Tuesday, September 02, 2014

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

Posted by Unknown Tuesday, September 02, 2014, under | 1 comment



ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်နှင့် ညောင်ပင်ကုန်းမှော်ကြားတွင် သြဂုတ် ၃၁ ရက်နေ့၌ KIA အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ ဒေသံတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ မိုင်းခွန်ကျေးရွာဘက်မှ တောင်ယာလုပ်ရန် သွားသော ဒေသခံနှစ်ဦးသည် ၎င်းမှော်နှစ် ခုကြား နေရာသို့ ရောက်ရှိစဉ် မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

``မနက် ၆ နာရီလောက် မိုင်းကွဲသံကြားတာနဲ့ ရွာသူရွာသားတွေ ထုံးစံအတိုင်း သွားကြည့်ကြတာပေါ့၊ တစ်ယောက်ကတော့ ပွဲချင်းပြီး အဲဒီနေရာမှာပဲ ဆုံးနေပြီ ကျန်တစ်ယောက်ကလည်း တစ်ကိုယ်လုံး ဒဏ် ရာ တွေ ရထားတယ်၊ သူ့ကိုတော့ တနိုင်းဆေးရုံကို ပို့လိုက်ရတာပေါ့´´ ဟု မိုင်းခွန်ရွာသားတစ်ဦး က ပြော သည်။

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမီပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ လအောန်(၃၀)နှစ်၊ လီဆူး/ ခရစ်ယာန်၊ တောင်သူ၊ လ၀ါးကျေးရွာ၊ ဖားကန့်မြို့နယ်နေသူဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ငွါးဇာခီး(၃၈)နှစ်၊ လီဆူး/ ခရစ်ယာန်၊ တောင်သူ၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။

``ကျန်ရစ်သူမိသားစုအတွက် စိတ်မကောင်းစရာပေါ့၊ လအောန်ကိုပဲ မိသားစုက မှီခိုနေရတာ၊ အခုလို မိုင်းနင်း မိပြီး ဆုံးသွားောတ့ အားကိုးရမယ့်သူမရှိတော့ဘူးလေ၊ အဲဒီမိသားစုတွေရဲ့ သောကတွေလိုမျိုး KIA မခံစား ရပါ စေနဲ့လို့ ဆုတောင်ပါတယ်´´ ဟု လ၀ါးရွာခံတစ်ဦးက ပြောသည်။

အသက်မသေသော်လည်း တစ်ကိုယ်လုံး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး တနိုင်းပြည်သူ့ဆေးရုံ၌ ဆေး ကုသမှု ခံ ယူနေရသော ငွါးဇာခီးသည်လည်း ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရသော အခြေအနေရှိကြောင်း၊ မိသားစုမှာ စီးပွားရေး ကျပ်တည်းသူများဖြစ်၍ ဆေးရုံတက်ရောက်ကုသစရိတ်ကိုပင်ပေးရန် အခက် အခဲဖြစ်နေကြောင်း ဆွေးမျိုးတော်စပ်သူတစ်ဦးထံမှ သိရသည်။

ပယင်းမှော်ဒေသသည် KIA အဖွဲ့၏ လူသစ်ဖမ်းဆီးစုဆောင်း၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းနေသော ထိန်းချုပ်နယ်မြေဖြစ်ပြီး မှော်ပတ်ဝန်းကျင်တစ်ဝိုက်တွင် မိုင်းများ ထောင်ထားသဖြင့် မှော်သူ၊ မှော်သားများနှင့် ရွာသူ၊ရွာသားများမှာ မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခြင်း၊ ခြေလက်အင်္ဂါပြတ်တောက်ခြင်းများကို မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

ဇော်မိုင်
Credit : KDN

စားနပ်ရိက္ခာမလုံလောက်မှုနှင့် လစာမရရှိမှုကြောင့် KIA တပ်ဖွဲ့ဝင်(၄)ဦး အလင်းဝင်

Posted by Unknown Tuesday, September 02, 2014, under | No comments



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အစိုးရဌာရုံးသို့ သြဂုတ်လ ၃၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင်(၄)ဦး လက်နက်မဲ့ အလင်းဝင်ရောက်လာမှုမှာ စားနပ်ရိက္ခာမလုံလောက်မှုနှင့် လစာ မရရှိမှုကြောင့်ဖြစ်ကြောင်း ယင်းရုံးမှ သတင်းရရှိသည်။

``တစ်ရက်တည်းနဲ့ နှစ်ဖွဲ့ဝင်လာတာပါ၊ ပထမအဖွဲ့က သုံးယောက်၊ နောက်ထပ်ဝင်လာတာကတော့ တစ်ယောက်တည်းပါ၊ အခုလိုတစ်ရက်တည်း လေးယောက်ပြိုင်ဝင်လာတာ ရှားပါတယ်´´ ဟု တာဝန်ရှိသူ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

တီယန်ဇွပ်စခန်းသို့ ၀င်ရောက်လာပြီး ရှေ့တန်းအစိုးရတပ်မှ မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီခွဲအချိန် လွှဲပြောင်းပေးသော KIA တပ်ဖွဲ့ဝင်(၃)ယောက်မှာ တပ်သားအဆင့်ရှိ မောင်ကျော်ထက်(၂၃)နှစ် (ဘ)ဦးလင်းနောင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မောင်မင်း စိုးလင်း(၂၃)နှစ်၊ (ဘ)ဦးညွှန့်ဖေ၊ တမူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မောင်ထွန်းမင်းနိုင်(၂၂)နှစ်(ဘ)ဦးတင် မောင်စိုး၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။

``ရွှေမှော်တွေမှာ လုပ်နေရင်း လူသစ်စုခံရတာလို့ ပြောတယ်၊ အသက်အသေမခံနိုင်တာကြောင့် စစ်သင်တန်း တက်ပြီး KIA ထဲ ၀င်ခဲ့ရတယ်၊ သူတို့ပြောတာကတော့ စားနပ်ရိက္ခာမလုံလောက်ဘူးလို့ ပြောတယ်၊ လစာ ကလည်း မပေးတာ ၆ လလောက်ရှိပြီဖြစ်တဲ့အတွက် မနေချင်တော့တာကြောင့် အလင်းဝင်လာကြတာလို့ သိရ ပါတယ်´´ ဟု လိုက်ပါပို့ဆောင်ပေးသော ရှေ့တန်းအစိုးရတပ်မှ အရာရှိတစ်ဦးက ပြောသည်။

သြဂုတ်လ ၃၁ ရက် ည ၈ နာရီခွဲချိန်တွင် ထပ်မံအလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်မှာ ဒုတပ်ကြပ် အဆင့်ရှိ ကျော်မျိုးသန့်(ခ)ဘာဂျီး(၂၆)နှစ်(ဘ) ဦးအောင်ထွန်း၊ နောင်တာလောကျေးရွာ၊ ၀ိုင်းမော်မြို့နယ်နေသူ ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော လက်အောက်ငယ်သားတပ်ဖွဲ့ဝင်များသည် ပုံမှန်ထောက်ပံ့ပေး သော စားနပ်ရိက္ခာမရှိဘဲ ဖြစ်သလို ရှာကြံစားသောက်နေရသောကြောင့် မလုံလောက်ခြင်း၊ ပုံမှန်လစာမရရှိခြင်း တို့ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ဘဲ ယခုကဲ့သို့ အလင်းဝင်လာခြင်းဖြစ်ကြောင်းနှင့် ထပ်မံအလင်းဝင်လာဦးမည့် KIA တပ်ဖွဲ့ဝင်များလည်း ရှိနေသေးကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

Monday, September 01, 2014

အပစ်မရပ်သေးသော KIA ပယင်းမှော်တွင် ဒေသခံ(၁၂၀)ဦးအား လူသစ်အဖြစ် လိုက်လံဖမ်းဆီး

Posted by Unknown Monday, September 01, 2014, under | No comments


စက်တင်ဘာ ၁ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ မှော်များတွင် နေထိုင် လုပ်ကိုင်လျက်ရှိသော ဒေသခံမှော်သူ မှော်သား(၁၂၀)ဦးခန့်အား သြဂုတ်လတတိယပတ်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ လူသစ်အဖြစ် လိုက်လံဖမ်းဆီးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပယင်းမှော်အပါအ၀င် လဘူးခရွှေမှော်၊ ချောင်းသာရွှေမှော်၊ နမ့်ကွမ်းရွှေမှော်၊ အောင်ဘာရွှေမှော်၊ မျောက်လွှဲ ကျော်ကုန်းနှင့် နန်ဗျူဒေသတစ်ဝိုက်တွင် နေထိုင်လုပ်ကိုင်နေသော မှော်သူ၊ မှော်သားများအား ရက်ခြားလိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူ(၁၂၀)ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း မှော်လုပ်သားတစ်ဦးက ပြောသည်။

``ဘယ်သူပါမလဲ၊ စောင့်ကြည့်ရင်းလုပ်ကိုင်နေကြရတာပါ၊ ကျွန်တော်တို့ကလည်း မှော်လုပ်ငန်းရှင်တွေ ငှားလို့ လာလုပ်တာပါ၊ KIA အဖွဲ့က အဲဒီလို လိုက်ဖမ်းနေတာကြောင့် လစာယူထားတဲ့ လပြည့်ရင် နေရပ်ပြန်ဖို့ စဉ်းစား ထားပါတယ်´´ ဟု တနိုင်းမြို့ခံ ချောင်းသာမှော်လုပ်သားတစ်ဦးက ဆိုသည်။
KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော မှော်သူမှော်သား (၁၂၀)ဦးအား ရင်း(၁၄)ဌာနချုပ်ဟောင်း ကောင်ဂျာ တွင် ချုပ်နှောင်ထားပြီး (၈၀)ဦးအား ရွေးချယ်ကာ ၎င်းနေရာ၌ပင် စစ်သင်တန်းတက်ခိုင်းနေကြောင်း မျက်မြင် ဒေသခံများထံမှ သိရသည်။

``သင်တန်းဖွင့်တာကတော့ တစ်ပတ်လောက်ပဲရှိဦးမယ်၊ အချို့ကလည်း စစ်သင်တန်းမတက်ချင်တော့ ထွက်ပြေးလာကြတယ်၊ နယ်ကလာတဲ့သူတွေဆိုရင် ကချင်စကားလည်း မပြောတတ်ဘူး၊ သနားတာနဲ့ လမ်း စရိတ်စုဆောင်းပေးပြီး တနိုင်းကနေ မြန်မာပြည်ထဲကို ပြန်ခိုင်းလိုက်တယ်´´ ဟု တနိုင်းမြို့ကုန်သည်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသော မှော်သူမှော်သားများတွင် ဗမာ၊ ရခိုင်၊ ကချင်၊ ရှမ်း၊ လီဆူးလူမျိုးများပါဝင်ပြီး KIA အနေဖြင့် စစ်သင်တန်းတက်ခိုင်းပြီးပါက ရခိုင်လူမျိုးများအား ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွင်လည်းကောင်း၊ ဗမာလူမျိုး များအား ABSDF မြောက်ပိုင်းအဖွဲ့တွင်လည်းကောင်း၊ ကချင်၊ ရှင်းနှင့် လီဆူးလူမျိုးများအား KIA အဖွဲ့တွင် လည်းကောင်း တာဝန်ပေးစေခိုင်းသွားမည်ဖြစ်ကြောင်း KIA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သော ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

KIA အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူလက်မှတ်မထိုးနိုင်သေးသော အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ စစ်အင်အားတိုးချဲ့မှုများက ငြိမ်းချမ်းရေးလမ်းစဉ်ကို ချိုးဖောက်ရာရောက်နေကြောင်း ကချင်အရေး လေ့လာသုံးသပ်သူ အလွတ်သတင်းထောက်သတင်းထောက်တစ်ဦးက ပြောကြားသွားသည်။


Kachin Daily News

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်