Tuesday, September 02, 2014

Natural Force ကုမ္ပဏီပိုင်ရှင်နေအိမ်အတွင်း လက်နက်နှင့် စိတ်ကြွဆေးပြား နှစ်သိန်းကျော်ဖမ်းဆီးရမိမှုမှ ကုမ္ပဏီပိုင်ရှင်နှင့် ကွင်းဆက်များကို စုံစမ်းဖမ်းဆီးမည်

Posted by Unknown Tuesday, September 02, 2014, under | No comments

နေအိမ်အတွင်း၌ သက်သေခံပစ္စည်းများ ရှာဖွေထားသည်ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင်နေထိုင်သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏နေအိမ်အတွင်း လက်နက်နှင့် စိတ်ကြွဆေးပြား နှစ်သိန်းကျော် ဖမ်းဆီးရမိမှုမှ ကုမ္ပဏီပိုင်ရှင်နှင့် ကွင်းဆက်များကို စုံစမ်းဖမ်းဆီးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

ယင်းဖြစ်စဉ်မှ အဓိကကျူးလွန်သူဟု ယူဆခံထားရသည့် Natural Force ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးရဲထွန်းကျော် (၃၅)နှစ်ကို အမြန်ဆုံးဖမ်းဆီးနိုင်ရန်အတွက် အဖွဲ့ပေါင်းစုံဖြင့်ဆောင်ရွက်နေပြီး ယင်းအမှုမှ ကွင်းဆက်ကျူးလွန်သူများနှင့် ကုမ္ပဏီမှလည်ပတ်နေသောလုပ်ငန်းများကိုလည်း စစ်ဆေးကာ ပိတ်ပင်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အမည်မဖော်လိုသူ ရဲမှူးကြီးတစ်ဦးက စက်တင်ဘာ ၁ ရက်တွင် ပြောကြားသည်။

"ကျွန်တော်တို့အနေနဲ့တော့ ဒီအမှုနဲ့ပတ်သက်တဲ့လမ်းကြောင်းတွေ၊ ကျူးလွန်သူတွေအားလုံးကို ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူရဲမှူးကြီးတစ်ဦးကဆိုသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ယာဉ်တစ်စီးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယာဉ်ပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားတစ်သိန်းအား စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယင်းယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးအား ခေါ်ယူစစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးခဲ့ရာတွင် ယာဉ်ပေါ်ရှိအမျိုးသားနှစ်ဦးအနက်မှ တစ်ဦးဖြစ်သူ မောင်မောင်အောင်၏ထွက်ဆိုချက်အရ အမှတ် ၁၈/၅ ကုန်းမြင့်ရိပ်သာလမ်း မရမ်းကုန်းမြို့နယ်နေ ဦးရဲထွန်းကျော်နှင့် ဇနီးဖြစ်သူ မခင်သန္တာဝင်းတို့ထံမှ စိတ်ကြွဆေးပြားတစ်သိန်းပြားအား ၀ယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးရဲထွန်းကျော်နှင့် မခင်သန္တာဝင်းတို့နေအိမ်အား ရှာဖွေခွင့်အမိန့် ၁၁၇/၁၄ဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေရာတွင် နေအိမ်အပေါ်ထပ် လှေကားဝဲဘက်ထောင့်မှ အညိုရောင်ခရီးဆောင်အိတ်တစ်လုံးအတွင်း၌ အစိမ်းနုရောင်အညိုကွက်ပါ ဘောင်းဘီတိုဖြင့်ပတ်ထားသည့် USA စာတမ်းပါ ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်ခြောက်တောင့်ပါ စတီးရောင်ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနှစ်တောင့်ပါ စတီးကျည်ကတ်တစ်ခုနှင့် MO- D.5.CALE 35mm ATC BRNO C2/ 204926 စာတမ်းပါ ပစ္စတိုသေနတ်တစ်လက်၊ အနက်ရောင်ကျည်ကတ်တစ်ခုနှင့် ၎င်းကျည်ခုနစ်တောင့်၊ ပစ္စတိုနှစ်လက်၊ ကျည်ကတ်၊ ကျည်ဆန်များတွေ့ရှိခဲ့သည်။

ထို့အပြင် အဆိုပါကုမ္ပဏီပိုင်ရှင်နေအိမ်အတွင်း စုစုပေါင်းဆေးပြား ၂၀၁၀၀၀၀၊ စုစုပေါင်းတန်ဖိုး ၁၀,၀၅၀,၀၀၀ç၀၀၀ ကျပ်နှင့် ဘိန်းဖြူ ၃၅၀ ဂရမ်တန်ဖိုး သိန်း ၃၅၀ ကျပ်တို့ သိမ်းဆည်းရမိကြောင်း သိရသည်။

"လတ်တလောစစ်ဆေးချက်မှာ ဒီမူးယစ်ဆေးပြားတွေကို ရှမ်းပြည်နယ်ဘက်ကနေ ရန်ကုန်ကိုသယ်တယ်။ ပြီးရင် ရန်ကုန်ကနေ ရခိုင်ဘက်ကိုသွားတယ်လို့ သိရတယ်။ ကုမ္ပဏီပိုင်ရှင်မှာ လုပ်ငန်းတွေအများကြီးရှိတယ်။ စက်လှေကလည်း ငါးစီးလောက်ပိုင်ဆိုင်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်