ဂျူရီချိုင်း – တနင်္သာရီတိုင်း ရေဖြူမြို့နယ်
ကလိန်းအောင်မြို့နယ်ရှိ မွန်ကျေးရွာများတွင် ကရင်အမျိုးသား
အစည်းအရုံး(KNU)တပ်မဟာ(၄)က ဥယျာဉ်ခြံမြေအကောက်အခွန်များ ကောက်ခံနေသည်ဟု
ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လမှစ၍ မြေတဧကကို မြန်မာကျပ်ငွေ တသောင်း
(၁၀,ဝ၀ဝ)နှုန်းဖြင့် ကေအန်ယူ တပ်မဟာ(၄) အကောက်အခွန်ဦးစီးမှူးက ဒေသခံ
ခြံရှင်များထံမှ လိုက်လံကောက်ခံနေသည်ဟု ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ်
သာယာမွန်ရွာ မှ ဒေသခံတဦးက ပြောသည်။
၎င်းက “ဒီခြံမြေနေရာတွေကို သူတို့ပိုင်တဲ့နယ်မြေဆိုပြီးတော့
အကောက်အခွန်တွေကောက်တယ်၊ ခြံပိုင်ရှင်တွေက ငွေမပေးလဲ ခြံကိုမထွက်ရဲကြဘူး။...