Sunday, October 13, 2013

ဒီလိုဖားမျိုး သင်မြင်ဖူးသလား

Posted by drmyochit Sunday, October 13, 2013, under | No comments


တောင်အမေရိကဒေသ ဆူရီနမ်း နိုင်ငံရှိ မိုးသစ်တောအတွင်း Cocoa ဟု အမည် ပေးထားသော ဖားမျိုးစိတ်သစ် ခြောက်မျိုးနှင့် အခြားငါးမျိုးစိတ်သစ် ၁၁ မျိုးကို တွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၏ သုတေသန သိပ္ပံပညာရှင် ထရွန့်ဒ်လာဆန်က အောက်တိုဘာ ၈ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် ဆူရီနမ်းနိုင်ငံ အရှေ့တောင်ပိုင်းရှိ မိုးသစ်တောသို့ ရက်သတ္တသုံးပတ်ကြာ စူးစမ်း လေ့လာရေး ခရီးသွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း သက်ရှိ သတ္တဝါများကို စာရင်းပြုစုခြင်းနှင့် ရေချို အရင်း အမြစ်များ လေ့လာခြင်း တို့ကို လုပ်ဆောင်ခဲ့သည်။

အဆိုပါ မိုးသစ်တောသည် ကမ္ဘာ့စူး စမ်းလေ့လာမှု အနည်းဆုံး မိုးသစ်တောများ အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။ သိပံ္ပပညာရပ်တွင် အသစ် ပေါ်ထွက်လာသည့် သက်ရှိ သတ္တဝါများ ၌ poison dart အမည်ရှိ ဖားမျိုးစိတ် တစ်မျိုးနှင့် Cocoa အမည်ရှိ ဖားမျိုးစိတ် တစ်မျိုးတို့ ပါဝင်ကြောင်း၊ လက်ရှိကမ္ဘာ ကြီးတွင် ဖားအကောင်ရေ တိုးပွားမှုနှုန်း မှာ ကျဆင်းလျက်ရှိပြီး ပျောက်ကွယ်လု နီးပါးဖြစ်နေသောကြောင့် မျိုးစိတ်သစ် များရှာဖွေရန် လိုအပ်လာကြောင်း လာဆန်က ထပ်လောင်း ပြောကြားခဲ့သည်။ သိပံ္ပပညာရှင် များသည် အရောင်အသွေး စုံလင်သော tetra ငါးမျိုးစိတ်သစ် တစ်မျိုး၊ တစ်မူထူးခြားသော အရောင်ရှိ သည့် ငါးခူမျိုးစိတ်တစ်မျိုးနှင့် အခြား ငါးမျိုးစိတ်ကိုးမျိုးတို့ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းအပြင် အပင်များ၊ ငှက်များ၊ နို့တိုက် သတ္တဝါများ၊ ပိုးမွှားများ၊ ငါးများနှင့် ကုန်း/ ရေနေ သတ္တဝါများ ပါဝင်သည့် မျိုးစိတ်ပေါင်း ၁၃၇၈ မျိုးနှင့်ပတ်သက် သည့်အချက်အလက်များကို စာရင်းပြုစု နိုင်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်