Sunday, October 13, 2013

အမျိုးသားရေးသတိနှင့် လူ့အခွင့်အရေးအသိလေး ထားပေးကြပါ

Posted by drmyochit Sunday, October 13, 2013, under | No comments


တရားဥပဒေ စိုးမိုးမှုရှိမှ တည်ငြိမ် အေးချမ်းမှု ရှိမည်။ တည်ငြိမ် အေးချမ်းမှုရှိမှ ဖွံ့ဖြိုး တိုးတက်မည်ဆိုတဲ့ စကားရပ်၏ ဆက်စပ်မှုကို မည်သူမှ ငြင်းဆိုမည် မဟုတ်ပါ။

ထို့ကြောင့် နိုင်ငံသားများ ကိုယ်စိတ်နှစ်ပါး မြင့်မား တက်ကြွတဲ့ ခံစားမှုတွေ ရရှိနိုင်ဖို့ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်စေဖို့ရာ နိုင်ငံတိုင်းမှာ တည်ငြိမ် အေးချမ်းပြီး တရားဥပဒေ စိုးမိုးစေရန် မဖြစ်မနေ လိုအပ်ပါတယ်။ မြန်မာ နိုင်ငံတော်ကြီးတွင် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁ဝဝကျော်ခန့် မှီတင်း နေထိုင်ကြပြီး ထိုအထဲမှာ လူမျိုးနွယ်စု အလိုက် အသားအရောင်၊ ရုပ်ရည်၊ ဟန်ပန်၊ အစားအသောက်၊ ကိုးကွယ်မှု ဘာသာ၊ အယူဝါဒ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ စကားအသုံးအနှုန်း တို့သည်လည်း များစွာ ကွဲပြားနေမှာကို တွေ့ရမည် ဖြစ်ပါတယ်။ ဤကဲ့သို့ အမျိုးမျိုးသော ကွဲပြားမှု များစွာကြောင့် ပေါင်းစည်း၍ မရနိုင်ဟုလည်း မသတ်မှတ်နိုင်ပါ။ ဘယ်လိုပင် ကွဲပြားနေပါစေ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုနဲ့ စည်းလုံး ညီညွတ်မှုကို တည်ဆောက် နိုင်ခဲ့သော သာဓကများစွာ ကမ္ဘာမှာ ရှိပြီးသား ဖြစ်ပါတယ်။ မတူညီတာတွေ ရှိကြပေမယ့် အသက်ရှင် ရပ်တည် နေထိုင်ကြတဲ့ ဘဝတွေမှာ တူညီတာတွေကို ကျစ်လျစ်တဲ့ စည်းလုံးမှုနဲ့ စိန်ခေါ်မှုများမှ စွမ်းအားစု တစ်ခုအဖြစ် တည်ဆောက်နိုင်လျှင် အကောင်းဆုံး မဟုတ်ပါလား။
မြန်မာနိုင်ငံ၏ ရေမြေ သယံဇာတနှင့် ရာသီဥတု အခြေအနေတွေဟာ လွန်ကဲ ဆိုးရွားတဲ့ အပျက်ဘက်ကို မခံစား ရသည့်အပြင် ရလဒ်ကောင်း များကို ဖြစ်ပေါ်စေတဲ့ အရင်းအမြစ် များစွာ ရှိနေတာကြောင့် အမှန်တကယ်သာ စည်းလုံးကြမယ် ဆိုရင် အရှေ့တောင် အာရှ၊ အာရှတွေ မဆိုထားနဲ့ ကမ္ဘာမှာ ထိပ်တန်းဆိုတဲ့ အဆင့်ထိ ရနိုင်ဖို့ အခြေအနေတွေ ရှိနေတာပါ။ ဒါပေမဲ့လည်း လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို အခြေခံပြီး လိုရာဆွဲယူလို့ အတ္တတွေ၊ မာန်မာနတွေနဲ့၊ အချင်းချင်း တိုက်ခိုက်ခဲ့ကြတာ နှစ်ပေါင်း ကြာခဲ့သော်လည်း လမ်းမှန်ကို သိလျက်နဲ့ ပန်းတိုင်ကို မရောက်နိုင်သေး ဖြစ်နေတာ မဟုတ်ပါလား။ မတူတာတွေ ဘေးဖယ်ပြီး တူညီတာတွေ လက်တွဲလုပ်ဖို့ ဆိုတာ အခြေခံအားဖြင့် လူသားတိုင်းရဲ့ လူ့အခွင့်အရေးနှင့် ချိန်ထိုးပြီး ဥပဒေကို လိုက်နာကြဖို့ အဓိက လိုအပ်ပါတယ်။ လူသားအားလုံး၏ မွေးရာပါ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှ ရှိပြီး ဖယ်ရှား ထုတ်ပယ်၍ မရသော အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် ဤကမ္ဘာပေါ်တွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ အတွက် အခြေခံ အုတ်မြစ်ပင် ဖြစ်ပါတယ်။

သြစတြီးယား မြောက်ပိုင်းမှာ မွေးဖွားခဲ့တဲ့ သြစတြီးယား- ဂျာမန်လူမျိုး ဟစ်တလာဟာ ငယ်စဉ် ဘဝ ကတည်းက ပန်းချီဆွဲတာကို လွန်စွာ ဝါသနာ ပါခဲ့ရာက ၁၉ဝ၃ ခုနှစ် သူ၏အဖေကွယ်လွန်သွားတဲ့နောက် စက်မှု သင်တန်းကျောင်းကနေ ထွက်ပြီး သူဝါသနာပါရာ ပန်းချီ သင်တန်းကျောင်းကို ပြောင်းဖို့ ကြိုးစားခဲ့ရာမှာ Vienna မြို့က ယဉ်ကျေးမှု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မအောင်မြင်ခဲ့တဲ့ အတွက် ပန်းချီဆရာ တစ်ယောက်ဖြစ်ဖို့ အရည်အချင်း မရှိဘူး ဆိုပြီး ငြင်းခံခဲ့ရပါတယ်။ သူ့ကို အဲဒီလို ငြင်းလိုက်တဲ့ ကျောင်းအုပ်ချုပ်သူတွေက ဂျူးလူမျိုးတွေ ဖြစ်တဲ့အတွက် ဟစ်တလာရဲ့ ဂျူးလူမျိုး မုန်းတီးရေး စတင် ပေါက်ဖွားလာရာကနေ သူအာဏာ ရရှိချိန်မှစပြီး ကမ္ဘာစစ်ကြီး ကာလအတွင်း ဂျူးလူမျိုးတွေကို နည်းမျိုးစုံနဲ့ သုတ်သင် ရှင်းလင်း ခဲ့ပါတယ်။ ဂျူးလူမျိုးစု တစ်ခုလုံး မျိုးဆက်မကျန်အောင် သုတ်သင် ရှင်းလင်းခဲ့ပုံက ရက်စက်ပြီး အဓိပ္ပာယ် မဲ့နေပေမယ့်လည်း သူ့အတွက်တော့ သူဟာ ဂျာမန်လူမျိုးတွေ တိုးတက်ဖို့၊ ဂျာမန်လူမျိုး သန့်စင်ဖို့ အတွက် လုပ်တယ်လို့ ယုံကြည် ခံယူပြီး သတ်ဖြတ် နေခဲ့တာ ဖြစ်ပါတယ်။

အကြွင်းမဲ့ အာဏာရှင် စနစ်နဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုကြီးဟာ များစွာသောလူများ အတိဒုက္ခ ခံစားခဲ့ရပြီး ဂျူးလူမျိုး ခြောက်သန်းကျော် သေဆုံး ခဲ့ကြပါတယ်။ မည်သို့ဆိုစေ ဥရောပတိုက်ကြီး တစ်ခုလုံးနီးပါး စိုးမိုးသိမ်းပိုက် နိုင်ခဲ့ ပေမယ့်လည်း ဟစ်တလာ သေဆုံးသွား
ပြီးနောက် ချည့်နဲ့ပြိုကွဲ သွားခဲ့တဲ့ တိုင်းပြည်ဘဝကနေ ယနေ့ ဂျာမနီနိုင်ငံ အခြေအနေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှုကို လက်မခံသော လူသားတို့၏ လူ့အခွင့်အရေးနှင့် အညီ နေထိုင်နိုင်ရေးအတွက် ထိရောက်သော ကြိုးပမ်း ဆောင်ရွက်မှုများနှင့် ရပ်တည်ပြီး အင်အား တောင့်တင်းသော ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခု ဖြစ်နေပြီ ဆိုတာဟာ လူမျိုးရေး အခြေခံတဲ့ ဟစ်တလာ ဝါဒ မှန်တယ်၊ မှားတယ်ဆိုတာ သက်သေပြနေတာ ဖြစ်ပါတယ်။

လွန်ခဲ့သော အနှစ် ၁ဝဝ ခန့်မှစပြီး အမေရိကန် နိုင်ငံမှာ လူဖြူ၊ လူမည်းပြဿနာ၊ လူမျိုးရေး ပြဿနာများ အကြီး အကျယ် ရှိခဲ့ဖူးပါတယ်။ အာဖရိကတိုက်မှ ကျွန်အဖြစ် ဖမ်းဆီးခံရသောလူမည်းများဟာ လွတ်လပ်ရေး ရသော်ငြားလည်း ကဲ့ရဲ့၊ ညှဉ်းပန်းနှိပ်စက် ခွဲခြား ဆက်ဆံမှုတွေကြောင့် အသားမည်းတချို့ လက်နက် ဆွဲကိုင်ပြီး တော်လှန်ရန် ကြိုးစားနေချိန်မှာ ဒေါက်တာ မာတင်လူသာကင်းဟာ နူးညံ့ သိမ်မွေ့သော နည်းလမ်းကို အခြေခံပြီး လူထုကို ဦးဆောင်ခဲ့ပါတယ်။ ၁၉၅၅-၁၉၅၆ ခုနှစ်များ၌ Alabama ပြည်နယ် Montgomery မြို့တွင် လူမည်းများ ဘတ်စကား မစီး၊ ခြေကျင်ပဲ လျှောက် သွား ခဲ့ကြပါတယ်။ ဤကဲ့သို့ ပြုမူခြင်းအားဖြင့် မျက်နှာဖြူများကို စိတ်ထိခိုက် စေခဲ့တယ်။ မာတင်လူသာကင်း၏အဆိုမှာ '' ငါတို့ မျက်နှာဖြူများကို မမုန်းပါ၊ ရန်မူရန် မဟုတ်၊ ငါတို့၏ ရန်သူသည် မျက်နှာဖြူများ မဟုတ်၊ သူတို့အထဲ၌ ရှိသော စိတ်နေ သဘောထားသာလျှင် ဖြစ်သည်။ မကောင်းမှုကို မကောင်းမှုနှင့်ပင် အနိုင်မယူနိုင်ပါ''ဟူ၍ ဖြစ်ပါသည်။ မည်သို့ဆိုစေ လူဖြူ၊ လူမည်း ပဋိပက္ခ ဆိုးရွားစွာ ဖြစ်ပွားခဲ့သည့် အမေရိကန် နိုင်ငံကြီး၏ ယနေ့အချိန်ကား ရေးသား ဖော်ပြရန်ပင် လိုမည်မထင်ပေ။

ဒီအခြေအနေ အရပ်ရပ်များသည် အားလုံး မြင်လွယ်သည့် နိုင်ငံကြီးများမှ ဖြစ်ရပ်များသာ ဖြစ်ပြီး အမျိုးမျိုး ကွဲပြားမှုများ၏ နောက်ဆုံး အခြေအနေတွေ စုစည်းမှု အင်အားရပ်များ အဖြစ် ပြောင်းလဲ သွားခဲ့ကြသော အခြားနိုင်ငံများ၏ ဖြစ်စဉ် သာဓကများစွာ သမိုင်းတွင် မှတ်တမ်းတင်လျက် ရှိနေပါတယ်။

ရှေးမြန်မာ ဘုရင်များ လက်ထက်တွင်လည်း လူ့အခွင့်အရေး ဆိုင်ရာတန်ဖိုး အဖြစ် ဘာသာရေးကို လွတ်လပ်ခွင့် ပေးခဲ့သည်။ လူမျိုးဘာသာ ခွဲခြားခြင်း မပြုဘဲ ချီးမြှင့်မြှောက်စား ထိုက်သူများကို နေရာပေး အသိအမှတ် ပြုခြင်းများ ဆောင်ရွက်ခဲ့သည့် သာဓကများစွာရှိခဲ့သည်။ အနောက်ဘက် လွန်မင်းကလည်း ပေါ်တူဂီနယ်ချဲ့ ငဇင်ကာကို ကွပ်မျက်ပြီး သံလျင်ကို သိမ်းယူခဲ့ရာတွင် သုံ့ပန်းများကို ကွပ်မျက်ခြင်း မပြုဘဲ ချင်းတွင်းမြစ်ကမ်း အမြင့်မြို့သို့ နေရာ ချပေးခဲ့သေးသည်။ ဘာသာရေးကိုရော လူမျိုးရေးပါ နှိပ်ကွပ်ခြင်း မပြုခဲ့ပေ။

ကုန်းဘောင်မင်း များသည်လည်း အိန္ဒိယ အရှေ့ဖျား ပြည်နယ်များကို သိမ်းပိုက်ခဲ့သည့်တိုင် သုံ့ပန်းများကို မန္တလေး တစ်ဝိုက်တွင် နေရာ ချပေးရုံမျှမက သင့်လျော်ရာ တာဝန်ပေး၍ မင်းမှုထမ်း စေခဲ့သည်မှာလည်း တန်းတူညီမျှသော လူသား တန်ဖိုးဆိုင်ရာ ပြယုဂ်များပင် ဖြစ်သည်။ ရည်မှန်းချက် တစ်ခုအောက်တွင် ဘာသာလူမျိုး မခွဲဘဲ ညီညွတ်သည့် အင်အားကြောင့် မြန်မာပြည်ကြီး လွတ်လပ်ရေး ရခဲ့သည်မှာလည်း မည်သူမျှ မငြင်းနိုင်သည့် ကိစ္စဖြစ်သည်။ ဤသို့ဆိုလျှင် မြန်မာ နိုင်ငံသားတို့သည် ဘာသာလူမျိုး မခွဲဘဲ တန်းတူညီမျှသော အခြေခံစိတ်ထား ရှိသူများဖြစ်ကြောင်း ထင်ရှားပါသည်။ မည်သည့် ဘာသာတွင် မဆို လူသား တစ်ဦးနှင့်တစ်ဦး လူသားချင်း စာနာထောက်ထားစွာ ဆက်ဆံရန်နှင့် လူသားသည် အမြင့်မြတ်ဆုံး ဖြစ်သည့်အတွက် လူသားတို့၏ တန်ဖိုး၊ ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထားသင့်ကြောင်း တို့ကို သွန်သင် ဆုံးမထားသည်။ ကွဲပြားသော ဘာသာ အသီးသီးတိုင်းတွင် ထိုကဲ့သို့သော တူညီသည့် သဘောတရားမျိုး ရှိနေခြင်းကြောင့် လူ့အခွင့်အရေး ဆိုသည်မှာ လူသားတိုင်း အတွက် ဖြစ်သည်ဟူသော အခြေခံ အချက်များသည် ဘာသာ တရားတိုင်းတွင် မူလအစကတည်းက အမြစ်တွယ် ကိန်းအောင်း နေသည်ဟု ဆိုနိုင်ပေသည်။ ထိုအချက်များ ကြောင့်ပင်လျှင် ၁၉၄၆ ခုနှစ်တွင် ကုလသမဂ္ဂက ဖွဲ့စည်းခဲ့သော လူ့အခွင့်အရေး ကော်မရှင်က နေ၍ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းတွင် ပါဝင်သော လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် ဟူသော အဓိပ္ပာယ်များကို ဖွင့်ဆို ရှင်းပြနိုင်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြင်ဆင် ရေးဆွဲခဲ့သည်။ ၁၉၄၈ ခုနှစ် ဇွန်လတွင် ထိုကြေညာ စာတမ်းကို အပြီးသတ် နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ဝ ရက်တွင် ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နေ၍ ထိုကြေညာစာတမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည်။ ထိုစာတမ်းကို မြန်မာနိုင်ငံ ကလည်း လက်မှတ် ရေးထိုးပြီး တလေးတစား လိုက်နာလျက် ရှိသည်။

မြန်မာ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ဒီမိုကရေစီ အရေး လှုပ်ရှား တောင်းဆိုနေသူများ အကြားတွင် လူ့အခွင့်အရေး အကြောင်းကို နားလည် လက်ခံလာမှု ရေချိန် ပိုမိုမြင့်မားလာလျက် ရှိသည်။
ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို အခြေခံ နားလည်လာ၍ မတူ ကွဲပြားမှုများ အပေါ် လက်ခံမှု ပိုမိုလာလျက် ရှိသည်။ တစ်ဦးချင်း၏ ဂုဏ်သိက္ခာ အပေါ် ပိုမို လေးစားလာလျက် ရှိသည်။

အမျိုးသမီး များနှင့် အခြားအထူး ကာကွယ်ပေးရန် လိုအပ်သော အုပ်စုဝင်များ၏ အခွင့်အရေး များအကြောင်းကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးလာ၍ ယခင် ကထက် ပိုမိုတန်ဖိုးထား လာသည်ကို တွေ့နေရသည်။ အဖွဲ့အစည်း အသီးသီးက လူ့အခွင့်အရေး အကြောင်း သင်တန်းများ ပို့ချ ပြန့်ပွားစေလျက် ရှိကြောင်း တွေ့နေရသည်။ သို့သော်လည်း တစ်ယူသန်စိတ်၊ အတ္တစိတ် လွန်ကဲသူများစွာ ကျန်ရှိနေခြင်းကြောင့် ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှု များနှင့် ဘာသာရေး အကြောင်းပြ အဖျက်လုပ်ရပ်များ ဖြစ်ပေါ်နေခြင်း ကိုလည်း တွေ့နေရသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ရှိမှသာလျှင် နိုင်ငံအတွက်၊ ပြည်သူပြည်သားများ အတွက် ရေရှည်အကျိုး ဖြစ်ထွန်းနိုင် မည်ကို သိလျက်နဲ့ မျက်စိ စုံမှိတ်ထားသူများ ရှိသေးသည်။ ထိုသူများကြောင့်ပင်လျှင် အပြန်အလှန် ရန်ကိုရန်ချင်း တုံ့ပြန်မှု များကြောင့် နိုင်ငံတော်၏ အကျိုးစီးပွားများ များစွာ ထိခိုက် နစ်နာလျက်ရှိသည့် အခြေအနေ များသည် နိုင်ငံတကာ၏ အားပေး ထောက်ခံမှုဖြင့် ရှေ့သို့ ချီတက်ဆဲ နှစ်နှစ်ခွဲသား ဒီမိုကရေစီ မြန်မာနိုင်ငံ၏ အခြေအနေ အပေါ် နိုင်ငံတကာ၏ ယုံကြည်မှုများ၊ ရင်းနှီး မြှုပ်နှံလိုမှုများ ထိခိုက်စေနိုင်ပါသည်။

နှစ်ပေါင်း ၆ဝ ကျော် တစ်ဖက်နှင့် တစ်ဖက် လက်နက်ကိုင် တိုက်ခိုက်ကြခြင်း အားဖြင့် မည်သူမျှ အနိုင်မရဘဲ နိုင်ငံတော်နှင့် ပြည်သူပြည်သားများသာ နစ်နာ ဆုံးရှုံး ခဲ့ရသည်ကို အားလုံး သိရှိကြပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် စေ့စပ်ဆွေးနွေးပြီး နိုင်ငံရေး နည်းဖြင့် အဖြေရှာရန် အားလုံး ကြိုးပမ်းနေမှု၏ ရလဒ်ကို ပြည်သူများမှ အားကိုးတကြီး စောင့်စားလျက် ရှိနေပါတယ်။ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ပြန်လည် ထူထောင်ရေးများစွာ လုပ်ဆောင် ပေးရဦးမည့် အပြင် သာမန် အငြင်းပွားမှု၊ ရာဇဝတ်မှုကို အကြောင်းပြုပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ
အသွင်ဖြစ်အောင် အကြမ်းဖက်မှုများ ဆောင်ရွက်ခဲ့သည့် ပြီးခဲ့သည့် နှစ်က စတင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများကြောင့် လက်ရှိအချိန်တွင် ဒုက္ခသည် တစ်သိန်းကျော်အား စားဝတ်နေရေး ထောက်ပံ့ ပေးထားရပြီး နေအိမ် တန်းလျားများပါ ဆောက်လုပ်ပေးကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် နိုင်ငံတော် အထူးရန်ပုံငွေမှ ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော် အပါအဝင် ၈ ဘီလီယံကျော် ကျခံ သုံးစွဲရပြီး ပြည်နယ်အတွင်း ဖွံ့ဖြိုး တိုးတက်မှုများ ထိခိုက်ရသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ နယ်ပယ်တွင်ပါ နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေခဲ့တယ်လို့ အခု အောက်တိုဘာ ၂ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိစဉ် နိုင်ငံတော် သမ္မတက ထုတ်ဖော် ပြောကြားထားချက်သည်လည်း အလေးထား ဂရုပြုသင့်စရာပင် ဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်စဉ်များကြောင့် နိုင်ငံတော်မှ ပြန်လည် ထူထောင်ရေးအတွက် ငွေကြေးများ သုံးစွဲမှုသည်အနုတ် လက္ခဏာ တစ်ရပ်ဖြစ်သလို ထိုနေရာများတွင် အသက်မွေး ဝမ်းကျောင်းမှသည် စီးပွားဖြစ် အဆင့်ထိ ဆောင်ရွက်လျက် ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သား/ငါး၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိ၍ လူတစ်ဦးချင်းစီ၏ လုပ်အားများ ဆုံးရှုံးခဲ့ရခြင်းကြောင့် ထိုသူတို့အတွက် သာမက နိုင်ငံတော် အတွက်ပါ ထပ်မံ အနုတ်လက္ခဏာ ဖြစ်ရပြန်သည်။

နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ အတွက် အနှောင့်အယှက် ဖြစ်ရုံမက လုပ်ငန်းရပ်များက နောက်ပြန်လှည့်နေသည့် အခြေအနေမျိုး ကျရောက်နေသည်။ အချိန်မရွေးဝင်ရောက် လာနိုင်သည့် ပြည်ပမှ အကြမ်းဖက်မှု အန္တရာယ်များကို လမ်းကြောင်းပြ ဖိတ်ခေါ်နေသကဲ့သို့ စိုးရိမ်ဖွယ်ရာ အလားအလာများ မဖြစ်သင့်တော့ပါ။ ရှေ့ဆက်ကြရမည့် အခြေအနေများ အတွက် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဝိုင်းဝန်း ဆောင်ရွက်သကဲ့သို့ တည်ငြိမ် အေးချမ်းရေး အတွက်လည်း ပူးပေါင်း ဆောင်ရွက်ရန်နှင့် သွေးထိုး မြှောက်ပင့်မှုများကို ဉာဏ်အမြော်အမြင်ဖြင့် စဉ်းစားဆင်ခြင် သုံးသပ်ကာ ပြဿနာများကို မှန်ကန်သော နည်းလမ်းဖြင့် ဖြေရှင်းကြဖို့ နိုင်ငံသား အားလုံးမှာ တာဝန်ရှိပါတယ်။
မျက်မှောက် ပဋိပက္ခတို့သည် စည်းလုံးမှု အင်အားကို ပြိုကွဲစေသော လူတစ်စု၏ ပယောဂကြောင့်သာ ဖြစ်နိုင်ပါသည်။ အမျိုးသားရေးသည် အချုပ်အခြာ အာဏာ၏ ကိုယ်စောင့်နတ် ဖြစ်သော်လည်း ဒီမိုကရေစီ အရေးသည် လူ့အခွင့်အရေး၏ တမန်တော်ဖြစ်ပါသည်။ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် တစ်ခုတွင် တန်းတူ ညီမျှမှုက အခရာကျပြီး လူ့တန်ဖိုးက အဓိက ကျလှပါသည်။ ထို့ကြောင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီရေး အတွက် မျက်ကန်းမျိုးချစ်များ မလိုအပ်ကြောင်း မိန့်ခွန်းများတွင် မကြာခဏပြောခဲ့ဖူးသည်။ ဗိုလ်ချုပ် လိုချင်သည်မှာ တိုင်းပြည် တိုးတက်ရေး အတွက် စည်းလုံးမှုပင် ဖြစ်သည်။ စည်းလုံးဖို့အတွက် စည်းရုံးကြရမည်။ ရန်ဖြစ်နေ၍မရ ရန်ကိုရန်ချင်း တုံ့နှင်းသမျှ အကောင်းဖြစ်မလာ နိုင်ဘဲ အဆိုးကိုသာ ဖိတ်ခေါ် နေသလိုရှိသည်။ ရန်လိုသော တိုင်းသူပြည်သားတို့၏ တိုင်းပြည်သည် စစ်မက်ထူပြောပြီး တိုင်းပြည်ချွတ်ခြုံ ကျနေမည်သာဖြစ်သည်။

ထို့ကြောင့် မြန်မာတွေ ဆင်ခြင်ကြရပါမည်။ လူမျိုးရေး စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်များ ထားရှိ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းကြ ရမှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည် မှန်သော်လည်း လူ့အခွင့်အရေးနှင့် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ထိရောက်သော ပေါင်းစပ် ညှိနှိုင်းမှုများ ဆောင်ရွက်ကာ မူဝါဒများ၊ကန့်သတ်ချက်များ၊ ရည်မှန်းချက်များ ခွဲခြားပြီး အတူယှဉ်တွဲကာ ကြိုးပမ်း အကောင်အထည် ဖော်ခြင်းသည်သာ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါကြောင်း နှိုးဆော်ရေးသား လိုက်ရပေသည်။ ။

By မြ၀တီ

ဆီးအိမ်ကင်ဆာကာကွယ်နိုင်သောနည်းလမ်း(အမျိုးသမီးများအတွက်)

Posted by drmyochit Sunday, October 13, 2013, under | No comments


အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။

ဟာဝိုင်ယီ တက္ကသိုလ်မှ သုတေသီ များသည် ၁၂ နှစ်ခွဲကြာ ကာလ အတောအတွင်း အရွယ် ရောက်ပြီးသူ ၁၈၅,၈၈၅ ဦးထံမှ ကျန်းမာရေး ဆိုင်ရာ အချက်အလက် များကို စုဆောင်း၍ လေ့လာ ဆန်းစစ်မှု များကို ပြုလုပ်ခဲ့ပြီး Nutrition ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန်ထားသည်။ သုတေသီ များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ရှိသော အမျိုးသမီး ၁၅၂ ဦးနှင့် အမျိုးသား ၄၂၉ ဦးတို့အား ရောဂါရှာဖွေ ဖော်ထုတ် ခဲ့ကြသည်။ ထို့နောက် ကင်ဆာ ရောဂါနှင့် ဆက်နွှယ်သည့် ပြောင်းလဲမှု အမျိုးမျိုးကို ချိန်ကိုက် ထိန်းညှိရာမှ အသီးအနှံနှင့် ဟင်းသီးဟင်းရွက် အများဆုံး စားသော အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွား မှုနှုန်း အနည်းဆုံး ဖြစ်သည်ကို တွေ့ရှိ ခဲ့ကြသည်။

အ၀ါ-လိမ္မော်ရောင် ရှိသော ဟင်းသီးဟင်းရွက် အများဆုံး စားသုံးသူ အမျိုးသမီး များသည် အဆိုပါ ဟင်းသီးဟင်းရွက် များအား အနည်းဆုံး စားသုံးသူ အမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု ၅၂ ရာခိုင်နှုန်း ပိုနည်းကြောင်း သုတေသီ များက ပြောကြားထားသည်။
ထို့ကြောင့် ဗီတာမင်အေ၊ စီ၊ အီး အများဆုံး စားသုံးသည့် အမျိုးသမီး များသည် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားမှု အန္တရာယ် အနည်းဆုံး ဖြစ်ကြောင်း ဖော်ပြပါ လေ့လာ ချက်အား အကြံပြု ထားသည်။

By မြ၀တီ

စောစောထတာ ကျန်းမာရေးအရမ်းကောင်းတယ်လို့ဆို

Posted by drmyochit Sunday, October 13, 2013, under | No comments


နံနက်စောစော အိပ်ယာထခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နောက်ကျမှ အိပ်ယာထသူတွေထက် စောစော အိပ်ယာထသူတွေက ဦးနှောက်ဥာဏ်ရည် မှာလည်း ပိုမိုကောင်းပါတယ်။ ယနေ့ လူအများစုဟာ ညဥ့်နက်အောင် အလုပ်လုပ်ပြီး နောက်ကျမှ အိပ်တတ်ကြပါတယ်။ တကယ်တော့ အဲဒီလို နေထိုင်ခြင်းဟာ ကျန်းမာရေး အတွက် အလွန်ထိခိုက်ပါတယ်။ 
နံနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်း
နံနက်စောစော ထပြီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်မှုကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးချို သွေးချို ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေကုန် အညောင်းထိုင်သူတွေ အတွက် နံနက်စောစော လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
ပျော်ရွှင်မှု ရရှိနိုင် 
လေ့လာမှုတွေအရ နံနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်သူတွေဟာ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ဘာလို့ ဆိုတော့ လေကောင်းလေသန့်များကို ရှုရှိက်ရခြင်းကြောင့် စိတ်ကို လန်းဆန်းစေနိုင်လို့ပါ။ ဒါကြောင့် အလုပ် ပင်ပန်းလို့ စိတ်ညည်းငွေ့ သူတွေအနေနဲ့ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။
ဥာဏ်ရည်ကို ဖွံဖြိုးနိုင်
ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နံနက်စောစော ထသူတွေဟာ နေမြင့်မှ ထသူတွေထက် လေ့လာမှု အားကောင်းစေ တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် နံနက်စောစောထပြီး စာကျက်ခြင်းဟာ ကျောင်းသား၊ ကျောင်းသူတွေ အတွက် အကောင်းဆုံးပါ။
သက်ကြီးသူများနဲ့ စောစောအိပ်ယာထခြင်း
နံနက်စောစော အိပ်ယာထပြီး လမ်းလျှောက်သော သက်ကြီးသူများသည် နေမြင့်မှ အိပ်ယာထသော သက်ကြီးသူများထက် ပိုပြီး ကျန်းမားရေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် တစ်ခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 
By ကျော်လင်းနိုင် (ရိုးရာလေး)

ဘော်ဒီမတောင့်လို့ အဖော်အချွတ်ပုံ မပါအောင် ဂရုစိုက်တယ်ဆိုတဲ့ အဆိုတော်

Posted by drmyochit Sunday, October 13, 2013, under | No comments


သူမအနေဖြင့် သီချင်းဗီဒီယိုများတွင် အဖော်အချွတ် ပုံရိပ်များ မပါဝင်အောင် ရှောင်ရှားလေ့ ရှိခြင်း၏ အကြောင်းရင်းကို ကေတီပယ်ရီက ထုတ်ဖော် ပြောကြားလိုက်သည်။ ကေတီ၏ ရင်းနှီးသော သူငယ်ချင်း ရီဟန်နာ အနေဖြင့် ညှို့အားပြင်း ပုံရိပ်များကို သီချင်းဗီဒီယိုများအတွင်း ထည့်သွင်း ရိုက်ကူးလေ့ ရှိသော်လည်း ကေတီကမူ သူမအနေဖြင့် ရီဟန်နာကို အတုခိုးရန် မဖြစ်နိုင်ဟု ဆိုသည်။ ကေတီ၏ အခြား သူငယ်ချင်း တစ်ဦးဖြစ်သည့် မိုင်လီဆိုင်းရပ်စ်သည်လည်း အဖော်အချွတ် ပုံရိပ်များကြောင့် သတင်းကြီးနေသည့်တိုင် ကေတီက သူမအတွက် လွန်လွန်ကျူးကျူး ဖော်ပြသည့် အဝတ်အစားမျိုး ဝတ်ရတိုင်း သက်တောင့်သက်သာ မရှိဟု ခံစားမိသဖြင့် ရီဟန်နာနှင့် မိုင်လီတို့၏ လမ်းစဉ်ကို လိုက်မည်မဟုတ်ဟု ရှင်းပြခဲ့သည်။


အသက်(၂၈)နှစ်ရှိ ကေတီက The Sunနှင့် အင်တာဗျူးတွင် "ကျွန်မအသက်က နည်းနည်းတော့ ကြီးနေပြီ။ ခုအချိန်မှာ ကိုယ့်အဝတ်အစားတွေ ချွတ်ပြဖို့ ဘယ်လိုမှ ယုံကြည်မှု မရှိတော့ဘူး။ နောက်တစ်ချက်က ကျွန်မမှာသာ ရီဟန်နာလို ကိုယ်လုံးကိုယ်ပေါက်မျိုး ရှိရင်တော့ ရီဟန်နာ ဝတ်တဲ့ ပုံစံမျိုး လိုက်ဝတ်ဖြစ်နိုင်ပါတယ်။ သူက ခပ်တောင့်တောင့် မဟုတ်လား။ ကျွန်မအတွက်တော့ အဆင်မပြေဘူးလို့ ခံစားမိလို့ပါ"ဟု ဝန်ခံခဲ့သည်။ သူမက ဖက်ရှင်ထက် ကိုယ်ပိုင် ဂီတ အရည်အသွေးကိုသာ ပိုမို အားပြုလိုကြောင်းလည်း ဆိုသည်။ "ကျွန်မကတော့ ကိုယ့်သီချင်းတွေကိုပဲ အာရုံစိုက်ထားချင်တယ်။ ကျွန်မရဲ့ ဂီတ အရည်အသွေးကိုလည်း ကိုယ်တိုင် ယုံကြည်တယ်။ တကယ်လည်း ကျွန်မစိတ်ထဲမှာ အပြည့်အဝ နှစ်မြှုပ်ထားသင့်တာက ဂီတအကြောင်းပဲလို့ ခံယူပါတယ်"ဟုလည်း ကေတီက ပြောကြားသွားသည်။ 
By Planet

PROSTITUTION ပြည့်တန်ဆာ အခါမဟုတ်သေး

Posted by drmyochit Sunday, October 13, 2013, under | No comments



“ရှေးရိုးစဉ်လာကြီးတဲ့၊ ယောက်ျားတွေ လွှမ်းမိုးတဲ့မြန်မာပြည်မှာ လိင်လုပ်ငန်းနဲ့ အသက်မွေးမှုကို တရားဝင် လုပ်ဘို့ အဆိုကို ပယ်ချလိုက်တယ်” လို့ သတင်းတွေက ဖေါ်ပြပါတယ်။ အမျိုးသမီး အခွင့်အရေးသမီ တွေက “လိင်ခွဲခြား ဆက်ဆံမှုဆိုတာ မြန်မာပြည်မှာ ကြီးမားတယ်” လို့ပါ ထောက်ပြတာလဲ ဖတ်ရပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ခြင်းဟာ အဖက်ဖက်ကနေ စဉ်းစားရတာ လူတိုင်းသိပါတယ်။ အချိန်ကာလလဲ ရွေးရပါတယ်။

အခုအချိန်မှာ မြန်မာပြည်က အရင်ကမရှိတာ၊ မဖြစ်တာ၊ မလုပ်တာတွေကို ပြန်ပြင်ဘို့ကြိုးစား နေကြချိန် ဖြစ်တယ်။ ရှိခဲ့တာ၊ ဖြစ်ခဲ့တာတွေကိုလဲ ဖယ်ရှားနေကြတယ်။ ဒီအရေးကိစ္စကလဲ အများကြီးထဲက (အစ်ရှူး) တခုသာဖြစ်တယ်။ တခုချင်း မဟုတ်ဘဲ တပြိုင်တည်းလုပ်စရာတွေလဲ ရှိတာပါ။ ဒါပေမဲ့ “အရေးကြီးတာ အရင်” ဆိုတာ နိုင်ငံတိုင်းမှာရှိတဲ့ လမ်းညွှန် တခုပါ။ မြန်မာပြည်မှာ ဘာတွေက အရေးကြီးသလဲ။

• နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာများပေမဲ့ ဥပဒေသစ်နဲ့ ထပ်ဖမ်းခံနေရတာတွေ ရှိပါတယ်။
• မီဒီယာလဲ ကြိုးစားဆဲပါ။
• အလုပ်သမား၊ လယ်သမားတွေဘဝ တိုးတက်လာတာက တိုင်းတာလို့ ရပါပြီတဲ့လား။
• ပညာရေးက အစည်းအဝေးအဆင့်မှာသာ ရှိသေးတယ်။
• ကျန်းမာရေးက နာတာရှည်လူနာဘဝက မထွက်နိုင်သေးပါ။
• နိုင်ငံရေးမှာလဲ စစ်သွေးစစ်ရောင် မပြောင်သေးပါ။
• စီးပွါးရေး ပြောစရာမလိုပါ။ LDC ကထွက်ဘို့ရာ လမ်းစမမြင်သေးပါ။

ဒီအချိန်မှာ ဒီဥပဒေဖြစ်လာခဲ့ရင် “မြန်မာပြည်မယ် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်တဲ့ နိုင်ငံ စားရင်းထဲ ဝင်လာပြီ” လို့သာ မော်ကြွားနိုင်တာ ရှိပါလိမ့်မယ်။ မလုံသေးတဲ့ ခေါင်မိုးကို အရင်ဖါထေး ကြရအောင် လားဗျာ။

ဒေါက်တာတင့်ဆွေ

ဘူးသီးနုနု ခူးကြသူများ

Posted by drmyochit Sunday, October 13, 2013, under | No comments


တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားတောင်သူလယ်သမားများ၏ သမီးဘဝကို ရောက်ရှိခဲ့ရသည်မှာ မလွယ်လှပါ။ အထူးသဖြင့် အာဖရိကတိုက်၊ တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း ရှင်ယန်ဂါလို လူနေကျဲပြီး ချောင်ကျကျရွာတွင် လူလာဖြစ်ရသည်မှာ ပိုပြီး မလွယ်လှပေ။

ဟာလီမာ ဒိုတိုသည် အသက် ၁၄ နှစ်အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။ သူမကို မိဘများက လူတစ်ယောက် ထံ နွား ၇ ကောင် နှင့် ရောင်းစားခဲ့သည်။ နွားနှင့် အလဲခံရသူက သူမထက် အသက်နှစ် ဆကြီး သည်။ အသက် ၃၇ နှစ်အရွယ်ရှိ ကျေးရွာအတွင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးလည်းဖြစ်သည်။

မကြာမီ ဒိုတိုတစ်ယောက် ကိုယ်ဝန်ရှိခဲ့သည်။ သမီးလေးတစ်ယောက် မွေးဖွားပြီးနောက် သူမနှင့် သမီးလေးကို ယောက်ျားဖြစ် သူက လှည့်ပင်မကြည့်တော့။ သို့ဖြစ်ရာ ဒိုတိုသည် ဒါအက်စ်ဆလမ်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ယခုအခါ အသက် ၁၇ နှစ်ရှိနေပြီ ဖြစ်သော ဒိုတိုသည် ကလေးတစ်ယောက်လည်းရ၊ ပညာလည်းမသင်ခဲ့ရသဖြင့် သူများတကာအိမ်များသို့ လှည့်လည်ပြီး ခိုင်းတာလုပ်ကာ ဘဝကျောင်းနေရသည်။ ရသည့်အခကြေးငွေကလည်း တစ်နှစ်အရွယ်သမီးလေးနှင့် ရပ်တည်နိုင်ရန် အတော်လေးခက်ခဲသည်။

“ကျွန်မက မိဘတွေဆီပြန်ပြီး အငယ်ဆုံးမောင်လေးကိုဖြစ်ဖြစ် ထိန်းပေးပါရစေလို့ တောင်းပန်ခဲ့တယ်။ ဒါပေမဲ့ မိဘတွေက လက်မခံလို့ ဒီကိုရောက်လာရတာ” ဟု တအီအီလုပ်နေသည့် သမီးလေးကို ချော့ရင်းပြောပြရှာသည်။

ဒိုတို၏ မိဘများသည် ဤရွာရှိ အခြားသောမိဘများကဲ့သို့ အသက် ၁၈ နှစ်မပြည့်မီ သမီးများကို ရောင်းစားကြသည်မှာ အစဉ် အလာဖြစ်သည်။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သတိုးသားဘက်က စို့စို့ပို့ပို့နှင့် လာတင်တောင်းလျှင် သမီးတွေကို ပေးလိုက်ကြသည်သာဖြစ်သည်။

မိန်းကလေးများသည် အရွယ်ရောက်လာလျှင် ရောင်းစားသကဲ့သို့ စွန့်လွှတ်လိုက်ရမည်ဖြစ်သောကြောင့် ပညာလည်း သင်မပေး၊ အခြားဝင်ငွေရနိုင်သည့် အသက်မွေးဝမ်းကျောင်းတွေလည်း သင်ခွင့်မရ၊ ကျန်းမာရေးမကောင်းသည့် မိန်းကလေးများဆိုလျှင်လည်း ပစ်ထားလိုက်ကြသည်ကများသည်။ မိန်းကလေးများဘဝတွင် မည်သည့်အခွင့်အရေးမျှ တောင်းဆိုပိုင်ခွင့်လည်း မရှိပေ။ ဥပမာ ပညာသင်ခွင့်၊ ကျောင်းနေခွင့်များကို တောင်းဆိုခွင့်မရှိပေ။ သူတို့ လူလာဖြစ်ရခြင်းမှာ အချိန်မတန် အရွယ်ရောက်ပြီး လက်ထပ်ကြေးကောင်းကောင်းပေးလျှင် ယောက်ျားနှင့် လိုက်သွားရန်ပင်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၁၅ နှစ်မတိုင်မီ မိန်းကလေး ၇ ဦးလျှင် တစ်ဦးနှုန်းသည် အိမ်ထောင်ချပေးခြင်း ခံနေကြရ သည်။ အချို့မှာ အသက် ၈ နှစ် သို့မဟုတ် ၉ နှစ်သမီးအရွယ်များတွင် အိမ်ထောင်ချပေးခြင်းခံနေရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ ယခုနှစ် မတ်လအစီရင်ခံစာအရ သိရှိရသည်။

အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် မိန်းကလေး ၅ ဦးတွင် နှစ်ဦးနှုန်း အသက် ၁၈ နှစ်မပြည့်မီ အိမ်ထောင်ပြု နေကြရသည်။ အရွယ်မရောက်မီ အိမ်ထောင်ပြုပေးနေသည့် ဓလေ့ခေတ်အစားဆုံးနိုင်ငံ ဆယ်နိုင်ငံတွင် အာဖရိကတိုက်က နိုင်ငံ ကိုးနိုင်ငံပါဝင်နေကြောင်း UNICEF ကလေးသူငယ်များဆိုင်ရာအဖွဲ့၏ အစီရင်ခံစာတွင် ဆိုထားသည်။

အထူးသဖြင့် တိရစ္ဆာန်များကို မွေးမြူကြသည့် လူမျိုးစုများကြားတွင် အရွယ်မရောက်သေးသည့် သမီးများကို တိရစ္ဆာန်များ နှင့် လဲလှယ်ခြင်းဓလေ့ ခေတ်စားသည်။ ဥပမာ ဒိုတိုတို့နေသည့် ရွာဓလေ့မှာ အမျိုးသမီးလေးများ ရာသီစလာသည်နှင့် လက်ထပ်ကြေးဖြင့် ရောင်းစားရန် လေသံလွှင့်ခြင်းခံရသည်။ ဒိုတိုတို့ရွာတွင် လက်ထပ်သည့် အရွယ်မှာ ၁၃ နှစ်ဖြစ်သည်။

ထိုဒေသရှိ မိန်းကလေးများသည် ကျောင်းနေရသည် ဆိုလျှင်ပင် သေစာရှင်စာအတွက် သုံးနှစ်ခန့်သာ နေကြရသည်။ ဒိုတို၏ ဖခင်သည် သူ့ကိုလက်ထပ်ကြေးပေးသည့် နွား ၇ ကောင်ကိုရောင်းပြီး သားသုံးယောက်ကို ကျောင်းဆက်ထားရန်အတွက် ကျောင်းစရိတ်အဖြစ် အသုံးပြုလိုက်ရသည်။

ထိုဒေသတွင် မူလတန်းပညာအဆင့်ပြီးဆုံးအောင် ကျောင်းတက်ခဲ့သည့် မိန်းကလေးအရေအတွက်မှာ အမျိုးသမီးဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သာရှိသည်။ စာလည်းမတတ်၊ အိမ်ထောင်လည်းစောစီးစွာ ပြုကြရခြင်းသည် ဆင်းရဲမွဲတေခြင်းကို ဖြစ်စေသည့် အကြောင်းတရားတစ်ခုလည်းဖြစ်သည်။

မိန်းကလေးများကို ငယ်ရွယ်စွာ အိမ်ထောင်ပြုစေခြင်းသည် ပညာမတတ်ရုံမျှမက ကျန်းမာရေးကိုလည်း ချို့တဲ့စေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်း အရွယ်မရောက်မီ လင်ယူသားမွေးလုပ်ရခြင်းကြောင့် သေဆုံးနှုန်း သည် ထိပ်ဆုံးတွင်ရှိနေသည်ဟု HRW အစီရင်ခံစာတွင် ဆိုထားသည်။

“မိန်းကလေးများသည် အသက် ၁၅ နှင့်၂၀ ကြားတွင် လင်ယူသားမွေးလုပ်လျှင် ၂၀ ပြည့်မှ လင်ယူသားမွေးလုပ်သူများထက် သေနှုန်း ထက်ဝက်ပိုများနိုင်သည်။” ဟု HRW အစီရင်ခံစာကဆိုသည်။ အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင်ကျခြင်းသည် မွေးဖွားလာသည့် ကလေးအတွက်လည်း အန္တရာယ်ရှိနိုင်သည်။ အသက် ၁၉ နှစ်ကျော် မိန်းကလေးများထက်၊ အသက် ၁၈ နှစ်မတိုင်မီ ကလေးမွေးရသူ မိန်းကလေး ၆၀ ရာခိုင်နှုန်းခန့်သည် ပထမကလေးမွေးဖွားစဉ်မှာပင် သေဆုံးခဲ့ရကြောင်း Save the Children ၂၀၁၂ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုအခါ ကမ္ဘာအနှံ့ အရွယ်မတိုင်မီ အိမ်ထောင်ပြုနေကြရသော ကလေးပေါင်း ၅၇ ဒသမ ၅ သန်းခန့်ရှိသည်။ ထိုအထဲတွင် ၄၀ ရာခိုင်နှုန်းသည် အိန္ဒိယနိုင်ငံကဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ မိန်းကလေး ၄၆ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မပြည့်မီ အိမ်ထောင် ချပေးခြင်း ခံနေကြရသည်။ အသက် ၁၈ နှစ်မတိုင်မီ အိမ်ထောင်ချပေးခြင်းခံနေရမှုသည် အာဖရိကတွင် ၄၂ ရာခိုင်နှုန်း၊ လက်တင်အမေရိကနှင့် ကရစ်ဘီယံတို့တွင် ၂၉ ရာခိုင်နှုန်းဖြစ်ကြောင်း National Family Health Survey-3 စစ်တမ်းတွင် ဖော်ပြထားသည်။

UNFPA (United Nations Population Fund) ၏အဆိုအရ ၂၀၁၂ ခုနှစ်နှုန်းအတိုင်းသာ သွားနေမည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ်တွင် အရွယ်မရောက်ဘဲ လင်ယူသားမွေးလုပ်ရသည့် မိန်းကလေးပေါင်း သန်း ၁၄၀ ခန့်ရှိလာ ပြီး၊ အသက် ၁၅ နှစ်အောက် အိမ်ထောင်ပြုရသူမှာ ၁၈ ဒသမ ၅ သန်းခန့်အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင်ဖြစ်သည်။ တာ့ဂ်ျ မိုဟာမက်သည် မျက်ရည်လည်ရွဲဖြင့် ယခုလိုရှင်းပြသည်။

“ကျွန်တော့် ခြောက်နှစ်သမီးလေး နဂါးမကို ဆွေမျိုးတစ်ယောက်ဆီရောင်းလိုက်ရတယ်။ ကျွန်တော့်မှာ အကြွေးတွေ ပေးစရာ ရှိနေတော့ မတတ်နိုင်ဘူး” ဟု သူကဆိုသည်။

နဂါးမဟု သူတို့အမည်ပေးထားသည့် ကလေးမလေးသည် တကယ့်အပြစ်ကင်းစင်သည့် ကလေးမျက်နှာလေးနှင့်ဖြစ်သည်။ ယခု ကလေးမလေးသည် သူမထက် အသက် ၁၀ နှစ်ကြီးသည့် လူတစ်ယောက်နှင့် စေ့စပ်ထားပြီး တစ်နှစ်အတွင်း ခင်ပွန်းအိမ် သို့ အရောက်ပို့ပေးရမည်ဖြစ်သည်။

သူမကိုယ်တိုင် အရွယ်မတိုင်မီ အိမ်ထောင်ပြုခဲ့ရသည့် နဂါးမ၏ အဖွားဖြစ်သူက

“မိသားစုထဲမှာ စိတ်မကောင်းဖြစ်ကြရတယ်။ ကျွန်မတို့ ငိုရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး”ဟုဆိုလိုက်သည်။ သူမကဆက်ပြီး “အမျိုးတွေဖြစ်ပေမယ့် သူတို့က တာ့ဂ်ျဆီက ပိုက်ဆံကို ပြန်လိုချင်နေကြတယ်။ သူကလည်း ကြွေးကို ပြန်မဆပ်နိုင်ဘူးလေ။ ဒါကြောင့် နဂါးမကို ထိုးပေးလိုက်ရတာ” ဟုရှင်းပြနေသည်။

တာ့ဂ်ျ မိုဟာမက်ကလည်း “ကျွန်တော့်မှာ အကြွေး ဒေါ်လာ ၂၅၀၀ လောက်တင်နေတာ။ မိသားစုကို ပြန်ပြီး ပျော်ရွှင်ဖို့ဆိုတာ အဲဒီငွေပမာဏကို ပြန်ရမှဖြစ်မှာ” ဟုဆိုသည်။

အာဖဂန်တွင် စစ်ပွဲတွေဖြစ်နေစဉ်ကာလအတွင်း သူတို့မိသားစု ဟယ်မန်းရှိအိုးအိမ်ကိုပစ်ပြီး ကမ်ဘာ ဒုက္ခသည်စခန်းရှိ ရွံ့အိမ်များအတွင်း ခိုလှုံနေကြရသည်။ သူ၏ သုံးနှစ်အရွယ် သားတစ်ယောက်နှင့် ဦးလေးတစ်ယောက် အေးလွန်းသဖြင့် သေဆုံးသွားကြရသည်။ ထိုအချိန်တွင် ဆွေမျိုးတွေက သူအကြွေးကို ပြန်တောင်းခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော် ငွေပေးနိုင်ရင်တော့ နဂါးမကို ၁၆ နှစ်သမီးလောက်အထိ အိမ်မှာထားနိုင်မယ်” ဟု တာ့ဂ်ျကဆိုခြင်းမှာ သူတို့ နိုင်ငံ ဥပဒေအရဖြစ်သည်။ အာဖဂန်တွင် အမျိုးသား ၁၈ နှစ်၊ အမျိုးသမီး ၁၆ နှစ်ဆိုလျှင် လက်ထပ်ထိမ်းမြားခွင့်ရှိသည်။

နိုင်ငံတကာ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်အရ ကလေးဆိုသည်မှာ အသက် ၁၈ နှစ် မပြည့်သေးသူကို ခေါ်ဆိုသည်။ ထို ၁၈ နှစ်မပြည့်သေးသည့် ကလေးတစ်ဦးကို ဖြစ်စေ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်ခြင်း၊ အဓမ္မအကြပ်ကိုင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ မိမိအာဏာကို အသုံးချခြင်း၊ ထိုသူ၏ အားနည်းချက်ကို အခွင့်ကောင်းယူခြင်း၊ ထိုသူ၏ အုပ်ထိန်းသူအား သဘောတူဆန္ဒရရှိရန် အခကြေးငွေ သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း ယူခြင်းဖြင့် သိမ်းသွင်းခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ခိုလှုံစရာနေရာပေးခြင်း၊ လက်ခံခြင်းကို ကလေးသူငယ်ဆိုင်ရာ ကူးသန်းရောင်းဝယ်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း အချို့သော နိုင်ငံများတွင် ဓလေ့ထုံးတမ်းအစဉ်အလာများက ထိုဥပဒေများကို မလိုက်နာသေးခြင်းသည် ယနေ့တိုင်အမျိုးသမီးများဘဝကို ခြိမ်းခြောက်နေဆဲဖြစ်သည်။

ကလေးသူငယ်ဆိုင်ရာ လက်ထပ်ထိမ်းမြားပေးမှုသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။ အမျိုးသမီးများ၏ အသက်၊ ကျန်းမာရေးနှင့် အနာဂတ်အခွင့်အလမ်းများကိုပါ စော်ကားနေခြင်းဟုလည်း ဆိုနိုင်သည်။ မည်သည့်အရွယ်တွင် အိမ်ထောင်ပြုခွင့်၊ မိမိနှစ်သက်သဘောကျသူနှင့် လက်ထပ်ထိမ်းမြားခွင့်သည် အမျိုးသမီးတိုင်း၏ အခွင့်အရေးလည်းဖြစ် သည်။ အရွယ်ရောက်သည့် မိန်းကလေးတစ်ယောက်သည် မိမိဘဝအတွက် အိမ်ထောင်ဖက်ရွေးချယ်ခြင်း၊ လက်ထပ်ထိမ်းမြား ခြင်းတို့အတွက် ကြောက်ရွံ့ခြင်း၊ အဓမ္မတိုက်တွန်းခံရခြင်း၊ ဖိအားပေးခြင်းများမှ ကင်းလွတ်ခွင့်ရှိရန်လည်း လိုအပ်သည်။ အရွယ်ရောက်ခြင်း၊ မရောက်ခြင်းသည် မိဘများနှင့် တရားဥပဒေက သတ်မှတ်ရန်ဖြစ်ပြီး၊ လက်ထပ်ထိမ်းမြားပိုင်ခွင့်ကို လွတ်လပ်စွာရွေးချယ်မှုသည် အမျိုးသမီးတိုင်း၏ အခွင့်အရေးဟုလည်း ဆိုနိုင်သည်။

နိုင်ငံတကာ ကလေးသူငယ်များဆိုင်ရာ ညီလာခံက အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို အဓမ္မလက်ထပ် ထိမ်းမြားပေးခြင်းကို လူ့အခွင့်အရေးချိုးဖောက်ခြင်းဟု သတ်မှတ်ထားပါသည်။ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း ကောင်း၊ အစိုးရများအနေဖြင့်လည်းကောင်း မိမိတို့နိုင်ငံနှင့် လူမျိုးစုအတွင်း အဓမ္မနည်းဖြင့် ပြုကျင့်နေကြသည့် ဓလေ့ ထုံးစံများကိုလည်းကောင်း၊ အယူအဆများကိုလည်းကောင်း ထိန်းသိမ်းတိုက်ဖျက်သွားကြရန်နှင့် ကလေးသူငယ် လက်ထပ်မှုများ ပပျောက်ရေးကို ထောင်စုနှစ်ပန်းတိုင်အဖြစ် သတ်မှတ်လုပ်ဆောင်သွားကြရန် နိုင်ငံတကာအဖွဲ့အစည်းများက ပြင်ဆင်နေကြပြီဖြစ်သည်။

ကလေးသူငယ်များ လက်ထပ်ပေးမှုပပျောက်ရေးသည် ၂၀၁၅ ခုနှစ်တွင် နောက်ဆုံးထားပြီး ဆောင်ရွက်ရမည့် ကုလသမဂ္ဂ၏ MDGs (Millennium Development Goals) နှင့်လည်း သက်ဆိုင်နေသည်။ ထိုပန်းတိုင်သို့ရောက်စေရန်အတွက် နိုင်ငံများသည်

-         အလွန်အကျွံဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှုများကို တိုက်ဖျက်နိုင်ရေး လုပ်ဆောင်ပေးရမည်။

-         အခြေခံပညာကို မသင်မနေရပညာရေးအဖြစ် သင်ကြားပိုင်ခွင့်ရှိရေးအတွက် အကောင်အထည်ဖော်ပေးနိုင်ရမည်။

-         ကျားမ မခွဲခြား တန်းတူညီမျှ အခွင့်အရေးရရန်လိုသည်။ အမျိုးသမီးများအခွင့်အရေးကို ဖော်ဆောင်ပေးရမည်။

-         ကလေးသူငယ်ဆိုင်ရာ သေဆုံးနှုန်းများကို လျှော့ချနိုင်ရမည်။

-         မိခင်ဘဝ ကျန်းမာရေးစောင့်ရှောက်မှုများကို အပြည့်အဝရပိုင်ခွင့်ရှိရမည်။

-         HIV/ AIDS နှင့် ငှက်ဖျားအပြင် အခြားရောဂါများကင်းစင်ရေး ဦးစားပေးဆောင်ရွက်ကြရမည်။

အထက်ပါအချက်များသည် ၂၀၁၅ ခုနှစ်အတွက် ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ ထိုအချက်များကို နိုင်ငံတကာတွင် အကောင်အထည်ဖော်နိုင်မည်ဆိုလျှင် ကလေးသူငယ်ဆိုင်ရာ အဓမ္မလက်ထပ်ထိမ်းမြားပေးမှုများနှင့် အရွယ်မတိုင်မီ မိခင်ဘဝဖြင့် သေဆုံးရမှုများ လျှော့နည်းသွားမည်ဟု မျှော်လင့်ပါသည်။

Written by အယ်ဒီတာတစ်ဦး
The Voice Daily, 8.10.2013

ဒေါ်ဖြူဖြူသင်းအား မကျေနပ်သဖြင့် မင်္ဂလာတောင်ညွန့် NLD ပါတီဝင် ၁၃ ဦး နှုတ်ထွက်

Posted by drmyochit Sunday, October 13, 2013, under | No comments

မင်္ဂလာတောင်ညွန့်မျြိ့နယ် လူငယ်ညီလာခံကျင်းပရေးကော်မရှင်အား ဒေါ်ဖြူဖြူသင်းမှ အထက်ကိုပူးပေါင်းကာ သူ၏အနီးကပ် ရာဇာ၊စာနာသူများအဖွဲ့အမည်ဖြင့်ငွေရှာပေးနေသော ကျော်ဒင်(အများလက်မခံ)၊ ညီလာခံတွင်နေရာမရသူများ၊ရပ်ကွက် NLD နှင့် မတဲ့သူများ ဖြင့် ဖွဲ့စည်းသဖြင့် ၁၃ဦးနုတ်ထွက် ခဲ့သည်။






From: Myanmar Express

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်

Posted by drmyochit Sunday, October 13, 2013, under | No comments

ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။


 ဓာတ်ပုံ- The Nation

ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။

ဧရာဝတီ

EARLY PREGNANCY SIGNS AND SYMPTOMS (20) ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

Posted by drmyochit Sunday, October 13, 2013, under | 3 comments


ရာသီမလာခင်တစ်ရက် ကိုယ်ဝန်စစ်တော့ မရှိပါ။ အခု ရာသီလာမဲ့ရက်ထက် သုံးရက်လောက် ကျော်နေ ပါပြီ။ မစစ်ရဲသေးလို့ပါ။ ကိုယ်က ကိုယ်ဝန်လိုချင်တာဆိုတော့ မရှိရင် ငိုမိမှာစိုးလို့ပါ။ ရင်သားတွေကတော့ အရမ်းနာကျင်ပါတယ်။ အဖြူကလည်း တော်တော်ဆင်းပါတယ်။ အဲဒါ ရာသီနောက်ကျတာပါလားရှင်။

(မှတ်ချက်။ မေးခွန်းထဲက “ဆိုးလို့ပါ” ကို “စိုးလို့ပါ” လို့ ပြင်လိုက်ပါတယ်။ “ဆိုး” တာက မကောင်တာကို ဆိုလိုပြီး “စိုး” တာက စိုးရိမ်တာကို ဆိုလိုပါတယ်။)

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစား ရတယ်။

၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ် ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရ မယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာ လာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလဲလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ် အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ GESTATIONAL SAC မြင်ရပြီ။ YOLK SAC ကို ၅ ပါတ်၊ EMBRYO ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ DOPPLER ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြား နိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန် တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့ စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူ ဖြစ်တယ်။) ဝမ်းချုပ်တာ PROGESTERONE ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကို အောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှု ခံယူရမယ်။

ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
URINE PREGNANCY TEST ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီ လာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီ လောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန် သွားတဲ့ ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။ သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက် အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက် ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင် လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက HCG ဟော်မုန်း (100 MIU/ML) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။

BLOOD PREGNANCY TESTS သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည် အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် HCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့ အခြေ အနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ် ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။ QUANTITATIVE BLOOD TESTS ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ် အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။

ရာသီလဲ မလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ

သင့်မိသားစု တစ်စုလုံး ဥာဏ်ကောင်းခြင်းလျှင် ဒါတွေကို ရှောင်ပါ

Posted by drmyochit Sunday, October 13, 2013, under | No comments


ဥာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှု ပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ်မှာဖ်ာပြထားပါတယ်။

၁။ မနက်စာ မစားခြင်း
မနက်စာ မစားခြင်းကလည်း ဥာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။

၂။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။

၃။ သကြားဓာတ် အများအပြား စားသုံးခြင်း
သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့  အချိုစာသုံးမှုက ကလေးတွေနဲ့ သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။

၎။ လေမသန့်ခြင်း
ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်းရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။

၅။ အအိပ်လွန်ခြင်း
အိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဥာဏ်ထိုင်းစေပါတယ်။
၆။ အိပ်ချိန်နည်းခြင်း
သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဥာဏ် ထိုင်း စေပါတယ်။

၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း
ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။

၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း
ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။

၉။ တွေးခေါ်မှုနည်းခြင်း
တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဥာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဥာဏ်သာ ထိုင်းလာစေ တတ်ပါတယ်။

၁၀။ စကားနည်းခြင်း
ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက် ကို ကောင်း စေပါတယ်။ သို့ပေမယ့် ယင်းကဲ့သို့ မလုပ်ရင်တော့ ကြိမ်းသေ ဥာဏ်ထိုင်းစေပါတယ်။ 

Ref: medic-facts

ပုရိသတို့အကြိုက် Play boy မဂ္ဂဇင်းမှာ ဓာတ်ပုံရိုက်ခဲ့ဖူးသော မော်ဒယ်ဆရာမအား ကျောင်းသားမိဘအချို့က အလုပ်ဖြုတ်ပစ်ရန်တောင်းဆို

Posted by drmyochit Sunday, October 13, 2013, under | No comments


အမေရိကန်နိုင်ငံရှိ အထက်တန်းကျောင်း တစ်ခုမှ ဆရာမငယ် တစ်ဦးအနေဖြင့် အတိတ်ပုံရိပ် တစ်ခုကြောင့် အလုပ်အကိုင် နေရာအတွက် ဖိအားပေး ဆန့်ကျင်မှုများ ကြုံနေရကြောင်း သိရှိရသည်။ အသက်(၂၁)နှစ်သာ ရှိသေးသည့် ခရစ္စတီ နီကိုးလ် ဒီဝီစီသည် တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်မြို့ရှိ တောင်းဗျူးမက်ဂ်နက် အထက်တန်းကျောင်းတွင် စပိန်ဘာသာ ဆရာမအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ သို့သော်လည်း သူမအနေဖြင့် Playboy မဂ္ဂဇင်းအတွက် ဓာတ်ပုံများ အရိုက်ခံခဲ့ဖူးကြောင်း မကြာသေးမီက ဖော်ထုတ် သိရှိလာသည့်နောက် ကျောင်းသားမိဘ အချို့က သူမကို အလုပ်ဖြုတ်သင့်ကြောင်း ဝေဖန် တောင်းဆိုမှုများ ရှိလာခဲ့သည်။ ယခုအခါ ခရစ္စတီ၏ အသက်(၁၈)နှစ် အရွယ်က ရိုက်ကူးထားသည့် အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို သူမစာသင်ပေးနေသည့် ကျောင်းသူကျောင်းသား အတော်များများက ဝေမျှ ကြည့်ရှုနေကြသည်။

ခရစ္စတီသည် လွန်ခဲ့သော (၃)နှစ်က Playboy၏ Code of the Month အစီအစဉ်တွင် ပါဝင်ခဲ့ဖူးကြောင်း ဖော်ထုတ် သိရှိလာသည့်နောက် ကျောင်းသားမိဘ အချို့က ဆယ်ကျော်သက်အရွယ် တပည့်များနှင့် ငယ်ရွယ်လွန်းသည့် Playboy မော်ဒယ်လ်ဟောင်း ဆရာမတို့ကြား ဆက်နွယ်လာနိုင်သည့် အခြေအနေ များကို ထောက်ပြ မေးခွန်းထုတ်လာသည်။ ခရစ္စတီကမူ သူမအနေဖြင့် လက်ရှိ အလုပ် အကိုင်ကို ပရော်ဖက်ရှင်နယ် ပီပီသသ ခံယူချက်မျိုးသာ ထားရှိကြောင်း တုံ့ပြန်ထားသည်။ ခရစ္စတီသည် ညှို့အားပြင်းပြင်း ဝတ်လစ်စားလစ် ဓာတ်ပုံများကို Outdoor ရိုက်ကူးခဲ့ဖူးပြီး အမျိုးသမီးချင်း စုံမက် သည့်ဟန် ကိုယ်ဟန်ပြမှုများလည်း ပြုလုပ်ခဲ့ဖူးသည်။


ထိုကိစ္စနှင့် ပတ်သက်ပြီး ခရစ္စတီကမူ "ကျွန်မက လောလောဆယ် စပိန်ဘာသာ သင်ကြားပေးနေတဲ့ ဆရာမ တစ်ယောက် ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဘာကိုမှ ကျွန်မ မစဉ်းစားဘူး"ဟု ပြောကြားခဲ့သည်။ ခရစ္စတီသည် ယင်းဓာတ်ပုံများကို ရိုက်ကူးခဲ့စဉ်က အထက်တန်းကျောင်းတွင် အလုပ်မဝင်သေးချေ။ တက္ကဆက်စ် ပညာရေးဌာန၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဒက်ဘီ ရက်ကလစ်ဖ်က ခရစ္စတီ၏ ကိစ္စသည် မည်သို့မည်ပုံ ဖြေရှင်းပေးရမည် မသိသော ပြဿနာဟု ဝန်ခံခဲ့သည်။ "ဒါဟာ တရားမဝင်တဲ့ အခြေအနေတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပညာရေး ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်ပိုင်းကို ငဲ့ကြည့်ဖို့လည်း လိုတယ်။ ကျင့်ဝတ်အရ ကောင်းမွန်တဲ့ အမူအကျင့် လှုပ်ရှားမှုမျိုး ရှိဖို့တော့ လိုတယ်လေ"ဟု ရက်ကလစ်ဖ်က သုံးသပ်ခဲ့သည်။

ကျောင်းသားမိဘ တစ်ဦးက "ကျွန်မတို့ရဲ့ (၁၆)နှစ်သား ကလေးတွေက ဆရာမရဲ့ အဝတ်ဗလာကျင်းနဲ့ပုံကို ကြည့်ထားမိပြီးပြီ။ သူစာသင်နေချိန်မှာ သူ့ကို ဘယ်လိုမြင်နေမလဲ။ ဒါက စိုးရိမ်သင့်ပါတယ်"ဟု မှတ်ချက်ပြု ခဲ့သည်။ ကျောင်းသူကျောင်းသားများ ကြားတွင်လည်း အမျိုးမျိုး ပြောဆို ထင်ကြေးပေးနေကြသည်။ "ဆရာမရဲ့ ဓာတ်ပုံတွေကတော့ တစ်ကျောင်းလုံး တစ်ယောက်ချင်း လိုက်ပြရင်း ပျံ့နေပြီ"ဟု ကျောင်းသား တစ်ဦးက ဆိုသည်။ ခရစ္စတီ၏ တပည့် ကျောင်းသူလေး တစ်ဦးကမူ "သူက အသင်အပြ သိပ်ကောင်းတဲ့ ဆရာမပါ။ ကျန်တာက သူ့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပဲလေ"ဟု ပြောကြားခဲ့သည်။ ခရစ္စတီ၏ တပည့် တစ်ဦးကလည်း Twitterတွင် "ခုချိန်မှာ သူက ကျွန်တော်တို့ရဲ့ စပိန်ဘာသာ ဆရာမပဲ။ အဓိပ္ပါယ် မရှိတဲ့ ကိစ္စနဲ့ ပြဿနာ မရှာချင်ကြစမ်းပါနဲ့။ သူ့ဖာသာ နေပါစေ"ဟု ကာကွယ်ရေးသားထားခဲ့သည်။ 
By Planet

မယားကောင်း မယားမြတ်ဆိုတာ (မိန်းကလေးများအထူးဖတ်ရန်)

Posted by drmyochit Sunday, October 13, 2013, under | No comments


မယားကောင်း မယားမြတ်ဖြစ်ဖို့ ဒါလေးတွေဖတ်ထားပါနော်

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။
၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

ဒီလိုဖားမျိုး သင်မြင်ဖူးသလား

Posted by drmyochit Sunday, October 13, 2013, under | No comments


တောင်အမေရိကဒေသ ဆူရီနမ်း နိုင်ငံရှိ မိုးသစ်တောအတွင်း Cocoa ဟု အမည် ပေးထားသော ဖားမျိုးစိတ်သစ် ခြောက်မျိုးနှင့် အခြားငါးမျိုးစိတ်သစ် ၁၁ မျိုးကို တွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၏ သုတေသန သိပ္ပံပညာရှင် ထရွန့်ဒ်လာဆန်က အောက်တိုဘာ ၈ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် ဆူရီနမ်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ မိုးသစ်တောသို့ ရက်သတ္တသုံးပတ်ကြာ စူးစမ်း လေ့လာရေး ခရီးသွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း သက်ရှိ သတ္တဝါများကို စာရင်းပြုစုခြင်းနှင့် ရေချို အရင်း အမြစ်များ လေ့လာခြင်း တို့ကို လုပ်ဆောင်ခဲ့သည်။

အဆိုပါ မိုးသစ်တောသည် ကမ္ဘာ့စူး စမ်းလေ့လာမှု အနည်းဆုံး မိုးသစ်တောများ အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။ သိပံ္ပပညာရပ်တွင် အသစ် ပေါ်ထွက်လာသည့် သက်ရှိ သတ္တဝါများ ၌ poison dart အမည်ရှိ ဖားမျိုးစိတ် တစ်မျိုးနှင့် Cocoa အမည်ရှိ ဖားမျိုးစိတ် တစ်မျိုးတို့ ပါဝင်ကြောင်း၊ လက်ရှိကမ္ဘာ ကြီးတွင် ဖားအကောင်ရေ တိုးပွားမှုနှုန်း မှာ ကျဆင်းလျက်ရှိပြီး ပျောက်ကွယ်လု နီးပါးဖြစ်နေသောကြောင့် မျိုးစိတ်သစ် များရှာဖွေရန် လိုအပ်လာကြောင်း လာဆန်က ထပ်လောင်း ပြောကြားခဲ့သည်။ သိပံ္ပပညာရှင် များသည် အရောင်အသွေး စုံလင်သော tetra ငါးမျိုးစိတ်သစ် တစ်မျိုး၊ တစ်မူထူးခြားသော အရောင်ရှိ သည့် ငါးခူမျိုးစိတ်တစ်မျိုးနှင့် အခြား ငါးမျိုးစိတ်ကိုးမျိုးတို့ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းအပြင် အပင်များ၊ ငှက်များ၊ နို့တိုက် သတ္တဝါများ၊ ပိုးမွှားများ၊ ငါးများနှင့် ကုန်း/ ရေနေ သတ္တဝါများ ပါဝင်သည့် မျိုးစိတ်ပေါင်း ၁၃၇၈ မျိုးနှင့်ပတ်သက် သည့်အချက်အလက်များကို စာရင်းပြုစု နိုင်ခဲ့ကြောင်း သိရသည်။

Apple က iPad အသစ်များ မိတ်ဆက်တော့မည်

Posted by drmyochit Sunday, October 13, 2013, under | No comments


Apple ဟာ ၎င်းရဲ့  iPad အသစ်များကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် တရားဝင် မိတ်ဆက် ပြသ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ 

iPad 5 နဲ့ iPad 2 mini ဖြစ်ပါတယ်။ ဒီအတွက် ကုမ္မဏီမှ အတည်ပြုထားပြီး ၂၀၁၃ နှစ်ကုန်ပိုင်းဟာ Apple အတွက် အလုပ်အရှုပ်ဆုံး အချိန်ကာလ လို့တောင် Tim Cook ကိုယ်တိုင် ငြီးငြူ ပြောဆိုခဲ့ပါတယ်။ အကြောင်း ကတော့ ယမန်နှစ် iPad mini မိတ်ဆက်ပြသ ပြီးနောက် ကြားမှာ အတော်လေး အဆက်အသွယ် ပြတ် သွားခဲ့ လို့ပါ။ ယခုတော့ Apple ဟာ ၎င်းတို့ရဲ့  Product line ကို ပိုမိုပြီး မိတ်ဆက်နေပါပြီ။ iPad mini တင် မကတော့ပဲ Apple Macbook Pro များလည်း မြင်ရမယ်လို့တောင် ခန့်မှန်း ထားကြ ပါတယ်။
iPad 5 နဲ့ iPad mini 2 မှာ အဓိက ထူးခြားတိုးတက်လာမှုကတော့ ကင်မရာ ဖြစ်ပြီး အခြားသော အစိတ်အပိုင်း များလည်း အနည်းငယ်စီ တိုးတက်ပြောင်းလဲ လာတယ်လို့ အိုင်တီပညာရှင် အချို့ က ခန့်မှန်း ရေး သား ဖော်ပြ ထားပါတယ်။ Samsung Galaxy Tab နဲ့ အခြားသော Tablet များအတွက် Apple ရဲ့  iPad ပစ္စည်းများဟာ ယှဉ်ပြိုင်စရာ အဖြစ် တည်ရှိနေ အုံးမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:mashableBy Aung Kham ( ရိုးရာလေး)

ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင်ပေါက်ကွဲမှုဖြစ်ပွား

Posted by drmyochit Sunday, October 13, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၁၃

၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန် အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်းကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင်
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက် ကပ်လျက်မြေကြီး တွင် အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားကာ ခရီးသည်နားနေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ် (၁၀)ပေခန့် ပျက်စီးပြီး ခရီးသည်နားနေဆောင်ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွားခဲ့ပါသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အား မိုင်းရှင်းလင်းမှုပြုလုပ်စဉ် ၀၁၅၅အချိန် စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်
အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထည့်ထားသည့်အလျား (၄)လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ်မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ပါသည်။

အဆိုပါလက်လုပ်မိုင်းဖေါက်ခွဲသူအား အင်းစိန်မြို့မရဲစခန်း(ပ)၁၀၉၀/၂၀၁၃၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၃အရ အမှုဖွင့်ပြီး စုံစမ်းဖေါ်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

တောင်ငူ ဗုံးပေါက်ကွဲမှု အကြောင်းရင်း မသိရသေး

Posted by drmyochit Sunday, October 13, 2013, under | No comments



တောင်ငူမြို့မှာ သောကြာနေ့ညဘက်က ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူကို ဆေးရုံမှာ ဆက် ကုသပေးနေပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် မသိရသေးပါဘူး။ လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မျက်မြင်တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့က ချမ်းမြေ့တည်းခိုခန်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့ညက ဗုံးပေါက်ကွဲခဲ့ကြောင်း  မြန်မာအစိုးရထုတ်သတင်းစာမှာ ပါရှိပါတယ်။ အသက် ၂၉ နှစ်အရွယ် ကိုနေမျိုးကျော်နဲ့ အသက် ၂၄ နှစ်အရွယ် မယုခိုင်တို့ သေဆုံးသွားခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားတာပါ။ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေရဲ့ နောက်ဆုံးအခြေအနေကိုသိရှိနိုင်ဖို့ တောင်ငူမြို့ မြို့မရဲစခန်း တာဝန်ကျတဲ့ ရဲအရာရှိကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ တောင်ငူမြို့ ဗုံးပေါက်တာနဲ့ပတ်သက်ပြီး လူဘယ်နှစ်ဦးများ သေသွားလဲရှင့်။

“နှစ်ဦးပါ။”

မေး။  ။ နောက်ဆုံးကောင်မလေးအခြေအနေကရော ဘယ်လိုရှိလဲ။ စိုးရိမ်ရတဲ့အခြေအနေရှိလားရှင့်။

“မရှိပါဘူး၊ ကောင်းပါတယ်။”

မေး။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ သူက အခု လက်ရှိ ဘယ်နေရာမှာလဲရှင့်။

“ဆေးရုံပေါ်မှာပါ။”

မေး။ ။ သူဖြစ်သွားတာက ဘယ်လို ဖြစ်သွားလဲရှင့်။

“အဲဒါတော့ မသိဘူးဗျ။ ကျနော်လည်း ခရီးသွားနေတာ၊ အခုမှ ပြန်ရောက်လို့၊”

မေး။ ။ သေသွားတဲ့အမျိုးသားက မီးရထားရဲ-ဆိုတာ ဟုတ်လားရှင့်။

“ဟုတ်ပါတယ်။”

မေး။ ။ သူက လက်ရှိတာဝန်ယူနေတဲ့သူပဲလားရှင့်။

“အဲဒါတော့ သိဘူးဗျ။ သိဘူးဆိုတာက ကျနော်က အခုနေ့လည်မှပြန်ရောက်တာ၊ ကျနော်က ညောင်လေးပင်ကို သွားတာ။ ညောင်လေးပင်ကလေ သူတို့က။ မီးရထားက ရဲဆိုတာတော့ ဟုတ်တယ်။ လက်ရှိတာဝန်ထမ်းဆောင်လား၊
မဆောင်လားဆိုတာတော့ မသိဘူး။”

မေး။ ။ အဲဒီ မီးရထားရဲအိမ်ကိုရော ရောက်ခဲ့လား။

“မရောက်ဘူးလေ။ ကျနော်က အဲဒီ ကောင်မလေး အမျိုးတွေအိမ်ပဲ သွားတာ”

ဘာကြောင့် ဖြစ်ရသလဲဆိုတာ ရဲမြို့နယ်မှူးကို ဆက်လက်မေးမြန်းတဲ့အခါမှာတော့ ရဲမြို့နယ်မှူးက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ မီးရထားရဲတစ်ဦးနဲ့ နှစ်ဦး သေဆုံးခဲ့ကြောင်းကို အတည်ပြု ပြောကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိခဲ့တဲ့ တောင်ငူမြို့ခံတစ်ဦးကတော့ လက်ရှိမှာလည်း အဲဒီနေရာမှာ လုံခြုံရေးတွေ ချထားပြီး အဝင်အထွက်တွေကို ပိတ်ဆို့ထားကြောင်း၊ ညကဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကိုလည်း ပြန်ပြောပြခဲ့ပါတယ်။

“သူတို့ပြောတာကတော့ ပိုက်ဆံအိတ်ကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာ ကွဲတယ်လို့ ပြောတာပဲ။ ကောင်မလေးတွေကတော့ ညောင်လေးပင်ကပဲ။ အဲဒီထဲမှာ ရဲပါ ပတ်သက်နေတယ်။ တစ်ယောက်က ရဲဖြစ်နေတယ်။ ပထမတော့ ကျနော်တို့ကို ရဲလို့ မပြောဘူး။ အခု စုံစမ်းကြည့်တော့ ရဲဖြစ်နေတယ်။ မီးရထားရဲလို့ ပြောတယ်။ နီးတာက အမှတ် (၁) ရဲစခန်းနဲ့လည်း နီးတယ်။ ဓာတ်ပုံတွေ ဘာတွေ ကျနော်တို့ ရိုက်ယူလိုက်တယ်။ အထဲတော့ ဝင်ခွင့်မပေးဘူး။ ယောက်ကျားလေးကတော့ ညကတည်းက ဗိုက်ပွင့်သွားတယ်။ ကောင်မလေး ၂ ယောက်ကတော့ အခန်း နံပါတ် (၆) မှာ တည်းတယ်။ အဲဒီကောင်လေးကတော့ အဲဒီအခန်းက မဟုတ်ဘူး။ ဧည့်စာရင်းမှာရှိတာတော့ ကောင်မလေးနှစ်ယောက်ပဲ။”

မေး။ ။ အဲဒီနေရာမှာ လုံခြုံရေးတွေ ဘာတွေ ရှိသေးလား။ စစ်ဆေးတာတွေ ရှိသေးလား။

“အခုတော့ အထဲတော့ ဝင်ခွင့်မပေးဘူး။ စစ်ကားနှစ်စီးတော့ ရပ်ထားတယ် ရှေ့မှာ။ စစ်သား အယောက် သုံး-လေးဆယ်တော့ ရှိမယ်၊ ရဲလည်း သုံး-လေးဆယ်လောက်ရှိမယ်။ အပြင်တောင်မှ အဲဒီနားကို ပိတ်ထားတယ်။”
အခင်းဖြစ်ပွားပြီးတဲ့နောက် ဆေးရုံတက်ပြီး ကုသနေရတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ ရဲစခန်းကရော မြန်မာသတင်းစာမှာ ဖော်ပြထားပေမဲ့ အတည်ပြုချက် ရယူဖို့အတွက် ဆေးရုံကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မအေးအေးမာ (ဗွီအိုအေ)

အကျပ်အတည်းများနဲ့ ကြုံနေတဲ့ အိုဘားမားအစိုးရဘာလုပ်မလဲ

Posted by drmyochit Sunday, October 13, 2013, under | No comments


အစိုးရ လုပ်ငန်းများ ပိတ်သိမ်းခြင်း စပြီးနောက် ဗုဒ္ဓဟူးနေ့က ပထမအကြိမ် သမ္မတ အိုဘားမားနှင့် ကွန်ဂရက် လွှတ်တော် ခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့သည်။

သို့သော်လည်း ဗဟိုအစိုးရ ဝန်ထမ်း ရှစ်သိန်း အလုပ် ထွက်သွားရမည့် လိပ်ခဲတည်းလည်း ပြဿနာကို အဆုံးသတ် ရောက်သွားအောင် ရှေးရှုသော တိုးတက်မှု မရှိခဲ့ချေ။ ထို့ပြင် အမေရိကန် အရှေ့ဘက် အတ္တလန္တိတ် ကမ်းခြေမှ အနောက်ဘက် ပစိဖိတ်ကမ်းခြေ အထိ ဝန်ဆောင်မှု လုပ်ငန်းများ ပြတ်တောက်သွားခြင်း မှာလည်း တိုးတက်မှု မရခဲ့ပေ။

အစိုးရ အဖွဲ့ကို ရန်ပုံငွေ ထောက်ပံ့ရန် အတွက် အိုဘားမား care ကိစ္စကို အစိတ်အပိုင်းအဖြစ် ပြောင်းလဲပစ်ရန် ရီပတ်ဘလီကန်တို့က ဆက်လက် တောင်းဆို နေခဲ့သည်။ သမ္မတနှင့် ဒီမိုကရက်တို့က ငြင်းဆိုခဲ့သည်။အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘိုနာ (ရီပတ်ဘလီကန် အိုဟိုင်းရိုး ပြည် နယ်) က ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေး ပြောခဲ့ပါတယ်။ ဒီမိုကရက်တွေက စေ့စပ် ညှိနှိုင်းမှု မလုပ်ဘူး။ ဒီတော့ ကျွန်တော်တို့ အစိုးရကို ခွဲပစ် လိုက်ရတယ်ဟု ၎င်းကပြောသည်။

အိုဘားမား care အရ အမေရိကန် ပြည်သူများ အတွက် ဒီနေရာမှာ အားလုံး တောင်းဆိုနေတာက ဆွေးနွေးခြင်းနှင့် တရားမျှတခြင်းပါဟု ၎င်းကပြော သည်။

အထက်လွှတ်တော် လူများစု ခေါင်းဆောင် ဟာရီရိဒ် (ဒီမိုကရက်တစ် နီဗားဒါး ပြည်နယ်) နှင့် အထက်လွှတ်တော် အမတ် နန်စီပဲလောဒီ (ရီပတ်ဘလီကန် ကာလီဖိုးနီးယား ပြည်နယ်) တို့သည် ဘိုနာကို ပြောဆိုကြမည်ဆိုပြီး လိုက်သွားကြရာ ရိဒ်က ၎င်းတို့သဘောထား မပြောင်းနိုင်ကြောင်း ပြောသဖြင့် ပဲယောစီက ကျုပ်ပြောနိုင်တာကတော့ သူတို့က အစိုးရ အဖွဲ့ကို လုပ်ငန်းပိတ်သိမ်း ခံချင်နေကြတာဟု ဆိုသည်။

အိမ်ဖြူတော်မှ လုပ်သော အစည်းအဝေးတွင် ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်။ အိုဘားမား care ကိစ္စမှာ ပိတ်မိနေတာလေဟု ဆို၏။အစိုးရ လုပ်ငန်းများ ပိတ်သိမ်း၍ နှစ်ရက်အကြာတွင် အမျိုးသား ဥယျာဉ် ပန်းခြံများနှင့် ပြတိုက်များ ပိတ်ခဲ့ရပြီး ဗဟိုအစိုးရ ကင်ဆာဌာနက လူနာသစ်တွေ လက်မခံတော့ဘူး။ ဝေါလ်စတွိ ခေါင်းဆောင်တွေကလည်း နှစ်ဖက် ပြေငြိမ်းကြရေးကို တောင်းဆိုကြသည်။

နည်းနည်း သက်သာသလို ခံစားရသည်က အသက်ကြီးပိုင်း စစ်ပြန်ကြီးများ ဖြစ်ပြီး ၎င်းတို့က ဒုတိယ ကမ္ဘာစစ် အောက်မေ့ဖွယ်ကို ပိတ်ပစ်ရန် ခွင့်ပြုခဲ့သည်။

အိမ်ဖြူတော်တွင် ပြုလုပ်သော အစည်းအဝေးမှာ မိနစ် ၉ဝ ကြာခဲ့သည်။အိုဘားမား၊ ဒုတိယ သမ္မတ ဘိုက်ဒင်၊ လွှတ်တော် နှစ်ရပ်လုံးနှင့် ပါတီ နှစ်ခုစလုံးက ခေါင်းဆောင်တွေ တက်ကြသည်။ သူတို့ ဦးစီးအရာရှိတွေ မပါဘူး။ Oval Offi ce တွင် ပြုလုပ်ခြင်း ဖြစ်သည်။

အောက်လွှတ်တော်ကို ထိန်းချုပ်ထားသော ရီပတ်ဘလီကန် တွေကို သူက ပြောရာတွင် အစိုးရအဖွဲ့ လုပ်ငန်းများ ပိတ်သိမ်းခြင်းကို ခြွင်းချက် မရှိ ပြန်ဖွင့်ရန် သဘောတူရမည်။ ခြွင်းချက်မရှိ သဘောတူကို တူရမည်။ နိုင်ငံ၏ ငွေချေးခြင်းဆိုင်ရာ ကန့်သတ်ချက်ကို တိုးမြှင့်ရန် အောက်တိုဘာ ၁၇ ရက်တွင် ဖြေရှင်းရမည်ဟု ပြောသည်။

အကယ်၍ ပါတီတစ်ခုက အစွန်းရောက် အဖွဲ့မှ သက်ကြီးပိုင်း တချို့သည် ဒီမိုကရက်ဖြစ်စေ၊ ရီပတ်ဘလီကန် ဖြစ်စေ သည်အကျင့်ပါနေ၍ အမေရိကန် ပြည်ထောင်စု၏ ကောင်းသော အပြည့်အဝ ယုံကြည်မှုကို တူးဖြိုပစ်ရန် ခြိမ်းခြောက်မှုအပေါ် မူတည်သော သဘော တူညီချက်ကို ခြောက်လှန့် ရယူရန် ခွင့်ပြုထားသည် ဆိုလျှင် ကျွန်တော့် နောက်တက်လာမည့် မည်သည့် သမ္မတမဆို ကျွန်တော်မှ မဟုတ်ပါဘူး နိုင်ငံကို ထိရောက်စွာ အုပ်ချုပ်နိုင်စွမ်းရှိမည် မဟုတ်ဘူးဆိုတာ တွေ့ကြရလိမ့်မည်ဟု အိုဘားမားက ပြောခဲ့သည်။အာရီဇိုနား မြောက်ပိုင်းနှင့် ယူးတားတောင်ပိုင်း ဝေးလံ လှသော နေရာမှ ကဖီးဆိုင်တွင် ခေတ္တ ရပ်နားပါက ကမ္ဘာလှည့် ခရီးသည်များထံမှ ပြောစကားများနှင့် စကားပြောသံ အမျိုးမျိုးကို ရောထွေးကြား ရပေမည်။ ကမ္ဘာလှည့် ခရီးသည်များသည် အနောက်ခြမ်း၏ ရှုမျှော်ခင်းများကို ကြည့်ရှုရန်နှင့် အသက်ရှူ မှားလောက်သော ကမ္ဘာ့ချောက် ကြီးနှင့် ကျောက်ဆောင်ကျောက်သား၊ ကျောက်ထပ်လွှာများ ဖွဲ့စည်းမှုကို တွေ့မြင်ရမည် ဖြစ်သည်။

ဤအံ့သြဖွယ် မြင်ကွင်းများကို တစ်သက်မှာ တစ်ခါဆိုသလို လာရောက် ကြည့်ရှုကြသော ဧည့်သည်အပေါင်းမှာ နှစ်စဉ်သန်းနှင့်ချီ ရှိနေသည်ဟု သိရသည်။

ယင်းသန်းနှင့်ချီသည့် ကမ္ဘာလှည့် ခရီးသည်များသည် အစိုးရ လုပ်ငန်းများ ပိတ်သိမ်းသည် ဆိုပြီး မလာဘဲ ရပ်တန့်သွားမည်မဟုတ်ပေ။ သို့သော် အစိုးရ လုပ်ငန်းများ ပိတ်သိမ်းခြင်းကြောင့် လမ်းတွေပိတ်၊ အပန်းဖြေ စခန်းချရာ နေရာတွေ ပိတ်မည်။ အမျိုးသား ဥယျာဉ်များမှ ကမ္ဘာလှည့် ခရီးသွားဌာနများ ပိတ်မည်ဖြစ်သည်။ ထိရောက်မှုက အားလပ်ရက် အပန်းဖြေခရီး ထွက်သူများကိုသာ ဖျက်ဆီးပစ် လိုက်သည် မဟုတ်သေး။ ဒေသန္တရ ဆိုင်ရာ စီးပွားရေး များကိုလည်း ရပ်တန့်သွားလုလု ဖြစ်သွားစေ သည်ဟု ဆိုသည်။

ရဲလိုးစတုန်း အမျိုးသားဥယျာဉ်၏ မြောက်ဘက်ဂိတ် အဝင်ပေါက် အပြင်ဘက်တွင် ဘတ်စကားပေါ်မှ တရုတ်နှင့် အိန္ဒိယ ခရီးသည် နှစ်ယောက်မှာ မျက်ခုံးများ ပင့်လျက် ဥယျာဉ် ပိတ်ထားကြောင်း တွေ့သွားရသော အခါ လက်မကို အောက်ဘက်သို့ စိုက်၍ပြကြသည်။ ဂျပန် ကမ္ဘာလှည့် ခရီးသည် မိသားစုက ဂရန်းကင်ယွန်မှ မျက်ရည်ကျကာ ပြန်ထွက်သွားကြရ၏။ အင်္ဂလိပ် ဇနီးမောင်နှံနှင့် ဘယ်လ်ဂျီယံ ဇနီးမောင်နှံတို့လည်း ခြေထောက်နှင့်မြေကြီး မထိရတော့ဘဲ အမျိုးသား ဥယျာဉ်ကို ကားမောင်း၍ ပတ်ကြည့်ကြရသည်။

တချို့ကလည်း သူတို့အပန်းဖြေ ခရီးကို နာမည်တွေ ပြန်ပေးကြတယ်။ မျက်လှည့်ပြသလို ထူးခြားသည့်ခရီး magical mystery tour ဟူ၍ဆိုကြ၏။ သူတို့က အစိုးရ အနေဖြင့် လုပ်ငန်းတွေ ပြန်လုပ်နိုင်မှာပါ။ ဒီတော့ သူတို့ အပန်းဖြေခရီး နောက်ပိုင်း ပြန်အဆင်ပြေသွားမှာ ပါလို့ တွေးကြသည် ဟူသည်။

ယင်းသို့ အပန်းဖြေ လာကြသူတွေ၊ လှေစီးကြမည့်သူတွေ၊ ငါးမျှားကြမည့်သူတွေ၊ ဂျစ်ကားငှား ကုမ္ပဏီတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အားလုံး စီးပွားပျက်ကုန်ပြီ။ တစ်ရက်လျှင် အပန်းဖြေ လာကြသူ ၇၁၅ဝဝဝ က အမေရိကန် ဒေါ်လာ ၇၆ သန်းသုံးစွဲလျက် သဘာဝ အမျိုးသား ဥယျာဉ်များကို လည်ပတ် ကြသူများ မရှိတော့၍ ဖီးနစ်မြို့ အခြေစိုက် ဂရန်းကင်ယွန် ကြည့်ရှုရန် အတွက် အာရီဇိုးနား တစ်လျှောက် ခရီးစဉ်များ ၉ဝ ရာခိုင်နှုန်းခန့် ပျက်ပြား သွားရပြီပေါ့ဟု ကုမ္ပဏီ ပူးတွဲပိုင်ရှင် လက်နတ်ဒိုဂျမ်းက ပြောသည်။

အိမ်ဖြူတော် ဘတ်ဂျက် ဒါရိုက်တာက ဖက်ဒရယ် အစိုးရ အေဂျင်စီများသို့ လုပ်ငန်းများ စတင်ပိတ်သိမ်းရန် အမိန့်ထုတ် ခဲ့သည်။ ယင်းသို့ ပိတ်သိမ်းရပါက ဖက်ဒရယ်ဝန်ထမ်း ရှစ်သိန်း လစာမရဘဲ ထွက်သွား ကြရမည်။ အမေရိကန် စီးပွားရေး နာလန်ထူမှု ကိုလည်း ထိခိုက်မည်။ ဒို့တော့ ချောက်ကမ်းပါး အစွန်းကို ရောက်နေပြီဟု အထက်လွှတ်တော် ဒီမိုကရက် အမတ် ဘာဘရာမီကူးစကီးက ပြောသည်။ အသက် သွေးကြောတမျှ အရေးကြီးသော နယ်ခြားစောင့် ကင်းလှည့်ခြင်းနှင့် လေကြောင်း ပျံသန်းမှု ထိန်းချုပ်ရေး တို့သည် ဆက်လက် ရှိနေမည်။ အခြား ဝန်ဆောင်မှုများ အားလုံးကို ပိတ်သိမ်းမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဌာနက ဗီဇာ လျှောက်ထားခြင်း၊ သံရုံးနှင့် ကောင်စစ်ဝန်ရုံးများ၊ အမေရိကန် လူမျိုးများ အတွက် ဝန်ဆောင်မှုများကို ဆက်လုပ် ပေးရမည်။ ဒီကိစ္စ အဖြေကရှင်းနေတာပဲ ၊ လူတိုင်း တာဝန်သိသိ လုပ်ကြ၊ အမေရိကန် လူမျိုးတွေ အတွက် မှန်တာကို လုပ်ကြဟု အိမ်ဖြူတော်တွင် အိုဘားမားက ပြောကြားခဲ့သည်။

ဤသို့ အစိုးရ လုပ်ငန်းများ ပိတ်သိမ်းရခြင်းကြောင့် အမေရိကန် ထောက်လှမ်းရေး အဖွဲ့ အင်အား ၇ဝ ရာခိုင်နှုန်း အလုပ် ထွက်သွားရမည် ဖြစ်၍ ''နှစ်ပေါင်း ၅ဝအတွင်း လုပ်လာတာကြာပြီ၊ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး''ဟု အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ ၁၆ ခုကို ကြီးကြပ်ရသော အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ ဂျိမ်းစ်ကလက်ပါက ပြော၏။ အစိုးရ ပိတ်သိမ်းမှုသည် ထောက်လှမ်းရေး အသိုင်းအဝိုင်း၏ တစ်ကမ္ဘာလုံး လုပ်ငန်းစွမ်းရည်များ ကျဆင်းကာ စစ်ဘက်၊ သံတမန်ဘက်နှင့် မူဝါဒ ချမှတ်သူများကို အထောက်အကူ ပြုနေရခြင်းများအား ထိခိုက်လိမ့်မည်ဟု သတိပေးလိုက်ကြောင်း သိရသည်။

အစိုးရ လုပ်ငန်းများ ပိတ်သိမ်းခြင်းကို အမြန်ဆုံး နိဂုံးချုပ်ဖို့လိုပြီဟု အထက်လွှတ်တော် ရီပတ်ဘလီကန်အမတ် ဆူဆန်ကောလင်း(ရီပတ်ဘလီကန်-မိန်းပြည်နယ်)က ပြောသည်။ အစကတည်းက အစိုးရကို ရန်ပုံငွေ ထောက်ပံ့ခြင်းနှင့် အိုဘားမား၏ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စနှင့် ချိတ်ဆက်ခြင်း မပြုဖို့ ပြောခဲ့ပါတယ်။ ယခုကိစ္စတွင် အိုဘားမား care က ပြဋ္ဌာန်းထားသော Medical device tax ၂ ဒသမ ၃ ရာခိုင်နှုန်း သည် ၂ဝ၁၃ ခုနှစ် ဆန်းစကပင် အကျိုးသက်ရောက် နေခဲ့ရာ ၁ဝ နှစ်ဆိုလျှင် အမေရိကန် ဒေါ်လာ ၃ဝ ဘီလီယံရှိသည်။ ဤအခွန်ကိစ္စကို ပြန်လည် ရုပ်သိမ်းပြီး အိုဘားမား care ကို တစ်နှစ် ဆိုင်းငံ့၍ ရေတိုအသုံးစရိတ် ဥပဒေကြမ်းကို အတည်ပြု ပေးလိုက်လျှင် အဆင်ပြေ သွားမည်ဟု အထက်လွှတ်တော် တွင် ပြောသွား သည်။ လောလောဆယ် သမ္မတ အိုဘားမား၏ အာရှရှိ အကျိုးစီးပွား အတွက် ထိပ်သီး အစည်းအဝေး တက်မည့်ကိစ္စကို ဘတ်ဂျက်ကိစ္စကြောင့် ဖျက်သိမ်း လိုက်ရသဖြင့် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်း လေးနိုင်ငံ ခရီးစဉ်များလည်း ပယ်ဖျက် လိုက်ရသဖြင့် အခွင့်အရေးများ ထိခိုက်ဆုံးရှုံး ခဲ့ရသည်ဟု ဆိုရပေမည်။
By mwdmedia.net

စင်ကာပူတွင် သေဆုံး၊ မြှတ်နှံသဂြိုလ်ခံသူများ

Posted by drmyochit Sunday, October 13, 2013, under | No comments


လူတစ်ယောက်သေရင်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လောက်ကုန်ကျသလဲဆိုတာတွေ၊ သေဆုံး သူရဲ့ ရုပ်ကြွင်း ကို အမှတ်တရဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ မွေးနေ့ဆင်နွဲခြင်း၊ သေဆုံးရုပ် အလောင်း သဂြိုလ်ခြင်းတွေ ကို အထူးသဖြင့် ငွေတတ်နိုင်သော မိသားစုက အကြီးကျယ်လုပ်ကြပါသည်။ စင်ကာပူတွင် အနည်း ဆုံး ဒေါ်လာ၂၀၀၀ မှ အများဆုံး ဒေါ်လာသောင်းဂဏန်း၊ သိန်းဂဏန်းထိ ကုန်ကျခံကြသည်။ သခြိုင်းများ လည်း မြို့အပြင်သို့ရွှေ့ကြသည်။

ကျနော် ရန်ကုန်စက်မှုတက္ကသိုလ်ရောက်စဉ်၊ ၁၉၈၀ခုနှစ်က အားလပ်ရက်လျှောက်လည်ရာမှ မမျှော်လင့်ပဲ ဟံသာဝတီအဝိုင်းအနီးမှ ကြံထောသုဿန်သို့ ရောက်ရှိသွားသဖြင့် တစ်ရက်လုံး အုတ်ဂူများအား ကြည့်ရှုရင်း အချိန်ကုန်သွားသည်။ မှတ်မှတ်ရရ .. မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ စာရေးဆရာများ၊ သူတို့မွေးနေ့နှင့်သေနေ့ ၂ခုဖြင့် အသက်၆၀၊ အသက်၇၀ စသဖြင့် ကွယ်လွန်၊ ဂူသွင်းထားသည့် အုတ်ဂူများစွာတွေ့ရသည်။ ဒေါ်ခင်မေသန်း (ဗိုလ်ချုပ်ကြီးနေဝင်း၏ ဇနီးသည်) အုတ်ဂူကိုရောက်ရှိကြည့်ရှုခဲ့စဉ်က မြန်မာနိုင်ငံကို ဦးနေဝင်းက မ.ဆ.လ ပါတီအကြီးအကဲအဖြစ် အုပ်ချုပ်နေဆဲကာလဖြစ်သည်။ ထိုစဉ်ကာလ ၁၉၈၀တွင် ဟံသာဝတီအဝိုင်းပတ်လည်သည် မြို့လည်ခေါင်ဖြစ်နေပါသည်။ လာရောက်မြေမြှတ်သဂြိုလ်နေသော အသုဘများကိုလည်း တွေ့ရသည်။

 နောက်ပိုင်း န.အ.ဖ လက်ထက် ၁၉၉၀ အလွန်နှစ်များတွင် လူများကို အတင်းကျပ်ရွှေ့ပြောင်းခြင်းဖြင့် လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရွှေပေါက်ကန် စသည့်မြို့သစ်များ ပေါ်လာသည်။ လူသေများကိုလည်း အတင်းအကြပ်ရွှေ့ပြောင်းခြင်းဖြင့် သုဿန်များသည် ကားဈေးကွက်နေရာများဖြစ်လာကြသည်။ ယခုအခါတွင် ထိုနေရာများ (သုဿန်မြေနေရာဟောင်းများ) မှာ အလွန်တန်ဖိုးကြီးသော လူနေ၇ပ်ကွက်အိမ်ယာများ ဖြစ်နေလေပြီ။

 မြန်မာပြည်တွင် သုဿန်ရွှေ့ခြင်း

 ပြည်သူလူထုထံ အသိပေးခြင်း လပိုင်းမျှသာကြာတတ်သည်။ အလောင်း (အရိုး) ဖေါ်ပြီး ပြန်ရွှေ့သည့်လုပ်ငန်းကို မိမိပိုက်ဆံဖြင့်လုပ်ရသည်။ ငွေမတတ်နိုင်သူများမှာ မိမိတို့ မိဘများ၊ အုတ်ဂူကိုပင် တစ်နှစ်တခါ သန့်ရှင်းရေးမလုပ်နိုင်ကြ။ အုတ်ဂူဖေါက်ခိုးခံရခြင်းမှာလည်း ရိုးနေပြီဖြစ်သည်။ နောက်ဆုံး မိမိစရိတ်ဖြင့် အရိုးအိုးတူးထုတ်ပြီး၊ သခြိုင်းအသစ်သို့ အစိုးရသတ်မှတ်ပေးသော နေရာတွင် ထပ်မံမြှတ်နှံရသည်။ ငွေတတ်နိုင်လျှင် အုတ်ဂူအသစ် ဆောက်လုပ်ရသည်။ ရယ်စရာလိုလို ..ပုံပြင်လိုလို.. န.အ.ဖ ခေတ် တာမွေသခြိုင်းကိုရွှေ့အပြီးတွင် ညအချိန်၊ ရဲတပ်ဖွဲ့မှုးမှ ကားကြီးအချို့ ကို ချောဆွဲပြီး ဝိညာဉ်၊ တစ္တေများ နေရာရွှေ့ခြင်းကို လုပ်ရသည်။ ရဲအရာရှိက သခြိုင်းတွင် အမိန့်စာတန်းကိုဖတ်ပြသည်။ သင်တို့နေရာကို ရွှေ့လိုက်ပြီဖြစ်သဖြင့် ယခုကားဖြင့် နေရာသစ်သို့ ပို့ဆောင်ပေးမည်။ ကားပေါ်တက်ကြပါ..ဟု ကျယ်လောင်စွာအမိန့်ပြန်တမ်းထုတ်ရသည်။ ထိုကားကို စောင့်ကြည့်နေသူက အမိန့်ပြန်တမ်းကြေငြာပြီးသည်နှင့် ကားဘီးပင် ပြားလုမတတ် ညွှတ်ကျသွားသည်ဟုဆိုသည်။ ထို့နောက် သခြိုင်းအသစ်သို့ကားမောင်းသွားပြီး၊ အမိန့်ပြန်တမ်း ထပ်ကြေညာရသည်။ ဆင်းနိုင်ပြီ ဟု ကြေညာပြီးချိန် ညွတ်ကျနေသော ကားဘီးများ ပုံမှန်ပြန်ဖြစ်သွားသည်ဟု ဆိုသည်။ တခါ သခြိုင်းဟောင်းတွင် သူရဲ့အရမ်းခြောက်နေဆဲဖြစ်သောကြောင့် အထူးကားတစ်စီးဖြင့် ထို မသိလိုက်သဖြင့် ကျန်ရစ်ခဲ့သော သရဲအတွက် အမိန့်ပြန်တမ်း ပြန်ထုတ်ကာ သယ်ဆောင်ပေးရသည်ဟု ..ပြောဆိုကြသည်။


 စင်ကာပူတွင် သုဿန်ရွှေ့ခြင်း

 မြို့ကြီးဖြစ်လာသည်နှင့်အညီ စင်ကာပူတွင်လည်း သုဿန်များစွာကို ချွာကြူကန်းဒေသသို့ ပြောင်းရွှေ့ရသည်။ အမိန့်ပြန်တမ်း ထုတ်သလား၊ မထုတ်သလားတော့ မသိရပါ။ အင်္ဂလိပ်လက်အောက် မြန်မာ၊မလေးရှား၊စင်ကာပူတို့ အတူနေထိုင်ခဲ့ရသောကြောင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ တူလေ့ရှိသဖြင့်၊ စင်ကာပူတွင်လည်း အမိန့်ပြန်တမ်းထုတ်ပြီး သစ္ဆေ၊သရဲများကို ရွှေရပေမည်။ အောက်မှပုံမှာ စင်ကာပူ၊ Lornie Road တွင်ရှိသော သခြိုင်းတစ်ခုမှာ Land Transport Authority က ဟိုက်ဝေး၊ အဝေးပြေးကားလမ်းဖေါက်မည့် နေရာတွင်ကျရောက်နေသဖြင့် အရိုးများကို ရွှေ့ပေးမည်ဖြစ်ကြောင်း ကြေငြာချက်ဖြစ်သည်။ ထိုမြေကွက်တွင် မြေစာရင်းဌာန၊ အိမ်မြေဂရံကဲ့သို့ သုဿန်တွင်မြှတ်နှံသူများ၏ ၈ပေ x ၄ပေ မြေကွက်လေးများကို တိုင်များရိုက်ပြီး၊ မှတ်ထားသည်။ သေဆုံးသူအများစုမှာ အုတ်ဂူပင်မရှိတော့ပေ။ ရှိနေသော အုတ်ဂူများမှာလည်း နှစ်ပေါင်း ၅၀ကျော် လူသေမမြှတ်နှံတော့သဖြင့် သေသောသူ၊ ကြာရင်မေ့၊ ထိုသေဆုံးသွားသူများ၏ သားသမီးများပင်လျှင် သေဆုံးပြီး၊ သုဿန်အသစ် ချွာချူကန်းတွင် မြှတ်နှံခြင်း (သို့မဟုတ်) မန်ဒိုင်းမီးသဂြိုလ်စက်တွင် သဂြိုလ်ပြီးဖြစ်နေချေပြီ။

 ထိုသုဿန်တွင် မြှတ်နှံထားသူများ၏ အနီးဆုံးဆွေမျိုးစာရင်းကို စင်ကာပူအစိုးရက ရှာဖွေပြီး၊ စာပို့သည်။ မြန်မာပြည်ကဲ့သို့ ကိုယ့်စရိတ်၊ကိုယ်ခံပြီး အရိုးဖေါ်ရန်မဟုတ်ပါ။ အရိုးအားလုံးကို ဖေါ်ပြီး သုဿန်အသစ်သို့ ရွှေ့ပြောင်းမည်။ စရိတ်အားလုံးကို အစိုးရက အကုန်ခံမည်။ အစိုးရလုပ်ပေးသည်ထက် ပိုပြီးအုတ်ဂူကောင်းကောင်း လုပ်လိုသူများကို ဖိတ်ခေါ်ထားသော ဆိုင်းဘုတ်ဖြစ်ပါသည်။ NOTICE OF EXHUMATION ဆိုင်းဘုတ်ကိုလည်း ထင်ရှားစွာ ထောင်ထားသည်။ ဆိုင်းဘုတ်ထောင်ပြီး သုဿန်ရွှေ့မည့်အချိန်သည် ၃နှစ်ခန့် အချိန်ပေးထားသည်။ မသိလိုက်ရမဖြစ်ရအောင် တစ်ချို့ ၃နှစ်တစ်ခါ အဖိုးဖွား၊ အုတ်ဂူလာကြည့်သောသူများ ထိုဆိုင်းဘုတ်ကိုတွေ့ပြီး အုတ်ဂူရွှေ့ပြောင်းခြင်းကို စုံစမ်းနိုင်ပါသည်။ မိမိဖာသာ ရွှေ့လိုပါကလည်း ငွေကုန်ခံပြီး ရွှေ့နိုင်ပါသည်။

 ယခုခေတ်တွင် စင်ကာပူအစိုးရက နိုင်ငံသားအားလုံး သေဆုံးလျှင် သူတို့ခန္တာကိုယ်ကို အစိုးရဆေးသုတေသနမှ လာရောက်သိမ်းဆည်းသွားပါမည်။ အကယ်၍ အသိမ်းဆည်းမခံလိုပဲ၊ ဆေးသုတေသန အလုပ်မခံလိုပါက မိမိအသက်ရှင်နေစဉ်ပင် မိမိသေလျှင် မိမိမိသားစုက သခြိုင်းအမှတ်တရ မြှတ်နှံလိုပါသဖြင့် ခွင့်ပေးပါရန် လျှောက်လွှာတင်ရသည်။

 လူမျိုးတိုင်း၊ ဘာသာတိုင်း၊ မိမိတို့ ဆွေမျိုးတစ်ဦး သေဆုံးသွားလျှင် အသုဘချပြီး၊ မြေမြှတ်၊ ဂူသွင်းကြသည်။ မတတ်နိုင်သော မြန်မာများကို ဖျာလိပ်ဖြင့် အသုဘချရသည်။ ယခုခေတ်တွင် မီးသဂြိုလ်ခြင်းဖြင့် စရိတ်ကုန်ကျမှု သက်သာစေသည်။ မူဆလင်များက မြေမြှတ်ခြင်းကို ကြိုက်နှစ်သက်ပြီ၊ အခြားဘာသာဝင်များလည်း ငွေတတ်နိုင်ပါက မြေမြှတ်၊အုတ်ဂူလုပ်ပေးကြသည်။ သေဆုံးသူ အုတ်ဂူသို့ မိသားစုလိုက် သွားရောက်ပြီး ပန်းခွေချ၊ အောက်မေ့သတိရပြီး၊ ဆွေမျိုးအချင်းချင်း ညီညွတ်မှုကို တဖန်ပြန်လည်ရရှိစေသည်။ သေဆုံးသူများ အရိုးတွန်သည်ဟုပင် အချိုက အမွှန်းတင်ကြသည်။ ခရစ်ယာန်ဘာသာတွင် သေဆုံးသွားသူများတွင် ကောင်းကင်ဘုံရောက်သူများကတစ်ဖွဲ့၊ ငရဲရောက်သူများက မြေအောက် မရဏာနိုင်ငံတွင်တစ်စု ၂မျိုးရှိသည်။ ၁၈၀၀ နောက်ပိုင်းတွင် Rapture ဟုခေါ်သော ချီဆောင်ခြင်း အယူဝါဒ ပြန်လည်ဖေါ်ထုတ်လာသည်။ မသေမှီပင် အရှင်လတ်လတ် ဇျန်ကြွသကဲ့သို့ ကောင်းကင်နိုင်ငံသို့ ချီဆောင်ခေါ်ယူခြင်း ခံရမည်ဟု ယုံကြည်ကြသည်။ ခန္တာကိုယ်သည် မသေတော့ပဲ၊ ကောင်းကင်ဘုံသို့ မိမိခန္တာကိုယ်အတိုင်း ရောက်ရှိသွားမည်ဟု ယုံကြည်သူများစွာရှိပါလာသည်။  ဗုဒ္ဓ၊ မူဆလင်၊ ဟိန္ဒြူ ဘာသာများတွင်လည်း အလားတူ သေလွန်ခြင်းနှင့်ဆိုင်သော ယုံကြည်ချက်များရှိကြသည်။

ဝတ်မှုန် (စင်ကာပူ)  ၁၅-သြဂုတ်လ-၂၀၁၃
 စင်္ကာပူရောက် မြန်မာများ

အမျိုးသားတွေအတွက် အရေးကြီးဆုံးကဘာလဲ သင်သိပါသလား

Posted by drmyochit Sunday, October 13, 2013, under | No comments


အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကတော့ အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ် သုံးမျိုးကို မျှတအောင် စားသောက် နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့....

ဗီတာမင်စီ
ဗီတာမင်စီ ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ် အရသာရှိတဲ့ အသီး၊ ငရုတ်သီးစိမ်း၊ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာ ဗီတာမင်စီ အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိအောင် လွှမ်းမိုး မှုလည်း ရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။

မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။ မဂ္ဂနီဆီယမ် ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တစ်ခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။

အမျှင် (Fibre)

သင်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်ကို လုံလုံ လောက်လောက် ရရှိရင် အူမကြီးကင်ဆာ၊ နှလုံး သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန် တာ နဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျ နိုင် ပါတယ်။ အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ မျိုးစုံမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

အိန္ဒိယ အရှေ့ ပိုင်း “Phailin” မုန်တိုင်း ဝင်ပြီ

Posted by drmyochit Sunday, October 13, 2013, under | No comments


တနာရီလေတိုက်နှုန်း ၁၂၅ မိုင်လောက်နဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းကို စနေနေ့ကဝင်ရောက် တိုက်ခတ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ကနေဝင်ရောက်လာတဲ့ Phailin မုန်တိုင်းဟာ သြရဿ ပြည်နယ်ကို စနေနေ့ နှောင်းပိုင်းက ဝင်ရောက်လာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မနက်ဘက်ရောက်တဲ့အထိ လေပြင်း တိုက်ခတ်နေမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပါတယ်။ ကုန်းတွင်းပိုင်းကို ဆက်ပြီး ရွေ့လျားသွားတဲ့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေပြင်းမုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်၊ ဓာတ်အားလိုင်းတွေ ကျိုးကျခဲ့သလို ကမ်းရိုးတမ်းဒေသက အိမ်တွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းဖြတ်သွားမယ့်လမ်းကြောင်း တလျှောက်က တဲအိမ်တွေ၊ အဆောက်အဦးတွေအနေနဲ့ လေပြင်းဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူးလို့ သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးကော်မရှင်နာ T Radha က စနေနေ့က ပြောကြားခဲ့ပါတယ်။

မြေနိမ့်ပိုင်းဒေသတွေလည်း ရေလွှမ်းနိုင်တယ်လို့ သူက ပြောပါတယ်။ အိန္ဒိယနိုင်ငံသမိုင်းမှာ အင်အား အပြင်းဆုံးဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ Phailin မုန်တိုင်းကြောင့် လူပေါင်း ၅ သိန်းနီးပါးကို တာဝန် ရှိသူတွေက ဘေးကင်းရာကို ပြောင်းရွှေ့ပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းမှာ
တည်ရှိတဲ့ သြရစ်ဿပြည်နယ်ဖက်ကို ခုလို အင်အားပြင်း မုန်တိုင်းဝင်ရောက်နေပေမယ့် မြန်မာနိုင်ငံ ဘက်ကိုတော့ သက်ရောက်မှုမရှိနိုင်ဘူးလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောပါတယ်ရှင်။

ဗွီအိုအေ(မြန်မာ)

လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးကိုလည်း လေးစားပေးကြပါ

Posted by drmyochit Sunday, October 13, 2013, under | No comments


လိင်တူချစ်သူတွေနဲ့ ပတ်သတ်ပြီး သဘောထားမှတ်ချက်တွေဟာ ယနေ့ ကမ္ဘာမှာရောမြန်မာနိုင်ငံ မှာပါ သဘောထားအမြင်တွေ အမျိုးမျိုးရှိနေဆဲဖြစ်ပါတယ်။ 
ဒီလိုသဘောထားမှတ်ချက်တွေကြောင့် လိင်တူချစ်သူတွေဟာ ဖိနိပ်ခွဲခြား ဆက်ဆံခြင်းတွေခံစားနေရပြီး လူအဖွဲ့အစည်းကဖယ်ကျဉ် ခံခဲ့ရကာအသက်ပေး ဆပ်ခဲံရတဲ့ဖြစ်ရပ်တွေလဲဖြစ်ပွားခဲ့ဖူးပါတယ်။ လိင်တူခြင်း ချစ်ကြိုက် စိတ်ဝင်စားတာဟာစိတ် ရောဂါတစ်ခုမဟုတ်ဘူးဆိုတာ ကမ္ဘာကျန်းမာရေးအဖွဲ့ က ၁၉၉၀ ပြည့်နစ်မှာ ထုတ်ပြန်ခဲ့ပြီးဖြစ် ပါတယ်။ဒါပြင့် လိင်တူ ချစ်သူခြင်းလက်ထပ်ခွင့်ကို ကမ္ဘာပေါ်ရှိ နိုင်ငံ၁၃ နိုင်ငံမှာ တရားဝင်ခွင့်ပြုထားပြီးဖြစ်သလို အာရှတိုက်မှာ ရှိတဲ့ ထိုင်းနိုင်ငံနဲ့ ဗီယက်နာမ်နိုင်ငံမှာလဲ ကြိုးစားနေပြီလို့ သိရပါတယ်။ လိင်တူချစ်သူတွေ ခွဲခြားဖိနိအ်ဆက်ဆံခံရခြင်းတွေအတွက် ၂၀၁၃ ခုနစ်ကနေ စပြီး မြန်မာနိုင်ငံမှာ အခြေစိုက်ခဲ့တဲ့ လိင်တူချစ်သူများ အခွင့်အရေး ဆိုင်ရာကွန်ယက် (colour Rainbow) အဖွဲ့မှာဦးဆောင် ပညာပေးနေတဲ့ ကိုလှမြတ်နဲ့ တွေ့ ဆုံမေးမြန်းထားပါတယ်။

မေး။ ။လိင်တူချစ်သူဆိုတဲ့ အဓိပ္ပါယ်ကိုအရင်ဆုံးရှင်းပြပေးပါ။
ဖြေ။ လိင်တူချစ်သူလို့ ပြောလိုက်တာနဲ့ များသောအားဖြင့် အားလုံး ကမကောင်းတဲ့ ဘက်ကို အရင်မြင်ကြတယ်။ လိင်တူချစ်သူ ဆိုတာ ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ လိင်စိတ်ခံယူမူကွဲပြား တာကိုပြောချင် တာပါ။အာဆီယံနဲ့ နိုင်ငံတကာတွေမှာ သူတို့ အတွက် သတ်မှတ်ထား တဲ့ အသုံးနူန်း ရှိပါတယ်။ ဒါကတော့ LGBT ဆိုတာပါ။ L ဆိုတာ Lesbia အမျီုးသမီးခြင်း ချစ်ခင်နစ်သက်စိတ်ဝင်စားသူ။ G ဆိုတာ gay ပေါ့ အမျိုးသားချင်းပဲ ချစ်ခင်နစ်သက်စိတ်ဝင်စားသူ။ B ဆိုတာ Bi sexual အမျိုးသားရော အမျီုးသမီးရော နစ်မျိုးလုံးကို ချစ်ခင်နစ်သက်စိတ်ဝင်စားသူ။T ဆိုတာ Trangender သွင်ပြင် လက္ခာပြောင်းထားပြီး ယောင်္ကျားကနေ မိန်းမလိုဖြစ်စေ မိန်းမကနေယောင်္ကျား လိုဖြစ်စေ ပြူမူနေထိုင် သူတွေ ဥပမာ အလှ ဖန်တီးရှင်တွေလို့ ပေါ့။

မေး၊ မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သတ်ပြီး လူပ်ရှားမူတွေ ဘယ်အချိန်က စတင်ပေါ်ပေါက်ခဲ့တာပါလဲ။
ဖြေ၊ လိင်တူချစ်တူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သတ်ပြီး ဟိုးအရင်းတည်းက မပြောပလောက်တဲ့ လူပ်ရှားမူတွေ ရှိခဲ့ပါတယ်။ အရင်ဆုံးတော့ထိုင်းနိုင်ငံမှာ ၂၀၀၇၊၂၀၀၈လောက် ကတည်းက ထိုင်းအခြေစိုက် လူ့ အခွင့် အရေးစောင့်ကြည့်ေ၇း အဖွဲ့ံHREIB ကစခဲ့တာ အဲဒီအချိန်တုန်း ကလဲ မြန်မာနိုင်ငံ လိင်တူချစ်သူတွေကို ခေါ်ယူပြီး သင်တန်းပေး ခဲ့တာတွေလုပ်ခဲ့တယ်။ အခု ၂၀၁၃ မှာ မြန်မာနိုင်ငံမှာ ပြန်အခြေကလေး သူငယ်အစိုက်ပြီးတော့ ကျွန်တော်တို့ Colour Rainbow အဖွဲ့ နဲ
့အတူပြည်တွင်းက လိင်တူချစ်သူတွေဖွဲ့ ထားတဲ့အဖွဲ့ သေးသေးလေးတွေကို ပညာပေးမူတွေလုပ်ပါတယ်။ လိင်တူချစ်သူတွေနဲ့ ပတ်သတ်တဲ့ ပွဲတွေကိုလဲ
ပြည်တွင်းမှာတရားဝင်ကျင်းပခွင့်ရခဲ့ပါတယ်။

မေး။ အခုလူအဖွဲ့ အစည်းမှာလိင်တူချစ်သူတွေအပေါ်လူအခွင့်အရေး ချိုးဖောက် မူတွေရှိလာတယ်လို့ ပြောကြတာရှိပါတယ်။ဘယ်လိုချိုးဖောက် မူတွေချိုးဖောက် ခံနေရ တာလဲသိချင်ပါတယ်။
ဖြေ။ လိင်တူချစ်သူတွေအပေါ်လူအခွင့်အရေးချိုးဖောက်ခံနေရဆိုတဲ့ နေရာမှာ နစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းကတော့ လူမူအဖွဲ အစည်း ကခွဲခြားဆက်ဆံ မူတွေ လုပ်ပြီး ချိုးဖောက် တာရှိသိလို ၊နိုင်ငံတော် ကလဲ ဥပေဒအကြောင်းအရ ချိုးဖောက် ကန့် သတ်ထား တာ၊ နောက် တစ်ခုအလုပ်အကိုင် ရရှိခွင့် စတာတွေရှိတယ်။
လူမူအဖွဲ့ အစည်းကချိုးဖောက်တာဆိုတာကတော့ အရင်ဆုံးမိန်းမလို ၀တ်စားထားတဲ့ သူတွေ့ လိုက်ပြီဆို ရင် အခြောက်၊ နစ်ပိုင်းတစ်ပိုင်းစသည်ဖြင့် ပေါ့၊ သူတို့ ရဲ ဖြစ်တည်မူကို အသိမှတ်မပြုကြဘူး၊ စကား အသူံးနူန်းပေါ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လိင်တူ ချစ်သူဆိုတာရှိပေမယ့် ဒိမှာက လိင်ဆိုတာနဲ့ လူတွေကမကောင်းတာပဲမြင်ကြတယ်၊ ကျား ၊ မ အဲလိုမမြင်ဘူး။ ဥပဒေအပိုင်းအရဆိုရင်လဲ ပုဒ်ပ ၃၇၇ ဆိုတာရှိနေတယ် ။ ဒီပုဒ်မအရဆိုရင် မိန်းမလိုဝတ်စားဆင်ယင်ထားသူတွေက အချိန်အရွေး ဖမ်းဆီးခံရ နိုင်တယ်။ ဒါကိုလဲ ပြောင်း လဲပြင်ဆင် ဖို့ လွတ်တော်မှာဥပေဒပိုင်းအရ တင်ပြဖို့ စီစဉ်နေပါတယ်။

မေး၊ ဒီလိုလိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမူတွေ၊အခွင့်ရေးချီုးဖောက်မူတွေရဲ့  အကျီုးဆက်က ဘာတွေဖြစ်လာနိုင်ပါလဲ။
ဖြေ။ အရင်ဆုံးတော့ကလေးဘ၀ကစတာပပေါ့ စာသင်ကျောင်းတွေမှာ သူငယ်ချင်းတွေက စနောက်လှောင်ပြောင်တာတွေရှိမယ်။ မိဘ၊ဆရာ ၊ဆရာမတွေ ကအတင်း ပြုပြင်ပြောင်းလဲ တာတွေရှိမယ်။ ဒါတွေကြောင့် စာသင်ကျောင်းပြင်ပရောက်သွားခဲ့တဲ့ ကလေးတွေရှီ ပါတယ်။ နောက်တစ်ခုက အစိုးရပိုင်းမှာတာဝန်ရှိတာပေါ့၊ ၃၇၇ ဆိုတဲ့ပုဒ်မ ၊ ပြီးတော့ HIV AIDS ရောဂါဝေဒနာ ခံစားနေရတဲ့ သူတွေဆိုရင် ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက် ခတွေပိုပေးရတာရှိတယ်။ ဒါဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတိုင်း တန်းတူ ကျန်းမာရေးစောင့်ရှောက် ခွင့်ဆိုတာကြီးကို ချိုးဖောက်နေပါတယ်။ မန္တလေးမှာဖြစ်သွားတဲ့ကိစ္စလဲ ဒီလိုပဲ တရားပဒေ အရဆောင်ရွက်ရမယ့်အရာကို လုပ်ပိုင်ခွင့်တွေ ထက်ကျော်လွန်ပြီး နိပ်စက်ခဲ့တာတွေ။ အဓိကလူ့ အခွင့်အရေးကို သိရပါမယ်။ လိင်တူ ချစ်သူမှ မဟုတ်ဘူးမည်သူတစ်ဦး တစ်ယောက်ကိုမှ အနိုင်ကျင့်စော်ကား ခွင့်မရှိဘူး၊ သာတူညီမျှရှီရမယ်။

မေး၊ အစိုးရပိုင်းက ဥပဒေအကြောင်းရချိုးဖောက်ထားတဲ့ပုဒ်ပ ၃၇၇ ကိုလွတ်တော် မှာပြင်ဖို့ ကြိုးစားနေတယ် ဆိုတော့ လက်ရှိဆောင်ရွက် ချက်ကို သိချင်ပါတယ်။
ဖြေ။ ပုဒ်မ၃၇၇ဆိုတာက ဗြိတိသျှအစိုးရလက်ထက်က ထုတ်ပြန်ခဲ့တဲ ပုဒ်မပါ။ ဒီမတိုင်ခင် က မြန်မာနိုင်ငံမှာ ဒီလိုပုဒ်မမျိုးမရှိခဲ့ပါဘူး။ ဒီ၃၇၇ ဆိုတဲ့ ပုဒ်မကို မြန်မာလိုဘာသာပြန်တော့ သဘာဝမကျတဲ့ လိင်ဆက်ဆံမူဖြစ်ပါတယ်။ အဓိကက ဒီပုဒ်မရဲ့ အဓိပ္ပယ်ပါ။ သဘာဝ မကျတဲ့လိင်ဆက်ဆံမူဆိုတာ ဘာကိုပြောတာလဲ ။ ဒီအဓိပ္ပယ်ကို တိတိကျ ကျပြန်လည် မဖော်ပြဘူးဆိုရင် လိင်တူချစ်သူတွေဟာ အချိန်မရွေးဖမ်းဆီးခံနိုင်ရပါတယ်။ ဥပေဒဆိုတာတိုင်းသူပြည်သားတွေကို အကာကွယ်ပေးတဲ့ ဥပဒေဖြစ်သင့် ပါတယ်။ ဖိနိပ်တာမျိုး မဖြစ်သင့် ပါဘူး။

မေး  ဒီဥပေဒကို လွတ်တော်မှာ တင်မယ်ဆိုတာ ပြင်ဆင်ဖို့ လား ဖျက်သိမ်း ဖို့ လား။ ဘယ်လွတ်တော်အမတ်တွေကတင်သွင်းသွားမယ်ဆိုတာ သိချင်ပါတယ်။


ဖြေ။ လက်ရှိ လွတ်တော်အမတ်တွေထဲ မှာလဲ ဒီကိစ္စကို စိတ်ဝင်စားသူတွေ ရှိပါတယ်။ သူတို့ နဲ့ တရားဝင်ဆွေးနွေးမူတွေမလုပ်ရသေးပေမယ့် အကြမ်းပြင်းပြောထား တာတွေရှီပါတယ်။ စာသားအရပြင်ဆင်မှာလား ဖျက်သိမ်းဖို့ လုပ်မှာ လားဆို တာ ဆွေးနွေးနေတုန်းပါ။ ဥပေဒကြောင်း အရရော သေချာဆွေးနွေးပြီးမှ လွတ်တော် တင်ဖို့ လုပ်သွားပါမယ်။ နောက်တစ်ခု က ဒီဥပဒေပြင်ဆင်ဖို့ အတွက် ဗြိတသျှသံရုံးကလဲ အကူညီတွေ အများကြီးပေးပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့လုပ်ခဲ့တဲ့ ဥပဒေဖြစ်တာကြောင့် ဒီဥပဒေနဲ့ ပတ်သတ်ပြီးပြင်ဆင်ဖို့ တွေ လိင်တူချစ်သူတွေ အခွင့်အရေးနဲ့ ပတ်သတ်ပြီး ပြည်တွင်းလက်ရှိ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးမူတွေကို အကူညီပေးပါတယ်။ ဒါ့ပြင် အမျီုးသမီးအခွင့်အရေးလူပ်ရှားသူတွေ၊ လေးသူငယ်အခွင့်အရေးလူပ်ရှားသူ၊မသန်စွမ်းအခွင့်အရေးလူပ်ရှား
တဲ့အဖွဲ စတဲ့ ကန့် သတ်ခံထားရတဲံ သူတွေလဲ ပူးပေါင်းပြီး လုပ်ဆောင်နေ ပါတယ်။

မေး၊ ပြီးခဲ့တဲံလပိုင်းက မန္တလေးမှာလိင်တူချစ်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ပြီး အခွင့်ရေးချီုးဖောက် မူတွေ လုပ်ခဲ့တယ်ဆိုတဲ့ အပေါ်မှာရော လက်ရှိ လိင်တူချစ်သူများ အခွင့်အရေး ကွန်ယက်အနေ နဲ့ ဘာတွေလုပ်ဆောင် ထားပါလဲ။
ဖြေ၊ မန္တလေးမှာဖြစ်ခဲ့တဲ့ကိစ္စနဲံပတ်သတ်ပြီးမြန်မာနိုင်ငံအမျီုးသား လူ့အခွင့် အရေးကော်မရှင်ကိုရော၊ပြည်ထဲရေးဝန်ကြီးဌာနကိုရော တိုင်ကြား စာတွေပေး ပို့ ထားပါတယ်။ဒီလိုပေးဖို့ ထားတာ ကိုစောင့်ဆိုင်းနေ တဲ့ အချိန်မှာပဲ ဒီလိုခွဲခြား ဆက်ဆံမူတွေ တန်းတူ ညီမျှမရှိမူတွေ အတွက် မြန်မာတနိုင်ငံလုံးမှာ လတ်မှတ်တွေကောက် ခံပြီး တော့ ရတဲ့လတ်မှတ်တွေကို တိုင်ကြားထားတဲ့ဌာနတွေ ကိုပြန်လည် ပို့ ဆောင်ပေး သွားပါမယ်။ နောက်တစ်ခုက ပညာပေးမယ်။ အများပြည်သူ အပမ်းဖြေတဲ့နေရာမျိုးမှာ ဘယ်သူတစ်ဦး တစ်ယောက်ရဲ့  လွတ်လပ်ခွင့်ကိုမှမထိခိုက်အောင်နေ ဖို့ ပညာပေးမူတွေ လုပ်သွားပါမယ်။

မေး၊ လိင်တူချစ်သူတွေနဲ့ ပတ်သတ်ပြီးလူမူဝန်းကျင်မှာ လက်ရှိမြင်နေတဲ့ အပေါ်ရော ခွဲခြားဆက်ဆံမူတွေ ဆိုတာရော ပြောင်းလဲ ဖို့ အချိန် ဘယ်လောက် ယူရမယ်လို့ ထင်ပါလဲ။
ဖြေ၊ဒါကိုပြောရရင်တော့ နံပတ်တစ်က ပညာပေးဖို့ နစ်ပါတ် နစ်လဲပညာပေးဖို့ ပါပဲ။ နှစ်ရှည် လများအမြစ်တွယ်နေတဲ့ ဓလေ့ တစ်ခု ကိုချက်ခြင်းကြီးပြောင်း ပစ်ဖို့ မလွယ်ပေ မယ့် မြန်မာလူမျိးတွေ ဆိုတာ သေချာ ရှင်းပြ ပညာပေးရင် နားလည်နိုင်စွမ်းမြင့်သူတွေပါ။ အဓီကက လူအခွင့်အရေးတို့ လိင်တူ ချစ်သူတွေ အခွင့်အရေး တို့ မသန်စွမ်း အခွင့်ရေးပေးဖို့ တောင်းဆိုတာတွေက အစိုးရတစ်ခုတည်း ကအခွံင့် အရေးပေးရမှာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း လူသားတစ်ဦးချင်းဆီရဲ့  အခွင့်ရေးတွေ ကိုလေးစားဖို့ လို ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။
မေးမြန်းသူ - ပန်မိုးဝါ ( ရိုးရာလေး )
By ရိုးရာလေး

သင်လည်း ဒီလို မယုတ်မာပါနဲ့

Posted by drmyochit Sunday, October 13, 2013, under | No comments


တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင် ရှိသည်။ ထိုမြင်းသည် တစ်နေ့ အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ သူ့မြင်းကို အလွန်မြတ်နိုးသည်။ ကုလား အုတ်တစ်ကောင် ပိုင်ဆိုင် ထားသော ဒုတိယ ကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျ ခဲ့သည်။

တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လဲလှယ်ရန် စကား ကမ်းလှမ်း ခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန် ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘ၀ အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေ သရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိ သဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံ ထုတ်လေတော့သည်။

တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာ လမ်းတစ်နေ ရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။ မြင်းပိုင်ရှင်ကတွေ့သော အခါ မြင်းပေါ်မှ အလျင်အမြန် ဆင်းပြီး ဖျားနေသောသူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်း ပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား “ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ... ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ” ဟု ပြောလေသည်။
မြင်းပိုင်ရှင်က “ ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ... ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ” “ မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်”
“ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လိုရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့.. ဒီစကားကို မှတ်ထားပေးပါ”
“ဘာလို့လဲ...”
“ဒီမြင်းကို ဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူကကယ်ရဲတော့မလဲဗျာ” မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသော အခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။
“ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ” 
By နိုင်းနိုင်းစနေ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်