
တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်
ထိုကဲ့သို့ အပစ်ရပ်ဆွေးနွေး ပြီးသော်လည်း တိုက်ပွဲမရပ်သေးသည်နှင့်ပတ်သက်၍ သမ္မတကြီးထံ သတိပေးအကြောင်းကြား စာပေးပို့ရန်စီစဉ်နေသည်ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
“နောက်တခုကလဲ အခုလိုဆက်တိုက်ဖြစ်နေတာကိုကြည့်ခြင်းအားဖြင့် အောက်ခြေအဆင့်အမှား ဆိုတာမဖြစ်နိုင်တော့ဘူး။ အထက်ပိုင်းရဲ့ စီမံချက်ကြောင့် ဖြစ်တယ်လို့ ကျနော်ယူဆတယ်။ အခုလို ဆက်ဖြစ်နေဦးမယ်ဆိုရင် ကျနော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကိုထိခိုက်နိုင်မယ်။ ငြိမ်းချမ်းရေးဆိုတာ ပျက်စီးသွားရင် နောက်တခါပြန်လည်စကားပြောဖို့ခက်သွားပြီ။ ဒါတွင်မက ထာ၀ရ ငြိမ်းချမ်းရေးဆိုတာလဲ မျှော်လင့်ချက်ရှိနိုင်မှာမဟုတ်တဲ့အတွက် သမ္မတကြီးတို့ တာစူနေတဲ့ ၂၀၁၃ ဆီးဂိမ်းစ်တို့ ဘာတို့ ကိုလဲထိခိုက်လာနိုင်မယ် အစရှိတဲ့အချက်တွေပါဝင်တဲ့စာ ပေးပို့မှာဖြစ်တယ် ” ဟု ဆိုပါသည်။
မြန်မာအစိုးရ၏စစ်တပ်သည် အပစ်ရပ် ငြိမ်းချမ်းရေးသဘောတူညီထားသည့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း၊ မြောက် ပိုင်း နှင့် တိုက်ပွဲများ အကြိမ် ၂၀ ကျော်စီဆက်လက်ဖြစ်ပွါးနေသည့်အပြင်၊ မြန်မာစစ်တပ်က ဒေသခံတိုင်းရင်းသားများ အ ပေါ် ယခင်နည်းအတိုင်း ဆက်လက် အနိုင်ကျင့် ဖိနှိပ်နေမှုတို့ကြောင့် ထာ၀ရငြိမ်းချမ်းရေး ဖြစ်ပေါ်လာရန်လည်း လွယ်ကူ မည်မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးမှုမရမှီစပ်ကြား လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်းသည်းခံကာလက်တွဲ ကြရန်လိုအပ်ကြောင်း ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါသည်။
0 comments:
Post a Comment