၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန် တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင် ရပ်ကွက် နေ အလံတိုင်ကျောင်းတိုက် ကျောင်း အကျိုး တော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီး ရဲစခန်း သို့ ရောက်ရှိလာပြီး အလံ တိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ် သည် ဥက္ကံဈေး တောင်ဘက်၊ ဘုရားကြီး လမ်းအတိုင်း ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက် တိုက်မိ၍ သပိတ် လွတ် ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့် မဝင်းဝင်းစိန်ကို အရေးယူ ပေးရန် တိုင်တန်း၍ ဥက္ကံရဲစခန်း (ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။...