Saturday, October 20, 2012

ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်နှစ်ဦး လိုင်ဇာ ရောက်ရှိနေ

Posted by drmyochit Saturday, October 20, 2012, under | No comments






KIOနှင့် မြန်မာ အစိုးရ အကြား ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက် နိုင်ရန် အတွက် ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ဝင် (၂)ဦး လိုင်ဇာ မြို့သို့ သွားရောက် နေပြီဖြစ် ကြောင်း သိရှိရသည်။

”ဘယ်နေ့ လုပ်မယ် ဆိုတဲ့ ရက် ကတော့ မရ သေးဘူး၊ ဒီနေ့က ကျနော်တို့ အဖွဲ့ ၄ ယောက်ထဲက ၂ ယောက် သွားတာ ဦးလာ မိုင်ဂွမ်းဂျာ နဲ့ ဦးခွန်အောင် သွားတာပါ။ ဘယ်တော့ လုပ်ဖြစ် မလဲ ဆိုတဲ့ ဟာရယ် ဘယ်သူတွေ ပါဝင်မလဲ ဆိုတဲ့ အချက်တွေကို ကျနော်တိုက သိရအောင်လို့ ဒီ ဖုန်းနဲ့ အဆက် အသွယ် ရတာက အခု တစ်လော ဆက်သွယ် ရတာ အဆင် မပြေလို့ လူကိုယ်တိုင် သွားဆွေးနွေး ရတာပါ။ ရက်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ အစည်းအဝေးထိုင်းနေတယ် လို့တော့ သိရတယ်။” ဟု ငြိမ်းချမ်းရေး အကျိုး တော်ဆောင် တစ်ဦးက ပြောသည်။

အခု တစ်ခေါက် တွေ့ဆုံ မှုမှာ နှစ်ဖက် စစ်ခေါင်း ဆောင်များ ပါဝင် နိုင်မည် ဖြစ်သည့် အတွက် ငြိမ်းချမ်းရေး အတွက် အဖြေ တစ်ခုခု ထွက်ပေါ် လာနိုင် မည်ဟု မျှော်လင့်ကြောင်း ငြိမ်းချမ်းရေး အကျိုး တော်ဆောင် ဦးဆန်အောင် ထံက သိရှိရသည်။ 

“ကေအိုင်အို ဖက်ကလည်း ကေအိုင်အိုရဲ့ နယ်မြေထဲမှာ လာစေချင်ပြီးမှ အစိုးရဖက်ကလည်း မလာဘူး ဆိုတော့။ အစိုးရ ထိန်းချူပ်တဲ့ နေရာ ထဲမှာလည်း ကေအိုင်အေက လောလော ဆယ် မူတစ်ခု မချနိုင် ခင်က မသွားသေး ဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတော့ မူတစ်ခု ချနိုင်တဲ့ အထိက အဲ့ဒီ နယ်စပ်မြို့ တွေမှာ လုပ်ပြီး မှပဲ သူက မူတစ်ခု ချပြီးမှ မြို့ထဲမှာ ဒီ မြစ်ကြီးနားလို ဟာမျိုးတွေ ရောက်လာ မှာပေါ့။ အရင်က ဆွေးနွေးတဲ့ အချိန်မှာ စစ်ရေး ပိုင်းက ခေါင်းဆောင်တွေ မပါဘူး၊ ဒီတစ်ခေါက် စစ်ရေးပိုင်းက ဆုံးဖြတ် နိုင်မည့် လူတွေ ပါမယ်လို့ ကြားရတဲ့ အတွက်ကြောင့် အဖြေတစ်ခု ခုတော့ ထွက်လာ မယ်လို့ မျှော်လင့် ပါတယ်”ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။

မြန်မာ့ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်ဖွဲ့ အကြား ဖြစ်ပွား နေသည့် တိုက်ပွဲ များနှင့် ပတ်သက်၍ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များနှင့် KIOမှ တာဝန် ရှိသူများ တရုတ် မြန်မာ နယ်စပ် ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေး မည်ဟု သတင်း ထုတ်ပြန် ချက်များ အရ သိရှိရသည်။ 

ပြီးခဲ့တဲ့ ဇွန်လ အတွင်းက ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့အဖွဲ့နှင့် KIO ခေါင်းဆောင်တွေ မိုင်ဂျာယန် ဒေသမျာ တွေ့ဆုံ ခဲ့သလို KIA ဒု ဗိုလ်မှူးချူပ် ဂွန်မော်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်ကြီး စိုးဝင်းတို့မှာ တရုတ် မြန်မာနယ်စပ် ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေး ရန် စီစဉ် ခဲ့ကြောင်း ကိုလည်း သိရှိရသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်