Saturday, June 15, 2013

၉၆၉ အမှတ်သင်္ကေတကို သာသနာညှိုးနွမ်းစေမည့် နေရာများတွင် အသုံးမပြုရန် တားမြစ်

Posted by drmyochit Saturday, June 15, 2013, under | No comments

ရန်ကုန်- ၉၆၉ဂဏန်းသည် ရတနာ သုံးပါးကိုယ်စားပြုသည့် ငြိမ်းချမ်းရေးသင်္ကေတဖြစ်၍ ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနမျိုးတွင် အသုံးမပြုရန် ဗုဒ္ဓသာသနာ တော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲက ဇွန် ၁၄ ရက် တွင်ကြေညာချက်ထုတ်ပြန်လိုက်သည်။ ထို့အပြင် အခါအားလျော်စွာ ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေး၍ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြရန်၊ နိုင်ငံသားအားလုံးငြိမ်းချမ်းစွာနေထိုင်ရေးကို အထောက်အကူပြုသည့် ၁၉၈၂ခုနှစ်မြန်မာနိုင်ငံသား ဥပဒေကို တိတိကျကျလိုက်နာ...

ဗြိတိသျှသံအမတ်ကြီး နေအိမ်အနီးတွင် အမေရိကန်အမျိုးသမီးတစ်ဦး လည်ပင်း အချွန်ဖြင့်အထိုးခံရ

Posted by drmyochit Saturday, June 15, 2013, under | No comments

ရန်ကုန်၊ ဇွန် ၁၃ ရန်ကုန်၏ မြို့လယ်ကောင် နေရာတစ်ခုဖြစ်သည့် ဒဂုံမြို့နယ် အလံပြဘုရားလမ်း ဗြိတိသျှသံအမတ်ကြီး၏ နေအိမ်အနီးတွင် ဇွန်လ ၁၃ ရက် ည ၉နာရီ ၄၅ မိနစ် က အမေရိကန်နိုင်ငံသား ခံယူထားသော အသက် ၃၄ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦး၏ လည်ပင်းကို အမျိုးသားတစ်ဦးက အချွန်ဖြင့် ထိုးခဲ့ကြောင်း ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်း အရာရှိတစ်ဦးက ပြောကြားသည်။ အချွန်ဖြင့်အထိုးခံရသူ အမေရိကန်အမျိုးသမီး Mrs. Teresa Wai Ye Ha သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Programme) ၏ Reporting Officer အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိသည်မှာ နှစ်လခန့်သာ ကြာမြင့်သေးကြောင်း၊...

ပုဂံ စေတီ ရင်ပြင်များ ပေါ်တွင် ကွန်ဒုံးများ မကြာ ခဏတွေ့

Posted by drmyochit Saturday, June 15, 2013, under | 3 comments

ရန်ကုန်  ဇွန်  -  ၁၄ ။              ။မြန်မာ့ယဉ် ကျေးမှု၏ အသည်း နှလုံးနေရာ ဖြစ်သည့် ပုဂံ ဒေသမှ စေတီပုထိုး ရင်ပြင်များ ပေါ်တွင် ကွန်ဒုံးများ တွေ့လာ ရကြောင်း ပုဂံတွင် ဧည့်လမ်းညွှန် လုပ်ကိုင် သူများ၏ ပြော ကြားချက် အရ သိရသည်။ ကမ္ဘာလှည့် ခရီးသွားများ အလွန် စိတ်ဝင်စား လည်ပတ်လေ့ ရှိသည့် မြန်မာ့ရှေးဟောင်း မြို့တော် ပုဂံ ဒေသက စေတီ ပုထိုး များတွင် မဖွယ် မရာ ကိစ္စများကို ပြုလုပ်လျက်...

လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးက အိမ်ပိုင်ရှင်တချို့အား စာရွက်အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်း

Posted by drmyochit Saturday, June 15, 2013, under | No comments

လားရှိုး၊ ဇွန် ၁၅။ လားရှိုးမြို့ရှောင်လမ်းကို ၂၀၁၂ခုနှစ်၊ စက်တင်ဘာလမှ စတင်ဖောက်လုပ်ခဲ့ရာ ပထမအဆင့် အနေဖြင့် မြေသား လမ်း ဖောက် လုပ်ပြီးစီး နေပြီဖြစ်သော်လည်း ၎င်းလမ်းဘေးရှိ လူနေအိမ်တချို့နှင့် ခြံကွက် ပိုင်ရှင် များကို စာရွက်အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်း၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖယ်ရှားခိုင်းလျက် ရှိကြောင်း သိရ သည်။ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးက ရုံးသို့တက်ရောက်သော အိမ်ပိုင်ရှင်များနှင့် ခြံကွက်ပိုင်ရှင်များအား စာရွက် အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းပြီး...

ကြက်တစ်ကောင်အား အခြားဂြိုဟ်မှလာသည့် ဂြိုဟ်သားပုံစံပြုလုပ်ကာ အင်တာနက်ပေါ်တင်၍ လိမ်လည်လှည့်ဖြားသူ တရုတ်အမျိုးသားအား ရဲတပ်ဖွဲ့ဖမ်းဆီး

Posted by drmyochit Saturday, June 15, 2013, under | No comments

ပေကျင်း ဇွန် ၁၄ ကြက်တစ်ကောင်ကို လျှပ်စစ်ဓာတ်ဖြင့် အဆုံးစီရင်၍ အခြားကမ္ဘာဂြိုဟ်မှ လာသော သတ္တဝါ ပုံစံမျိုးပြု လုပ်ကာ အင်တာနက်ပေါ် တင်ခဲ့သည့် တရုတ်လယ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဇွန် ၁၃ ရက်က ဖော်ပြခဲ့ သည်။ လီအမည်ရှိ အဆိုပါ အမျိုးသားသည် ပြည်သူများကို လှည့်စားရန်အတွက် ကြက်အား ဝါယာကြိုးနှင့်ကော် များ အသုံးပြု၍ ဂြိုဟ် သားတစ်ဦးအသွင် ဖန်တီးကာ အင်တာနက်ပေါ်သို့ တင်ခဲ့ သည်ဟု ဝန်ခံခဲ့သည်။ ရဲတပ် ဖွဲ့သည် အတုအလိမ်လုပ်ကြံမှုဖြင့်...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်