOs အဖွဲ့များအား ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြပွဲအား အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဌာနက ရခိုင် လူမျိုးများအား ကမ္ဘာအလယ်တွင် သိက္ခာကျ နာမည်ပျက်စေရန် ရည်ရွယ်ပြီး မဟုတ်မမှန် သတင်းရေးသား ထုတ်လွှင့်ခဲ့
သည်ဟု သိရသည်။ဆန္ဒပြရခိုင်လူငယ်များသည်မည်သည့်ဘာသာ၊မည်သည့်လူမျိုးကိုမှတိုက်ခိုက်စော်ကားမူ မရှိခဲ့ပါ။မစ္ဈိမ သတင်းဌာမှ အဆိုပါ သတင်းအား အင်္ဂလိပ်လို “Anti-Rohingya demonstration held in Rangoon”  ခေါင်းစည်းတပ်ကာ သြဂတ်စ်လ ၂၀ ရက်နေ့က ဖေါ်ပြရာတွင်   ရခိုင်လူမျိုး ၅၀ ခန့်သည် မြန်မာပြည် အနောက် ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သော ဒေသများတွင် နေထိုင်နေကြသော ရိုဟင်ဂျာမွတ်ဆလင်များအားကုလသမဂ္ဂမှ အကူအညီပေးနေမှုများအား ရပ်တန့်ရန် ယူအန်နှင့် နိုင်ငံခြား အန်ဂျီအိုများ တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်ဟု မဟုတ်မမှန် သတင်းရေးသား ဖေါ်ပြခဲ့သည်။“ကျွန်တော်တို့ ဆန္ဒပြတာက UNနဲ့ INGOs က ရိုဟင်ဂျာ ဘင်္ဂလီ ဆိုတဲ့သူတွေကို ကူညီပေးနေတာ ရပ်တန့်ဖို့ အတွက် ဆန္ဒပြတာ မဟုတ်ဘူးဗျာ။ ပြည်တွင်းပြည်ပ တခြားမီဒီယာ ဆိုဒ်တွေနဲ့ ဆိုင်းဘုတ် တိုင်းမှာ ကျွန်တော်တို့ ရေးထားတဲ့ စာတန်းတွေကို ကြည့်လို့ သိနိုင်ပါတယ်။
ကျွန်တော်တို့က ရခိုင်လူမျိုးတွေ အပေါ်မှာ UN နဲ့ INGOs ကခွဲခြားဆက်ဆံမူတွေ ရှိနေတဲ့ အတွက် ဒါကို ရပ်တန့်ဖို့ ဆန္ဒ ထုတ်ဖေါ်တာသာ ဖြစ်ပါတယ်။ဒီလို မဟုတ်မက သတင်းကျင့်ဝတ်နဲ့ မကိုက်ညီဘဲ ဖေါ်ပြတဲ့ မဇ္ဈိမကိုတော့ တရားဥပဒေ အရ တစ်ခုခု လုပ်ရပါလိမ့်မယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်ခဲ့သူ ကိုစည်သူက နိရဉ္စရာသို့ ပြောသည်။၎င်းပြင် ရန်ကုန် တာမွေမှ အရှင် သုန္ဒာရကလည်း  မဇ္ဈိမမှ ရေးသား တင်ပြသောသတင်းနှင့်ပတ်သက်ပြီး “ မှတ်တမ်းမှတ်ရာ အထောက်အထားများ အလျှံပယ်ရှိပါလျှက်နှင့် ရခိုင်လူငယ်များက ရိုဟင်ဂျာဘင်္ဂလီများအား ထောက်ပံ့ခြင်းကို ရန်တန့်ရန် ဆန္ဒပြသည်ဟု မဇ္ဈိမသတင်းဌာနမှ ပြောင်းအတင်း လိမ်ညာဖော်ပြခြင်းမှာ အော့နှလုံးနာဖွယ် အတိပင် ဖြစ်သည်” ဟု ဖေါ်ပြသည်။
မဇ္ဈိမ အင်္ဂလိပ်ဝက်ဘ်ဆိုဒ်တွင် သြဂစ်လ ၂၀ရက်(တနင်္လလာ)နေ့ နေ့စွဲဖြင့် ရန်ကုန်ရောက် ရခိုင်လူငယ်များ ဆန္ဒပြ သတင်းနှင့် ပတ်သက်ပြီး လွဲမှားစွာ ဖေါ်ပြမှုအပေါ် မလေးရှားရောက် ရခိုင်လူငယ်တဦး ဖြစ်သည့် ကိုမင်းထက်ကလည်း  နိရဉ္စရာသို့ ယခုလိုပြောသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်