Saturday, October 20, 2012

KIA လူသစ်များအတွင်း သူလျှိုများနှင့် စစ်တပ်ထောက်လှမ်းရေးအဖွဲ့များ ပါဝင်လျက်ရှိ

Posted by drmyochit Saturday, October 20, 2012, under | No comments




KIA နဲ့ ဗမာ စစ်တပ် တို့အကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်း KIA မှ အရာရှိ အဆင့် ၂၆၀ ကျော် အပါအ၀င် စုစုပေါင်း ၂၀၀၀ လောက်သေ ဆုံးခဲ့တယ်။ သေဆုံးသူ အရေအတွက်ရဲ့ ၂ ဆဖြစ်တဲ့ အင်အား ၄၀၀၀ လောက်ဟာ ထိခိုက် ဒဏ်ရာ ရခဲ့ တယ်။ အဲဒီ ထိခိုက် ဒဏ်ရာ ရသူတွေရဲ့ တစ်ဝက်ကျော် လောက်ဟာ ကိုယ်လက် အင်္ဂါတွေ ဆုံးရှုံး ခဲ့ပြီး ပြန်လည် တာဝန် ထမ်းဆောင်လို့ မရတော့ သူတွေ ဖြစ်တယ်လို့ လိုင်ဇာ သတင်း ရပ်ကွက် အဆို အရ သိရပါတယ်။ KIA စစ်ဘက် ခေါင်းဆောင် တစ်ဦး ကတော့ “စစ်ပညာ အခြေခံ နည်းလို့ ဖြစ်တာပါ။ ငြိမ်းချမ်း နေတုန်းက စစ်ပညာ ဟုတ်တိ ပတ်တိ မသင်ခဲ့ဘူး။ တကယ် စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်တော့ ထိခိုက် ကျဆုံးမှု များတယ်။ သူတို့ စစ်တပ် နဲ့တော့ ဘယ်တူ မလဲဗျာ။ တစ်ချို့ ကိုလည်း အလွယ် တကူ ခေါ်သုံး ထားရတာ။ သေနတ် ပစ်တတ် တယ် ဆိုရုံ ပဲရှိတယ်။ စစ်နည်း ဗျူဟာပိုင်း ဆိုတာ ကတော့ ဝေးရော”လို့ ပြောပါတယ်။

တိုက်ပွဲများ ဖြစ်ပွားခဲ့တဲ့ တစ်နှစ် လောက်အတွင်း KIA မှာ ဘာကြောင့် ဒီလောက် ထိခိုက် ကျဆုံး ခဲ့ရသလဲ လို့မေးတော့ သူက ဒီလို ဆက်ပြော ပါတယ် “စစ်တိုက် တယ်ဆိုတာ သေနတ် ပစ်တတ် ရုံနဲ့ မရဘူးဗျ၊ အဓိက စစ်နည်း ဗျူဟာ လိုတယ်။ ကျုပ်တို့ အဖွဲ့တွေက ရန်သူ လက်နက်ကြီး ပစ်နေပါတယ် ဆိုမှ စုပြီး ထိုင်နေတယ်။ နေရာယူ ဆိုတော့လဲ စုပြုံပြီး နေရာ ယူတယ်။ အဲဒီ မှာတင် ရန်သူ့ လက်နက်ကြီး ကျပြီး အတုံး အရုန်း သေကြတယ်။ ဒါကြောင့် အခု လူသစ် တွေကို သေနတ် ပစ်တတ်ရုံ တင်မက စစ်နည်း ဗျူဟာပါ သင်ဖို့ လုပ်နေ ရတယ်။”
KIA မှာ အသေ အဆုံးတွေ များလာ တဲ့အတွက် လူသစ် စုဆောင်း ရေးကို အရေးကြီး လုပ်ငန်း တစ်ခု အဖြစ် ဆောင်ရွက် နေရ ပါတယ်။ လူမျိုး၊ အသက်အရွယ်၊ ကျန်းမာရေး၊ ဒါတွေ မစဉ်းစား တော့ဘဲ အရေ အတွက် ပြန်ပြည့် ဖို့သာ ဦးစားပေး စုဆောင်း နေရပါတယ်။ အဲဒီလို စုဆောင်း တာဟာ ဒေသခံ တွေရဲ့ KIA အပေါ် နာကျည်း မှုကို ဖြစ်စေပါတယ်။ ဒါဟာ စစ်တပ်နဲ့ ထောက်လှမ်းရေး တွေအတွက်တော့ အကွက်ကောင်းပါပဲ၊ စစ်တပ်က ကချင် ပြည်နယ် ဒေသခံ တွေရဲ့ ထောက်ခံမှု ပိုရ လာသလို တစ်ဘက်မှာ လည်း သူလျှိုတွေ၊ စစ်တပ် ထောက်လှမ်း ရေးတွေကို KIA စုဆောင်းတဲ့ သူသစ် တွေထဲမှာ အလွယ်တကူ ထည့်လိုက်လို့ ရတယ်။

KIA တပ်မဟာ(၂)က အင်အား ၄၀ လောက်ဟာ ဝမ်းပလား ရွှေမှော်၊ ဝှေပီ ရွှေမှော်၊ တုံမဏီ ရွှေမှော်၊ နမ့်ကွမ်း ရွှေမှော်နဲ့ ပရင်းတောင် ရွှေမှော်တွေ ဘက်မှာ အောက်တိုဘာလ ၈ ရက် နေ့လောက် ကစပြီး လူသစ်တွေ စုခဲ့ပါတယ်။ စုစုပေါင်း လူသစ် ၁၀၀ လောက်ရ တယ်လို့ အထက် ကို အစီရင် ခံခဲ့တယ်။ အဲဒီ စုလို့ ရတဲ့ လူသစ် တွေကို တနိုင်းချောင်း အတိုင်း စက်လှေနဲ့ တပ်ရင်း (၁၄) ရှိတဲ့ ထရီဘွမ် ကိုခေါ် သွားခဲ့တယ်။ အဲဒီ အဖွဲ့ထဲမှာ သူလျှို တွေနဲ့ စစ်တပ် ထောက်လှမ်းရေး တစ်ချို့ ပါသွားတယ်လို့ ကြားရတယ်။ ဒီအဖွဲ့ တွေကို လေ့ကျင့်ပြီး KIA ဗဟို ဌာန ချုပ်လို နေရာမျိုးနဲ့ အရေးကြီး နေရာတွေ မှာသာ တာဝန် ပေးမိရင် KIA အတွက် အလွန် အင်မ တန်မှ အန္တရာယ် ကြီးကြောင်း၊ KIA အရာရှိ တွေနဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်း ထံမှ သိရပါတယ်။ အတည် မပြုနိုင် သေးတဲ့ သတင်းတွေ အရတော့ KIA ဗဟိုနဲ့ တပ်မဟာ တွေရဲ့ သတင်း တွေကို စစ်တပ်က ကြိုသိ နေတာဟာ KIA အတွင်းမှာ စစ်တပ်ရဲ့ ထောက်လှမ်း ရေးတွေ တော်တော် များများ ထိုးဖောက် ထားနိုင် လို့ဖြစ်ပြီး KIA ခေါင်းဆောင်ပိုင်း အထိတောင် ချဉ်းကပ် ဝင်ရောက် နေပြီလို့ ဆိုပါတယ်။ တရုတ် ထောက်လှမ်းရေး တွေကတော့ KIA အတွင်းမှာ စစ်တပ်သူလျှို ၂၀၀ ကနေ ၃၀၀ လောက် အထိတောင် ရှိနေပြီလို့ ပြောပါတယ်။ ဒီကိစ္စ တွေရဲ့ အဓိက အကြောင်း အရင်းဟာ လူသစ် တွေကို မစိစစ်ဘဲ စုဆောင်း ခဲ့တာကြောင့် ဖြစ်ကြောင်း၊ အခု အဲဒီ လူသစ် တွေဟာ KIA ရဲ့ အရေးကြီး နေရာတွေ အထိ ရောက်ရှိ နေပြီ ဆိုတဲ့ အကြောင်းနဲ့ ဒါဟာ KIA အတွက် ကြီးမားတဲ့ အန္တရာယ် တစ်ရပ်  ဖြစ်ကြောင်း မြန်မာ-တရုတ် နယ်စပ် သတင်းတွေအရ သိရှိရ ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်