ရုရှားဝန်ကြီးချုပ် မက်ဗီဒက်သည် နည်းဗျူဟာမြောက်
Iskander ဒုံးပစ်စင်များနှင့်ပတ်သက်သည့် ထုတ်လုပ်ရေးစနစ်များ
ခေတ်မီစေရေးနှင့်ပတ်သက်၍ ဆွေးနွေးရန် ဇူလိုင်လ ၂၃ ရက်နေ့တွင် မော်စကိုဒေသရှိ Kolomma စက်ပစ္စည်းပုံစံရေးဆွဲထုတ်လုပ်မှုဌာန၌ အစည်းအဝေးတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း
RIA Novosti
သတင်းဌာနက ဇူလိုင်လ ၂၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကာကွယ်ရေး ဝန်ကြီး အနာတိုလီဆာဂျူးကော့ဗ်၊ ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊
ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများမှ အကြီးအကဲများတက်ရောက်ကြမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင်
ရုရှားနိုင်ငံသည်Iskander-M နည်းဗျူဟာမြောက်ဒုံးပစ်စင်များထုတ်လုပ်ခြင်း၊
လွှဲပြောင်းပေးခြင်းတို့အား ကုမ္ပဏီပေါင်း ၁၇ ခုနှင့်ပူးပေါင်း၍ ထုတ်လုပ်လျက်ရှိပါသည်။
ဗဟိုအစိုးရနှင့် ကုမ္ပဏီများ၏စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ရူဘယ်ငွေ ၄ဝ ဘီလီယံ(အမေရိကန်
၁.၂၅ ဘီလီယံခန့်)ရှိပါသည်။Iskander-M ဒုံးပျံစနစ်၊
NATO အခေါှ်SS-26 Stone သည် 9M 723 K 1 ပဲ့ထိန်းဒုံးပျံများတပ်ဆင်ထားသည့်
စစ်နယ်ဝန်းရွေ့လျားဒုံးပျံကာကွယ်ရေးစနစ် တစ်ခုဖြစ်ပါသည်။ 9M 723 K1 ဒုံးပျံများသည် အကွာအဝေး ၄ဝဝ ကီလိုမီတာ(မိုင်
၂၅ဝ)အထိ ရောက်ရှိပြီး သမားရိုးကျနှင့် နျူကလီးယားထိပ်ဖူးများကိုသယ်ဆောင်နိုင်ပါသည်။
ထို့အပြင် ရုရှားနိုင်ငံသည် ကလီနင်ဂရက် ဒေသတွင်Iskander ပဲ့ထိန်းဒုံးပျံများကို
တပ်ဖြန့်ချထားသွားနိုင်ဖွယ်ရှိကြောင်းနှင့် ၄င်းဒုံးပျံများသည်
ပိုလန်နိုင်ငံတွင် တပ်ဖြန့်ချထားသည့် အမေရိကန်ဒုံးခွင်းဒုံးစနစ်များကို
ထိရောက်စွာဟန့်တားကာကွယ်နိုင်စွမ်းရှိလိမ့်မည်ဖြစ် ကြောင်း ရုရှားနိုင်ငံက
ဧပြီလနှောင်းပိုင်းတွင်ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment