Tuesday, April 30, 2013

ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

Posted by drmyochit Tuesday, April 30, 2013, under | No comments


၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန် တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင် ရပ်ကွက် နေ အလံတိုင်ကျောင်းတိုက် ကျောင်း အကျိုး တော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီး ရဲစခန်း သို့ ရောက်ရှိလာပြီး အလံ တိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ် သည် ဥက္ကံဈေး တောင်ဘက်၊ ဘုရားကြီး လမ်းအတိုင်း ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက် တိုက်မိ၍ သပိတ် လွတ် ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့် မဝင်းဝင်းစိန်ကို အရေးယူ ပေးရန် တိုင်တန်း၍ ဥက္ကံရဲစခန်း (ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ အဆို ပါဖြစ် စဉ်နှင့် ပတ်သက်၍ မကျေနပ် သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃:၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့် ဗလီရှေ့ရှိ ၃ × ၃ ပေခွဲ ခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ပျက်စီးကာ လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိ ကြောင်းနှင့် အခင်းဖြစ်နေရာသို့ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အခြေအနေ ထိန်း သိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ၁၄:၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်း များအား လူ(၂၅)ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိ ရသည်။
 
 ၁၄:၄ဝ အချိန်မှ ၁၄:၄၅ အချိန်အတွင်း အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သေနတ်(၄)ချက် ချောက်လှန့်ပစ်ခတ်ခဲ့သည်။ ၁၅:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြောက် ပိုင်း ခရိုင် ရဲတပ် ဖွဲ့မှူးနှင့် အဖွဲ့ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၅:၁ဝ အချိန် အခြေ အနေ ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၁၅:၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်း ကောက်ရိုးပုံ အနီးတွင် ဒဏ်ရာရရှိသူ(၂)ဦးအား တွေ့ရှိ ရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေအရ အရေး ယူနိုင်ရေး ဖော် ထုတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသူ ၈ ဦးထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရပါသည်။
 
 မြန်မာ နိုင်ငံရဲတပ်ဖွဲ့

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်