Saturday, October 20, 2012

ဖားကန့်မှာ KIA ရဲ့မိုင်းနင်းမိလို့ ရွာသား ဦးဂွမ်ယော်တန်ဂွမ် သေဆုံး

Posted by drmyochit Saturday, October 20, 2012, under | No comments



အောက်တိုဘာ(၁၂) ရက်က KIA ၏မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့သူ အပြစ်မဲ့ပြည်သူတစ်ဦး

ဖားကန့်မြို့ တယ်မှော်မောင်း ကုန်းရွာမှ ဒေသခံပြည်သူနှစ်ဦးသည် အောက်တိုဘာလ(၁၇)ရက်နေ့ ည (၉) နာရီခွဲခန့် တွင် KIA အဖွဲ့မှ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ကြောင်း သိရပါ တယ်။

အဆိုပါ မိုင်းနင်းမိသူများမှာ ဦးဂွမ်ယော်တန်ဂွမ်(၃၁)နှစ်နှင့် ဦးဆဂလဂျာ အသက်(၂၁)တို့ဖြစ်ပါတယ်။ ၄င်းတို့နှစ်ဦး သည် တဖက်ရွာမှ ပြန်လာစဉ် မှော်မောင်ကုန်းရွာမရောက်မီ လမ်းပေါ်၍ KIA တို့ ထောင်ထားသော မိုင်းအား နင်းမိ ခဲ့ခြင်းဖြစ်ပြီး ဦးဂွမ်ယော်တန်ဂွမ်မှာ မိုင်းစမှန်၍ ၀မ်းဗိုက်ပွင့် ထွက်သွား ကာ ညာဘက်ပေါင်ကျိုးသွားခဲ့ပြီး ဦးဆဂလဂျာမှာ ဦးခေါင်း၊ နှုတ်ခမ်း၊ နှာခေါင်း ဆုတ်ပြဲသွားကာ ညာဘက် လက်ကျိုးသွားခဲ့ကြောင်း သိရပါတယ်။
၎င်းဒဏ်ရာ ရရှိသူ ရွာသား(၂)ဦးအား ဒေသခံများမှ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင် ခဲ့ကြောင်း သိရပါတယ်။ သို့သော် ဦးဂွမ်ယော်တန်ဂွမ်သည် ဆေးကုသမှုခံယူနေစဉ်မှာပင် နံနက်(၂) နာရီခွဲတွင် သေဆုံးခဲ့ပြီး ဦးဆဂလဂျာအား မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက် ပို့ဆောင် ခဲ့ကြောင်း သိရပါတယ်။

ဖားကန့်ဒေသတွင် စစ်တပ်နှင့် KIA တပ်ဖွဲ့ဝင်များကြား ပစ်ခတ်တိုက်ခိုက်မှုများကို အကြောင်းပြကာ KIA တပ်ဖွဲ့မှ ကားလမ်းမကြီးများ၊ ကျေးရွာများ၊ ဖားကန့်မြို့တွင်းပါမကျန် အနှံ့အပြားစည်းကမ်းမဲ့စွာ မိုင်းများ ထောင်ခြင်းကြောင့် အရပ်သားပြည်သူများနှင့် ကျောက်မျက်လုပ်ကွက်များအတွင်း ရေ မဆေးကျောက် ရှာဖွေသူ ဒေသခံ တိုင်းရင်းသား ပြည်သူများ KIA ၏ မိုင်း နင်းမိပြီး သေဆုံး ဒဏ်ရာ ရသူ အရေအတွက် (၁၁၀)ယေက် ရှိပြီဖြစ်ကြောင်းသိရသည်။

ဖားကန့်ဒေသခံများအနေဖြင့် မိုင်းများဖြုတ်သိမ်းပေးရန် KIA တပ်ရင်း(၆) တပ်ရင်းမှူး ဆလန်က ဘာဇော်ဒွဲထံ အကြောင်းကြားထားပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိပါက KIO/KIA ခေါင်းဆောင်များ နဲ့ ကုလသမဂ္ဂထံ တိုင်ကြားသွားမည်ဖြစ်ကြောင်းလည်း ဒေသခံများမှ ပြောဆိုနေကြောင်းသိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်