Saturday, October 20, 2012

ကိုရီးယား နိုင်ငံက တရုတ် ငါးဖမ်းသမား ၁၁ ဦးကို ဖမ်းဆီးအမိန့် ထုတ်ပြန်

Posted by drmyochit Saturday, October 20, 2012, under | No comments


1

ဆိုးလ်  အောက်တိုဘာ  ၁၉
တောင်ကိုရီးယား နိုင်ငံတွင် တရုတ် နိုင်ငံမှ တရားမဝင် ငါးဖမ်းခဲ့သော သင်္ဘောသားနှင့် ငါးဖမ်းသမား ၁၁ ဦးကို တရား ဥပဒေ ချိုးဖောက်မှုဖြင့် အောက်တိုဘာ ၁၉ ရက်က ဖမ်းဆီးအမိန့် ထုတ်ပြန်ခဲ့ကြောင်း ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့ အနောက်ဘက် ဒေသ ဌာနချုပ်မှ မိုကေပိုက ပြောကြား ခဲ့သည်ဟု သိရသည်။ အဆိုပါ ငါးဖမ်းသမား ၁၁ ဦးကို ကမ်းခြေစောင့် တပ်ဖွဲ့မှ တာဝန် ရှိသူများက ရှာဖွေခဲ့ရာ ကိုရီးယား နိုင်ငံ အနောက်ဘက် ပင်လယ် အတွင်းရှိ သီးသန့် စီးပွားရေး ဇုန်အတွင်း တရားမဝင် ငါးဖမ်းနေသည့် သင်္ဘောသား ၁၁ ဦးကို စစ်ဆေးစဉ် ကိုရီးယား ပင်လယ်ပြင် ရဲတပ်ဖွဲ့ကို လက်နက်များ အသုံးပြု၍ အကြမ်းဖက် တိုက်ခိုက် ခဲ့ကြကြောင်း သိရသည်။

ကမ်းခြေစောင့် ဝန်ထမ်း တစ်ဦးက ငါးဖမ်းသမား တစ်ဦးကို ရော်ဘာ ကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့ရာမှ ဒဏ်ရာ ရရှိခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဟုန်လေးက ကိုရီးယား နိုင်ငံသို့ စုံစမ်း စစ်ဆေးမှုနှင့် ဥပဒေ အရ မျှမျှတတ ရှိစေရေး တိုက်တွန်းခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် ကိုရီးယား နိုင်ငံ အတွင်းရှိ တရုတ် သံရုံးတို့က စုံစမ်း စစ်ဆေးမှု များကို အနီးကပ် စောင့်ကြည့် နေကြကြောင်းနှင့် တရုတ် ငါးဖမ်းသမား များ၏ အသက် အန္တရာယ် လုံခြုံမှုနှင့် ၎င်းတို့၏ တရားဝင် အရေးများ ရရှိရေးအား ကာကွယ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ဟုန်လေးက ဆင်ဟွာ သတင်းဌာန အေဂျင်ဆီသို့ ပြောကြားခဲ့သည်။ တရုတ် အစိုးရ အနေဖြင့် နှစ်နိုင်ငံ ကြားရှိ သံတမန် ရေးရာ အငြင်းပွားမှုများ မဖြစ်ပွား လိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

From: မြ၀တီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်