Tuesday, September 02, 2014

ရုရှား စစ်ရေးဗျူဟာ အခိုင်အမာ ပြင်ဆင်မယ်

Posted by drmyochit Tuesday, September 02, 2014, under | No comments

ယူကရိန်း အကျပ်အတည်း ပြဿနာကို တန်ပြန် ဆောင်ရွက်နိုင်မယ့် တပ်ဖွဲ့ တစ်ဖွဲ့ကို အရှေ့ ဥရောပမှာ ထူထောင်မယ်လို့ NATO အဖွဲ့က ကြေညာခဲ့ပြီးနောက် ရုရှား အစိုးရကလည်း သူတို့ရဲ့ စစ်ရေး ဗျူဟာကို ပိုမို ခိုင်မာအောင် ပြင်ဆင် ဆောင်ရွက်သွားလို့ ပြောလိုက်ပါတယ်။

နေတိုး အဖွဲ့ရဲ့ အစီအစဉ်ဟာ စစ်ရေး အန္တရာယ်တစ်ရပ် ဖြစ်တယ်လို့ ကရင်မလင် နန်းတော် အကြီးတန်း အရာရှိ Mikhail Popov က ပြောပါတယ်။
ဒါ့အပြင် နေတိုး မဟာမိတ်တွေကိုလည်း ရုရှားနဲ့ တင်းမာမှုတွေ ပိုဆိုးလာအောင် ဖန်တီးတယ်လို့ သူက စွပ်စွဲပါတယ်။
နေတိုး အဖွဲ့ကတော့ ခြိမ်းခြောက်မှု ပိုများတဲ့ ဒေသမှာ ကာကွယ်ရေး စွမ်းရည် တိုးမြှင့် ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
နေတိုး မဟာမိတ်တွေနဲ့ ရုရှား တို့အကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာတဲ့ နောက်ထပ် လက္ခဏာ တစ်ခု အနေနဲ့ အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲသစ်က မော်စကိုဟာ အီးယူအတွက် မဟာဗျူဟာ မိတ်ဖက် မဟုတ်တော့ကြောင်း ပြောလိုက်ပြီး၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးကလည်း အနောက်အုပ်စု နိုင်ငံတွေဟာ သူ့အဆို ယူကရိန်း စစ်လိုလားသူတွေကို ထောက်ခံနေတယ်လို့ ပြန်လည် စွပ်စွဲလိုက်ပါတယ်။

BBC Burmese

စွမ်းအားဖြည့် အချိုရည်တွေကြောင့် နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ရောဂါတွေ ပိုမိုဖြစ်ပွားစေနိုင်

Posted by Unknown Tuesday, September 02, 2014, under | No comments




သကြားဓာတ်နဲ့ ကဖိန်းဓာတ်ပမာဏ များစွာပါဝင်တဲ့ စွမ်းအားဖြည့်အချိုရည်တွေက နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။

စွမ်းအားဖြည့် အချိုရည်တွေဟာ ကျန်းမာရေးအကျိုးဆက်တွေနဲ့ ဒွန်တွဲလျက်ရှိတယ်လို့ လေ့လာချက်အချို့က ဖော်ပြထားပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်များကြား ဒီအချိုရည်တွေဟာ အန္တရာယ်မရှိဘူးလို့ ယူဆထားတာ အဓိက ပြသနာဖြစ်ပါတယ်လို့ Nature World News က ရေးသားဖော်ပြထားပါတယ်။

အချိုရည်ဗူးတွေမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ နှလုံးခုန်နှုန်းကို ပြောင်းလဲစေပြီး ကျန်းမာရေးအခြေအနေပိုမို ဆိုးဝါးရှုပ်ထွေးတဲ့ အန္တရာယ်ကို ဖြစ်ပေါ်စေပါတယ်။

စွမ်းအားဖြည့်အချိုရည်ဟာ အထူးသဖြင့် ကခုန်ရတဲ့ ကလပ်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ချိန်တွေမှာ သောက်သုံးဖို့ လူကြိုက်များပါတယ်။ လူတွေက တခါတလေ အချိုရည်ဗူးတွေကို တစ်ဗူးပြီးတစ်ဗူး သောက်သုံးကြပါတယ်။

အဲဒီလို အဆမတန်သောက်သုံးတာဟာ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဖြစ်ခြင်း (Cardiac arrhythmia) နဲ့ ရုတ်တရက် သေဆုံးနိုင်ခြင်း အပါအဝင် ကျန်းမာရေးထိခိုက်မှု အမျိုးမျိုးဖြစ်စေနိုင်ပါတယ်။

သုတေသနပညာရှင်တွေရဲ့ ပြောဆိုချက်အရ စွမ်းအားဖြည့်အချိုရည် အမျိုးအစားပေါင်း (၁၀၃) မျိုးထဲက သန်း (၃၀) လီတာ ကို ပြင်သစ်နိုင်ငံမှာ သောက်သုံးခဲ့ကြပါတယ်တဲ့။

လေ့လာမှု ပြုလုပ်ဆောင်ရွက်နေစဉ် (၂) နှစ်တာကာလအတွင်း ပြင်သစ်မှာ စွမ်းအားဖြည့်အချိုရည်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးပြသာနာ ကိစ္စပေါင်း၂၅၇ ဝန်းကျင်ဟာ ANSES ဆီ သတင်းရောက်လာခဲ့ပါတယ်။

၎င်းကိစ္စတွေထဲက (၉၅) ခု ဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေဖြစ်နေပြီး ၅၇ ခုကတော့ ဦးနှောက်အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်နေခဲ့ပါတယ်။

ဖော်ပြထားခြင်းမရှိတဲ့ အကျိုးဆက်ကြောင့် အနည်းဆုံး (၈) ယောက်သေဆုံးခဲ့ပြီး ၄၆ ယောက်ဟာ နှလုံးခုန်နှုန်းပုံမမှန်ဖြစ်ခြင်းကြောင့် သေဆုံးခဲ့ကြပါတယ်။

ကဖိန်းဓာတ်ကြောင့်ဖြစ်တဲ့ရောဂါဟာ အဓိကပြသာနာ အများဆုံးဖြစ်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ကဖိန်းဓာတ်ရဲ့ သဘောသဘာဝက ရင်တုန်ခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်း နဲ့ ခေါင်းကိုက်ခြင်း စတဲ့ နှလုံးခုန်မြန်ဆန်လာအောင် လှုံ့ဆော်ပေးပါတယ်။

Source: designntrend
Trend Myanmar

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းရန် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်း မရှိသေး

Posted by Unknown Tuesday, September 02, 2014, under | No comments




ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ စနစ်များ ပြင်ဆင်ပြောင်းလဲမည် ဖြစ်ကြောင်း တရားဝင် ပြောကြားထားသော်လည်း ယခုနှစ် သြဂုတ်လကုန် အထိ အခြေခံပညာ ကျောင်းများထံ ဝန်ကြီးဌာနက တရားဝင် စာပို့အကြောင်းထားခြင်း မရှိသေးကြောင်း အခြေခံပညာရေး ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။ ကျောင်းတွင်းစစ် စာမေးပွဲမှ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် စာမေးပွဲများအဖြစ် ပြောင်းလဲရန် ညွှန်ကြား ချက်ကြောင့် အခြေခံပညာကျောင်း အများစုတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်း စာမေးပွဲ စစ်ဆေးနည်းများကို ပညာသင်နှစ် အစပိုင်းကတည်းက ပြောင်းလဲထားသော်လည်း လက်ရှိအချိန်ထိ ဝန်ကြီးဌာနမှ တရားဝင် ညွှန်ကြားချက် မရသောကြောင့် ယင်းစနစ်အတိုင်း ဆက်လက် ကျင့်သုံးသင့်၊ မသင့် မသိနိုင်သေးကြောင်း အမည်မဖော်လိုသူ မူလတန်း ကျောင်းအုပ်တစ်ဦးက ရှင်းပြသည်။

“လေးတန်း စာမေးပွဲကတော့ လောလောဆယ် မသေချာလောက်သေးဘူး။ အခုထိ ဘယ်လိုစာမေးပွဲ စစ်ရမယ်။ သုံးလပတ် စာမေးပွဲ ဘယ်လိုစစ်ရမယ် ဆိုတာ ညွှန်ကြားထားတာလည်း မရှိသေးဘူး။ မဖြေနိုင်တဲ့ သူတွေကို ဒီအတိုင်းပဲ အကျထားခဲ့ရမလား။ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး” ဟု ၎င်းက The Voice သို့ ပြောဆိုသည်။

ပညာရေး ဝန်ကြီးဌာနရှိ အခြေခံပညာ ဦးစီးဌာနများထံ စက်တင်ဘာလ ၁ ရက်နေ့အထိ တရားဝင် အကြောင်းကြားစာ ပေးပို့ထားခြင်း မရှိကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

လတ်တလော အချိန်အထိ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက ယင်းစာမေးပွဲစနစ် အပြောင်းအလဲကို အကြံပြုချက် အမျိုးမျိုး ပြောထားနေသောကြောင့် တိကျသောအဖြေ မထွက်သေးကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားသည်။

ယင်းအပြင် ဇူလိုင်လအတွင်းက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပသော အခြေခံ ပညာရေး ဆွေးနွေးပွဲတွင် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှုကော်မတီ အကြံပေးပညာရှင် ဦးသန်းဦး ကိုယ်တိုင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းလဲမည့် သတင်းမှာ ကောလာဟလသာ ဖြစ်ပြီး ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ပြောကြားထားသည်။

သို့သော် အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် အပြောင်းအလဲကို ယခုပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း The Voice သို့ ယမန်နေ့က ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ယခင်က မြို့နယ်အဆင့်၊ တိုင်းအဆင့် စစ်ဆေးခဲ့သော်လည်း ပညာရေးမြှင့်တင်မှု အစီအစဉ် စတင်ပြီး နောက်ပိုင်းမှ လက်ရှိအချိန်အထိ စဉ်ဆက် မပြတ် အကဲဖြတ် အတန်းတင်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။

The Voice Weekly

စက္ကူ ကျား တကယ်ဖြစ်သွားပြီလား UNFC

Posted by Unknown Tuesday, September 02, 2014, under | No comments




ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်နေသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (United Nationalities Federal Council) UNFC အဖွဲ့၏ အစည်းအဝေးကနေ KNU အဖွဲ့ ထွက်ခွာသွားပြီဟူသော သတင်းကြောင့် ဝေဖန်မှုအမျိုးမျိုးထွက်ပေါ်လာပါသည်။ အဘယ့်ကြောင့် ထွက်ခွာသွားရသည်ဆိုသော အဖြေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသည်။ UNFC က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံပါ မူဝါဒတွေဟာ KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီ တာကြောင့် ထွက်ခွာသွားရခြင်းဖြစ်သည်ဟု ဆိုပါသည်။ သို့ဆိုလျှင် UNFC ရဲ့ မူဝါဒတွေက ဘာတွေလဲ…။ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေတူသော လက်နက်ကိုင် အဖွဲ့အစည်းအချို့ ပါဝင်ဖွဲ့စည်းခဲ့သော UNFC စည်းလုံးမှုပြိုကွဲသွားပြီလားဟူသော မေးခွန်း က လည်း နိုင်ငံရေး အသိုင်းအ၀ိုင်းမှာရော လက်နက်ကိုင်အဖွဲ့များကြားမှာပါ ရေပန်းစားနေပါသည်။ UNFC ရဲ့ မူဝါဒတွေကို မပြောခင် ပထမဦးစွာ UNFC စတင်ဖြစ်ပေါ်လာပုံနဲ့ ရပ်တည်နေသော ရည်ရွယ်ချက်များ ကို လေ့လာကြည့်ရ ပါမည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာက ဖွဲ့စည်းခဲ့သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ကော်မတီ(CEFU) ကို UNFC အဖြစ် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ San Sai မြို့နယ်၊ Kaung Tunt စားသောက်ဆိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) မွန်ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည်တပ်မ တော်(SSPP/SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ လားဟူ ဒီမိုကရက် တစ်ယူနီယံ(LDU)၊ ရခိုင်အမျိုး သားကောင်စီ(ANC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး(PSLF)၊ ရခိုင် လွတ်မြောက်ရေး ပါတီ(ALP) နှင့် ‘၀’ အမျိုးသားအစည်းအရုံး (WNO)စသည့် အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။ KIO ဒုဥက္ကဋ္ဌ အင်ဘန်လက UNFC ဥက္ကဋ္ဌ ရာထူးယူခဲ့ပြီး ဒုဥက္ကဋ္ဌများအဖြစ် KNPP မှ ခူးအေဘယ်တွိဒ်နဲ့ KNU မှ စောဒေးဗစ်တာကပေါတို့က အသီးသီးနေရာရယူခဲ့ကြပါသည်။ လက်နက်ကိုင်အဖွဲ့ အစည်း(၁၂)ဖွဲ့ ထဲတွင် အင်အားကြီးသော KIO နှင့် KNU အဖွဲ့တို့က UNFC ထိပ်ပိုင်းခေါင်းဆောင်နေရာများ ယူခဲ့ပြီး ကျန် အဖွဲ့(၁၀) ဖွဲ့ခေါင်းဆောင်ပိုင်းများကလည်း စောဒကမတက်ခဲ့ကြပေ။ သို့သော် ထိုနှစ်ဖွဲ့ကလွဲရင် SSPP မပါ ကျန်အဖွဲ့ များမှာ အမည်ခံသက်သက် ဖွဲ့ထား သော အဖွဲ့များဖြစ်ပါသည်။ လူအင်အားရာဂဏန်းပင် မပြည့်သော လက်နက်ကိုင် ခေါင်းစဉ်တပ် လက်နက်ကိုင် အဖွဲ့များပါလာလေတော့ အရေအတွက်များ သွားတဲ့ သဘောသာ ဖြစ်ပါ သည်။

UNFC ထဲတွင် ပါဝင်သော အဖွဲ့များသည် ရည်မှန်းချက်ချင်းတူ၍ ပူးပေါင်းခဲ့ကြသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၌ အင်အားအတောင့်တင်းဆုံးဟု သတ်မှတ်ခံထားရသော UWSA `၀´၊ NDAA (မိုင်းလား)၊ RCSS/SSA အဖွဲ့တို့ ပါဝင်ခြင်းမရှိခဲ့ပါ။ UNFC ဥက္ကဋ္ဌ အင်ဘန်လအနေဖြင့် UWSA`၀´ အဖွဲ့အား နှစ်ကြိမ်တိုင် စည်းရုံးခဲ့သော်လည်း နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားခြင်းကြောင့် UNFC ထဲကို မ၀င်ခဲ့သလို UWSA`၀´နှင့် မိတ်ဖက် NDAA(မိုင်းလား) ကလည်း မ၀င်ခဲ့ပါဘူး။ အလားတူ RCSS/SSA ဥက္ကဋ္ဌ ရွတ်ဆစ်ကလည်း UNFC ကို လွယ်တိုင်းလျှံမှာ အစည်းအဝေးလာလုပ်ရန် ဖိတ်ကြား ခဲ့စဉ်က လက်မခံခဲ့သည့် အတွက် သူ့အား UNFC ထဲဝင်ရန် ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် UNFC သည် တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ကိုယ်စားမပြုဘူးဆိုတာ ထင်ရှားသွား ပြီ ဖြစ်ပါသည်။

စတင်ဖွဲ့စည်းချိန်ကတည်းက အင်အားကြီးလက်နက်ကိုင်အဖွဲ့များ မပါဝင်သော UNFC အဖွဲ့ထဲကနေ ယခု အခါ KNU အဖွဲ့သည်လည်း ယာယီနှုတ်ထွက်သွားပြီဖြစ်သည်။ KNU အဖွဲ့သည် အစိုးရ အဖွဲ့နှင့် ပြည်ထောင်စု အဆင့် အပစ်ရပ်သဘောတူလက်မှတ်ထိုးထားပြီးဖြစ်၍ UNFC ၏ ဖွဲ့စည်းပုံ ဥပဒေများ ကို လက်မခံခြင်းဖြစ်ပါ လိမ့်မည်။ UNFC အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသများအလိုက် စစ်တိုင်းများ ဖွဲ့စည်းပြီး စစ်ဦးစီးချုပ်တာဝန်ကို အလှည့်ကျ ထမ်းဆောင်ရမည်ဟူသော မူဝါဒအပေါ် KNU က လက် မခံခြင်းဖြစ်ကြောင်း သိရပါသည်။

သို့ဖြစ်၍ UNFC တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ခေါင်းဆောင် ပိုင်းနှင့်ပတ်သက်၍ အများပြည်သူက လက်ခံနိုင်သော အရည်အချင်းရှိ၊ မရှိ ဆန်းစစ်ရန် လိုအပ်ပါသည်။ အမှန်တကယ်တွင် UNFC ဆိုတာ EU နှင့် ဂျပန်နိုင်ငံမှ အဖွဲ့အစည်းအချို့၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေသော အဖွဲ့ဖြစ်ပါသည်။ UNFC ခေါင်းဆောင်များ နိုင်ငံခြားသွားပြီဆိုလျှင် ထိုအဖွဲ့အစည်း များက ထောက်ပံ့ငွေဖြင့် သွားနေခြင်းဖြစ် သည်။ တကယ်တမ်းကတော့ UNFC ခေါင်းဆောင်ပိုင်း သည် နိုင်ငံရေးလုပ်စားနေကြသူများသာ ဖြစ်ပါသည်။ ထိုသို့ တိုင်းတစ်ပါးထောက်ပံ့မှုဖြင့် ရပ်တည်နေသော UNFC အနေနဲ့ KNU အဖွဲ့ကပင် လက်မခံနိုင်သော အလှည့်ကျ စစ်ဦးစီးချုပ် ခန့်အပ်ခြင်းဆိုတဲ့ မဖြစ်နိုင်တာများကို တောင်းဆိုရန် အကွက်ကျကျ စီစဉ်နေမှုမှာ အံ့အားသင့်ဖွယ် ကောင်းနေပါသည်။

UNFC အဖွဲ့ထဲတွင် အင်အားကြီးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော KNU အဖွဲ့သာ အကယ်၍ နှုတ်ထွက် သွားပြီဆိုပါက အင်အားချည့်နဲ့သော အဖွဲ့အစည်းဖြစ်လာပါတော့မည်။ တိုင်းပြည်အတွက်၊ တိုင်းရင်းသား လူမျိုးများအတွက် ယနေ့အချိန်အထိ ကောင်းကျိုးတစ်ခုမှ လုပ်မပြနိုင်သေးသော UNFC အဖွဲ့သည် ၀ါးအစည်းပြေသလို အကွဲကွဲ အပြဲပြဲဖြစ်တော့မလား စောင့်ကြည့်ချင်စရာ ကောင်းနေပါသည်။ အချုပ်ပြော ရရင် အမည်ခံ လက်နက်ကိုင်အဖွဲ့ အစည်းတွေ တစ်နည်းအားဖြင့် လူမရှိတဲ့ လက်နက်ကိုင် အဖွဲ့ငယ်လေးတွေ ကို အားပြုဖွဲ့စည်းထားသော UNFC ဆိုတာ အနာဂတ်ကာလမှာ ဘာတွေ စွမ်းဆောင်ပြ မလဲဆိုတာ စိတ်ဝင်စား စရာလည်း ဖြစ်ပါသည်။ သို့သော် လောလောလတ်လတ် လုပ်ကိုင်မှုများကို ကြည့်ခြင်း အားဖြင့် အများ အမြင်မှာသာ UNFC ဆိုတာ အင်အားကြီး ချင်ယောင်ဆောင်ထားပေမယ့် တကယ့် လက်တွေ့မှာ ဘာတစ်ခုမှ လုပ်မပြနိုင်တဲ့ စက္ကူကျားတစ်ကောင်အဖြစ်သာ သတ်မှတ်ခံနေ ရပြီဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

နေ၀န်းသစ်

မြန်မာအပါအ၀င် ၃ နိုင်ငံကို အမေရိကန်ကုမ္ပဏီများ စိတ်အ၀င်စားဆုံးဟု စစ်တမ်းထုတ်

Posted by Unknown Tuesday, September 02, 2014, under | No comments



အာဆီယံဒေသတွင်းမှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေဟာ စိန်ခေါ်မှုတွေ များပေမယ့် အမေရိ ကန် ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေ ကို အနာဂတ်မှာ တိုးချဲ့ လုပ်ကိုင်ဖို့ အလိုလားဆုံးဖြစ်တယ် လို့ လတ် တလော ကောက်ခံတဲ့ ဒေသစစ်တမ်းမှာ တွေ့ရပါတယ်။ A Buddhist monk walks past the City Hall in downtown Yangonစင်ကာပူအခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းနဲ့ အမေရိကန် ကုန်သည်ကြီးများ အသင်းက လုပ်ဆောင်တဲ့ အာရှစီးပွားရေး စစ်တမ်းရှုမြင်ချက် ၂၀၁၅ မှာ ဖော်ပြထားတာလို့ ထိုင်းနိုင်ငံထုတ် သည်နေ ရှင်းသတင်း မှာ ဖော်ပြပါတယ်။

အရင်နှစ် စစ်တမ်းအရ အာရှမှာ တတိယအဆင့် နေချင်စရာ အကောင်းဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကိုတော့ သဘောမကျစရာ အချက်တွေ ထုတ်ဖော်ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရနဲ့ နိုင်ငံရေးအခြေအနေတွေ တည်ငြိမ်မှု မရှိပဲ အကျင့်ပျက် လာဘ်စားမှုကလည်း အကြီး ဆုံး အခက်အခဲလို့ ဆိုပါတယ်။ နောက်ပြီး အနည်းဆုံး လုပ်ခတွေကိုလည်း တိုးမြင့်ခိုင်း တာတွေကြောင့် အလုပ်လုပ်ကိုင်ရာမှာ ကျေနပ်အားရမှု သိပ်မရှိတော့ဘူးလို့ အဲဒီစစ်တမ်းမှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံကတော့ လုပ်သားအင်အား ပေါများပြီး အမေရိကန်နိုင်ငံသားတွေအပေါ် အကောင်းမြင်စိတ်နဲ့ အတူ ပုဂ္ဂလိက ဘေးကင်းလုံခြုံမှုတွေ ရှိတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ကျေနပ်စရာ မကောင်းအချက်တွေကတော့ အိမ်စရိတ်ကြီးမြင့်တာ၊ အခြေခံအဆောက်အဦတွေ မကောင်းတာ၊ ကျွမ်းကျင်လုပ်သားမရှိတာနဲ့ ရုံးခန်းငှားခ တွေပဲ ဖြစ်တယ်လို့ စစ်တမ်းမှာ ထောက်ပြ ထားပါ တယ်။

ဒီဗွီဘီ

KIA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲရာ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

Posted by Unknown Tuesday, September 02, 2014, under | 1 comment



ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်နှင့် ညောင်ပင်ကုန်းမှော်ကြားတွင် သြဂုတ် ၃၁ ရက်နေ့၌ KIA အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ ဒေသံတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ မိုင်းခွန်ကျေးရွာဘက်မှ တောင်ယာလုပ်ရန် သွားသော ဒေသခံနှစ်ဦးသည် ၎င်းမှော်နှစ် ခုကြား နေရာသို့ ရောက်ရှိစဉ် မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

``မနက် ၆ နာရီလောက် မိုင်းကွဲသံကြားတာနဲ့ ရွာသူရွာသားတွေ ထုံးစံအတိုင်း သွားကြည့်ကြတာပေါ့၊ တစ်ယောက်ကတော့ ပွဲချင်းပြီး အဲဒီနေရာမှာပဲ ဆုံးနေပြီ ကျန်တစ်ယောက်ကလည်း တစ်ကိုယ်လုံး ဒဏ် ရာ တွေ ရထားတယ်၊ သူ့ကိုတော့ တနိုင်းဆေးရုံကို ပို့လိုက်ရတာပေါ့´´ ဟု မိုင်းခွန်ရွာသားတစ်ဦး က ပြော သည်။

KIA အဖွဲ့ ထောင်ထားသော မိုင်းနင်းမီပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ လအောန်(၃၀)နှစ်၊ လီဆူး/ ခရစ်ယာန်၊ တောင်သူ၊ လ၀ါးကျေးရွာ၊ ဖားကန့်မြို့နယ်နေသူဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ငွါးဇာခီး(၃၈)နှစ်၊ လီဆူး/ ခရစ်ယာန်၊ တောင်သူ၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။

``ကျန်ရစ်သူမိသားစုအတွက် စိတ်မကောင်းစရာပေါ့၊ လအောန်ကိုပဲ မိသားစုက မှီခိုနေရတာ၊ အခုလို မိုင်းနင်း မိပြီး ဆုံးသွားောတ့ အားကိုးရမယ့်သူမရှိတော့ဘူးလေ၊ အဲဒီမိသားစုတွေရဲ့ သောကတွေလိုမျိုး KIA မခံစား ရပါ စေနဲ့လို့ ဆုတောင်ပါတယ်´´ ဟု လ၀ါးရွာခံတစ်ဦးက ပြောသည်။

အသက်မသေသော်လည်း တစ်ကိုယ်လုံး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး တနိုင်းပြည်သူ့ဆေးရုံ၌ ဆေး ကုသမှု ခံ ယူနေရသော ငွါးဇာခီးသည်လည်း ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရသော အခြေအနေရှိကြောင်း၊ မိသားစုမှာ စီးပွားရေး ကျပ်တည်းသူများဖြစ်၍ ဆေးရုံတက်ရောက်ကုသစရိတ်ကိုပင်ပေးရန် အခက် အခဲဖြစ်နေကြောင်း ဆွေးမျိုးတော်စပ်သူတစ်ဦးထံမှ သိရသည်။

ပယင်းမှော်ဒေသသည် KIA အဖွဲ့၏ လူသစ်ဖမ်းဆီးစုဆောင်း၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းနေသော ထိန်းချုပ်နယ်မြေဖြစ်ပြီး မှော်ပတ်ဝန်းကျင်တစ်ဝိုက်တွင် မိုင်းများ ထောင်ထားသဖြင့် မှော်သူ၊ မှော်သားများနှင့် ရွာသူ၊ရွာသားများမှာ မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခြင်း၊ ခြေလက်အင်္ဂါပြတ်တောက်ခြင်းများကို မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

ဇော်မိုင်
Credit : KDN

ယခုလအတွင်း တယ်လီနောက ဆင်းကတ် ၁၀ သန်း ရောင်းမည်

Posted by drmyochit Tuesday, September 02, 2014, under | No comments


ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ တာဝါတိုင် ၈၀၀ ကျော် စိုက်ထူပြီးနေပြီမို့ အခု စက်တင်ဘာလအတွင်း ဆင်းကတ် ၁၀ သန်း စပြီး ရောင်းချပေးမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ကျပ်ငွေ ၁၅၀၀ နဲ့ ရောင်းချပေးမယ့် တယ်လီနော ဆင်းကတ်တွေကို ကနဦးအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် ၃ မြို့မှာပဲ ကိုင်ဆောင် အသုံးပြုနိုင်ဦးမယ်လို့ ဆိုပါတယ်။

တယ်လီနော ဆင်းကတ်တွေဟာ 2G နဲ့ 3G စနစ် ၂ မျိုးစလုံး အသုံးပြုနိုင်တာကြောင့် ဂျီအက်စ်အမ်စနစ်သုံး ဘယ်ဟန်းဆက်နဲ့ မဆို အသုံးပြုလို့ ရကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လောလောဆယ် မြန်မာ့ဆက်သွယ်ရေးကလည်း 3G ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကိုယ်စားလှယ်အရောင်းဆိုင်တွေကနေ တဆင့် ကျပ် ၁၅၀၀ နဲ့ ရောင်းချနေပြီး နှစ်ကုန်အထိ အရည်အတွက် ၅ သန်းရောင်းချပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

DVB

ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ၂၂ ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီးထိန်းသိမ်း

Posted by drmyochit Tuesday, September 02, 2014, under | No comments


ဟောင်ကောင်မြို့ သို့လာရောက်လယ်ပတ်သော တရုတ် အဆင့်မြင့် အစိုးရအရာရှိတစ်ဦးကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသော ဆန္ဒပြပွဲများမှ ဒေသခံ ဆန္ဒပြသူ အနည်းဆုံး ၂၂ ဦး ကို ဟောင်ကောင်ရဲများက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း အင်္ဂါနေ့ အစိုးရ အာဏာပိုင်များ၏ ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။
ဒီမိုကရေစီလိုလားသော ဟောင်ကောင် ဒေသခံပြည်သူများ၏ ဆန္ဒပြမှုများကြောင့် ဟောင်ကောင်မြို့သည် နိုင်ငံရေး ဂယက်ရိုက်မှုနှင့် ရင်ဆိုင်နေရပြီး တရုတ်အစိုးရက ဟောင်ကောင်မြို့ကို ချုပ်ကိုင်မှု မရှိလွတ်လပ်စွာ မြို့လူကြီး ရွေးချယ်ခွင့် ပေးရန် ငြင်းဆိုခဲ့ပြီးနောက် ဆန္ဒပြမှုများ ပိုမိုအားကောင်းလာလျှက်ရှိသည်။
Ref : AFP
စိုးမိုး
Yangon Media Group

ရောင်းသူ သုံးသူ ပြစ်ဒဏ်တူနေသည့် မူးယစ်ဆေးဝါးဥပဒေ ပြန်ပြင်တော့မည်

Posted by Unknown Tuesday, September 02, 2014, under | No comments




ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) လုံခြုံရေး တပ်ရင်းတွင် ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးများ ဖျက်ဆီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများနှင့် မူးယစ်သားကောင် ဘ၀ရောက်ရသူအား တန်းတူပြစ်ဒဏ် ပြဋ္ဌာန်းထားသည့် တည်ဆဲမူးယစ်ဆေးဝါးဥပဒေကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အရာရှိကြီး တစ်ဦးက ပြောသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ် ၀င်းခေါင်က “အရင်တုန်းက မူးယစ်ဆေးဝါးဥပဒေက တော်တော်ကြီးကို တင်းတာပေါ့။ ဘယ်လိုလဲဆိုတော့ ဒီဂရီမြင့်တာပေါ့”ဟု ဆိုသည်။

၎င်းက “သာမန်အားဖြင့် ဥပမာအားဖြင့် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သုံးစွဲနေတဲ့သူတစ်ယောက်က သူ့ဆီမှာ ဆေးတစ်ပြားနဲ့မိလည်း ဒီပြစ်မှုနဲ့ မိလာတာပေါ့။ ဆေးပြား ၁၀၀နဲ့ မိလည်း ဒီလိုဆိုတော့ သုံးစွဲသူတို့ ရောင်းဝယ်သူတို့ ပုံစံက ဒီနေရာမှာ သာမန်အားဖြင့်ဆိုရင် ပြစ်မှုပြစ်ဒဏ်တွေ ခြားနားဖို့ လိုတယ်”ဟု ဖြည့်စွက်ပြောသည်။

အဆိုပါ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရေးအတွက် ပြင်ဆင်မှုများလည်း ပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။

၎င်းက “ပြစ်မှုပြစ်ဒဏ်တွေ ခြားနားဖို့ လိုတယ်။ တချို့က မူးယစ်သားကောင်ဘ၀ကိုသာ ရောက်နေရတာ။ တကယ်တန်းကျတော့ မတတ်သာလို့ သုံးစွဲနေရတာ ဖြတ်ချင်တယ် မဖြတ်နိုင်ဘူး။ ဒီလိုလူတွေအတွက်ကို ကျွန်တော်တို့က ဥပဒေက ရောင်းဝယ်ဖောက်ကားသူနဲ့ တစ်တန်းတစ်စားတည်း ထားလိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ဥပဒေအရ မျှတမှုမရှိနိုင်ဘူး”ဟုလည်း ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲမှုကို အသေးအဖွဲသဖွယ်သဘောထားခြင်းမဟုတ်ဘဲ သုံးစွဲနေသည့် သူတစ်ယောက်ကို မျှတသည့် ပြစ်ဒဏ်ဖြစ်စေရန် ဆောင်ရွက်ခြင်းဟုလည်း ၎င်းက ပြောသည်။

ယခင်က မူးယစ်ဆေးဝါးကို စိုက်ပျိုးထုတ်ကုန်များအပေါ်တွင် အခြေခံသော်လည်း ယခုအချိန်တွင် ဓာတုဆေးဝါးများပေါ် အခြေခံသည့် စိတ်ကြွရူးသွပ်ဆေးပြား၊ စိတ်ကျဆေးစသည်တို့ကို ထုတ်လုပ်လာခြင်း တွင်ကျယ်လာသည်ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် အဆိုပါဆေးဝါးများသည် ဘိန်း၊ ဆေးခြောက်များကဲ့သို့ ထုတ်လုပ်ရန် နေရာကျယ်ကျယ်ပြန့်ပြန့် မလိုဘဲ အခန်းကျဉ်းလေးထဲတွင် ဓာတုပစ္စည်းများဖြင့် ထုတ်လုပ်နိုင်သည့်အတွက် ပို၍ ဖမ်းဆီးရန် ခက်ခဲသည်ဟု ဆိုသည်။

“အဲဒါတွေကို ကျွန်တော်တို့က အကွက်မြင်နေဖို့ လိုတယ်။ စဉ်ဆက်မပြတ် လေ့လာပြီးတော့မှ တားဆီးနှိမ်နင်းရေး ကိစ္စတွေကို ကြိုးပမ်းဆောင်ရွက်ရမှာပါ”ဟု ပြောသည်။

၎င်းက “ကားသမားတွေ၊ ငါးဖမ်းစက်လှေ၊ လော်ရီကားသမားတွေ သုံးကြ၊ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါးက လူ့အဖွဲ့အစည်းကို ပိုပြီးတော့ ခြိမ်းခြောက်နေတယ်” ဟု ပြောသည်။

UNFC နဲ့ KNU အကွဲအပြဲ

Posted by Unknown Tuesday, September 02, 2014, under | No comments



KNU ဥက္ကဋ္ဌနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးပွဲမြင်ကွင်း




ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ညီလာခံမှာ ကရင် အမျိုးသားအစည်းအရုံး(KNU) က ရုတ်တရက် ထွက်ခွာသွားပြီး စက်တင်ဘာလ ၁ ရက်နေ့မှာတော့ UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှု ရပ်ဆိုင်းကြောင်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်တာမို့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေကြားမှာ အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲ စေမယ့် အခြေအနေတွေ ဦးတည်လာနေပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့ ပထမအကြိမ်ညီလာခံမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ KNU က စာတမ်းတစောင် တင်သွင်းခဲ့ပြီး အဲဒီစာတမ်းကို UNFC အဖွဲ့ဝင် အများစု က သိပ်သဘောမတွေ့တာမို့ KNU က သြဂုတ်လ ၃၁ ရက်နေ့ ညီလာခံကနေ ရုတ်တရက် ထွက်ခွာသွား ခဲ့ပါ တယ်။ အဲဒီနောက် စက်တင်ဘာလ ၁ ရက်နေ့မှာတော့ KNU အနေနဲ့ UNFC အဖွဲ့ရဲ့ အဖွဲ့ဝင် အဖြစ် ပါဝင်နေမှုကနေ အကန့်အသတ်မရှိ ရပ်ဆိုင်းဖို့ KNU ဥက္ကဋ္ဌ စောမူတူးစေဖိုး လက်မှတ်ရေးထိုးထားတဲ့ အသိပေး ကြေညာချက် တစောင်ကို ထုတ်ပြန် လိုက်ပါတယ်။

KNU အနေနဲ့ UNFC ကနေ ထွက်ခွာရတဲ့ အကြောင်းအရင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ UNFC အဖြစ် မပြုပြင် မပြောင်းလဲနိုင်ခြင်း၊ UNFC ရဲ့ လက်ရှိ ဖွဲ့စည်းပုံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက်နေတဲ့အတွက် လက်မခံနိုင်ကြောင်း၊ KNU ရဲ့ တင်ပြချက်တွေကို UNFC ညီလာခံမှာ အကျေအလည်ဆွေးနွေးခြင်း မရှိတဲ့အတွက် အဖွဲ့ဝင်အဖြစ် ပါဝင်မှုက ရပ်ဆိုင်း ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော UNFC မှာ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ ဖွဲ့စည်းထားပြီး KNU အနေနဲ့ UNFC မှာ အမြဲတမ်းဥက္ကဋ္ဌ၊ အမြဲတမ်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဆိုတာတွေ မထားတော့ဘဲ ဗဟိုချုပ်ကိုင်မှု လျော့ချပြီး လွတ်လပ်စွာ ပြန်လည်ဖွဲ့စည်းဖို့ တင်ပြ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် UNFC အဖွဲ့ဝင်အများစုက KNU ရဲ့ တင်ပြချက်ကို သဘောမတူညီတဲ့ အတွက် နောက်ဆုံး UNFC အဖွဲ့မှာ KNU ပါဝင်နေမှု ရပ်ဆိုင်းတဲ့အထိ ဖြစ်လာတာပါ။

UNFC လက်ရှိကျင့်သုံးနေတဲ့စနစ်က Top Down ဗဟိုချုပ်ကိုင်မှု စနစ် ဖြစ်နေပြီး UNFC ရဲ့ မူဝါဒတွေက KNUအဖွဲ့ရဲ့ အချုပ်အခြာအာဏာနဲ့ မူဝါဒ တွေကို ထိခိုက်မှုရှိနေတဲ့ အတွက် လက်မခံနိုင်ဘူးလို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ဆိုပါ တယ်။

“UNFC ထဲကိုဝင်လို့ရှိရင် အဖွဲ့ရဲ့ ဆုံးဖြတ်မှုကို အဖွဲ့ဝင်တွေအားလုံးက အကုန်လုံးခံယူရမယ် ဆိုတဲ့ သဘော သက်ရောက် နေတယ်။ ဒါက အဲလိုမဖြစ်သင့်ဘူး။ အခုဖွဲ့စည်းပုံမှာ ကြတော့ Top Down (ဗဟိုချုပ်ကိုင်မှု) ပုံစံဆိုတော့ အဖွဲ့ဝင် ဖြစ်လို့ ရှိရင် သူ့ရဲ့ စီမံခန့်ခွဲမှု၊ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ ဆုံးဖြတ်မှုအကုန်လုံးကို လိုက်နာရမယ့် သဘောဆိုတော့ ကျနော်တို့က ဆုံးဖြတ်မှုကို သူ့လက်ထဲကို ၀ကွက် အပ်လိုက်တဲ့သဘော သက်ရောက်တာပေါ့။ ကျနော်တို့ရဲ့ အာဏာပိုင်မှုကို UNFC ကို လွှဲအပ်လိုက်တဲ့ သဘောမဖြစ်စေချင်ဘူး။ ကျနော်တို့က စုပေါင်းမယ်။ စုပေါင်းတဲ့ နေရာမှာ ဘုံသဘောတူညီချက်အပေါ်မှာ ကျနော်တို့က အကောင်အထည်ဖော်သွားမယ်ဆိုတဲ့ သဘောပါပဲ” လို့ ပဒိုစောကွယ်ထူးဝင်း က ဧရာဝတီကို ပြောပါတယ်။

UNFC မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ KNU တို့ဟာ အင်အား ကြီးတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီး လက်ရှိ UNFC အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကတော့ KIO အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်ပါတယ်။ ဒီအကွဲအပြဲက KIO နဲ့ KNU ကြားမှာ အစိုးရ နဲ့ ဆွေးနွေးနေတဲ့ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးတွေနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှု ရှိနေပြီဆိုတာ ကိုလည်း ပေါ်လွင်စေပါတယ်။

လက်ရှိ အခြေအနေမှာတော့ KNU က UNFC ကိုယ်စားလှယ်တွေ အဖြစ် စေလွှတ်ထားတဲ့သူတွေကို ရုပ်သိမ်းမှာ ဖြစ်ပြီး ညီလာခံ တက်ရောက်နေတဲ့ KNU ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေနဲ့ ရုံး တာဝန်ခံ အားလုံးကိုလည်း ညီလာခံ ပါဝင်မှု ကနေ လုံးဝ ရပ်စဲလိုက်မှာဖြစ်ပါတယ်။ UNFC ကောင်စီဝင်အဖြစ် KNU ကိုယ်စားလှယ်တွေကို စေလွှတ်တော့မှာ မဟုတ် သလို UNFC မှာ ပါဝင်ခြင်း၊ မပါဝင်ခြင်း စတာတွေကိုလည်း KNU အဖွဲ့ရဲ့ အချုပ် အခြာ အာဏာပိုင်ဖြစ်တဲ့ ဗဟိုကော်မတီ မှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

UNFC ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက”အများစု ကတော့ KNU တင်ပြတဲ့ ဖွဲ့စည်းပုံ ပုံစံပေါ်မှာ အတွေ့ အကြုံ လည်း မရှိသေးဘူး။ အဲလို လုပ်လိုက်ရင် လျှော့ရဲရဲဖြစ်သွားမယ်။ နောက် ဒီနေ့ နိုင်ငံရေးအခြေအနေက မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲနေတဲ့ အပေါ်မှာ သူတို့တင် တဲ့ပုံစံက လုပ်ငန်းတွေကို နှေးကွေးနိုင်တာပေါ့လေ။ အဲလိုမြင်ကြတယ်” လို့ ပြောဆို ပါတယ်။


KNU အနေနဲ့ အရင်က အတူလက်တွဲလာခဲ့တဲ့ UNFC အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကနေ ရပ်ဆိုင်းလိုက်တဲ့ အပေါ်မှာ လေ့လာ စောင့်ကြည့် သူတွေအကြား ထင်ကြေး အမျိုးမျိုးပေးပြောဆိုမှုတွေရှိနေသလို တိုင်းရင်းသားအရေးအတွက် အာမခံချက် တစုံတရာ ခိုင်ခိုင်မာမာမရှိသေးဘဲ အစိုးရအပေါ် ယုံကြည်မှုလွန်ကဲတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

KNU အဖွဲ့ဟာ သမ္မတဦးသိန်းစိန် နဲ့ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ အကြိမ်ရေ အများဆုံးတွေ့ဆုံခွင့်ရထားတဲ့ အဖွဲ့ဖြစ်ပြီး သီးခြားခွဲထွက်တဲ့ပုံစံနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို စုစည်းဦးဆောင်လို့ အပစ် အခတ် ရပ်ရေး လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေသလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

KNUအနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) မှာလည်း ပါဝင်နေပြီး အခုလို UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှုက ရပ်ဆိုင်းလိုက်တဲ့အတွက် NCCT နဲ့လက်တွဲလုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့တော့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

UNFC အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ( KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ်(PNLO) ၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်ပါတီ (LDP) ၊ “ဝ” အမျိုးသားအဖွဲ့ချူပ် (WNO) ၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။


ကျော်ခ

ဝတ်လစ်စားလစ်ဓာတ်ပုံများ ခိုးယူခံရပြီး အွန်လိုင်းတွင် ဖော်ပြခြင်းခံ ရသည့် Jennifer Lawrence ၏ ပုံများ (18+)

Posted by drmyochit Tuesday, September 02, 2014, under , | No comments
















Natural Force ကုမ္ပဏီပိုင်ရှင်နေအိမ်အတွင်း လက်နက်နှင့် စိတ်ကြွဆေးပြား နှစ်သိန်းကျော်ဖမ်းဆီးရမိမှုမှ ကုမ္ပဏီပိုင်ရှင်နှင့် ကွင်းဆက်များကို စုံစမ်းဖမ်းဆီးမည်

Posted by Unknown Tuesday, September 02, 2014, under | No comments

နေအိမ်အတွင်း၌ သက်သေခံပစ္စည်းများ ရှာဖွေထားသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင်နေထိုင်သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏နေအိမ်အတွင်း လက်နက်နှင့် စိတ်ကြွဆေးပြား နှစ်သိန်းကျော် ဖမ်းဆီးရမိမှုမှ ကုမ္ပဏီပိုင်ရှင်နှင့် ကွင်းဆက်များကို စုံစမ်းဖမ်းဆီးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

ယင်းဖြစ်စဉ်မှ အဓိကကျူးလွန်သူဟု ယူဆခံထားရသည့် Natural Force ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးရဲထွန်းကျော် (၃၅)နှစ်ကို အမြန်ဆုံးဖမ်းဆီးနိုင်ရန်အတွက် အဖွဲ့ပေါင်းစုံဖြင့်ဆောင်ရွက်နေပြီး ယင်းအမှုမှ ကွင်းဆက်ကျူးလွန်သူများနှင့် ကုမ္ပဏီမှလည်ပတ်နေသောလုပ်ငန်းများကိုလည်း စစ်ဆေးကာ ပိတ်ပင်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အမည်မဖော်လိုသူ ရဲမှူးကြီးတစ်ဦးက စက်တင်ဘာ ၁ ရက်တွင် ပြောကြားသည်။

"ကျွန်တော်တို့အနေနဲ့တော့ ဒီအမှုနဲ့ပတ်သက်တဲ့လမ်းကြောင်းတွေ၊ ကျူးလွန်သူတွေအားလုံးကို ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူရဲမှူးကြီးတစ်ဦးကဆိုသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ယာဉ်တစ်စီးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားတစ်သိန်းအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယင်းယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးအား ခေါ်ယူစစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးခဲ့ရာတွင် ယာဉ်ပေါ်ရှိအမျိုးသားနှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ မောင်မောင်အောင်၏ထွက်ဆိုချက်အရ အမှတ် ၁၈/၅ ကုန်းမြင့်ရိပ်သာလမ်း မရမ်းကုန်းမြို့နယ်နေ ဦးရဲထွန်းကျော်နှင့် ဇနီးဖြစ်သူ မခင်သန္တာဝင်းတို့ထံမှ စိတ်ကြွဆေးပြားတစ်သိန်းပြားအား ၀ယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးရဲထွန်းကျော်နှင့် မခင်သန္တာဝင်းတို့နေအိမ်အား ရှာဖွေခွင့်အမိန့် ၁၁၇/၁၄ဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေရာတွင် နေအိမ်အပေါ်ထပ် လှေကားဝဲဘက်ထောင့်မှ အညိုရောင်ခရီးဆောင်အိတ်တစ်လုံးအတွင်း၌ အစိမ်းနုရောင်အညိုကွက်ပါ ဘောင်းဘီတိုဖြင့်ပတ်ထားသည့် USA စာတမ်းပါ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်ခြောက်တောင့်ပါ စတီးရောင်ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနှစ်တောင့်ပါ စတီးကျည်ကတ်တစ်ခုနှင့် MO- D.5.CALE 35mm ATC BRNO C2/ 204926 စာတမ်းပါ ပစ္စတိုသေနတ်တစ်လက်၊ အနက်ရောင်ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနစ်တောင့်၊ ပစ္စတိုနှစ်လက်၊ ကျည်ကတ်၊ ကျည်ဆန်များတွေ့ရှိခဲ့သည်။

ထို့အပြင် အဆိုပါကုမ္ပဏီပိုင်ရှင်နေအိမ်အတွင်း စုစုပေါင်းဆေးပြား ၂၀၁၀၀၀၀၊ စုစုပေါင်းတန်ဖိုး ၁၀,၀၅၀,၀၀၀ç၀၀၀ ကျပ်နှင့် ဘိန်းဖြူ ၃၅၀ ဂရမ်တန်ဖိုး သိန်း ၃၅၀ ကျပ်တို့ သိမ်းဆည်းရမိကြောင်း သိရသည်။

"လတ်တလောစစ်ဆေးချက်မှာ ဒီမူးယစ်ဆေးပြားတွေကို ရှမ်းပြည်နယ်ဘက်ကနေ ရန်ကုန်ကိုသယ်တယ်။ ပြီးရင် ရန်ကုန်ကနေ ရခိုင်ဘက်ကိုသွားတယ်လို့ သိရတယ်။ ကုမ္ပဏီပိုင်ရှင်မှာ လုပ်ငန်းတွေအများကြီးရှိတယ်။ စက်လှေကလည်း ငါးစီးလောက်ပိုင်ဆိုင်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကဆိုသည်။

မြန်မာပြည်မှ သွေးနမူနာ အီဘိုလာမဟုတ်

Posted by Unknown Tuesday, September 02, 2014, under | No comments


အီဘိုလာရောဂါသံသယရှိသူ၏ သွေးနမူနာကို ဂျာမနီနိုင်ငံ၊ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ပေးပို့စစ်ဆေးရာ ဓာတ်ခွဲနမူနာ၏အဖြေအရ ကူးစက်မြန်အီဘိုလာရောဂါပိုး မရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ဝေဘာဂီကူးစက်ဆေးရုံတွင် စစ်ဆေးကုသနေသော အီဘိုလာရောဂါ သံသယလူနာနှင့်ထိတွေ့ ဆက်ဆံသူလေးဦး၏ သွေးနမူနာကို သြဂုတ်၂၉ ရက်က ဂျာမနီနိုင်ငံ၊ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ပေးပို့စစ်ဆေးရာ ထိုဓာတ်ခွဲခန်း၏အဖြေပြန်ရောက်ရှိလာခြင်း ဖြစ်သည်။

‘‘လူနာကလည်းကျန်းမာရေးအားလုံးကောင်းမွန်နေပြီ။ဓာတ်ခွဲအဖြေကလည်း ဘာမှမရှိဘူးဆိုတာ သိရပါပြီ။သူတို့ကို ဘယ်နေ့ဆေးရုံးဆင်းရမယ်ဆိုတာနဲ့ပတ်သက်လို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိပါတယ်။ ဆေးရုံကနေဘယ်နေ့ဆင်းမဆင်း တိုင်ပင်ဆုံးဖြတ်ပြီးလုပ်ရမှာပါ’’ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါကာကွယ်နှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက 7DayDaily သို့ ပြောကြားသည်။

မေမြတ်နိုး၏အလှမယ်သရဖူကို ရုပ်သိမ်းခဲ့သော အာရှပစိဖိတ်အလှမယ်ပြိုင်ပွဲအဖွဲ့သည် အငြင်းပွားမှုအမြောက်အမြား ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း wikipedia တွင်ဖော်ပြထားသဖြင့် ပြိုင်ပွဲစီစဉ်သူများ၏ရိုးသားမှုအတွက် မေးခွန်းထုတ်စရာဖြစ်လာ

Posted by Unknown Tuesday, September 02, 2014, under | No comments

သရဖူရုပ်သိမ်းခံရသော မြန်မာအလှမယ်မေမြတ်နိုးသည် အသက်ကိုလိမ်လည်ထားခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ငယ်ရွယ်လွန်းနေကြောင်း Miss Asia Pacific World ကိုတည်ထောင်သူ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်ကပြောကြားခဲ့သည်။ မေမြတ်နိုးသည် အဖွဲ့ကအကုန်အကျခံသော ဒေါ်လာ ၁၀,၀၀၀ ကုန်ကျသော ရင်သားခွဲစိတ်ပြုပြင်မှုကိုခံယူခဲ့ပြီး ဒေါ်လာ ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အလှမယ်သရဖူကို ခိုးယူထွက်ပြေးတိမ်းရှောင်နေကြောင်း ပြိုင်ပွဲကိုကြီးမှူးကျင်းပသူများက ပြောကြားထားပြီးဖြစ်သည်။

မေမြတ်နိုးကို သရဖူရုပ်သိမ်းခံရမှုတွင် ပြိုင်ပွဲကျင်းပသည့်အဖွဲ့မှ ထုတ်ပြန်ချက်များသည် တစ်ဖက်သတ်ဖြစ်နေပြီး ကာယကံဖြစ်သူက ယခုအချိန်အထိ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

ထို့ပြင် ယင်းပြိုင်ပွဲကိုဦးစီးကျင်းပသည့် Miss Asia Pacific World သည် လေးနှစ်သာရှိသည့်သက်တမ်းအတွင်း အငြင်းပွားမှုအမြောက်အမြား ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း wikipedia တွင်ဖော်ပြထားသည်။ ကိုရီးယားအခြေစိုက် ယင်းအဖွဲ့သည် ၂၀၁၁ ခုနှစ်တွင် ပထမဆုံးအလှမယ်ဆုရွေးချယ်ခဲ့ပြီး ယင်းနှစ်ပြိုင်ပွဲတွင် ရွေးချယ်ခံခဲ့ရသော ကိုရီးယားအလှမယ် ဂျန်အွန်အေသည် ပြိုင်ပွဲပြီးနောက်တစ်ရက်တွင် အလှမယ်အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ ပြိုင်ပွဲတွင် အဆင့်မြင့်နေရာများ အလိုအလျောက်ရရှိလိုပါက လိင်ကိစ္စနှင့်အလဲအထပ်ဆောင်ရွက်နိုင်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ကမ်းလှမ်းခဲ့သည်ဟု ဂျန်အွန်အေက စွပ်စွဲပြောကြားခဲ့သည်။

ယင်း ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင်ပင် လိင်ကိစ္စကမ်းလှမ်းမှုများကြောင့် ပြိုင်ပွဲမှနုတ်ထွက်ခဲ့သော ဗြိတိန်မော်ဒယ်အေမီဝီလာတန်က ပြိုင်ပွဲတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများရှိခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။ အေမီဝီလာတန်သည် ၂၀၁၃ ခုနှစ် Miss Universe Great Britain ဆုကိုရရှိခဲ့သူဖြစ်သည်။

မေမြတ်နိုးသည် အသက် ၁၈ နှစ်ရှိပြီဟု ပြိုင်ပွဲ၏၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော်လည်း အမှန်တကယ်တွင် အသက် ၁၅ နှစ်သာရှိသေးကြောင်း Miss Asia Pacific World ပြိုင်ပွဲကိုတည်ထောင်သူ၊ ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားလာခဲ့သည်။

"သူ့မွေးနေ့က ၁၉၉၈၊ အောက်တိုဘာ ၁၃ ပါ" ဟု သူက၀န်လေးစွာဖြင့် ပြောကြားခဲ့သည်။ ပြိုင်ပွဲကျင်းပရန် ရက်အနည်းငယ်အလို မေလအစောပိုင်းရောက်မှသာ နိုင်ငံကူးလက်မှတ်ကိုစစ်ဆေးပြီး အသက်အမှန်ကို နောက်ကျသိခဲ့ရကြောင်း သူကပြောကြားခဲ့သည်။

မေမြတ်နိုးသည် အလှမယ်ပြိုင်ပွဲယှဉ်ပြိုင်ရန်နှင့် ရင်သားခွဲစိတ်ပြုပြင်ရန်အတွက် အရွယ်ရောက်နေပြီဖြစ်ကြောင်းလည်း သူကပြောကြားခဲ့သည်။

"သူကအရွယ်ရောက်နေပါပြီ။ သူ့အရပ်က ၁၇၃ စင်တီမီတာ၊ ဒီထက်ပိုပြီးရှည်လာမှာ မဟုတ်ပါဘူး" ဟု ချွိုင်ကပြောကြားခဲ့သည်။ ပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် အနိမ့်ဆုံးအသက်သည် ၁၈ နှစ်အရွယ်သည် သင့်လျော်သည်ဟု သတ်မှတ်ထားသော်လည်း မဖြစ်မနေဟုသတ်မှတ်မထားကြောင်း ၎င်းကပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏ပြောကြားချက်နှင့် ပြိုင်ပွဲ၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်သည် ကွဲလွဲနေသည်။

"ပြိုင်ပွဲယှဉ်ပြိုင်သူအားလုံးသည် အသက် ၁၈ မှ ၂၇ နှစ်အတွင်းဖြစ်ရမည်" ဟုဖော်ပြထားသည်။

မေမြတ်နိုးသည် ရင်သားခွဲစိတ်ပြုပြင်ပြီးနောက် အတွင်းခံအင်္ကျီဝယ်ရန် ၁၈ ဒေါ်လာချေးယူခဲ့ခြင်းဖြင့် အဖွဲ့ကိုအရှက်ရစေခဲ့ကြောင်း ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က ပြောကြားခဲ့သည်။

"စနေ၊ တနင်္ဂနွေမှာ ခွဲစိတ်ကုသပြီးတော့ သူ့ရင်သားကပိုကြီးလာတယ်။ ဘရာစီယာက ၁၈ ဒေါ်လာလို့ သူကပြောခဲ့ပါတယ်။ ရင်သားပိုကြီးလာလို့ ဘရာစီယာအသစ်ဝယ်ဖို့လိုတယ်လို့ သူကပြောခဲ့တယ်" ဟု ချွိုင်က ပြောကြားခဲ့သည်။ သူ၏ရုံးဝန်ထမ်းများက တနင်္လာနေ့တွင် ဘရာစီယာအကြီးငါးထည် လာပို့ပေးမည်ကိုစောင့်ရန် တိုက်တွန်းခဲ့ကြောင်းလည်း ချွိုင်ကပြောခဲ့သည်။

"စားစရာမရှိဘူးလို့လည်း သူကပြောပါသေးတယ်။ ပြီးတော့ သူက ၁၈ ဒေါ်လာအတွက်နဲ့ သူနာပြုတစ်ယောက်ဆီက ငွေချေးခဲ့တယ်။ ဒါက ကျွန်တော်တို့ ဘယ်လိုမှသည်းမခံနိုင်ပါဘူး" ဟု ဥက္ကဋ္ဌ ၀ိုင်စီချွိုင်က ပြောကြားခဲ့သည်။

သမီးဖြစ်သူသည် အလှမယ်ဆုရရှိခဲ့မှုကြောင့် ရုပ်သံတွင်ပါဝင်ခဲ့ပြီး ဒေါ်လာ ၃၀,၀၀၀ ခန့်ရရှိထားကြောင်း၊ ယင်းဝင်ငွေအတွက် အဖွဲ့နှင့်မြန်မာကိုယ်စားလှယ်က ၀င်ငွေဖြတ်တောက်မည်ကို ငြင်းဆိုခဲ့သည့် သူ၏မိခင်သည် သမီးနှင့်အတူလိုက်ပါခဲ့သော်လည်း မေမြတ်နိုးသည် သူနာပြုထံမှ နှစ်ကြိမ်ငွေချေးခဲ့ကြောင်း ချွိုင်ကပြောကြားခဲ့သည်။

ပြိုင်ပွဲကိုဦးစီးကျင်းပသည့် သူ၏အဖွဲ့သည် အကျင့်ပျက်မှုများရှိကြောင်း မှားယွင်းစွပ်စွဲသည်ဟုဆို၍ ဘီဘီစီကို ဒေါ်လာသုံးဘီလျံရလိုကြောင်း တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စွပ်စွဲမှုများရှိနေသည်။ မေမြတ်နိုးကို ရင်သားခွဲစိတ်ရန် ပြိုင်ပွဲဦးစီးသည့်အဖွဲ့က ဖိအားပေးခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်နှစ်များအတွင်း မည့်သည့်အရှုပ်တော်ပုံမျှမရှိကြောင်း ချွိုင်က Korea Observer ကို ပြောကြားခဲ့သည်။သရဖူ၏တန်ဖိုးကိုဖော်ပြရာတွင်လည်း မီဒီယာများက ချဲ့ကားဖော်ပြခဲ့ကြကြောင်း ချွိုင်ကပြောကြားခဲ့သည်။ 

"ဒီဇိုင်နာတစ်ယောက်နဲ့ ကျောင်းသားတွေက သရဖူကို ခြောက်ပတ်ကြာဖန်တီးခဲ့ကြပါတယ်။ ဒေါ်လာ ၁၀,၀၀၀ တန်တယ်လို့ ကျွန်တော်တို့ မပြောခဲ့ပါဘူး" ဟု သူကပြောကြားခဲ့သည်။ စပွန်ဆာပေးသူတစ်ဦးက အကုန်အကျခံလုပ်ပေးခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ကုန်ကျစရိတ်သည် သတင်းများတွင်ဖော်ပြထားသည်ထက် အတော်များများနည်းကြောင်း သူကမှတ်ချက်ပေးပြောကြားခဲ့သည်။

သို့သော် မြန်မာအလှမယ်ကို ကိုရီးယားပြိုင်ပွဲစီစဉ်သူများဘက်မှ ပြောကြားမှုများသည် တစ်ဖက်သတ်ဖြစ်နေကြောင်း မြန်မာအမျိုးသမီးများက ဝေဖန်ပြောကြားခဲ့ကြသည်။

"မေမြတ်နိုးဘက်ကမှားခဲ့သည်ဖြစ်စေ၊ မှန်ခဲ့သည်ဖြစ်စေ ကိုရီးယားဘက်က မရေရာတဲ့၊ သက်သေပြလို့မရတဲ့ စွပ်စွဲမှုတွေကို ရပ်တန်းကရပ်သင့်နေပြီလို့ပဲ ပြောချင်တယ်။ တရစပ်တိုက်ခိုက်မှုတွေကို လုံးဝလက်မခံနိုင်တော့ဘူး။ မေမြတ်နိုးကမှားခဲ့သလား၊ မှန်ခဲ့သလားဆိုတာကို စိတ်မ၀င်စားဘူး။ ဒါပေမဲ့ မေမြတ်နိုးနဲ့တွဲဖက်ပြီး မြန်မာမိန်းကလေးဆိုပြီး စွပ်စွဲပုတ်ခတ်နေတာတွေကို လုံးဝရှုတ်ချပါတယ်။ မေမြတ်နိုးအနေနဲ့လည်း ကိုယ့်ဘက်ကနစ်နာခဲ့တာတွေအတွက် ဥပဒေကြောင်းအရပဲ ဆက်သွားစေချင်တယ်။ လိုအပ်တာထက်ပိုပြီး ကိုရီးယားအဖွဲ့အစည်းဘက်ကနေ စော်ကားခဲ့တာတွေအတွက် အစ်မတို့အနေနဲ့တော့ ပြန်တောင်းပန်စေချင်တယ်" ဟု မသစ်သစ်မြင့်ဆိုင်က ပြောကြားခဲ့သည်။


မေမြတ်နိုး၏မိခင်ကလည်း "ကျွန်မတို့မီဒီယာတွေနဲ့ တွေ့ဆုံပွဲနေ့မှာ အားလုံးတစ်ပြေးညီ ရှင်းလင်းတင်ပြသွားပါမယ်။ မေမြတ်နိုးအတွက် တစ်ဖက်သတ်ပြောခဲ့တာတွေရော၊ ကျွန်မကိုပြောဆိုစွပ်စွဲခဲ့တာတွေရော အားလုံးရှင်းလင်းသွားမှာပါ။ ကျွန်မရဲ့ဂုဏ်သိက္ခာအတွက်ရော မေမြတ်နိုးရဲ့ဂုဏ်သိက္ခာအတွက်ပါ ကျွန်မတို့ငြိမ်ခံနေမှာ လုံးဝမဟုတ်ပါဘူး။ အားလုံးကို အမှန်အတိုင်း ရှင်းလင်းသွားပါမယ်" ဟု ပြောကြားခဲ့သည်။

ဖွတ်ထွက်မှ တောင်ပို့မှန်း သိတယ်

Posted by Unknown Tuesday, September 02, 2014, under | No comments



NLDပါတီရဲ့ သုတေသနဌာနမှူး ဦးမျိုးရန်နောင်သိမ်း ဆိုလို့ ဆင်ကြီးလား၊ ဂဠုန်ကြီးလား.. တလေးတစား ကြည့်မိပါတယ်။ ခုထိတိုင် ကျောင်းမပြီးနိုင်ကြသေးတဲ့ အကျော်ဋေးယျ ၈၈မျိုးဆက်ကကို။

ကျောင်းသားကြီးရဲ့ ထေရုပ္ပတ္တိကလည်း အားလုံးသိရှိထားတော်မူတဲ့အတိုင်း အရင်အစိုးရစကားအရ နိုင်ငံတော် ရဲ့ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်ထားသူ ထောင်ထွက်တစ်ဦး၊ (ပန်းစကားအရဆိုရင် နိုင်ငံရေး အကျဉ်းသားပေါ့ဗျာ။

သူနဲ့အတူတွဲဖက်လှုပ်ရှားခဲ့တဲ့ အထင်ကရပုဂ္ဂိုလ်တွေကတော့ လှည်းကူဘက်မှာ ၈၈မျိုးဆက် အိမ်ထောင်ရှင် အမျိုးသမီး မမီးမီးနဲ့အတူ ရာဘာခြံထဲမှာ ရက်ပေါင်းအတော်ကြာနေထိုင်ခဲ့တဲ့ အပြင် ဒေါ်စန္ဒာမင်းနဲ့ ပုဂံသတင်းတွေ သင်းခဲ့တဲ့ ကိုဌေးကြွယ်၊နုတင်-ဆွေငြိမ်းထဲက နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့ သမီးဖြစ်သူ (ကလေး၎ယောက်အမေ)နဲ့ ငြိစွန်းတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ ဘောကြီး(ခ) ကိုကျော်စိုးနိုင် စသူတို့ပဲ ဖြစ်ပါ တယ်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့အခါ အနှီပုဂ္ဂိုလ်ကြီးဟာ နိုင်ငံခြားNGOတွေရဲ့ အထောက်အပံ့တွေ ရယူပြီး နိုင်ငံရေး အံတုမှုသင်တန်း (ဗေဒါ Institue) တစ်ခုကို မဲဆောက်ဘက်မှာ ဖွင့်လှစ် ခဲ့ပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်တွေ ရလာတော့ အဲဒီသင်တန်းကို ပြည်တွင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ကြိုးစားခဲ့ပြီး စမ်းချောင်းဘက်မှာ အခြေပြုလှုပ်ရှားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် စမ်းချောင်းမှာ အိမ်ရှင်က လက်မခံတော့ သင်္ကန်းကျွန်းဘက်ကို ပြောင်းရွှေ့ဖွင့်လှစ်ပါတယ်။ သင်တန်းသား စုဆောင်းဖို့အတွက် အတိုက်အခံပါတီကြီးတစ်ခုက တာဝန်ယူခဲ့ပြီး ကနဦးမှာ အဆင်ပြေခဲ့ပေမယ့် သင်တန်းမှူးရဲ့ လူမှုရေးဖောက်ပြန်မှုကျော်ဇောသတင်းကြောင့် လူသစ်စုဆောင်းဖို့ နောက်ပိုင်းမှာ အခက်အခဲ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမှာတင် NLDပါတီက ထင်ပေါ်လို့ စင်တော်က ကောက်ခဲ့ပြီး ပါတီသုတေသန ဌာနမှူးရာထူးကို ပေးအပ်ခဲ့ ပါတယ်။ ဒါကတော့ အွန်လိုင်းမှာရောအပြင်မှာပါ လူပြောသူပြောများတဲ့ ၄င်းရဲ့ နောက်ခံဘက်ဂရောင်း သမိုင်းကြောင်းပါ။

နောက်တစ်ပိုင်းကတော့ NLDပါတီနဲ့ အယူအဆ၊ အတွေးအမြင် ကွဲလွဲကြသူတွေအပေါ် (ပါတီကြီးတစ်ခုရဲ့ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ အဆင့်နှင့်မလျော်ညီစွာ) ရင့်ရင့်သီးသီး နှုတ်မစောင့်စည်းပဲ ဖေ့ဘုခ် စာမျက်နှာပေါ်မှာ ရေးသားလှုံ့ဆော်မှုတွေနဲ့ pressမီဒီယာပေါ်မှာ ပြောဆိုတုန့်ပြန်မှုတွေကို တင်ပြပါရစေ။
သူရဲ့ ဖေ့ဘုတ်ခ်စာမျက်နှာထက်မှာ မျိုးချစ်အကောင့်အချို့နဲ့ NLDပါတီအပေါ် ဆန့်ကျင်ဘက် အမြင်ရှိကြသူတစ်ချို့ကို ခွေးနဲ့ခိုင်းနှိုင်းရေးသားခဲ့သလို အင်တတာဗျူးတစ်ခုမှာလည်း သမ္မတဦးသိန်းစိန်အား သနားစရာကောင်းသဖွယ် ရေးသားမှုများ၊ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ အမျိုးဘာသာ သာသနာအရေး ကြိုးပမ်းနေသူများအား ရင့်သီးစွာဝေဖန်ထားတာတွေ ပလူပျံအောင် တွေ့ရှိ လာရပါတယ်။

ဦးစွာပြောလိုတာကတော့ ဦးမျိုးရန်နောင်သိမ်းအနေနဲ့ ပြည်တွင်းမှာရော ပြည်ပမှာပါ NLDပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားကြည်ညိုသူတွေ ရှိသလို၊ မကြည်ညို မလေးစားသူများ ရှိနိုင်တယ် ဆိုတာကိုလည်း လက်ခံထားရမယ့်အချက်ပဲ ဖြစ်ပါတယ်။ အယူအဆကွဲလွဲမှုတွေကို အပြုသဘောအရ ထောက်ပြဝေဖန်သူတွေ ရှိနိုင်သလို လုပ်သမျှ ဆန့်ကျင်ရှုတ်ချ နေသူတွေလည်း ရှိကောင်းရှိနေပါ လိမ့်မယ်ဆိုတာ လက်ခံနိုင်ရပါမယ်။ ၁၉၉၀ရွေးကောက်ပွဲကာလကနေ ခုချိန်ထိ NLDပါတီအပေါ် အားပေး ထောက်ခံသူတွေ တသမတ်ထဲရှိနေပြီး ယုတ်လျော့မှုမရှိဘဲ ဒီထက်ပို တိုးတက်ဖို့ပဲရှိတယ်လို့ တရားသေဆုပ်ကိုင်ကာ လှေနံဓားထစ်ယူဆလို့မရသလို NLDပါတီအပေါ် ထောက်ပြဝေဖန်ကန့်ကွက် နေသူတွေဟာလည်း ဒီပုပ်ထဲကဒီပဲလို့ ၀ါးလုံးရှည်နဲ့သိမ်းရမ်းရင် မမှန်နိုင်ပါဘူး။ သုတေသနအတွင်းရေးမှူး တစ်ယောက်အနေနဲ့ ကိုယ့်ပါတီရဲ့ အားနည်းချက်/ အားသာချက်တွေကို မညှာတမ်း ဝေဖန်ဆန်းစစ် တတ်ဖို့လိုသလို ဆန့်ကျင်ဘက်အုပ်စုက ဝေဖန်ထောက်ပြမှု တွေကို ထည့်သွင်းစဉ်းစားသင့်က စဉ်းစားရမှာဖြစ်ပါတယ်။ ပယ်သင့်တာပယ်ပြီး ဆယ်သင့်တာဆယ်ရမှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် (သုတေသနမှာ ငါ့တေသနမပါဘဲ) တစ်ဘက်ထဲကိုပဲ မဲနေပြီး ကိုယ့်မျက်ချီး(ချေး)ကို မမြင်ဘဲ ကိုယ်လိုရာကောက်ချက်ဆွဲလို့ မဖြစ်နိုင်ပါဘူး။ NLDပါတီက အမာခံဘက်တော်သား(အတွင်းစည်းဟုယူဆရသူများ)အကောင့်တွေရဲ့ အနက်ရောင် လုပ်နည်းလုပ်ဟန် တွေကိုထိန်ချန်ပြီး တစ်ခြားသူတွေကို မညှာမတာဝေဖန်တာဟာ သမာသမတ်ကျတဲ့ လူကြီးလူကောင်း တစ်ဦးရဲ့ စရိုက်လက္ခဏာ မဟုတ်ဘူးလို့မှတ်ယူရမှာ ဖြစ်ပါတယ်။ တစ်ဘက်ကတွေးကြည့်ရင်လည်း NLDပါတီအပေါ် ထောက်ခံသူတွေ နည်းသည်ထက် နည်းလာလို့ မလိုတမာပြောလာသလား စဉ်းစားဖွယ်ရာပါ။

ဒါတင်မက ဒီလို အမြင်ကျဉ်းမြောင်းစွာနဲ့ တစ်ဘက်စောင်းနင်း ပြောဆိုရေးသားခြင်းတွေဟာ လွတ်လပ်စွာ အတွေးအမြင် ကွဲပြားခွင့်၊လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေထဲက သဘောမျှကို ကိုယ်တိုင် မလိုက်နာ၊မကျင့်သုံးနိုင်ခြင်းဖြစ်ပြီး ပါးစပ်ကသာ ဒီမိုကရေစီ တွင်တွင်မြည်နေပေမယ့် ဒီလိုအခြေခံအချက်လက် တွေကိုတောင် နားလည်လက်ခံ မပေးနိုင်လောက်အောင် ငါ့နဲ့မတူ ငါ့ရန်သူလို သဘောထားနေတာက ၄င်းရဲ့မပြည့်ဝမှုနဲ့ သဘောထား သေးသိမ်မှုကို တိတိပပဖော်ပြနေတယ်လို့ ယူဆရမယ့်အပြင် ပါတီရဲ့ ရပ်တည်မှု၊ မိမိကိုယ်စားပြုရာ ပါတီရဲ့သဘောထားဟာလည်း ဒီလိုပဲလားလို့ ထင်မြင်ယူဆ သုံးသပ်စရာ ဖြစ်လာပါတယ်။ ဒီလိုမရင့်ကျက်တဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ စုဖွဲ့ထားတဲ့ ပါတီကြီးတစ်ခုရဲ့လက်ထဲ အာဏာဘယ်လိုလွှဲမလဲဆိုတဲ့ အတွေးမျိုးအမြင်မျိုးကို (ပြည်သူတွေ) တွေးတောသုံးသပ်လာစေတဲ့အထိ နောက်ဆက်တွဲ ဂယက်ရိုက်စေနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

တကယ်က အမျိုးဘာသာ သာသနာအရေးမှာ နှာစေးချောင်းဆိုးနေတာကြာပြီဖြစ်တဲ့ ပါတီကြီးတစ်ခုကို အမြင်မကြည်လင်ကြတာ ကြံ့ဖွံ့မှမဟုတ်ပါ။ စစ်ခွေးမှ မဟုတ်ပါ။ သူများယောင် အမောင်တောင်မှန်း မြောက်မှန်း မသိသူများနဲ့ အရင်အစိုးရလက်ထက်က နှိပ်ကွပ်ခံအစွန်းရောက်များမှအပ အမျိုးသားရေး ကိုယ်ခံအင်အားရှိပြီး ဆင်ခြင်တုံတရားပြည့်ဝသူများက ဘယ်သူဘယ်စကားဟရင် ဗိုက်ထဲမှာ အူဘယ်နှစ်ခွေရှိသည်ကို သိနေကြပြီ ဖြစ်ပါသည်။ဘယ်ပါတီ ဘယ်လိုရှိပြီး ဘယ်ခြေလှမ်း လှမ်းမည်ကို သိနေကြပါပြီ။

ယခင်ခေတ်ကာလကဲ့သို့ လူတိုင်းကို မိမိပါတီ၏ ဘောင်းတော်ညိတ်၊စိတ်တော်ကျဟု ယူဆ၍မရ။ ပြည်ပ သည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ လတ်တလော TIMEမဂ္ဂဇင်းမှ ထုတ်ပြန်သည့် ကမ္ဘာ့သြဇာ အရှိဆုံး လူအယောက် (၁၀၀)တွင် သမ္မတဦးသိန်းစိန် ၂နှစ်ဆက်ပါဝင်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိတော့။ကိုယ့်အကြောင်းကို ကြည့် ၊ကိုယ့်ဝမ်းနာ ကိုယ်သိဖို့လိုပေပြီ။ ထင်တစ်လုံး မြင်တစ်လုံးနှင့် ငါတကော ကောနေပါက သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဆိုသော နိယာမအတိုင်း မိမိနှင့် မိမိပါတီကို ထို့ထက်ပို ထိုးနှက်ခံရဖွယ်ရှိသည်။ မိမိအားနည်းချက်ကို အမြန်မဖာထေးနိုင်က ကျဆုံးခြင်းကိုသာ ၀မ်းနည်းပက်လက် ထွေးပိုက်ရပေမည်။

သို့သော် ယခုချိန်တိုင်သည်အထိ အမြင်မှန် ရရှိဖို့ဝေးစွ။ အမုန်းအာဃာတနှင့် မဲမဲမြင် ရမ်းချင်သည်ကိုသာ ကြုံနေရသည်။ အာဏာမရခင် အာဏာပြနေကြသည်ကိုသာ တွေ့ရသည်။ မပြည့်သည့်အိုး ဘောင်ပင် ခတ်နေသည်ကိုသာ ကြားနေရသည်။ ထို့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကလွဲရင် ကျန်တာအရည်အချင်းမရှိဘူး ..ထောင်တွင်း အတွေ့အကြုံပြိုင်ပွဲကလွဲလို့ ကြိုက်တဲ့နေရာ ယှဉ်ရဲသည် … စသည်ဖြင့် ဘူးလက်ကြီးက ပြောင်ပြောင်တင်းတင်း စိန်ခေါ်ရဲခြင်းဖြစ်မည်ဆိုသည်ကိုလည်း တွေးမိလိုက် ပါ၏။

Credit:Aung Zay

စားနပ်ရိက္ခာမလုံလောက်မှုနှင့် လစာမရရှိမှုကြောင့် KIA တပ်ဖွဲ့ဝင်(၄)ဦး အလင်းဝင်

Posted by Unknown Tuesday, September 02, 2014, under | No comments



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အစိုးရဌာရုံးသို့ သြဂုတ်လ ၃၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ တပ်ဖွဲ့ဝင်(၄)ဦး လက်နက်မဲ့ အလင်းဝင်ရောက်လာမှုမှာ စားနပ်ရိက္ခာမလုံလောက်မှုနှင့် လစာ မရရှိမှုကြောင့်ဖြစ်ကြောင်း ယင်းရုံးမှ သတင်းရရှိသည်။

``တစ်ရက်တည်းနဲ့ နှစ်ဖွဲ့ဝင်လာတာပါ၊ ပထမအဖွဲ့က သုံးယောက်၊ နောက်ထပ်ဝင်လာတာကတော့ တစ်ယောက်တည်းပါ၊ အခုလိုတစ်ရက်တည်း လေးယောက်ပြိုင်ဝင်လာတာ ရှားပါတယ်´´ ဟု တာဝန်ရှိသူ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

တီယန်ဇွပ်စခန်းသို့ ၀င်ရောက်လာပြီး ရှေ့တန်းအစိုးရတပ်မှ မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးသို့ သြဂုတ်လ ၃၁ ရက် ညနေ ၅ နာရီခွဲအချိန် လွှဲပြောင်းပေးသော KIA တပ်ဖွဲ့ဝင်(၃)ယောက်မှာ တပ်သားအဆင့်ရှိ မောင်ကျော်ထက်(၂၃)နှစ် (ဘ)ဦးလင်းနောင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မောင်မင်း စိုးလင်း(၂၃)နှစ်၊ (ဘ)ဦးညွှန့်ဖေ၊ တမူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မောင်ထွန်းမင်းနိုင်(၂၂)နှစ်(ဘ)ဦးတင် မောင်စိုး၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။

``ရွှေမှော်တွေမှာ လုပ်နေရင်း လူသစ်စုခံရတာလို့ ပြောတယ်၊ အသက်အသေမခံနိုင်တာကြောင့် စစ်သင်တန်း တက်ပြီး KIA ထဲ ၀င်ခဲ့ရတယ်၊ သူတို့ပြောတာကတော့ စားနပ်ရိက္ခာမလုံလောက်ဘူးလို့ ပြောတယ်၊ လစာ ကလည်း မပေးတာ ၆ လလောက်ရှိပြီဖြစ်တဲ့အတွက် မနေချင်တော့တာကြောင့် အလင်းဝင်လာကြတာလို့ သိရ ပါတယ်´´ ဟု လိုက်ပါပို့ဆောင်ပေးသော ရှေ့တန်းအစိုးရတပ်မှ အရာရှိတစ်ဦးက ပြောသည်။

သြဂုတ်လ ၃၁ ရက် ည ၈ နာရီခွဲချိန်တွင် ထပ်မံအလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင်မှာ ဒုတပ်ကြပ် အဆင့်ရှိ ကျော်မျိုးသန့်(ခ)ဘာဂျီး(၂၆)နှစ်(ဘ) ဦးအောင်ထွန်း၊ နောင်တာလောကျေးရွာ၊ ၀ိုင်းမော်မြို့နယ်နေသူ ဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော လက်အောက်ငယ်သားတပ်ဖွဲ့ဝင်များသည် ပုံမှန်ထောက်ပံ့ပေး သော စားနပ်ရိက္ခာမရှိဘဲ ဖြစ်သလို ရှာကြံစားသောက်နေရသောကြောင့် မလုံလောက်ခြင်း၊ ပုံမှန်လစာမရရှိခြင်း တို့ကြောင့် ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ဘဲ ယခုကဲ့သို့ အလင်းဝင်လာခြင်းဖြစ်ကြောင်းနှင့် ထပ်မံအလင်းဝင်လာဦးမည့် KIA တပ်ဖွဲ့ဝင်များလည်း ရှိနေသေးကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)

အကန့်အသတ်မရှိ ရောင်းမည်ဆိုသည့် MPT ဆင်းမ်ကတ် မှောင်ခိုဈေးကွက် ထပ်ဖြစ်

Posted by Unknown Tuesday, September 02, 2014, under | No comments



မြန်မာ့ဆက်သွယ်ရေးက ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို စက်တင်ဘာ ၁ ရက်မှစ၍ အကန့်အသတ် မရှိ ရောင်းချပေးရာ ဝယ်ယူရန်စောင့်ဆိုင်းနေ သူများ တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို စက်တင်ဘာ ၁ ရက်မှစ၍ အကန့် အသတ်မရှိ ရောင်းချပေးသွားမည်ဟု ဆိုသော်လည်း အရောင်းဆိုင်အနည်းစုတွင်သာ ၀ယ်ယူနိုင်ပြီး ကျပ် တစ် သောင်းခွဲအထိ ဈေးတင်ကာ ပြန် လည်ရောင်းချသူများ ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ သတင်းရရှိ သည်။‘‘ဆိုင်တွေကတော့ ၁၅၀၀ နဲ့ပဲ ရောင်းပေးနေတာပဲ။ ဒါပေမဲ့ ဆိုင်အားလုံးမှာ ၀ယ်လို့မရတဲ့အ တွက် ပြန်ကော က်ပြီးတော့ ဈေး တင်ပြီး ရောင်းနေကြတာပါ။ ရောင်းတဲ့ဆိုင်တွေမှာ သွားပြီး တန်းစီတဲ့ လူတွေကတော့ ၁၅၀၀ နဲ့ တစ်ယောက်ကို နှစ်ကတ်စီရ တယ်လို့ သိရပါတယ်’’ဟု မန္တလေးတိုင်း ကွန်ပျူတာ လုပ်ငန်းရှင် အသင်းနာယက ဦးရဲမြတ်သူက ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းအ ရောင်းဆိုင်အချို့နှင့် အရောင်းကိုယ်စားလှယ်ဆိုင်များတွင်သာ MPT ဆင်းမ်ကတ်များရောင်းချနေပြီး လိုသလောက် မရရှိသေး၍ အူရီးဒူးဆင်းမ်ကတ်များကဲ့သို့ ၀ယ်လို အားနှင့် ရောင်း လိုအားမမျှသည့်အတွက် ဈေးတင်ရောင်းချမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အရောင်း ဆိုင် အချို့ထံမှ သိရသည်။

‘‘ဆင်းမ်ကတ်တွေက လိုသ လောက်တော့ မရသေးဘူး။ ဆိုင် တိုင်းလည်း ရောင်းတာမတွေ့ရ သလို ဆင်းမ်ကတ်ရတဲ့ ဆိုင်တွေမှာလည်း ခွဲတမ်းက မတူဘူး။ တစ်ရာ ကျော်လောက်ပဲရတဲ့ဆိုင်တွေရှိသလို၊ အဲဒီထက်ပိုပြီးရတဲ့ ဆိုင် တွေလည်းရှိတယ် သိရတယ်’’ဟု လူကြီးမင်းစီးပွားရေးလုပ်ငန်းစုမှ ဒါရိုက်တာ ကိုစည်သူက ပြော သည်။

အရောင်းဆိုင်အားလုံးတွင် ၀ယ်ယူ၍ မရသေးသော်လည်း လူအချို့မှာ ဆင်းမ်ကတ် အရေအတွက် ရာဂဏန်း အထိ ၀ယ်ယူထားပြီး ကျပ်တစ်သောင်းခွဲဖြင့် ပြန်လည်ရောင်းချမှုများ ရှိနေကြောင်း သတင်း ရရှိသည်။

‘‘ဒီနေ့စရောင်းတဲ့ ဆင်းမ်ကတ် နှစ်ရာလောက်ရှိတယ်။ ၁၅၀၀ နဲ့ လိုသလောက်ရောင်း ပေးသွားမယ်။ ဆယ်ကတ်ထက်ပိုဝယ်မယ်ဆိုရင်တော့ အိမ်အရောက်ပို့ပေးပါတယ်’’ဟု ရန်ကုန်မြို့ပေါ်တွင် ဆင်းမ်ကတ် အရောင်း အ၀ယ်ပြုလုပ်သူတစ်ဦးက ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး ဆင်းမ်ကတ်များကို တစ်ရက်တည်း ဖြင့် အများအပြားဝယ်ယူအသုံးပြု ကြ၍ အချို့ ဆင်းမ်ကတ်များမှာ Register ပြုလုပ်ရာတွင် အခက်အခဲရှိပြီး အချို့မှာ လိုင်းမပွင့်သေးသည့် ပြဿနာနှင့် ကြုံတွေ့ရကြောင်း အရောင်းဆိုင်များမှ သတင်းရရှိသည်။

7Day DAILY

UNFC ကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေရအုံးမှာလား

Posted by Unknown Tuesday, September 02, 2014, under | No comments



သြဂုတ်လ (၂၆) ရက်နေ့မှ ယနေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်၊ ၀မ်ထမ်ဟိုတယ်တွင် ကျင်းပပြုလုပ်နေသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ နှင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးပါတီ အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲအား ငြိမ်းချမ်းရေးကိုစိတ်ဝင်စားသည့်သူတိုင်းသိကြလိမ့် မည် ထင်ပါသည်။ ငြိမ်းချမ်းရေး ဟူသော ခေါင်းစဉ် အောက်တွင် နိုင်ငံရေးအဖွဲ့စည်းပေါင်းများစွာ၊ ကော်မတီပေါင်းများစွာ၊ အသင်းအဖွဲ့ပေါင်း များစွာ ပေါ်ပေါက် လာခဲ့ရာမှ ၄င်းအဖွဲ့စည်း ပေါင်းများစွာ ထဲတွင်တိုင်းရင်းသား လူမျိုးများကို ကိုယ်စား ပြုသည် ဟု ကြွေးကြော် ထားသော UNFC-( United Nationalities Federal Council) ၏အကြောင်းကို ကျွန်ပ် အနေဖြင့် အနည်းငယ် ရေးသားလိုပါသည်။

ပထမဦးစွာ UNFC စတင်ဖွဲ့စည်းဖြစ်ပေါ်လာပုံကို ဖော်ပြချင်သည်။ UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊စမ်ဆိုင်းမြို့နယ်တွင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ(CEFU)မှ ဦးစီး၍ ကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများညီလာခံ၏ဆုံးဖြတ်ချက်များအရ (KIO) ၊ (KNU)၊ (KNPP)၊ (CNF)၊ (NSMP)၊ (SSPP)၊ (PNLO)၊ (PSLF)၊ (ANC)၊ (LDU)၊ (WNO)၊ (KNO) အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၂) ဖွဲ့ တို့ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။သို့သော်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများတွင် အင်အား အကြီးမားဆုံးဖြစ်သည့် “၀” (UWSA ) နှင့် သူ၏မဟာမိတ် အဖွဲ့ဖြစ် သည့် (NDDA) မိုင်းလား အဖွဲ့တို့ပါဝင်ခဲ့ခြင်းမရှိခဲ့သည်ကို တွေ့မြင်ရပေလိမ့်မည်။ “၀” အဖွဲ့မှာ အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးဖြစ်သဖြင့် မပါဝင်လိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ RCSS/SSA ခေါင်းဆောင်ရွက်ဆစ်မှာလည်း UNFC၏ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေ သည်။ ထို့ကြောင့် UNFC တွင်လက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်သည်ဟုဆို သော်ငြားလည်း လောက်လောက်လားလား အင်အား ကြီးမားသည့် အဖွဲ့ဟူ၍ KIA ၊ KNU နှင့် SSPP အဖွဲ့ တို့သာပါဝင်ခဲ့ပြီး ကျန်အဖွဲ့ငယ်များမှာ အမည်ခံ သဘောသာ ပါဝင် ခဲ့သည် ကို တွေ့ရှိ ခဲ့ရပေသည်။ အဖွဲ့၏ ဥက္ကဌရာထူးကို KIO ဒုတိယ ဥက္ကဌ အင်ဘန်လမှ တာဝန်ယူ ထားခဲ့ပြီး ကျန်သည့် ခေါင်းဆောင်ပိုင်း ရာထူးများကိုလည်း KIO၊ KIA နှင့် KNU တို့မှ အကြီးအကဲများကသာ ချုပ်ကိုင် ထားခဲ့သည် ကိုတွေ့ရှိခဲ့ရသည်။ ပွင့်လင်းစွာ ဆိုရလျှင် UNFCသည် တိုင်းရင်း သားအားလုံးကို ကိုယ်စားပြုသည်ဟု ဆိုထားသော်ငြားအဖွဲ့စည်း စတင်ဖွဲ့စည်း ကတည်းက တိုင်းရင်းသားအဖွဲ့အားလုံးမပါဝင်ခြင်းနှင့် အဖွဲ့အတွင်းတွင်လည်း KIO၊ KIA အစရှိသည့် အင်းအားကြီးအဖွဲ့များသာ အကြီးအကဲပိုင်းရာထူးများကို တာဝန်ယူထားသဖြင့် ၄င်းတို့ အဖွဲ့သည် တိုင်းရင်းသား အားလုံးကို ကိုယ်စား မပြုဆိုသည် မှာအထင်ရှားပင်ဖြစ်ပေသည်။ 
ဤသို့ဖြင့် UNFC ဖွဲ့စည်းလာခဲ့သည်မှာ ၃နှစ်ကျော်ကြာမြင့်ခဲ့လေပြီ။ ၃နှစ်ကျော် အချိန် ကာလတစ်ခု အတွင်းတွင် UNFC အနေဖြင့် တိုင်းရင်းသားလူမျိုးများ အကျိုးအတွက် မည်သို့သော အကျိုးပြုမှုများကို ဆောင်ရွက်ခဲ့သလဲဟုမေးလာ လျှင်တော့ မရှိပါဟုသာဖြေရပေလိမ့်မည်။ ဦးစီးအဖွဲ့များအားအကြိမ်ကြိမ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အကြီးကဲခေါင်းဆောင် ရာထူးကိုတော့ KIO ကသာချုပ်ကိုင်ထား သည်ကိုတွေ့ရှိရပေ လိမ့်မည်။ အစိုးရနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်လည်း မဖြစ်နိုင်သော တောင်းဆိုမှုများကိုသာ တောင်း ဆိုပြီး အချိန်ဆွဲလာခဲ့သည် ကိုတွေ့မြင်ရပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ UNFC အဖွဲ့သည် EUနှင့် ဂျပန်နိုင်ငံတို့ ၏ အထောက်အပံ့များနှင့်ရပ်တည်နေဆဲဖြစ်သည်။ အဖွဲ့ဝင်များ၏ ကျန်းမာရေး၊ နေထိုင်မှု၊ သက်သာချောင်ချိရေး အစရှိသည်တို့ကို ၄င်းအဖွဲ့များမှထောက်ပံ့လျှက်ရှိပေသည်။ ခေါင်းဆောင် ပိုင်းများ အနေဖြင့်လည်း နိုင်ငံရပ်ခြားသို့ မကြာခဏ သွားရောက်လျှက်ရှိကြပေသည်။ ၄င်းစားရိတ်များသည် EU နှင့် ဂျပန်တို့၏အထောက်အပံ့များသာဖြစ်ပေသည်။ 
ယခုအခါတွင်ပြည်သူအားလုံးစိတ်ဝင်စားနေသော ထိုင်းနိုင်ငံ ၊ ဒွိုင်စကစ်မြို့နယ် တွင်ကျင်းပနေသော တွေ့ဆုံ ဆွေးနွေးပွဲမှ KNU နှုတ်ထွက်သွားခဲ့ပေပြီ။ KNU ဘာ့ကြောင့်နှုတ်ထွက်ခဲ့သလဲ ဆိုလျှင် UNFC ၏တစ်ဖက်သတ် ရေးဆွဲ နေသော ဖွဲ့စည်းပုံကိုသဘောမတူ၍သာဖြစ်ပါသည်။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း လာရေးတွင် တိုင်းရင်းသား ကိုယ်စားလှယ်များမှအလှည့်ကျကာကွယ်ရေးဦးစီးချုပ် ပြုလုပ်ရေး၊ တိုင်းရင်းသားစစ်တိုင်းများ ဖွဲ့စည်းရန် ဖွဲ့စည်းပုံ အင်အား တင်ပြရေး အစရှိသည်တို့အပြင်အခြား မဖြစ်နိုင်သည့် အချက်များသည် ဆွေးနွေးဖြေရှင်း သည့် လမ်းစဉ်မဟုတ်၊ ထိပ်တိုက် ရင်ဆိုင်ရန်လမ်းစဉ် သာဖြစ် သည်ဟု ဆိုကာ သဘောမတူနိုင်သဖြင့်နှုတ်ထွက်ခဲ့ခြင်းဖြစ်ပေသည်။ KNU သည်အစိုးရနှင့် ပြည် ထောင်စုအဆင့်အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသည့်အဖွဲ့စည်းတစ်ခုဖြစ်ပြီးသူ၏မူဝါဒများသည်ငြိမ်းချမ်း ရေးကိုသာရှေ့ရှုသည့်မူဝါဒများဖြစ် သည့်အတွက်ဆွေးနွေးပွဲမှနှုတ်ထွက်ခဲ့ခြင်းဖြစ်ပေသည်။ ငြိမ်းချမ်းရေး အမှန် တကယ် ဖော်ဆောင် လိုသည့်အဖွဲ့စည်းများနှုတ်ထွက်သွားခြင်း ကိုကြည့်ခြင်း အားဖြင့် လည်း UNFC၏တစ်ဖက်သတ် မူဝါဒများကို ရှင်းလင်းစွာသိရှိနိုင်သည်။ 
အချုပ်အားဖြင့်ဆိုသော် UNFC သည်အစိုးရမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင် နေချိန်တွင် ပြည်ပအထောက်အပံ့များရ ယူကာ မဖြစ်နိုင်သည်များပြောဆိုနေခြင်းက ငြိမ်း ချမ်းရေး ကို အမှန်တကယ် မလိုလား သောအဖွဲ့စည်းဖြစ်သည်ဟုသာသတ်မှတ်ရပေမည်။ တိုင်းရင်းသား အဖွဲ့ငယ်များကို စည်းရုံး၍ ငြိမ်းချမ်းရေး အမည်ခံကာ နိုင်ငံရေးလုပ်စားနေသော နိုင်ငံရေးအဖွဲ့စည်း တစ်ခုသာဖြစ်ပေ လိမ့်မည်။ ယခုကဲ့သို့ KNU လိုအဖွဲ့အစည်း တစ်ခုနှုတ်ထွက်သွားခြင်းဟာသည်လည်း ၄င်းတို့ အဖို့ကြီးမားသော ဆုံးရှုံးမှု တစ်ခုဖြစ်လာနိုင်ပြီး ဟန်ပါပါ ၊ အသံသာရှိ၊ အဆံမရှိသည့် သင်္ကြန် အမြှောက်ကဲ့ သို့သာဖြစ်ပေတော့မည်။ တိုင်းရင်းသားအားလုံးစုပေါင်းပါဝင်သည့် အရှေ့တောင်အာရှတွင် အင်အားအကြီးမားဆုံး တစ်ခုတည်းသော ဖက်ဒရယ် တပ်မတော်ကြီးဖြစ်လာရန်၊ တိုင်းရင်းသား ဒေသ အားလုံး တည်ငြိမ်အေးချမ်း လျှက် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်လာရန်၊ အစိုးရနှင့် တိုင်းရင်းသား အားလုံး တက်ညီ လက်ညီဖော်ဆောင်နေချိန်တွင် UNFC အဖွဲ့စည်းကြောင့် အားလုံးလို ချင်နေသည့် ငြိမ်းချမ်းရေးသည် အလှမ်း ဝေးလျှက် ရှိနေအုံးမှာ လားဟု ရေးသားဖော်ပြလိုက်ရပါသည်။ 
မင်းထက်သာ (ဗဟန်း)

ဝတ်လစ်စားလစ်ဓာတ်ပုံများ ခိုးယူခံရပြီး အွန်လိုင်းတွင် ဖော်ပြခြင်းခံ ရသည့် ဟောလိဝုဒ်နာမည်ကျော်များ၏ ပုံများ 18+

Posted by Unknown Tuesday, September 02, 2014, under | No comments




adrienne-bailon


Ashley-Green


Ashley-Green


blake-lively


cassie-ventura-












rihanna






အော်စကာ ဆုရ မင်းသမီး ဂျနီဖာလောရင့်စ်၊ အာရီယာနာဂရန်ဒီ၊ ကိတ်အယ် တန်၊ ရီဟားနားစသည့် နာမည် ကျော်ထိပ်တန်းအနုပညာရှင်များ ၏ ၀တ်လစ်စားလစ် ဓာတ်ပုံများ သြဂုတ် ၃၁ ရက်တွင် လူမှု မီဒီ ယာ တစ်ဝန်း ပျံ့နှံ့ခဲ့သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသည်။ အွန်လိုင်းတွင် ထွက်ပေါ်ခဲ့ သော ဓာတ်ပုံများမှာ အစစ်များ ဖြစ်သည်ဟု ဂျနီဖာလောရင့်စ်၏ ပြောရေးဆိုခွင့် ရသူက ပြောကြား ခဲ့ပြီး ကိုယ်ရေးကိုယ်တာ လွတ် လပ်ခွင့်ကို ပြောင်ပြောင်တင်း တင်းချိုးဖောက်မှုအတွက် ဓာတ်ပုံ ဟက်ကာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများအား အကြောင်း ကြားထားပြီး ဂျနီဖာလောရင့်စ်၏ ခိုးယူခံရသော ဓာတ်ပုံများ အွန်လိုင်းစာမျက်နှာ၌ ဖြန့်ဝေသူများ ကို တရားစွဲဆိုသွားမည်ဟု ၎င်းက ပြောသည်။

ဂျနီဖာလော့ရင်စ်ဝတ်လစ် စားလစ်ဖြင့် ရိုက်ထားသော ကိုယ် တိုင်ရိုက်ဓာတ်ပုံများနှင့် သူတစ် ပါးရိုက် ကူးပေးထားသည့် ဓာတ်ပုံ ဒါဇင်များစွာတို့သည် သြဂုတ် ၃၁ ရက်အစောပိုင်းတွင် အွန်လိုင်းစာ မျက်နှာ၌ ပျံ့နှံ့ခဲ့ သည်။ ယင်းဓာတ် ပုံများကို Apple ကုမ္ပဏီ၏ iCloud ၀န်ဆောင်မှုကို ချိုးဖောက်၍ ရယူ ခဲ့ခြင်းဖြစ် သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဟက်ကာသည် နာမည် ကျော် ၁၀၁ ဦး၏ အကောင့်များ ကို ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ဓာတ် ပုံများ ခိုးယူခဲ့သည်ဟု သိရသည်။ အဆိုတော် အာရီယာနာ ဂရန်ဒီ နှင့် ဗစ်တိုးရီးယား ဂျက်စတစ် တို့က ၎င်းတို့၏ ၀တ်လစ်စားလစ် ဓာတ်ပုံများမှာ အတုများဖြစ်သည် ဟု ရှင်းလင်းချက်ထုတ်ပြန်သည်။

ဓာတ်ပုံများ ခိုးယူခံရပြီး အွန်လိုင်းစာမျက်နှာ၌ ဖော်ပြခံရ သော နာမည်ကျော်များထဲတွင် အဗာလက်ဗင်း၊ အမ်ဘာဟာ့ဒ်၊ ဟီလာရီဒက်ဖ်၊ ကိတ်ဘို့စ်ဝေါ့သ် နှင့် ကင်မ်ကာဒက်ရှီယန်တို့လည်း ပါဝင်သည်။

အွန်န်လိုင်းစာမျက်နှာ၌ ဖော်ပြခံရ သော နာမည်ကျော်များ

AJ Michalka, American actress, singer-songwriter, and musician
Alyson 'Aly' Michalka, AJ's sister, also an American actress
Allegra Carpenter, actress, best known for The Fault In Our Stars
Abigail Spencer, American actress
Alana Blanchard, American professional surfer and bikini model
Alexa Jane, model
Angelina McCoy, actress, best known for Enchanted
Anna O'Neill
Ashley Blankenship, actress, appeared in The Wolf Of Wall Street
Aubrey Plaza, American actress and comedian
Abigail 'Abby' Elliott, American actress, voice actress and comedian
AnnaLynne McCord, actress and model
Avril Lavigne, Canadian singer-songwriter
Amber Heard, American actress and model
Rebecca 'Becca' Tobin, actress, singer, and dancer
Brie Larson, American actress, screenwriter, director and singer
Brittany Booker
Candace Smith, American lawyer, actress, model, and beauty queen
Candice Swanepoel, South African fashion model, best known for her work with Victoria's Secret
Cara Delevingne, English fashion model
Carley Pope, Canadian actress
Carmella Carcia
Carrie Michalka
Cat Deeley, English television presenter, actress, singer and model
Carly Foulkes, Canadian model and actress
Chloe Dykstra, actress and model
Clare Bowen, Australian actress and singer
Dove Cameron, 18-year-old U.S. actress and singer
Elena Satine, Georgian-American actress and singer
Elle Evans, American model and actress
Ellenore Scott
Emily Browning, Australian film actress and singer
Emily DiDonato, model from New York
Emily Ratajkowski, British-born model and actress
Erin Cummings, American actress
Erin Heatherton, American fashion model and actress
Farrah Abraham, TV personality, author and pornographic actress
Gabrielle Union, American actress and former model
Gabi Grecko
Hayden Panettiere, U.S. actress, model and singer
Hope Solo, American goalkeeper and two-time Olympic gold medalist
Heather Marks, Canadian model
Hilary Duff, American actress and singer-songwriter
Jacqueline Dunford
Janelle Ginestra
Jennifer Lawrence, American actress
Jessiqa Pace
Jessica Dunford
Jessica Riccardi, model
Jesse Golden
JoJo, American singer, songwriter and actress
Joanna Krupa, Polish American model and actress
Jennifer 'Jenny' McCarthy, American model and actress
Josie Loren, U.S. actress
Joy Corrigan
Kaley Cuoco, American actress
Kaime O'Teter
Kate Upton, American model and actress
Kate Bosworth, American actress
Kelly Brook, English model, actress and TV presenter
Lauren 'Keke' Palmer, American actress and singer-songwriter
Kim West, American TV personality socialite
Kirsten Dunst, American actress, singer, model and director
Krysten Ritter, U.S. actress, musician, and former model
Lake Bell, American actress
Laura Ramsey, film and television actress
Lea Michele, actress and singer, best known for her performance as Rachel Berry on the Fox TV series Glee
Leelee Sobieski, actress
Leven Rambin, American actress
Lisa Kelly, American trucker who appeared in Ice Road Truckers
Lisalla Montenegro, Brazilian model
Lindsay Clubine
Lizzy Caplan, American actress
Mary-Kate Olsen, American actress and fashion designer
Mary Elizabeth Winstead, actress and recording artist
McKayla Maroney, artistic gymnast
Melissa Benoist, American actress and singer
Meagan Good, actress
Megan Boone, actress
Michelle Keegan, British actress
Mikayla Pierce
Misty Treanor, retired American beach volleyball player
Nina Stavris
Rachel Nichols, American actress and model
Rihanna, singer
Sarah Shahi, American actress
Sahara Ray
Sarah Schneider, American writer, actress, and comedian
ScarJo (possibly Scarlett Johansson, actress)
Selena Gomez, American actress and singer
Shannon McNally, singer-songwriter
Tameka Jacobs
Teresa Palmer, Australian actress and model
Uldouz
Vanessa Hudgens, American actress and singer
Victoria Justice, Nickelodeon actress
Wailana Geisen
Winona Ryder, American actress
Yvonne Strahovski, Australian actress
Alison Brie (U.S. actress) and Dave Franco (U.S. actor)


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်