Monday, July 23, 2012

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအား ပြင်ဆင်ရေးဆွဲခြင်းမပြုသင့်ကြောင်း လူထုစစ်တမ်း ကောက်ယူမှုများအရ သိရှိရခြင်း

Posted by drmyochit Monday, July 23, 2012, under | No comments


Bangkokpost.com;July-21(Sat)

ထိုင်းနိုင်ငံတွင် မကြာသေးမီကပြုလုပ်ခဲ့သော လူထုစစ်တမ်းကောက်ယူမှုအရ ၂ဝဝ၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးအား ပြန်မရေးသင့်ကြောင်း စစ်တမ်းကောက်ယူမှုတွင်ပါဝင်သူ ၃ ပုံ ၂ ပုံက ပြောကြား ခဲ့သည်ဟု ဘန်ကောက်လူထုစစ်တမ်းကောက်ယူမှုအဖွဲ့က ဇူလိုင်လ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

 အာဏာရ ဖြူထိုင်းပါတီမှ ကမကထပြုဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရေးမူကြမ်းနှင့်ပတ်သက် ၍ ပြည်နယ် ၂၂ ခုမှ လူပေါင်း ၁,၂၆၅ ဦးအား မေးမြန်းစစ်တမ်းကောက်ယူသွားခြင်းဖြစ်ပါသည်။ လူထု စစ်တမ်းကောက်ယူမှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအား ပြင်ဆင်ရေးဆွဲခြင်းအား ၆၃.၅ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ပြီး ၁၉.၅ ရာခိုင်နှုန်းက ထောက်ခံကာ ၁၇ ရာခိုင်နှုန်းက ထင်မြင်ချက်ပေးခြင်းမရှိပေ။
သို့သော် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ်အတွက် အချို့သောဖွဲ့စည်းပုံအခြေခံဥပဒေပါအပိုဒ်များသည် ပြဿနာများဖြစ်ပေါ်စေသည့်အတွက် ဒီမိုကရေစီစနစ်ပိုမိုပီပြင်လာစေရန် အချို့သောအပိုဒ်များအား ပြင်ဆင် သင့်ကြောင်း စစ်တမ်းကောက်ယူမှုတွင်ပါဝင်သူ ၄၅.၄ ရာခိုင်နှုန်းက ပြောကြားခဲ့ပါသည်။

 ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချို့သောပုဒ်မများအား ပြောင်းလဲခြင်းကို ၂၅.၂ ရာခိုင်နှုန်းက သဘောတူခြင်းမရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးအား ပြင်ဆင်သင့်ကြောင်းကို စစ်တမ်းကောက်ယူမှုတွင်ပါဝင်သူ ၉.၃ ရာခိုင်နှုန်းကသာ ထောက်ခံမှုပြုလုပ်ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်