Tuesday, August 21, 2012

ဂျပန်တက်ကြွ လှုပ်ရှားသူများသည် ဒိုင်အိုယုကျွန်းစုသို့ ရောက်ရှိလာခဲ့ကြသည်ဟုဆို

Posted by drmyochit Tuesday, August 21, 2012, under | No comments



    ဂျပန်နိုင်ငံသား တက်ကြွလှုပ်ရှား သူအနည်းဆုံး ၉ ဦးခန့်သည် ဒိုင်အိုယုကျွန်းစုပေါ်သို့ သြဂုတ်လ ၁၉ရက်နေ့တွင် တက်ရောက်ခဲ့ကြကြောင်း ဂျပန်ကမ်းခြေ စောင့်တပ်ဖွဲ့က အတည်ပြုပြော ကြားခဲ့သည်ဟု Qin Gang သတင်းတစ်ရပ် အရသိရှိရပါသည်။ ဂျပန်တက်ကြွ လှုပ်ရှားသူ ၁၅ဝ ခန့်နှင့် ရေယာဉ် ၂၁ စီးတို့သည် ဒိုင်အိုယုည ကျွန်းစုအနီး ရေပြင်ပိုင်နက် အတွင်းသို့ သြဂုတ်လ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် ရောက်ရှိလာခဲ့ ကြခြင်းဖြစ်ပါသည်။

 အဆိုပါ အုပ်စုသည်၁၉၄၅ ခုနှစ် စစ်ပွဲကာလအတွင်း သေဆုံးခဲ့ရ သူများအတွက် အထိမ်းအမှတ် အခမ်းအနား တစ်ရပ်ကျင်းပရန်နှင့် အဆိုပါကျွန်းစု အနီးရှိရေပြင် ပိုင်နက်အတွင်း ငါးဖမ်းမှု အခြေအနေများ ကိုစုံစမ်း စစ်ဆေးပြီး ဒိုင်အိုယုကျွန်းစုမှာ ဂျပန်ပိုင်နက်နယ် မြေဖြစ်ကြောင်း ကြေညာရန်အတွက် စီစဉ်ထားသည် ဟုဆိုပါသည်။ တရုတ်နိုင်ငံ ကဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ရန်ကြိုးပမ်း သည့်လုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Qin Gang ကပြောကြားခဲ့ပါသည်။ အဆိုပါ ဂျပန်တက်ကြွ လှုပ်ရှားသူများ ရောက်ရှိလာမှုသည် တရုတ်နိုင်ငံသား တက်ကြွလှုပ်ရှားသူ ၁၄ ဦးက ဟောင်ကောင် ငါးဖမ်းသင်္ဘော တစ်စီးဖြင့် ဒိုင်အိုယုကျွန်းစုမှာ တရုတ်ပိုင်နက်နယ် မြေဖြစ်ကြောင်း သက်သေပြရန်အတွက်သဂုတ်လ၁၅ရက်နေ့တွင် အဆိုပါကျွန်းစုသို့ ရောက်ရှိလာခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်