Tuesday, July 22, 2014

ခရီးသည်တင်ဒိုင်နာ မှတ်တိုင်အနီးရပ်ထားသည့် ကားကိုဝင်တိုက် လေးဦးဒဏ်ရာရ

Posted by drmyochit Tuesday, July 22, 2014, under | No comments

ဒိုင်နာမှ ၀င်တိုက်မိ၍ ပါဂျဲရိုးကားဟန်ချက်ပျက်ကာ ဓာတ်တိုင်ကို တိုက်မိစဉ် (ဓာတ်ပုံ - သန်းဌေး)
ခရီးသည်တင် ဒိုင်နာကားတစ်စီးက လမ်းဘေး၌ရပ် ထားသော ပါဂျဲရိုးကားတစ်စီးကို မှတ်တိုင်အ၀င်တွင် ၀င်တိုက်မိခဲ့ သဖြင့် ဓာတ်တိုင်ကျိုးကာ ပြတ်ရွေ့သွားပြီး လူလေး ဦးဒဏ်ရာရရှိ သွားကြောင်း သတင်းရရှိသည်။

အင်းစိန်မြို့နယ် ပြည်လမ်း အတိုင်း စော်ဘွားကြီးကုန်းဘက် မှ မောင်းလာသော ခရီးသည်တင် ဒိုင်နာသည် ဇူလိုင် ၁၉ ရက် မွန်းလွဲအချိန်က ဆယ်မိုင်ကုန်းမှတ် တိုင်အနီး လမ်း၏ညာဘက်ဘေး တွင် ရပ်ထားသော ပါဂျဲရိုးကားကိုနောက်ဘက်မှ ၀င်တိုက်ရာအတိုက်ခံရသည့် အရှိန်ဖြင့် ပါဂျဲရိုးကဓာတ်တိုင်ကို  တိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်မောင်း၊ ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးနှစ်ဦးနှင့် ဓာတ်တိုင်အနီးတွင်ရှိနေသူ အမျိုးသမီးတစ်ဦးတို့  ဒဏ်ရာရကာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မောင်းအား အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်းယာဉ်မှုစစ်ရဲအရာ ရှိက ပြောသည်။

‘‘လေးယောက် ဒဏ်ရာရပေ မယ့် ပြင်းပြင်းထန်ထန်တော့ မရှိ ပါဘူး။  အင်းစိန်ဆေးရုံတော့ ပို့ လိုက်တယ်။ ၉၇ ကားကိုတော့ ရွှေ့လိုက်ပြီ’’ဟု  ယာဉ်မှုစစ်ရဲအရာရှိတစ်ဦးက ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း ရန်ကုန် တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ဖြစ်ကာ တာဝန်ယူဖြေရှင်းပေး ခြင်း မရှိဘဲ ထွက်ပြေးရှောင်တိမ်း နေသည့်  ယာဉ်တိုက်မှုဖြစ်စဉ် ပေါင်း ၂၁၄၃ မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ  ဖြစ်စဉ်များတွင်  အမှု ပေါင်း ၁၆၀၀ ခန့်သာ စုံစမ်းဖော် ထုတ်နိုင်ခဲ့ပြီး ကျန်အမှုတွဲများမှ တရားခံ ၁၀၈ ဦးကို လက်ရှိအ ချိန်အထိ ၀ရမ်းဖြင့် လိုက်လံရှာ ဖွေလျက် ရှိသည်။ အဆိုပါ ၀ရမ်း ပြေးများထဲတွင် ခရီးသည်တင် ယာဉ်မောင်းနှင့် ကုမ္ပဏီယာဉ် မောင်းများ အများဆုံးပါဝင်နေ ကြောင်း သိရှိရသည်။

7 Day

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်