Saturday, October 20, 2012

ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်နှစ်ဦး လိုင်ဇာ ရောက်ရှိနေ

Posted by drmyochit Saturday, October 20, 2012, under | No comments



KIO နှင့်မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စများဆောင်ရွက်နိုင်ရန်အတွက် ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ဝင် (၂)ဦး လိုင်ဇာမြို့သို့ သွားရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

”ဘယ်နေ့ လုပ်မယ်ဆိုတဲ့ ရက်ကတော့ မရသေးဘူး၊ ဒီနေ့က ကျနော်တို့ အဖွဲ့ ၄ ယောက်ထဲက ၂ ယောက်သွား တာ ဦးလာမိုင်ဂွမ်းဂျာ နဲ့ ဦးခွန်အောင် သွားတာပါ။ ဘယ်တော့ လုပ်ဖြစ်မ လဲဆိုတဲ့ ဟာရယ် ဘယ်သူတွေ ပါဝင်မလဲ ဆိုတဲ့ အချက်တွေကို ကျနော်တိုက သိရအောင်လို့ ဒီ ဖုန်းနဲ့ အဆက် အသွယ်ရတာက အခုတစ်လော ဆက်သွယ်ရတာ အဆင်မပြေလို့ လူကိုယ်တိုင် သွားဆွေးနွေးရတာပါ။ ရက်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ အစည်းအဝေးထိုင်းနေတယ် လို့တော့ သိရတယ်။”ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ပြောသည်။ အခုတစ်ခေါက်တွေ့ဆုံမှုမှာ နှစ်ဖက်စစ်ခေါင်းဆောင်များ ပါဝင်နိုင် မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးအတွက် အဖြေ တစ်ခုခုထွက်ပေါ်လာနိုင်မည်ဟု မျှော် လင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင် ထံက သိရှိရသည်။

“ကေအိုင်အို ဖက်ကလည်း ကေအိုင်အိုရဲ့ နယ်မြေထဲမှာ လာစေချင်ပြီးမှ အစိုးရဖက်ကလည်း မလာဘူး ဆိုတော့။ အစိုးရ ထိန်းချူပ်တဲ့နေရာထဲမှာလည်း ကေအိုင်အေက လောလော ဆယ် မူတစ်ခုမချနိုင်ခင်က မသွားသေး ဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတော့ မူတစ်ခုချနိုင်တဲ့အထိက အဲ့ဒီ နယ်စပ်မြို့တွေမှာ လုပ်ပြီး မှပဲ သူက မူတစ်ခုချပြီးမှ မြို့ထဲမှာ ဒီ မြစ်ကြီးနားလို ဟာမျိုးတွေ ရောက်လာမှာပေါ့။ အရင်က ဆွေးနွေး တဲ့အချိန်မှာ စစ်ရေးပိုင်းက ခေါင်းဆောင်တွေ မပါဘူး၊ ဒီတစ်ခေါက် စစ်ရေးပိုင်းက ဆုံးဖြတ်နိုင်မည့် လူတွေ ပါမယ်လို့ ကြားရတဲ့အတွက်ကြောင့် အဖြေတစ်ခုခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင်က ပြောသည်။

မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြားဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ မြန်မာ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KIOမှ တာဝန်ရှိသူများ တရုတ်မြန်မာနယ်စပ် ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးမည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နှင့် KIO ခေါင်းဆောင်တွေ မိုင်ဂျာ ယန်ဒေသမျာ တွေ့ဆုံခဲ့သလို KIA ဒု ဗိုလ်မှူးချူပ် ဂွန်မော်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီး ချူပ် ဗိုလ်ချူပ်ကြီး စိုးဝင်းတို့မှာ တရုတ်မြန်မာနယ်စပ် ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ် ခဲ့ကြောင်းကိုလည်း သိရှိရသည်။

ရွှေလီ၌ တွေ့ဆုံရန်အစီအစဉ်တွင် ဗိုလ်ချူပ်ကြီး စိုးဝင်းဘက်က သွားရောက်ရန် အခက်အခဲ ရှိသည့် အတွက် နှစ်ဖက် တွေ့ဆုံရေး အစီအစဉ်ပျက်ခဲ့ရကြောင်းကိုလည်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင်များနှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များ အနေဖြင့် (၉)ကြိမ် ဆွေးနွေးခဲ့ သလို ယခုတစ်ကြိမ်တွေ့ဆုံမှုမှာ ပြည်တောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုအနေဖြင့် စတုတ္ထ အကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်