Saturday, October 20, 2012

အရေးယူ ထောင်ချ မှ ဥပဒေ လိုက်တာတတ်သော ကချင် များ မူးယစ်ဆေးသုံးစွဲနှုန်း မြင့်တက်နေ

Posted by drmyochit Saturday, October 20, 2012, under | No comments



 
ကချင် ပြည်နယ်ရှိ လူငယ်များ အကြား၌ မူးယစ် ဆေးဝါး သုံးစွဲမှု အလွန် များပြား နေသော်လည်း မူးယစ်ဆေး သုံးစွဲသူ များအား သက်ဆိုင်ရာ ရဲစခန်း များက ခဏတာ ဖမ်းဆီး ခေါ်ဆောင် ထားလေ့ရှိပြီး မိသားစု ၀င်များမှ လာရွေးပါက ပြန်လွှတ်ပေး နေကြောင်း မိုးကောင်း ဒေသခံ များထံက သိရှိရသည်။


 “ည(၁၂) နာရီ အချိန်မှာ ဖမ်းသွားတာ နောက်နေ့ ကြတော့ ပြန်လွှတ်ပေး လိုက်တယ်၊ ပင်ဘောမှာက ဖမ်းပြီး လိုက်ပြီးတော့ ရွေးရင် ပြန်လွှတ်ပေး လိုက်တာပဲ”ဟု မိုးကောင်း NLDလူငယ် တာဝန်ခံ ကိုကျော်မြိုင်က ပြောသည်။

 မူးယစ် ဆေးဝါး လက်ဝယ် တွေ့ရှိ မှုတွင် တရားရုံး၌ စစ်ဆေးခြင်း မပြုပဲ ရဲစခန်းမှ ပြန်လွှတ် ပေးပိုင်ခွင့် မရှိ ကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲမှ စခန်းမှူး တစ်ဦးထံက သိရသည်။

 လက်ရှိတွင် ကချင် ပြည်နယ် အစိုးရ အနေ ဖြင့်လည်း မူးယစ် တိုက်ဖျက်ရေး လုပ်ငန်း များအား လုပ်ဆောင် လျှက်ရှိ ကြောင်းနှင့် ငြိမ်းချမ်းရေး ပြီးပါက မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အတွက် ဦးစားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကချင် ပြည်နယ် ပညာရေး ၀န်ကြီးက ဆိုထားသည်။

မိုးကောင်း မြို့နယ် ပင်ဘောမြို့ အင်ကြင်းကုန်း ကျေးရွာတွင် ယခုနှစ် စက်တင် ဘာလ(၂၉) ရက်နေ့ ည(၁၂)နာရီ အချိန်က ကိုဖိုးထောင် သားနှင့် ဦးတင်လင်းသား နှစ်ဦးအား ဘိန်းမဲများ နှင့်အတူ လက်ဝယ် တွေ့ရှိမှု နှင့်ဖမ်းဆီး၍ နောက်နေ့၌ ပင်ဘောရဲ စခန်းက ပြန်လွှတ်ပေး ခဲ့ကြောင်း သိရှိရသည်။

 မိုးညှင်း မြို့နယ် ဘီလူး မြို့တွင်လည်း ဆယ်ကျော်သက် လူငယ်များ အကြား မူးယစ်ဆေးဝါး သုံးစွဲမှုာ အလွန် များပြား နေပြီး သက်ဆိုင်ရာ ရဲစခန်း များက ထိရောက်စွာ ဖမ်းဆီးမှုများ မရှိကြောင်း ကိုလည်း ဒေသခံ တို့က ဆိုသည်။

 ထိုကဲ့သို့ ထိရောက်စွာ ဖမ်းဆီးမှု မပြု ခြင်းကြောင့် လူငယ်များမှာ ပိုပြီး သုံးစွဲ လာကြောင်း  မြို့ခံ များက ဆို သည်။
 “ဖမ်းလည်း မိဘတွေက စခန်းသွားပြီး လိုက်ရွေးလို့ ပြန်လွှတ်ပေး လိုက်တာပဲ၊ အဲဒါကြောင့် လူငယ်တွေ ကသိပ်ပြီး မကြောက် တော့ဘူး”ဟု ဘီလူးမြို့ ဒေသခံတစ်ဦးက ပြောသည်။

မိုးညင်း နည်းပညာ ကောလိပ်တွင် ကျောင်းတက် နေသည့် ကျောင်းသားများ အကြားတွင် မူးယစ်ဆေး မသုံး စွဲလျှင် ခေတ် မမှီတော့သည့် အခြေ အနေသို့ ရောက်ရှိနေ ကြောင်းကိုလည်း လူငယ် အသိုင်း အ၀ိုင်း က သိရသည်။

ကချင် ပြည်နယ်ရှိ မြို့နယ် အများ စုတွင် မူးယစ် ဆေးများကို အလွယ် တကူ ၀ယ်ယူ ရနေကြောင်း ကိုလည်း သိရှိရသည်။ လူငယ်များအကြား၌ ဘိန်းဖြူမှာ ဈေးချိုသောကြောင့် အဓိကထား အသုံးပြုခြင်း ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။ ယခုအခါကချင်ပြည်နယ်၌ မိန်းကလေးများပင် မူးယစ်ဆေး အသုံးပြု နေကြောင်း သိရသည်။

 ဘိန်းဖြူ များကို မြန်မာပြည် နယ်စပ် ပန်ဝါမြို့ အဓိက ၀င်ရောက် လျှက်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်မြို့ များမှလည်း ဖြန့်ဖြူး နေကြောင်း ဒေသခံများက ဆိုသည်။
From :ငြိမ်းချမ်း(မြစ်မခ) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်