Sunday, September 07, 2014

အိမ်အကူ ရိုက်နှက်ခံရမှု စစ်ဆေးတော့မယ်

Posted by drmyochit Sunday, September 07, 2014, under | No comments

“ဘယ်ဘက်လက်က တံမြက်စည်းနဲ့ တအားရိုက်တာကို ကာလိုက်လို့ ကျိုးသွားတာ၊ တင်ပါးမှာ အရိုက်ခံရ လို့ အညိုမည်း စွဲပြီးတော့ ဆေးရုံမှာ ခွဲတောင်ထုတ်ရတယ်၊ ပါးစပ်တွေနဲ့ ပါးတွေကို မီးပူနဲ့ ကပ်တယ် မျက်နှာကိုလည်း သစ်သားတုတ်နဲ့ ရိုက်တယ်” လို့ အသက် ၁၄ နှစ်အရွယ် အိမ်အကူတစ်ဦးက ပြောဆိုတာပါ။

အိမ်အကူ တစ်နှစ်ခွဲကြာ လုပ်ကိုင်စဉ် ကာလအတွင်း မင်္ဂလာဒုံမြို့နယ်က အိမ်ရှင်သုံးဦးက ရိုက်နှက်မှုကို အိမ်အကူ မိန်းကလေးက ရှင်းပြနေတာပါ။

“ရိုက်ထားတဲ့ ဒဏ်ရာက သွေးတွေ ကလေးအနှီးမှာ စွန်းသွားလို့ ရေနွေးကို ဆူအောင်တည်ပြီး ကလေးအနှီးပေါ် လောင်းချတယ်။ ပြီးတော့ အနှီးထဲကို သမီးရဲ့လက်စိမ်ခိုင်းတယ် ” လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီ အိမ်အကူ မိန်းကလေးကို ရိုက်နှက်ခဲ့တယ် ဆိုတဲ့ အိမ်ရှင် မိသားစု သုံးဦးကိုတော့ သက်ဆိုင်ရာ ရဲစခန်းက စက်တင်ဘာလ ဒုတိယပတ်မှာ စစ်ဆေးမယ်လို့ အဲဒီရဲတပ်ဖွဲ့စခန်းက ရဲအရာရှိတစ်ဦးက ပြောဆိုပါတယ်။

ရိုက်နှက်ခံရတဲ့အတွက် အိမ်အကူ မိန်းကလေးမှာ ဘယ်ဘက် လက်ဖျံရိုးနဲ့ လက်ဆစ်များကျိုးဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ တင်ပါးနဲ့ ခြေသလုံးတွေမှာ ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံမှာ ခွဲစိပ်ကုသမှု ခံယူခဲ့ရတယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

အိမ်ရှင် သုံးဦးကိုတော့ အပြင်းအထန် နာကျင်စေမှု၊ သေစေနိုင်သော ပစ္စည်းများ အသုံးပြုခဲ့တဲ့အတွက် ပုဒ်မ ၃၂၅၊ ၃၂၆နဲ့ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့လည်း သူကရှင်းပြပါတယ်။
အိမ်အကူ မိန်းကလေးဟာ သြဂုတ်လ ၂၀ရက်နေ့မှာ အလုပ်ထွက်ခဲ့တယ်လို့ မိန်းကလေးရဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

ရိုက်နှက်ခဲ့တယ် ဆိုပြီး စွပ်စွဲခံရတဲ့ မိသားစုဝင် သုံးဦးကို စက်တင်ဘာလ ၆ ရက်နေ့မှာ ခြောက်ကြိမ်ထက်မနည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။

The Voice Weekly

Wednesday, September 03, 2014

မူးယစ်ဆေး၊ လက်နက်ဖမ်းမိမှုနဲ့ တိမ်းရှောင်နေသူ ကုမ္ပဏီပိုင်ရှင်ကို ဖမ်းမိပြီ

Posted by drmyochit Wednesday, September 03, 2014, under | No comments

လွန်ခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိတဲ့ အမှုကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံဟု ရဲတပ်ဖွဲ့က ဆိုတဲ့ ကုမ္ပဏီပိုင်ရှင် ဦးရဲထွန်းကျော်ကို ရခိုင်ပြည် နယ် မြောက်ဦးမြို့မှာ ဖမ်းဆီး ရမိပြီလို့ သိရပါတယ်။
 ဦးရဲထွန်းကျော်၊ ဓာတ်ပုံ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ
မူးယစ်ဆေးဝါးလုပ်ကိုင်တယ်ဆိုတဲ့ ဦးရဲထွန်းကျော်ကို ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။

“သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး (အလေး ချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုမှ မူးယစ်ဆေးဝါးများ
ရောင်း ချခိုင်းသူ Natural Force Co.,Ltd. ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော် သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက် သို့ တိမ်းရှောင်သွားကြောင်း သတင်းအရ သြဂုတ် ၃၁ ရက်တွင် မူးယစ် တပ်ဖွဲ့စု(၄၇)စစ်တွေ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်း- ကျောက်တော်သွား ၅ မိုင်အကွာ ယိုးငူဆိပ်ကမ်းတွင် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရဲထွန်းကျော်သည် သြဂုတ် ၂၉ ရက် ညပိုင်း တွင် YGN-2E/8123 Kluger မော်တော်ယာဉ်ဖြင့် အမ်းမြို့သို့ ထွက်ခွါ သွားကြောင်း သတင်းရရှိပါသည်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာက ဆိုသည်။

ဆက်လက်ပြီး ရဲတပ်ဖွဲ့က ရေးသားချက်အရ သြဂုတ် ၃၁ ရက် ၂၂၁ဝ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E/8123 Kluger မော်တော်ယာဉ်အား တွေ့ရှိ စုံစမ်းရာမှ ရဲထွန်းကျော်သည် သြဂုတ် ၃ဝ ရက်နေ့ ဝ၇၁ဝ အချိန် တွင် မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း ၏ နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအတိ အကျရရှိသဖြင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ချိတ်ဆက်၍ မြောက်ဦးမြို့၊ တောင် ရပ်(၂)လမ်း၊ အမှတ် (တ၇/၂၂၄)နေ ဦးကျော်ဆန်း ၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ၁၈၄၅ အချိန် ဝင်ရောက် ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် (၃၅ နှစ်) အား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်အစကတော့ မူးယစ်ဆေးပြားတွေ သယ်ဆောင်လာတဲ့ လူ ၂ ဦးကို ရဲက ဖမ်းဆီးရမိပြီး စစ်ဆေးရင်း သူတို့ရဲ့ ဖော် ထုတ် စစ်ဆေးချက်အရ ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည့် Natural Force Co.,Ltd. ကုမ္ပဏီ ပိုင်ရှင် အိမ်ကို သွားရောက်စစ်ဆေးတဲ့အခါ နောက်ထပ် မူးယစ်ဆေးဝါးတွေနဲ့ သေနတ်နဲ့အတူ ပိုင်ရှင် အမျိုးသမီးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

ကုမ္ပဏီပိုင်ရှင် ဦးရဲထွန်းကျော်ကတော့ အဲဒီတုန်းက ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ သိရပါတယ်။

Natural Force Co.,Ltd. ကို ၂ဝဝ၇ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုလို မူးယစ်ဆေးဝါး အများ အပြား ဖမ်းဆီး ရမှုနဲ့ ပတ်သက်ပြီး ပထမဆုံး စီးပွားရေး ကုမ္ပဏီတခုလို့လည်း ပြောလို့ရနိုင်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

Tuesday, August 05, 2014

လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှု စီစီတီဗီဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ

Posted by drmyochit Tuesday, August 05, 2014, under , | No comments


လှိုင်သာယာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အ မျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် စီစီတီဗီမှတ်တမ်းဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့က ထိုသို့ အင်တာနက်ပေါ်မ တင်ကြရန်သတိပေးထားသည်။

အဆိုပါ စီစီတီဗီရုပ်သံဖိုင် သည် ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့နေရာ လူအများကြည့်ရန် မသင့်လျော်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ Yangon Police ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘ကြည့်ရှုသူပြည်သူများအ နေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အ နှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ် သောပြဿနာများဖြစ်ပွားလာနိုင် ပြီးတစ်ဦးတစ်ယောက်၏ လုံခြုံ ရေးကို ထိခိုက်နိုင်ဖွယ်ရှိသဖြင့် အလားတူဗီဒီယိုဖိုင်များ နောင် တွင် ဖော်ပြခြင်းမပြုပါရန်မေတ္တာ ရပ်ခံအပ်ပါသည်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတိ ပေးသည်။

သို့သော် မှုခင်းနှင့်ဆက်နွှယ် နေသည့်အဆိုပါ စီစီတီဗီဖိုင်မည် ကဲ့သို့ ထွက်ပေါ်လာသည်ကိုမူမ သိရှိရပေ။
လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းဘေးရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်၌ ဇွန် ၉ ရက်ညက စားပွဲဝိုင်းတစ်ဝိုင်းစီတွင် ခေါက်ဆွဲစား၊ လက်ဖက်ရည်သောက်နေကြသော အမျိုးသားသုံးဦးနှင့် လူငယ်ငါးဦးတို့ ရန်ဖြစ်ခဲ့ကြသည်။ တစ်ဖက်ဝိုင်းမှ လူငယ်တစ်ဦးက လက်သီးဖြင့်စထိုးရာ ခေါက်ဆွဲကြော်စားနေသော သေဆုံးခဲ့သူက ခက်ရင်းဖြင့် ပြန်ထိုးသည်။ ထိုအခါ လူသတ်သမားက ဓားဖြင့်အချက်ပေါင်းများစွာပြန်ထိုးပြီးနောက်နှစ်ဦးကိုလည်း ထိုလူငယ်များက ဓာတ်ဘူးနှင့်ရိုက်၊ ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့် ၀ိုင်းထိုးခဲ့သည်။

ယင်းကဲ့သို့ အက်ရှင်ဇာတ်ကားဆန်ဆန် ဖြစ်ပွားသည့် လူသတ်မှုတစ်ခုလုံးကို ဆိုင်ရှိစီစီတီဗီက ရိုက်ကူးခဲ့သည်။

ထိုသို့ အုပ်စုဖွဲ့ထိုးသတ်ခဲ့သ ဖြင့် တစ်ဦးသေဆုံးပြီးကျန်နှစ်ဦး လည်း ဒဏ်ရာများရခဲ့၍ လှိုင် သာယာဆေးရုံတွင်အတွင်းလူနာ များအဖြစ် ဆေးကုသခဲ့ရသည်။ ယင်းသို့ ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်းက ပြစ်မှု ပုဒ်မ ၃၀၂/၃၂၅/၁၄၄ဖြင့်အမှုဖွင့် လှစ်ပြီးဆယ်ကျော်သက်လေးဦး နှင့် အသက်(၂၄)နှစ်အရွယ်ရှိအမျိုး သားတစ်ဦး၊ စုစုပေါင်း ငါးဦးတို့ကို ဖမ်းဆီးထားပြီး အမှုစစ်ဆေးဆဲဖြစ်ကြောင်း စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

7Day Daily

Wednesday, July 23, 2014

ကမ္မမြို့နယ်မှာ စကားများရန်ဖြစ်စဉ် ဓါးဖြင့်အထိုးခံရ၍ ၀မ်းဗိုက်မှအူများထွက်ပြီး သေဆုံး

Posted by drmyochit Wednesday, July 23, 2014, under | No comments

စကားများရန်ဖြစ်စဉ် ဓါးဖြင့်အထိုးခံရ၍ သေဆုံး

နေပြည်တော်၊ ဇူလိုင် ၂၃

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ကမ္မမြို့နယ်၊ စစ္စရံကျေးရွာနေ ဦးစိန်ဝင်း(၅၂)နှစ်သည် နေအိမ်တွင်အိပ်နေစဉ် ညီဖြစ်သူ သိန်းလွင် (၄၀)နှစ်မှာ ဓါးဖြင့်အထိုးခံရကြောင်းသိရ၍ သွားရောက်ကြည့်ရှုခဲ့သည်။

 ထိုသို့သွားရာ ထွန်းထွန်း (၃၇)နှစ်၏တဲတွင် သိန်းလွင်အား ၀မ်းဗိုက်မှအူများထွက်ပြီး သေဆုံးနေသည်ကိုတွေ့ရှိရသောကြောင့် မေးမြန်းရာ ထွန်းထွန်းနှင့် သိန်းလွင်တို့စကားများရန်ဖြစ်စဉ် ထွန်းထွန်းမှ သိန်းလွင်အား ဓါးဖြင့်ထိုး၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းရာ ထွန်းထွန်းအား ကမ္မမြို့မရဲစခန်း (ပ)၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ရှေ့ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်

Posted by drmyochit Wednesday, July 23, 2014, under | No comments


နေပြည်တော်၊ ဇူလိုင် ၂၃

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၂/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၅၆)ရပ်ကွက်နေ ကိုကိုနိုင်(၂၉)နှစ်မောင်းနှင်လာသော 5G/xxxx လင့်ခရူဆာအဖြူရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းအရှေ့ဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ကိုကိုနိုင်တွင် ၀ဲချိုစောင်းပေါက်ပြဲ၊ ယာလက်မောင်းပွန်းပဲ့ ဒဏ်ရာ၊ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်နေ ဦးစိုးစံ(၅၈)နှစ်တွင် ၀ဲလက်ခုံ/ယာခြေခုံပွန်းပဲ့ဒဏ်ရာနှင့် တရုတ်နိုင်ငံသား Mr. Yang Feng (၅၀)နှစ်တွင် ယာလက်ပြင် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိတ်္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့/နောက် လေကာမှန်ကွဲ၊ ၀ဲ/ယာဘေးမှန်ကွဲ၊ အမိုး/ဘောနတ်ဖုံး/ရှေ့ဘန်ဘာပိန်ချိုင့်၍ တန်ဘိုးငွေကျပ် သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုကိုနိုင်အား သီးကုန်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

လေပြင်းတိုက်ခတ်၍ ကုလားတန်မြစ်အတွင်း စက်လှေတစ်စီးနစ်မြုပ်

Posted by drmyochit Wednesday, July 23, 2014, under | No comments

လေပြင်းတိုက်ခတ် မှုကြောင့် ပေါက်တောမြို့နယ်မှ စက်လှေတစ်စီး ကုလားတန်မြစ် အတွင်း နစ်မြုပ်ခဲ့ရာ စက်လှေ မောင်းသူတစ်ဦး သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၅ ရက်က င၀က်စွယ် ကျေးရွာအနီး ကုလားတန်မြစ် အတွင်း လေပြင်းတိုက်ခတ်သ ဖြင့် စက်လှေနစ်မြုပ်မှု ဖြစ်ပေါ် ခဲ့ရာ စက်လှေပေါ်ပါ အလုပ်သ မား  မောင်ဆန်းလှိုင်နှင့် မောင် ယိုင်လှတို့ကို မြစ်တစ်ဖက်ကမ်းရှိ နတ်ဆိတ်ကုန်ဘုတ်ကျေးရွာမှ စက်လှေတစ်စီး လာရောက်ကယ် ဆယ်ခဲ့ပြီး စက်လှေမောင်းသူမှာ မြစ်ထဲတွင် နစ်မြုပ်ပျောက်ဆုံးခဲ့ ကြောင်း သိရသည်။

စက်လှေမောင်းသူ၏ အ လောင်းကို ရေနစ်မြုပ်ပြီး ငါးရက် အကြာ ဇူလိုင် ၂၀ ရက်တွင် င၀က်ကြာကျေးရွာအနီး မြစ်ကမ်း စပ်တွင် ရှာဖွေတွေ့ခဲ့သည်။ အ လောင်းကို ပေါက်တောမြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပေါက် တောမြို့မရဲစခန်းက အမှုဖွင့်စစ် ဆေးလျက်ရှိသည်။

7 Day

Tuesday, July 22, 2014

ဆွံ့အနားမကြားသော အမျိုးသမီးကို ခေါ်ဆောင်သွား၍ သားမယား ပြုကျင့်သည်ဟုဆိုသူကို ၂၄နာရီအတွင်း ဖမ်းမိ

Posted by drmyochit Tuesday, July 22, 2014, under , | No comments

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ် သပြုပင်ကျေးရွာတွင် ဆွံ့အ နားမ ကြားသော အမျိုးသမီးငယ်တစ်ဦး အားတစ်ရွာတည်းနေ အမျိုးသား တစ်ဦးမှ ခေါ်ဆောင်သွားပြီး အလို မတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွား ခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄နာရီ အ တွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူနိုင်ခဲ့ကြောင်း ဒေသခံတို့ ထံက သိရသည်။

ဖြစ်စဉ်အကျဉ်းမှာ ဟင်္သာတ မြို့နယ် သပြုပင်ကျေးရွာရှိ အဒေါ် ဖြစ်သူ ဒေါ်....သည် အိပ်ပျော် သွားစဉ် ၄င်းနှင့်အတူနေထိုင်သူ မ---- (ဆွံ့အ နားမကြား) ၁၇နှစ် သည် ဇူလိုင် ၁၉ရက် ည ၈နာရီခန့် တွင် နေအိမ်ရှေ့ ဖိနပ်ချွတ်၌ သင် ဖြူးဖျာရက်နေစဉ် တစ်ရွာတည်းနေ သိန်းထွန်း(ခ)မိုးကြိုး ၅၂နှစ်မှ လက် ဆွဲ၍ ခေါ်ဆောင်သွားပြီး လယ်ကွင်း ကန်သင်းရိုးပေါ်တွင် သားမယားအ ဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက်မိန်း ကလေးငယ်အား လိန်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်ဆောင် သွားရာ မိန်းကလေးမှ မနေချင်ကြောင်း ပြုမူသဖြင့် ဇလွန်မြို့နယ် ဂွေးတောက် ချောင်ကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်သွားခဲ့ပြီး မိန်းကလေးငယ် အား ချော့မော့ရာမရ၍ ဇူလိုင် ၂ဝ ရက် နံနက် ၄နာရီခန့်တွင် ဟင်္သာတ မြို့ထဲ၌ထားခဲ့ကြောင်း ဒူးယားနယ် မြေရဲစခန်း၏ စစ်ဆေးပေါ်ပေါက် ချက်အရ သိရသည်။
အဒေါ်ဖြစ်သူ ဒေါ်...သည် ဆွံ့အနားမကြားသော တူမဖြစ်သူ မ...အား ညပိုင်းတွင် လိုက်လံရှာ ဖွေရာ မတွေ့သဖြင့် ဇူလိုင် ၂ဝရက် နံနက်၌ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းတို့တွင် တိုင်ကြားခဲ့ သည်။
''အခုဖြစ်ခဲ့တဲ့ မိန်းကလေးက မိဘတွေမရှိဘူး။ အပျိုအဒေါ်ကြီးနဲ့ ဆွံ့အနေတဲ့ မောင်နှမ နှစ်ယောက်ပဲ အတူနေကြတာ။ သူက လက်ဟန်ခြေ ဟန်နဲ့ဘဲ ပြောနိုင်တယ်။ သူ့ကို ဟင်္သာ တမှာထားခဲ့တယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူတို့ကိုမြင်ခဲ့တဲ့သူက အ ကြောင်းကြားလို့ အခုဖမ်းမိတဲ့သူကို စစ်မေးတော့ ဝန်ခံတယ်''ဟု ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောသည်။

အဒေါ်ဖြစ်သူ ဒေါ်....က ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင် ကြားခဲ့ရာ ဒူးယားနယ်မြေရဲစခန်းမှ သိန်းထွန်း (ခ) မိုးကြိုးအား (ပ) အမှတ် ၁၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။
AKK
Democracytoday
Yangon Media Group

အိမ်မှထွက်လာသော မိန်းကလေးကို အဓမ္မကြံစည်သူ ဖမ်းဆီးမိ

Posted by drmyochit Tuesday, July 22, 2014, under | No comments


နေပြည်တော် ဇူလိုင် ၂၁

 နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်တွင် ဖခင်ရိုက်မည်ကိုကြောက်၍ နေအိမ် မှထွက်လာသော အမျိုးသမီးတစ်ဦး အား အဓမ္မကြံစည်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

နေပြည်တော် ဥတ္တရခရိုင် ဥတ္တရ သီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်တွင် ဇူလိုင် ၁ ရက် နံနက် ၁ဝ နာရီ ၅၅ မိနစ်က ၄င်းရပ်ကွက်နေ မ.....(၁၆ နှစ်)သည် ဖခင်ကရိုက်မည် ပြောသဖြင့် နေအိမ်မှ ထွက်လာစဉ် ဥတ္တရသီရိမြို့နယ် အိုးရှင်းစင်တာ အနီး ကွန်ကရစ်လမ်းမပေါ်အရောက် တွင် အမည်မသိ အမျိုးသားနှစ်ဦး နှင့်တွေ့ရာ တစ်ဦးက ဘယ်သွားမှာ လဲဟုမေးရာ မ....က အိမ်က ထွက်လာကြောင်း၊ အလုပ်လုပ်ချင် ကြောင်းပြောရာ လိုက်ပို့ပေးမယ်ဟု ပြောပြီး ရတနာသိဒ္ဓိရပ်ကွက်ရှိ (လမ်းသိ၊ နေအိမ်အမှတ်မသိ)နေအိမ် သို့ခေါ်ဆောင်သွားပြီး နေအိမ်သို့ ရောက်ရှိပြီးနောက် နေအိမ်အပေါ်အခန်းလိုက်ပြမည်ဟုပြောဆိုခေါ် ဆောင်ကာ အိမ်ပေါ်အခန်းတစ်ခန်း အရောက်၌ အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်စဉ် မိခင်ရောက်ရှိ ကြောင်းကြားရသဖြင့် အိမ်အောက်သို့ ဆင်းပြေးချိန်တွင် မ.... လည်း အိမ်ပေါ်မှအောက်သို့ဆင်း၍ ဥတ္တရ သီရိမြို့နယ် ဘုရားကုန်းရဲစခန်းသို့ ချက်ချင်း သွားရောက်တိုင်တန်းပြီး စုံစမ်းရာ ပြစ်မှုကျူးလွန်သူ ညွန့်နိုင် (၄ဝ နှစ်)ဥတ္တရသီရိမြို့နယ် ရတနာ သိဒ္ဓိရပ်ကွက် ခတ္တာ(၁)လမ်း နေထိုင် သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မင်းမင်းလတ်(ရူပဗေဒ)
Myanmaalinn

လမ်းဖြတ်ကူးသည့် ကလေးငယ်တစ်ဦး ကားတိုက်၍ သေဆုံး

Posted by drmyochit Tuesday, July 22, 2014, under | No comments

လမ်းဖြတ်ကူးသည့် ဒုတိယတန်း ကျောင်းသားတစ်ဦး လင်ခရူဇာကားတိုက်ပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က မှော်ဘီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီးအတိုင်း တိုက်ကြီးမှ မှော်ဘီဘက်သို့ မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်၊ မြောက်ပိုင်းတွင် နေထိုင်သည့်အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် လင်ခရူဇာ ပရာဒို ကားတစ်စီးသည် မိုင်တိုင်အမှတ် (၃၆/၆) အရောက်တွင် လမ်းဖြတ်ကူးသူကို ၀င်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အတိုက်ခံရသည့် မှော်ဘီမြို့နယ်၊ ကုလားတန်းကျေးရွာတွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ်၊ ဒုတိယတန်း ကျောင်းသားဖြစ်သူ မောင်မျိုးဇော်တွင် နှာခေါင်းရိုးကျိုး၊ ယာချိုစောင်းကွဲ၊ ၀ဲနားထင်ပွန်း၊ မေးစေ့ ပွန်းဒဏ်ရာများရရှိပြီး မှော်ဘီဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြ ထားသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကိုစိုးသီဟကို အရေးယူပေးပါရန် ရဲအုပ်ဝင်းဌေးက တရားလိုပြုတိုင်တန်းပြီး မှော်ဘီမြို့ မရဲစခန်းမှ ယာဉ်(ပ) ၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

Mizzima

Monday, June 30, 2014

မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး

Posted by drmyochit Monday, June 30, 2014, under | No comments

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

တောထဲမှရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာဆရာဝန်နှင့်ပင် ဆေးကုသမှုခံယူခဲ့သည်။

ဇွန်လ ၂၃ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်သုံးရက်အကြာ ဇွန်လ ၂၇ ရက်တွင် ဖခင်နှင့် အငယ်ဆုံးသားတို့ သေဆုံးသွားပြီး သမီးဖြစ်သူနှင့် သားနှစ်ဦးတို့မှာ မသက်သာ၍ မြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သားနှစ်ဦးမှာ လမ်းတွင် သေဆုံးသွားခဲ့သည်။ သမီးဖြစ်သူမှာ ၀ယ်ဇလီဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက်ဆေးကုသမှုခံယူနေဆဲဖြစ်သည်ဟု တွီဗျာလ်ကျေးရွာသူတစ်ဦးက ပြောသည်။

7 Day

Tuesday, June 17, 2014

သတင်းထောက်ဟုခြိမ်းခြောက်ပြီး အဓမ္မလက်ရောက် အနိုင်ကျင့်ခံရသည်ဟု အမျိုးသမီးတစ်ဦးတိုင်ချက်ဖွင့်

Posted by drmyochit Tuesday, June 17, 2014, under | No comments


ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် (၇) ရပ်ကွက်၌ အသက် (၃၅)နှစ် အရွယ်ရှိ အမျိုး သမီး တစ်ဦးအား သတင်းထောက် ဆိုသူအမျိုးသားတစ်ဦးက မဖွယ် မရာပြောဆိုကာ အဓမ္မခြိမ်းခြောက် လက်ရောက်မှု တစ်ခု ယခုလ ၁ဝ ရက် နံနက် ၉နာရီက ဖြစ်ပွား ခဲ့သည်ဟု လှိုင်သာယာမြို့မ ရဲစခန်းတွင် အမှုဖွင့် ထားသည်။

ဖြစ်စဉ်မှာ ယခုလ ၁ဝ ရက် နံနက် ၉ နာရီတွင် မဝင်းဝင်းသော် (၃၅နှစ်)သည် အကြွေးတောင်း ပြီးပြန် လာစဉ် ဗိုလ်အောင်ကျော် လမ်းနှင့်ဗညားဒလလမ်း သစ္စာရိပ် လက်ဖက်ရည်ဆိုင် ရှေ့အရောက် တွင် ဆိုင်ကယ် စီးနင်းလာသူ အမျိုးသားတစ်ဦးက မဖွယ်မရာ စကားသုံးနှုန်း မေးမြန်းရာမှအစ မကျေနပ်သဖြင့် အပြန် အလှန်စကား များစဉ် လမ်းလျှောက်ထွက်သွား သောမဝင်းဝင်းသော်ကို အဆိုပါ အမျိုးသားက ဆိုင်ကယ်ဖြင့် နောက်မှပွတ်တိုက်ပြီး အသင့်ပါ လာသောကင်မရာဖြင့် မဝင်းဝင်း သော်၏ မျက်နှာကို ဓာတ်ပုံရိုက် သဖြင့် မဝင်းဝင်းသော်ကကင်မရာ ကို ပုတ်ချလိုက်ရာ ကင်မရာမှာ အောက်
သို့ပြုတ်ကျသွားသည်။ တစ်ပြိုင်နက်ပင် ဓာတ်ပုံရိုက်သူ အမျိုးသားက မဝင်းဝင်းသော် ၏ရင်ဘတ်ကို လှမ်း၍ဆုပ်ကိုင် လိုက်ရာ မဝင်းဝင်းသော်၏ လည် ပင်းတွင်ဝတ်ဆင်ထားသော ရွှေ ဆွဲကြိုးမှာ အပိုင်းပိုင်းပြတ်သွား သည့်အပြင် အင်္ကျီများပါ စုတ်ပြဲ သွားသည်။

၎င်းအမျိုးသားက ''ငါဘာကောင်လဲနင်သိလား။ ငါက သတင်းထောက်သန်းထိုက်ဆိုတာ နင်မသိဘူးလား''ဟုပြောဆို ခြိမ်း ခြောက်၍ အခင်းဖြစ်နေရာမှ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် (မြို့မ)ရဲစခန်းတွင် ဆေးစာနှင့်အတူ တရားလိုမဝင်းဝင်းသော်က ယခုလ ၁၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ သဖြင့် (ပ)၈၂၅/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၂၉၄/၃၅၄/ ၃၂၃/၅ဝ၆/ ၄၂၇အရအမှုဖွင့်လက်ခံဆောင်ရွက် ထားသည်။

Union Daily

အင်တာနက်၌ ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးကိုသတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား

Posted by drmyochit Tuesday, June 17, 2014, under | No comments

အလောင်းအား အခင်းဖြစ်ပွားရာနေရာတွင် ဇွန် ၁၃ ရက်က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံ ဥယျာဉ်ပန်းခြံ အတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံ သို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ယင်းသို့အလောင်းအား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ၀ဲဘက်ပခုံး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအရေခွံ အရေပြားစုတ်ပြဲဒဏ်ရာ၊ နောက်စေ့တည့်တည့် ဦးခေါင်းခွံအက်ကွဲ၊ အပေါ်သွားလေးချောင်းနှင့် အောက်သွားလေးချောင်းကျွတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ တိုးချဲ့ (၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ်ဖြစ်ကြောင်းနှင့် အခင်းဖြစ်မည့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အသတ်ခံရတဲ့ကောင်မလေးနဲ့ ကျူးလွန်သွားတဲ့သူက အင်တာနက် Viber ပေါ် မှာတွေ့ရင်း ငြိစွန်းနေတယ်လို့ သိရတယ်။ ပြီးတော့ အခင်းမဖြစ်ခင် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ ရယ်၊ သူဝတ်ဆင်သွားတဲ့ ဆွဲကြိုး၊ လက်စွပ်တို့ဟာ အလောင်းကိုတွေ့တဲ့အချိန်မှာ ပျောက်ဆုံးနေတယ်။ အခင်းဖြစ်တဲ့ဝါးရုံထဲမှာ သူ့လက်ဆွဲအိတ်အခွံရယ်၊ ငါးထောင်ကျပ်တန် နှစ်ရွက်၊ ထီး၊ ဖိနပ်နဲ့ အ၀တ်ဝယ်ရင်ထည့်မယ့် အိတ်တို့ကိုပဲ တွေ့ရတယ်" ဟု မင်္ဂလာဒုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ အသတ်ခံရသူမိန်းကလေး၏ လက်ကိုင်ဖုန်းနံပါတ်အားစုံစမ်းပြီး မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားစုံစမ်းခဲ့ပြီး အခင်းမဖြစ်မီ နံနက်စောစောပိုင်းတွင် အများဆုံးဆက်သွယ်ထားသည့် ဖုန်းနံပါတ်မှာလည်း ၀၉ -----ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးကိုသွားပြီး အခင်းမဖြစ်ခင် အခေါ်များခဲ့တဲ့ အဲဒီဖုန်းနံပါတ်ကို စုံစမ်းတယ်။ အဲဒီဖုန်းကို အမည်ပေါက်ဖုန်းပိုင်ရှင် အောင်--ဆိုတဲ့ သူကမကိုင်ဘဲ၊ သူ့သူငယ်ချင်းဖြစ်တဲ့ ဇာ--ဆိုတဲ့သူက ကိုင်တာဖြစ်ပြီးတော့ အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူရှိနေတယ်လို့ ခြေရာခံမိတယ်။ ပြီးတော့ အလောင်းကပုပ်ပွနေတဲ့အတွက် ကာမကျူးလွန်ခံထားရမှု ရှိ မရှိကို တိကျတဲ့ဆေးစစ်ချက် မထွက်ရှိသေးပါဘူး" ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖုန်းနံပါတ်ကို တွေ့ရှိရပြီးနောက် မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဖုန်းကိုင်ဆောင်သူမှာ ရွာသာအေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ အသက် ၂၄ နှစ်အရွယ် ဇာ--ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇွန် ၉ ရက်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ GI Group ကားဂိတ်မှ ယာဉ်အမှတ် ၅ဃ/....ဖြင့် မန္တလေးသို့ထွက်ခွာသည့် ခုံအမှတ် (၁၁) တွင် ကိုဇာ-- ၈/နမန (နိုင်)----- အား စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဆေးတွေ့ရှိမှုအတွက် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၂၅၈/၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

Eleven

Sunday, June 15, 2014

စစ်ကိုင်း ဇေယျာသီရိ ရုပ်ရှင်ရုံဝင်း အတွင်း လူသေ အလောင်းတွေ့ရှိ

Posted by drmyochit Sunday, June 15, 2014, under | No comments

စစ်ကိုင်း ဇွန်(၁၄)

 စစ်ကိုင်းမြို့ ဇေယျာသီရိ ရုပ်ရှင်ဝင်းအတွင်း ညစောင့် တာဝန်ထမ်းဆောင်နေသူ ဦးဝင်းမြင့် သည် ၁၄-၆-၂၀၁၄ ရက်နေ့ ညနေ (၄)နာရီခန့်က ရုပ်ရှင်ရုံဝင်းအတွင်း အပုပ်နံ့များ ရရှိနေ၍ လိုက်လံရှာဖွေရာ ရုပ်ရှင်ရုံ အနောက်မြောက်ထောင့်ရှိ မိလ္လာကန်အတွင်း လူသေအလောင်း တစ်လောင်းတွေ့ရှိရ၍ စစ်ကိုင်းမြို့မ ရဲစခန်းသို့ ကိုယ်တိုင်သွားရောက် အကြောင်းကြား ခဲ့သည်ဟု သိရသည်။

အဆိုပါ လူသေအလောင်းမှာ ညစောင့်ဦးဝင်းမြင့်ထံသို့ ညစဉ်လာရောက်အိပ်၍ ဘေးအနီး ပတ်ဝန်းကျင်တွင် တောင်းရမ်း စားသောက်နေသူ မောင်ကျော်ဆိုသူ ဖြစ်နိုင်ကြောင်း၊ မလာရောက်သည်မှာ (၃)ရက်ခန့်ရှိပြီ ဖြစ်ကြောင်း ဦးဝင်းမြင့်က ခန့်မှန်း ပြောကြားသည်။

ညနေ (၅)နာရီအချိန်တွင် စစ်ကိုင်းမြို့မရဲစခန်း စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများ ရောက်လာပြီး ရေကန်ကို ရိုက်ဖျက်အလောင်းထုတ်ခဲ့သည်။

အဆိုပါအလောင်းကို ဆေးရုံသို့ပို့ဆောင်ပြီး ဆေးရုံဆေးစစ်ချက်ရမှ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု ပြောဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။ လူသေမှုနှင့် ပတ်သက်၍ ဆေးရုံဆေးစစ်ချက်ကိုရယူကာ သေမှုသေခင်းကို အမှုဖွင့်အရေးယူသွားမည်ဟု သိရသည်။

အဆိုပါ ရုပ်ရှင်ရုံကို မန္တလေးမြို့ ၈၃ လမ်းနှင့် ၂၉ လမ်း ရှိ စူပါကုမ္ပဏီက ၂၀၁၃ ခုနှစ် မတ်လတွင် လေလံအောင်မြင်ခဲ့သည်ဟု သိရသည်။ စစ်ကိုင်းဇေယျာသီရိ ရုပ်ရှင်ရုံသည် ရုပ်ရှင်ပြသခြင်း မရှိဘဲ
ပိတ်ထားခဲ့သည်မှာ (၅)နှစ်ခန့်ရှိပြီဖြစ်သည်ဟု သိရသည်။

လင်းလင်း(သတင်းထောက်)

BY THIT HTOO LWIN


စစ်ကိုင်း ဇေယျာသီရိ ရုပ်ရှင်ရုံဝင်း အတွင်း လူသေ အလောင်းတွေ့ရှိ

Thursday, June 12, 2014

ဘုရင့်နောင်ပွဲရုံတွင် တစ်ညတည်း ပွဲရုံလေးရုံ ဖောက်ထွင်းခံရ

Posted by drmyochit Thursday, June 12, 2014, under | No comments


ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ် ဘုရင်နောင်ပွဲရုံဝင်း အောင်သပြေလမ်းရှိ ပွဲရုံလေးရုံတွင် ဇွန်လ ၁၀ ရက် နံနက်ပိုင်းက ဖောက်ထွင်းဖျက်ဆီးခံရပြီး အမေရိကန်ဒေါ်လာ ၅၀၀၀ အခိုးခံရကြောင်း ဖောက်ထွင်း ခံ ရသော ပွဲရုံများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါလမ်းရှိ အမေရိကန်ဒေါ်လာ ၅၀၀၀ အခိုးခံရသော ပဲမျိုးစုံ ဖြန့်ဖြူးရောင်းချသော ပွဲရုံနှင့် နို့ဆီ၊ ဆေး လိပ် ဖြန့်ဖြူးရောင်းချသည့် ပွဲရုံ၊ နံနံပင်စေ့ ဖြန့်ဖြူးရောင်းချသော ပွဲရုံ၊ အရက်ဘီယာ ရောင်းချသော ပွဲရုံတို့ ဖြစ်ကြောင်း နို့ဆီ၊ ဆေးလိပ် ဖြန့်ဖြူးသည့်ပွဲရုံမှ မန်နေဂျာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြား သည်။

ပဲမျိုးစုံ ရောင်းချသော ပွဲရုံမှာ ဇွန်လ ၁၀ ရက် နံနက် ၁ နာရီခန့်က အမေရိကန်ဒေါ်လာ ၅၀၀၀ ဖောက်ထွင်း ခံရသဖြင့် ဘုရင့်နောင် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း၊ ကျန်ပွဲရုံများမှာ ဖောက်ထွင်း ခံရသော် လည်း တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးမှု မရှိသဖြင့် အမှုမဖွင့်ထားကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။

ယင်းပွဲရုံများမှာ တစ်ဆက်တည်း တည်ရှိပြီး ပဲမျိုးစုံ ရောင်းချသော ပွဲရုံအနီးရှိ အပင်ပေါ်မှတစ်ဆင့် ပွဲရုံ ထပ်ခိုးပေါ် တက်ကာ အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ယင်းပွဲရုံမှ ကန်ဒေါ်လာ ၅၀၀၀ ကို စတင် ဖောက်ထွင်းခဲ့ကြောင်း၊ ယင်းနောက် တစ်ဆက်တည်း ရှိနေသော ပွဲရုံများကို ဆက်လက်ဖောက်ထွင်းပြီး အတွင်းရှိ ပစ္စည်းများကို စားသောက်ခြင်း၊ ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ဖောက်ထွင်းခံရသော ပွဲရုံမှ တာဝန်ရှိသူများက ပြောကြားသည်။

ဖောက်ထွင်းသူများက နံနံပင်စေ့ ပွဲရုံ၌ ပီနံအိတ်ဖြင့် ထည့်ထားသော နံနံပင်စေ့အိတ် ၁၀ လုံးခန့်ကို အချွန်များဖြင့် ထိုးဖောက်ခြင်း၊ အရက်နှင့် ဘီယာ ရောင်းချသော ပွဲရုံအတွင်း အရက်နှင့် ဘီယာများကို ဖောက်ကာ သောက်သုံးထားကြောင်း ယင်းဆိုင်များထံမှ သိရှိရသည်။

“ပွဲရုံကို မနက် ၈ နာရီလောက် ဖွင့်လိုက်တော့ အထဲမှာ ရှုပ်ပွနေတာပဲ။ ငွေသိမ်းကောင်တာမှာ ရှိတဲ့ အံဆွဲလည်း ဖွင့်လျက်သားနဲ့။ ပွဲရုံမှာက ငွေမသိမ်းတော့ ထည့်ထားတဲ့ ဟန်းဆက်နှစ်လုံး ပါသွားတယ်။ နို့ဆီတွေလည်း ဖောက်သောက်ထားပြီး ဆေးလိပ်ဘူး ဖောက်လက်စတွေလည်း တွေ့တယ်” ဟု နို့ဆီနှင့် ဆေးလိပ် ရောင်းချသည့် ပွဲရုံမှ အသက် ၂၀ ကျော် အလုပ်သမားတစ်ဦးက ပြောကြားသည်။

ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း လုံခြုံရေး အားနည်းမှုကြောင့် လုယက်မှု၊ ဖောက်ထွင်းမှုတို့ ဖြစ်ပွားလာပြီး မေလတွင် ကွမ်းယာဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရကြောင်း၊ ဖောက်ထွင်းမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင် တိုးမြှင့်ချထားက ကင်းလှည့် စစ်ဆေးမှုများကို တွေ့ရှိရကြောင်း ဘုရင့်နောင်ပွဲရုံဝင်း နံနံပင်စေ့ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ပွဲရုံမှ အသက် ၂၆ အရွယ်ရှိ အလုပ်သမားတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖောက်ထွင်းမှုများနှင့် ပတ်သက်၍ ဖောက်ထွင်းသမားများကို စုံစမ်းကာ အမြန်ဆုံး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပွဲရုံပိုင်ရှင်များက လုံခြုံရေးကို ဂရုစိုက်ရန် အရေးကြီးကြောင်း ဘုရင့်နောင် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ဇွန်လ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ဘုရင်နောင့် ပွဲရုံဝင်း ငုဝါလမ်းတွင် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးက ငါးခြောက်ဝယ်ရန် ငွေကျပ် ၁၀ သိန်းကို ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ကာ ယူဆောင်လာသော ငွေထုပ်ကို အသက် ၄၃ နှစ်အရွယ် အမျိုးသားက လုယူထွက်ပြေးသဖြင့် အနီးရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း ဘုရင့်နောင်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly

မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး

Posted by drmyochit Thursday, June 12, 2014, under | No comments

မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိ ကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးရွာချိန်၌ မိုင်ကုန်း အမျိုးသမီး တစ်ဦး သည် စက်ဘီးတွန်း၍ ရွာသို့ ပြန်စဉ် ဟန်းဖုန်းကို အိတ်ဖြင့်ထည့်ကာ ရင်ဘတ်အတွင်း ထည့်ထားသည်။

ထိုစဉ် လျှပ်စီးလက်ပြီး ဖုန်း တွင်း လျှပ်စစ်ဓာတ်စီးဝင်ကာ ဖုန်းမျက်နှာပြင် ကြေမွပျက်စီးခဲ့သည်။ ဖုန်းအတွင်းရှိ သံလိုက်ဓာတ်ပွင့်ကာ ခန္ဓာကိုယ်(သို့)ထိခိုက်မိပြီး ယင်းနေရာ၌ သေဆုံးနေခြင်းဖြစ်သည်။

‘‘ဖုန်းဖွင့်ထားချိန်ဆို ဖုန်းက နေ လျှပ်စစ်သံလိုက်စက်ကွင်း ထုတ်ပေးနေတယ်။ တာဝါတိုင်က နေလည်း စက်ဝိုင်းပုံလှိုင်းထုတ် ပေးနေတာ ချိတ်မိတဲ့အခါ လိုင်း မိပြီး ဖုန်းသုံးလို့ရတာ။ မိုးခြိမ်း လိုက်တဲ့အခါ အထူးသဖြင့် မိုး ကြိုးပစ်လိုက်ရင် လျှပ်စစ်သံလိုက် စက်ကွင်းမိသွားတဲ့အခါ သံလိုက် ဓာတ်က လူ့နှလုံးကို ရှော့ခ်ဝင်ပြီး နှလုံးရပ်လို့ သေသွားတာပဲ’’ ဟု မိုဘိုင်းဖုန်း ကျွမ်းကျင်သူ ကိုအောင်သူရက ပြောသည်။

မိုးခြိမ်းသံကြားရပါက လျှပ်စစ်ဓာတ် အသုံးပြုရသည့် မီးလုံး၊ မီးချောင်းများနှင့် ဟန်းဖုန်းကဲ့သို့ လှိုင်းလွှင့်ထုတ် အသုံးပြုရသည့် ပစ္စည်းများ သံလိုက်စက်ကွင်းမိပြီးပျက်စီးတတ်သောကြောင့် ပိတ်ထားသင့်သည်ဟု သိရသည်။

Author: သန်းဌေး
7Day Daily

Wednesday, June 11, 2014

သတ္တမတန်းကျောင်းသူ ကားနှင့်ချိတ်ပါသေဆုံးမှု ရဲနှင့် ဒေသခံများ ရုန်းရင်းဆန်ခတ်ဖြစ်

Posted by drmyochit Wednesday, June 11, 2014, under | 2 comments


မန္တလေး၊ ဇွန် ၁၀

စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသော မန္တလေးမြို့တော်တွင် ဇွန်လ ၉ ရက်နေ့ ည ၉ နာရီကျော်ခန့်က ၆၂ လမ်းပေါ်ရှိ ခုတင် ၃၀၀ ဆံ့ အထူးကု ဆေးရုံကြီးရှေ့၌ မြောက်မှတောင်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးသည် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ပြီး မောင်းနှင် ထွက်ပြေးစဉ် ဆိုင်ကယ်ပေါ်မှ သတ္တမတန်း ကျောင်းသူမှာ ယင်းကားနှင့် ချိတ်ပါသွားကာ ပွဲချင်းပြီး သေဆုံးခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုကို တွေ့မြင်၍ ဒေါသတကြီး လိုက်ပါလာသော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အမှုကို မျက်မြင် တွေ့ရှိသူများက ပြောကြားသည်။

အဆိုပါ Tiger 4wheel ကား နံပါတ် ygn 6f 5237 သည် ကျူရှင်ကြို ပြန်လာသော သားအမိ ဆိုင်ကယ်ကို ဝင်တိုက်ခဲ့ပြီး ယာဉ်ကို ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးရာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသော သတ္တမတန်း ကျောင်းသူမှာ ယာဉ်နှင့် ၁၅ ပေနီးပါးခန့်အထိ ငြိပါသွားခဲ့ပြီး ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအမှု မျက်မြင်သက်သေများထံမှ သိရသည်။

“ကားက ဆိုင်ကယ်ကို တိုက်မိလိုက်ပြီး ဆိုင်ကယ် ခါယမ်းသွားတာကို မြင်တော့ မရပ်ဘဲ မောင်းပြေးတယ်။ ကံဆိုးချင်တော့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ခုနစ်တန်း ကျောင်းသူလေးက ကားနဲ့ငြိပါသွားတယ်။ အဲဒါကို ဘေးကလူတွေကမြင်လို့ ဝိုင်းအော်တာတောင် ရပ်မပေးဘဲ မောင်းပြေးသွားတယ်။ ဒါနဲ့ ဘေးနားက လူတွေအားလုံး ဒီကားနောက်ကို လိုက်ကြတော့ သူနာပြု တက္ကသိုလ်ရှေ့မှာ တခြားကားတစ်စီးကို တိုက်မိပြီး မှောက်သွားတယ်။ နောက်က လိုက်လာတဲ့ လူတွေလည်း အုံနေတာပေါ့။ ပြီးတော့ ရဲတွေ ရောက်လာတယ်၊ ဒေါသထွက်နေတဲ့ လူအုပ်ကလည်း ဒီတိုက်သွားတဲ့ ကားသမားကို ထုတ်ပေးခိုင်းတဲ့အချိန် ရဲတွေနဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားတဲ့ အနေအထား ဖြစ်သွားတယ်” ဟု မျက်မြင်သက်သေ တစ်ဦးဖြစ်သူ ဦးအောင်ခန်းမိုးက ဆိုသည်။

အဆိုပါယာဉ်သည် သူနာပြုတက္ကသိုလ် ရှေ့အရောက်တွင် ရှေ့မှ မတ်တူးယာဉ်ကို တိုက်မိကာ လမ်းဘေးသို့ထိုးကျ တိမ်းမှောက်သွားကြောင်း၊ မိနစ်ပိုင်း အတွင်းတွင် အဆိုပါ ဖြစ်ပွားသည့် နေရာသို့ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့များ ရောက်ရှိလာချိန်တွင် လူဦးရေ ၅၀ ကျော်ခန့်ရှိသော လူအုပ်ကြီးသည် အဆိုပါ ယာဉ်မောင်းနှင်သူကို ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့က ထုတ်ပေးရန် ငြင်းဆန်သည့် အချိန်တွင် လူအုပ်ကြီးက အဆိုပါယာဉ်ကို ခဲများဖြင့် ပစ်ပေါက်ရာ အဆိုပါ ကားအနီးတွင် ရပ်တန့်ထားသော ရဲအချုပ် ကားကိုလည်း ထိမှန်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ယင်းလူအုပ်ကြီးသို့ ယာဉ်မောင်းနှင်သူကို ပြင်းထန်စွာ အရေးယူပေးမည်ဟု ကတိပေးပြီးမှ ရုန်းရင်းဆန်ခတ်မှု ပြေလည် သွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ နေရာတွင်ရှိနေသူ ဦးနေမျိုးက ပြောကြားသည်။

“ကားချင်း တိုက်ခံလိုက်တဲ့ မတ်တူး ကားပိုင်ရှင် ဦးတင်ထွေးကို ကျေးဇူးတင်ရမှာပါ။ ဒီကားနဲ့ တိုက်မိသွားလို့သာ မောင်းပြီး ထွက်ပြေးသွားတဲ့ကားက လမ်းဘေးကို ထိုးချသွားပြီး တိမ်းမှောက် ရပ်တန့်သွားလို့ ဖမ်းမိသွားတာ။ မဟုတ်ရင် ဘယ်အထိ ပြေးမလဲမသိဘူး။ တိုက်ခံလိုက်ရတဲ့ ကားလည်း တော်တော် ပျက်စီးသွားပုံရတယ်။ ကားကို မဆင်မခြင်မောင်း၊ ယာဉ်တိုက်မှုဖြစ်တော့ ထွက်ပြေးတယ်။ ကြားထဲက ကလေးငယ်လေးတစ်ဦးက အပြစ်မဲ့ သေဆုံးသွားခဲ့ရတယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကလေးငယ်မှာ အ.ထ.က ၁၄ မှ သတ္တမတန်း ကျောင်းသူ ဖြစ်ကြောင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်သူ အသက် ၂၀ နှစ်အရွယ် ဦးခန့်ညားလှိုင်ကို ယာဉ် ပ/၁၅၊ ပြစ်မှုဆိုင်ရာပုဒ်မ ဥပဒေ ၃၀၄က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ကျွန်တော့်ကားကို ဝင်တိုက်သွားတယ်။ တိုက်မိတဲ့အရှိန်နဲ့ တစ်ဖက်လမ်းကြော ရောက်သွားပြီးတော့ မှောက်သွားတယ်။ ကျွန်တော့်ကား ရှေ့ပိုင်းလည်း စုတ်ပြတ်သွားတယ်”ဟု ကားဖြင့်တိုက်ခံရသည့် အခြားကားတစ်စီး၏ ပိုင်ရှင်ဖြစ်သူ ဦးတင်ထွေးက ပြောကြားသည်။

The Voice Weekly

လှိုင်သာယာတွင် အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသေဆုံးမှု ထပ်မံဖြစ်ပွား

Posted by drmyochit Wednesday, June 11, 2014, under | No comments



အုပ်စုဖွဲ့ရိုက်နှက်ကာ ဓားဖြင့်ထိုးသဖြင့် အသက်(၂၀) ကျော်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု လှိုင်သာယာမြို့နယ်အတွင်း ထပ်မံဖြစ်ပွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် ရဲစခန်းမှတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလဒုတိယပတ်အတွင်းကလည်း လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူများ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်လခန့်အကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ထို့ပြင် အရင်လက ကယ်ရီသမားများ အုပ်စုဖွဲ့ရိုက်နှက်ခံရသည့်သူမှာ (၁၉)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယခု သေဆုံးသွားသူမှာလည်း (၁၉)ရပ်ကွက်တွင် နေထိုင်သူပင် ဖြစ်သည်။

“အခုဝိုင်းရိုက်တဲ့ ကောင်လေးတွေက အသက်(၁၉)နှစ်၊ (၂၀)နှစ်ဝန်းကျင်ရှိ ကောင်လေးတွေ။ (၁၃)နှစ် ကောင်လေးတစ်ယောက်တောင် ပါသေးတယ်”ဟု ၎င်းက ပြောသည်။

ဖြစ်ပွားပုံမှာ(၁၉)ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းဘေးရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင် သောက်နေသည့် ကိုထွန်းနိုင်ဝင်းနှင့် သူငယ်ချင်းနှစ်ဦးသည် ဘေးဝိုင်းမှအမည် မသိလူငယ် ငါးဦးကို “ဒီဘက်ဝိုင်းကစကားပြောတာ အရမ်းကျယ်တယ်။ ရဲစခန်းအကြောင်းကြားပါ”ဟု ဆိုင်ရှင်ထိုင်သည့် ကောင်တာဘက်သို့ လှမ်းပြောရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ရဲဝန် ထမ်းက ပြောသည်။

ယင်းသို့ ဆိုင်ရှင်အား လှမ်းအော်ပြီး နောက်ပိုင်းတွင် လူငယ်ငါးဦးသည်အပြင် သို့ထွက်သွားပြီး ၁၀ မိနစ် ခန့်အကြာတွင် ပြန်လည်ရောက်ရှိလာကာ ဆိုင်ရှင်ကို လှမ်းပြောသည့် ကိုထွန်းနိုင်ဝင်းနှင့် ကိုဇော်ကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး ကိုသန်းဇော်ဦးကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ကိုထွန်းနိုင်ဝင်းတွင် ၀ဲချိုစောင်းပေါက်ပြဲ ဒဏ်ရာ၊ ကိုဇော်တွင် ၀ဲချို စောင်း၊ နဖူးထိပ်၊ ၀ဲလက်ကောက်ဝတ် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဓားဖြင့်အထိုးခံ ရသည့် ကိုသန်းဇော်ဦး၏ ၀ဲနံစောင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်ခါး စောင်းတွင်ထိုးသွင်း ဒဏ်ရာတစ်ချက်နှင့် နောက်ကျောဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ တွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကိုထွန်းနိုင်ဝင်း၏ တရားလိုပြုတိုင်တန်းချက်ကို လှိုင်သာယာ မြို့နယ်ရဲစ ခန်းက (ပ)၈၁၆/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၅/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးစစ်ဆေး လျက်ရှိသည်။

ပြီးခဲ့သည့်မေလ ၂၅ ရက်ကလည်း ရည်းစားကိစ္စဖြင့် စကားများရာမှ လူငယ်ငါးဦးက သံပိုက်လုံးဖြင့် ၀ိုင်းဝန်းရိုက်နှက်သဖြင့် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုတောင် ဒဂုံမြို့နယ် ပင်လုံခုံးတံတားအနီးတွင် ဖြစ်ပွားခဲ့သည်။

Mizzima Burmese

သားအမိနှစ်ဦးကို ကားဖြင့် တိုက်ထွက်ပြေးသူကို ၀ိုင်းဝန်း ဖမ်းဆီး

Posted by drmyochit Wednesday, June 11, 2014, under | No comments

၉.၆.၂၀၁၄ ရက်နေ့ည ၉နာရီ၃၅မိနစ် ၀န်းကျင်ခန့်က မန္တလေး မြို့ ၆၂လမ်းနှင့်သိပ္ပံလမ်း မီးပွိုင့်အနီးတွင် မြောက်မှတောင်သို့ သားအမိနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်အား ဖိုးဝှီးအမျိုးစား ကားတစ်စီးမှ နောက်မှ ၀င်တိုက်ခဲ့ရာ ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသူ ၇တန်းကျောင်းသူလေးမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မိခင်မှာလဲ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည် ။

ဖိုးဝှီးမောင်းနှင်သူမှာ အခင်းဖြစ်ချိန်က ကားအား ရပ်တန့်ပေးခြင်းမရှိပဲ အရှိန်ပြင်းစွာဖြင့် ဆက်လက်မောင်းနှင်ထွက်ပြေးသွားရာ ၄င်းကားနောက်သို့ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ လူများ ၀ိုင်းလိုက်ခဲ့ရာ ၆၂လမ်းအရိုးဆေးရုံအနီးတွင် ဆရာဝန်တစ်ဦးမောင်းနှင် လာသောကားမှ အရှေ့မှ ကန့်လန့်ခံပိတ်ပေးလိုက်ရာ မှ အဆိုပါကန့်လန့်ခံ ပိတ်သောကားအား ဆက်လက်တိုက်မိပြီးလမ်းဘေးသို့ဘေးစောင်းလဲသွားခဲ့သည် ....။

တာဝန်ရှိသူများ အချိန်မှီရောက်ရှိလာပြီး တိမ်းမှောက်သွားသောကားအား ကရိန်းဖြင့် ဖယ်ရှားရန်ကြိုးစားနေစဉ် စာနာမှု့ကင်းမဲ့စွာ မောင်းနှင်ထွက်ပြေးသော ယာဉ်မောင်းအပေါ် ပတ်ဝန်းကျင်ရှိလူအုပ်ကြီးမှ ဒေါသထွက်ရှိပြီး တိုက်ပြေးသောကားအား ခဲများဖြင့် ပစ်ပေါက်ခဲ့သည် ။

အဆိုပါခဲများဖြင့် ၀ိုင်းပစ်ပေါက်မှုကြောင့် ဖိုးဝှီးကားရှေ့မှန်နှင့်ဘေးတံခါးမှန်များ ကွဲသွားခဲ့ပြီး အဆိုပါကားအား လာရောက်သယ်ဆောင်သော ကရိန်းကားဘေးမှန် နှင့် ၇ဲအချုပ်ကားတစ်စီး ရှေ့မှန်တို့ခဲမှန်ကွဲကြေသွားခဲ့သည် ။

တာဝန်ရှိသူများမှ ဒေါသထွက်နေသော လူအုပ်ကြီးအား တရားခံအား ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး ခဲများဖြင့် မပစ်ပေါက်ရန် မေတ္တာ ရပ်ခံကာ တိုက်ပြီးထွက်ပြေးသောကားအား ကရိန်းဖြင့် မသယ်ဆောင်သွားခဲ့ကြောင်း ကြားသိရပါသည် ။

သတင်း / ဓါတ်ပုံ - ကပ္ပိယ သာဂိ
BY THIT HTOO LWIN





Sunday, June 08, 2014

တက္ကသိုလ် ၀င်တန်း စာမေးပွဲကျ၍ မောင်တောတွင် ကျောင်းသူ တစ်ဦး ဆေးသောက် သေဆုံး

Posted by drmyochit Sunday, June 08, 2014, under | No comments


မောင်တော၊ ဇွန် ၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသူတစ်ဦးသည် ဂုဏ်ထူးပါမည်ဟု မှန်းထားသော်လည်း စာမေးပွဲ ကျဆုံးသဖြင့် သွေးကျဆေး ၂၂ လုံး သောက်ပြီး သေဆုံးသွားကြောင်း အဆိုပါကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။

သေဆုံးသူ ကျောင်းသူမှာ အသက် ၁၈ နှစ်အရွယ် မမေသန်းစိုး ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သုံးနှစ် ဖြေဆိုခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရှိရသည်။

“စာမေးပွဲကျမှန်း ရင်းနှီးတဲ့ ကျောင်းဆရာတစ်ဦးက ပြောလိုက်တော့ စိတ်ထိခိုက်ပြီး သူ့အဖေ သောက်နေတဲ့ သွေးကျဆေး ၂၂ လုံးကို သောက်ပြီး သေသွားတာပါ” ဟု ယင်းကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

မမေသန်းစိုးသည် ဇွန်လ ၆ ရက်နေ့ ည ၁၀ ခန့်တွင် စာမေးပွဲ ကျဆုံးကြောင်းကို သိရှိခဲ့ပြီး ယင်းညဥ့်တွင် သွေးကျဆေးများကို သောက်သုံးခဲ့ရာ ဇွန်လ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ဇွန်လ ၇ ရက်နေ့ ညပိုင်းတွင် ၎င်းကို သင်္ဂြိုဟ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရှိရသည်။

မောင်တောမြို့နယ်တွင် စာစစ်ဌာန လေးခုအနက် ကြိမ်ချောင်း အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနတွင် ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူပေါင်း ၃၈၀ ဦးရှိပြီး ၂၇ ဦး အောင်မြင်ခဲ့ကြသည်။

(ခင်မောင်အေး)

The Voice Weekly

Saturday, June 07, 2014

ရွှေမန္တလာခရီးသည်တင်ယာဉ် မတော်တဆမှုဖြစ်ပွား၊ လူအသေအပျောက် မရှိ

Posted by drmyochit Saturday, June 07, 2014, under | No comments

လားရှိုး၊ ဇွန် (၇)

ဇွန်လ (၆) ရက်နေ့ ၊ နံနက် ၇ နာရီခန့် တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ နယ်၊ စံလောင်းကျေးရွာ အနီး၊ မိုင်တိုင် အမှတ် (၁၃၄/၄)တွင် မန္တလေးဖက်မှ လားရှိုးသို့  မောင်းနှင်လာသော ရွှေမန္တလာ ခရီးသည်တင်ယာဉ်သည် လားရှိုးဖက်မှ မန္တလေးဖက်သို့  မောင်းနှင်နေသော ကင်တာကုန်တင်ယာဉ်အား တိုက်မိပြီး မြေသယ်ယာဉ် တစ်စီး အား ဆက်တိုက်မိကာ သစ်ပင်တစ်ပင်နှင့်တိုက်မိရပ်တန့် သွားခဲ့ရာ ရွှေမန္တလာယာဉ်မောင်း၊ ယာဉ်လိုက်များ ပွန်းပဲ့ ဒဏ်ရာရာများ ရရှိခဲ့ပြီး ခရီးသည် အသေအပျောက်မရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၃၄/၄) အနီးတွင် မန္တလေးဖက်မှ လားရှိုးသို့  ယာဉ်မောင်း အောင်မြင့်စိုး (၃၁) နှစ် မောင်းနှင်လာသော ၅ဃ/xxxx Scana အစိမ်းရောင် ရွှေမန္တလာ ခရီးသည်တင်ယာဉ်သည် လားရှိုးဖက်မှ မန္တလေးဖက်သို့  ယာဉ်မောင်း ဖြိုးရဲရင့်လွင် မောင်းနှင်လာသော 4G/xxxx ကင်တာ အပြာရောင် ကုန် တင်ယာဉ်အား တိုက်မိပြီး တစ်ဆက်တည်း ယာဉ်မောင်း စိုင်းအောင်ညွန့် မောင်းနှင်လာသည့် CNJ တံဆိပ် မြေသယ်ယာဉ်အ၀ါရောင်၏ ယာဉ်ဦးခေါင်းတံခါး ၀ဲဖက်ခြမ်းသကို ထပ်မံတိုက်မိကာ လမ်းဘေးရှိ သစ်ပင်တစ်ပင်နှင့် တိုက်မိပြီး ရပ်တန့် သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ရွှေမန္တလာခရီးသည်တင်ယာဉ်မှ ယာဉ်မောင်း အောင်မြင့်စိုး နှင့် ယာဉ်နောက်လိုက် ကျော်နိုင် တို့ မှာ ပွန်းပဲ့ဒဏ်ရာ အသီးသီးရရှိသွားခဲ့ပြီး မြေသယ်ယာဉ်မောင်းနှင်သူ စိုင်းအောင်ညွှန့် မှာ ငယ်ထိပ်ပေါက်ပြဲ ဒဏ် ရာ အသီးသီး ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား သီပေါပြည်သူ့ ဆေးရုံသို့  ရဲဆေးစာဖြင့် ပို့ ဆောင်ပေးခဲ့ကြောင်း ယာဉ်တိုက်မှုကို သီပေါမြို့ မရဲစခန်းတွင် ယာဉ်(ပ)၃၀/၁၄ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်လှစ်၍ ဒုရဲအုပ် သိန်းနိုင် က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့  မာန်ဆူအဝေးပြေးကားကွင်းမှ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် သို့  ထွက်ခွာမည့် ခရီးသည်တင် express ယာဉ်များကို မကြာသေးမှီက ကြံ့ခိုင်ရေးစစ်ဆေးခဲ့ရာ သက်ဆိုင်ရာက ယာဉ်မောင်းချိန် (၈) နာရီထက် ပို၍ ကြာမြင့်မည့် ခရီးစဉ်အတွက် ယာဉ်မောင်း (၂) ဦးထားရှိရန် ညွှန်ကြားထားသော်လည်း ယာဉ်အများစုတွင် ယာဉ်မောင်း တစ်ဦးတည်းသာ ပါရှိပြီး တာယာပန်းမရှိခြင်း၊ မီးသတ်ဆေးဗူး စနစ်တကျ မဆောင်ထားခြင်း၊ အရေး ပေါ် အခြေအနေကို တုန့် ပြန်ရန် ကားပေါ်တွင် တူ၊ ပုဆိန်၊ မီးသတ်ဆေးဗူး၊ ဆေးသေတ္တာ စသည်တို့  လုံလုံ လောက်လောက် မရှိခြင်း၊ ယာဉ်/လူ ဆိုင်ရာ စာရွက်စာတမ်းများ မပြည့်စုံခြင်း စသည့် ပြစ်ချက်မျိုးစုံကို တွေ့ ခဲ့ရပြီး ခရီးသည်များအဖို့  express ကားများအပေါ် ယုံကြည်မှု နည်းပါးနေပြီဖြစ်ကြောင်း သိရသည်။




သမန်းကျား
Lashio News Diary

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်