လွှတ်တော် အမတ်တွေ ပြည် သူကြားမှာ ဂုဏ်သိက္ခာ ရှိစေဖို့ အတွက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းမှာ အသုံးပြုဖို့ မြို့နယ် တမြို့နယ်ကို ကျပ်ငွေ သိန်း ၁ ထောင် ချပေး မယ်လို့ သင်္ဃန်းကျွန်း အမျိုး သား လွှတ် တော် အမတ် ဦးဖုန်းမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီငွေကို ၂၀၁၃-၁၄ ဘဏ္ဍာ နှစ် အတွက် ချပေး မှာဖြစ်ပြီး မြို့နယ် ထဲက အမတ်တွေ ညှိနှိုင်း တိုင်ပင် အကောင် အထည် ဖော် ရ မယ်လို့ သူက ပြောပါ တယ်။ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ အမတ် တချို့ အိန္ဒိယ လွှတ်တော် လေ့လာရေး ခရီးစဉ် အတွင်း အိန္ဒိ ယမှာ လုပ်နေတဲ့ ဒီပုံစံ ကို သဘော ကျလို့ အလား တူ အကောင် အထည် ဖော်တာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
ဒီငွေနဲ့ ဒေသ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ အကောင် အထည် ဖော်ပြီးရင် သက်ဆိုင်ရာ အမတ်တွေရဲ့ ဆောင်ရွက် ချက်အဖြစ် အဲဒီ မဲဆန္ဒနယ်မြေမှာ ကမ္ပည်းစာ ရေးထိုး မှတ်တမ်း တင်ထား မယ်လို့ ဦးဖုန်းမြင့် အောင်က ပြော ပါတယ်။
From: DVB
Time in Rangoon

0 comments:
Post a Comment