Monday, July 23, 2012

ဓာတုလက်နက်များအသုံးပြုမည့်ကိစ္စတွင်ပါဝင်သူ ဆီးရီးယားအရာရှိများအား ဖမ်းဆီးထိန်းသိမ်းမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက သတိပေးပြောကြားခဲ့ခြင်း

Posted by drmyochit Monday, July 23, 2012, under | No comments


CNA.com;July-23(Mon)

ဆီးရီးယားနိုင်ငံ၏ ဓာတုလက်နက်များဖြန့်ဖြူးခြင်း၊ သို့မဟုတ် အသုံးပြုခြင်းကိစ္စရပ်များတွင် ပါဝင် ပတ်သက်သည့် မည်သည့်ဆီးရီးယားအရာရှိကိုမဆို ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဇူလိုင်လ ၂၂ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်အနေဖြင့် ၄င်း၏ အစိုးရအဖွဲ့ကို အကာအကွယ်ပေးရန်အတွက် ဓာတုလက်နက်များကို အသုံးပြုရန်ပြင်ဆင်လာနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက်တွင် အနောက်အုပ်စုအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိပါသည်။ 

ဓာတုလက်နက်များ၏ လုံခြုံရေး၊ ၄င်းဓာတုလက်နက်များကို လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆီးရီးယားအစိုးရ၏တာဝန်ဝတ္တရား စသည်တို့နှင့်ပတ်သက်၍ မိမိတို့အားလုံး၏စိုးရိမ်ပူပန်မှုကို ပြသနိုင်ရန်အတွက် အမေရိကန်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းမှ မိတ်ဖက်နိုင်ငံများ၊ ဆီးရီးယားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် တက်ကြွစွာဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ James Carney   က ပြောကြားခဲ့ ပါသည်။ ဓာတုလက်နက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဖြူးခြင်း၊ သို့မဟုတ် အသုံးပြုခြင်းများ ဖြစ်လာနိုင်စေမည့် ဆောင်ရွက်ချက်အတွက် တာဝန်ရှိသော အစိုးရအဖွဲ့၊ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းကို ဖမ်းဆီး ထိန်းသိမ်းနိုင်သောနည်းလမ်းပေါင်းများစွာရှိကြောင်း Carney က ပြောကြားခဲ့ပါသည်။

မည်သည့်နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုမူ ထင်ကြေးပေးပြောဆိုလိုခြင်းမရှိ ကြောင်း Carney  က ပြောကြားခဲ့ပါသည်။ အီရတ်နိုင်ငံသို့ တိမ်းရှောင်ခိုလှုံသွားသည့် ဆီးရီးယားသံအမတ်ကြီး Nawaf Fares က ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘီဘီစီသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း၌ အာဆတ် အနေဖြင့် ချောင်ပိတ်မိသည့် အခြေအနေသို့ကျရောက်ပါက ဓာတုလက်နက်များကို ထုတ်ယူသုံးစွဲဖွယ်ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ Fares ၏ မှတ်ချက်စကားကိ Syrian Free Army  သူပုန်အဖွဲ့ဝင်များက လည်း ထောက်ခံခဲ့ကြပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်