Tuesday, August 21, 2012

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်

Posted by drmyochit Tuesday, August 21, 2012, under | No comments


 
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာ မုနိဘုရားကြီးရှိ ၀န်ထမ်းအချို့က အလှူခံသေ တ္တာပုံးများ အတွင်းမှအလှူငွေ များေ  ဖာက်ထွ င်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍ အမှူဖွင့် တိုင်ကြား ထားကြောင်း သတင်းရရှိသည်။ “အဲဒီအချိန်တုန်းကကိုယ် တို့ဂေါပက သက်တမ်း(၃)လ ပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန် ထမ်းတွေကို လည်းအဲလို လုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေ ဘက် အာရုံစိုက်နေ တဲ့အချိန် ခုလိုဖြစ်သွား ခဲ့တာပါ။ ခုကျမှသူတို့ချင်းအ သံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိ ဘု ရားကြီး ဂေါပက အဖွဲ့မှ အတွင်းရေး မှူးဦးစိန် သင်ကပြောသည်။

၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူမသိ ရှိရသေး ကြောင်း၊ ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျဝန်ထမ်း(၁၁)ယောက်ကို ရာထူး မှချကာ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင် ကြားထား ကြောင်း ဦးစိန်သင်ကပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့် ချမ်းမြသာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့ မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့ ဆောင်ရွက် နေကြောင်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြန်လည်ပြောကြားသည်။ မဟာမုနိဘုရားကြီးတွင် လျှပ်စစ်မီး၊ ရွှေသင်ကန်း ကပ်လှူရန် နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။

From -7DayNewsJournal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်