Xinhuanet.com;July-22(Sun)
အစ္စရေးနိုင်ငံအနေဖြင့်
ဆီးရီးယား၏ပြည်တွင်းစစ်ဆီသို့ ဦးတည်နေသောအခြေအနေများအား စောင့်ကြည့်လျက်ရှိပြီး ဆီးရီးယားအစိုးရ၏
ဓာတု၊ သို့မဟုတ် ဇီဝလက်နက်များသည် ဆီးရီးယားသူပုန်များ၊ သို့မဟုတ် လက်ဘနွန်ရှိ ဟဇ်ဘိုလာများလက်ထဲသို့ ရောက်ရှိခဲ့မည်ဆိုလျှင်
တုံ့ပြန်ရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့်
ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘားရက်တို့က ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မိမိတို့အနေဖြင့်
ဖြစ်ပေါ်လာနိုင်သော မည်သည့်အခြေအနေမျိုးအတွက်မဆို အသင့်ရှိကြောင်းနှင့် ဆီးရီးယားနိုင်ငံအတွင်း
ဖြစ်ပွားနေမှုများကိုလည်း အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးမိန့်ခွန်းတွင်
နေတန်ယာဟုက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနသို့ပေးပို့သော ဝန်ကြီးချုပ် ရုံး၏ကြေညာချက်အရ
သိရှိရပါသည်။ ဆီးရီးယားသမ္မတ အာဆတ်အစိုးရ၏ ပြုပြင်ပြောင်းလဲမည့် မည်သည့် အရိပ်လက္ခဏာကိုမဆို အစ္စရေးတပ်မတော်အနေဖြင့်
စောင့်ကြည့်လျက်ရှိကြောင်း
Tel Aviv အနီးရှိ လုပ်ငန်းဝင် သင်တန်းဌာနသို့ တပ်သားသစ်များနှင့်အတူ
သွားရောက်စဉ် ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘားရက်က ပြောကြား ခဲ့ပါသည်။
အစ္စရေးစစ်ဘက်၏ စစ်ရေးကြိုတင်ပြင်ဆင်မှုများကို
တိုးမြှင့်လုပ်ဆောင်ရန် မိမိအနေဖြင့် အစ္စရေး တပ်မတော်အား ညွှန်ကြားထားပြီးဖြစ်ကြောင်း
အီဟွတ်ဘားရက်က ဇူလိုင်လ ၂ဝ ရက်နေ့တွင် အစ္စရေးရုပ်/သံ သို့ ပြောကြားခဲ့ပါသည်။
Time in Rangoon

0 comments:
Post a Comment