Tuesday, July 22, 2014

အိမ်မှထွက်လာသော မိန်းကလေးကို အဓမ္မကြံစည်သူ ဖမ်းဆီးမိ

Posted by drmyochit Tuesday, July 22, 2014, under | No comments


နေပြည်တော် ဇူလိုင် ၂၁

 နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်တွင် ဖခင်ရိုက်မည်ကိုကြောက်၍ နေအိမ် မှထွက်လာသော အမျိုးသမီးတစ်ဦး အား အဓမ္မကြံစည်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

နေပြည်တော် ဥတ္တရခရိုင် ဥတ္တရ သီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်တွင် ဇူလိုင် ၁ ရက် နံနက် ၁ဝ နာရီ ၅၅ မိနစ်က ၄င်းရပ်ကွက်နေ မ.....(၁၆ နှစ်)သည် ဖခင်ကရိုက်မည် ပြောသဖြင့် နေအိမ်မှ ထွက်လာစဉ် ဥတ္တရသီရိမြို့နယ် အိုးရှင်းစင်တာ အနီး ကွန်ကရစ်လမ်းမပေါ်အရောက် တွင် အမည်မသိ အမျိုးသားနှစ်ဦး နှင့်တွေ့ရာ တစ်ဦးက ဘယ်သွားမှာ လဲဟုမေးရာ မ....က အိမ်က ထွက်လာကြောင်း၊ အလုပ်လုပ်ချင် ကြောင်းပြောရာ လိုက်ပို့ပေးမယ်ဟု ပြောပြီး ရတနာသိဒ္ဓိရပ်ကွက်ရှိ (လမ်းသိ၊ နေအိမ်အမှတ်မသိ)နေအိမ် သို့ခေါ်ဆောင်သွားပြီး နေအိမ်သို့ ရောက်ရှိပြီးနောက် နေအိမ်အပေါ်အခန်းလိုက်ပြမည်ဟုပြောဆိုခေါ် ဆောင်ကာ အိမ်ပေါ်အခန်းတစ်ခန်း အရောက်၌ အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်စဉ် မိခင်ရောက်ရှိ ကြောင်းကြားရသဖြင့် အိမ်အောက်သို့ ဆင်းပြေးချိန်တွင် မ.... လည်း အိမ်ပေါ်မှအောက်သို့ဆင်း၍ ဥတ္တရ သီရိမြို့နယ် ဘုရားကုန်းရဲစခန်းသို့ ချက်ချင်း သွားရောက်တိုင်တန်းပြီး စုံစမ်းရာ ပြစ်မှုကျူးလွန်သူ ညွန့်နိုင် (၄ဝ နှစ်)ဥတ္တရသီရိမြို့နယ် ရတနာ သိဒ္ဓိရပ်ကွက် ခတ္တာ(၁)လမ်း နေထိုင် သူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

မင်းမင်းလတ်(ရူပဗေဒ)
Myanmaalinn

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်