Saturday, June 15, 2013

ပုဂံ စေတီ ရင်ပြင်များ ပေါ်တွင် ကွန်ဒုံးများ မကြာ ခဏတွေ့

Posted by drmyochit Saturday, June 15, 2013, under | 3 comments

ရန်ကုန်  ဇွန်  -  ၁၄ ။              ။မြန်မာ့ယဉ် ကျေးမှု၏ အသည်း နှလုံးနေရာ ဖြစ်သည့် ပုဂံ ဒေသမှ စေတီပုထိုး ရင်ပြင်များ ပေါ်တွင် ကွန်ဒုံးများ တွေ့လာ ရကြောင်း ပုဂံတွင် ဧည့်လမ်းညွှန် လုပ်ကိုင် သူများ၏ ပြော ကြားချက် အရ သိရသည်။

ကမ္ဘာလှည့် ခရီးသွားများ အလွန် စိတ်ဝင်စား လည်ပတ်လေ့ ရှိသည့် မြန်မာ့ရှေးဟောင်း မြို့တော် ပုဂံ ဒေသက စေတီ ပုထိုး များတွင် မဖွယ် မရာ ကိစ္စများကို ပြုလုပ်လျက် ရှိပြီး ကွန်ဒုံး များကို စည်း ကမ်းမဲ့ စွန့်ပစ်လျက် ရှိကြောင်း ယင်း တို့၏ ပြောကြားချက် အရ သိရ သည်။ ဧည့်လမ်းညွှန် ဦးဆန်းဝင်းက ''ဧည့်သည်တွေကို ဗျူးလေး ကောင်း လို့ ပြချင် တဲ့နေရာ ခေါ်သွားကာမှ သူတို့မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့ ဖယ်ပစ် ရတယ်။ ပုဂံလို ထူးခြားပြီး သာသနိက အဆောက် အအုံတွေရှိ တဲ့နေရာ မှာ ဒါတွေရှိ နေတာဟာ မကောင်းပါဘူး''ဟု ပြောသည်။


ဧည့်သည်တွေကို ဗျူးလေး ကောင်း လို့
ပြချင်တဲ့ နေရာ ခေါ်သွား ကာမှ
သူတို့ မမြင်အောင် ကွန်ဒုံးတွေကို တုတ်နဲ့
ဖယ်ပစ် ရတယ်။ 


အခါကြီး ရက်ကြီး အားလပ် ရက်များတွင် ဟိုတယ်သို့ မသွားနိုင်သည့် သာမန် လက်လုပ် လက်စား စုံတွဲ များမှာ လူသွား နည်းသည့် ဘုရားများ၊ လမ်းမကြီး များနှင့် ဝေးသည့် ပုထိုးများတွင် မဖွယ် မရာများ ပြုလုပ်ပြီး ကွန်ဒုံး များကို ယင်းကဲ့သို့ စွန့်ပစ် နေကြကြောင်း သိရသည်။

''FDI တိုးတွေဟာ ဧည့်လမ်း ညွှန်တို့၊ ကားဆရာတို့ မပါဘဲ လမ်း ညွှန်စာအုပ်နဲ့ ချောင်ထဲက စေတီ ပုထိုးတွေ ထိ သွားလေ့ ရှိတယ်။ နောက်တစ်ခါတ လေကျရင် အဲဒါ တွေကို ချောင်းပြီး ကင်မရာရိုက် နေတဲ့ သူတွေ ကိုလည်း တွေ့ဖူး တယ်''ဟု  Myanmar Voyages International Tourism  ကုမ္ပဏီမှ ဒေါ်ဝါဝါလေး ကပြော သည်။ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင် များနှင့် အဖွဲ့အစည်းများ အနေဖြင့်လည်း ပုဂံဒေသ တွင် လုပ်အားပေးအမှိုက်ကောက် မှုများရှိ နေကြောင်း ယင်းကဲ့သို့ အမှိုက် ရှင်းလင်းသည့်အဖွဲ့ အနေ ဖြင့်လည်း အဆိုပါ ကွန်ဒုံး များကို လမ်းတွင် များပြားစွာ တွေ့ရှိ နေရ ကြောင်း သိရသည်။

''ဒီလို ကိစ္စမျိုး တွေက လူ့ကျင့်ဝတ်နဲ့ သက်ဆိုင်တယ် စည်းမျဉ်း စည်းကမ်း ထုတ်စရာ မလိုဘူး၊ ထုတ် ရင် ကိုယ့်ပေါင် ကိုယ်လှန် ထောင်းသလိုဖြစ်မယ်။ ဗုဒ္ဓ ဘာသာ တွေဆိုရင် စောင့်ထိန်း ရမယ့် အသိ ရှိရမယ်။ ဆိုင်းဘုတ် ထောင်စ ရာကို မလိုတာ အရေး ယူဖို့လည်း ပုဂံ ဆိုတာက အကျယ်ကြီး ဒီဌာန မှာရှိ တဲ့ လူ အင်အား နဲ့လဲ မဖြစ် နိုင်ဘူး''ဟု ပုဂံ ရှေးဟောင်း သုတေ သန၊ အမျိုးသား ပြတိုက်နှင့် စာကြည့် တိုက် ဦးစီး ဌာနမှ ညွှန်ကြား ရေး မှူးချုပ်ဦးနိုင်ဝင်းက ပြောသည်။


ရွှေနု ၊ မေသက်ဇင်
From: Yangon Media Group

3 comments:

ဒါမျိုးတွေ့ကကောလဟာတွေ့ပါမယုံရင်
ပုဂံကိုလာကြည်ကြပါဒါမျိုတွေကိုတွေဖိုနေ
နေသာသာမကောင်းတဲ့အလုပ်ကိုလုပ်တံ့
သူတွေ့ကိုရှာမတွေနိုင်လောက်အောင်ကို
ရှာပါတယ်ဗျာဒါမျိုတွေမတင်ကြပါနဲဗျာ

ပုဂံဆိုတာနှစ်များစွာကတည်ရှိခဲ့သောအ
မွေနှစ်များစွာရှိခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်
ကမ္ဘာလှည်ခရီးသည်တွေ့အများဆုံးလာ
တဲ့နေရာဖြစ်ပါတယ်ဒီလိုနေရာမျိုမှာတောင်
ဆရာဝန်တွေသိမ်မရှိကြဘူးလူအများစုမှာ
ဆရာဝန်တွေအိမ်ပင့်တာမကြွှလိုဆုံပါး
သွားတဲ့လူတွေ့များစွာရှိခဲ့ပါပြီနိင်ငံခြားတွေ့
သေဆုံသွားရင်များစွာဆုံရှံးရမှာဖြစ်တဲ့အ
တွက်ဆရာဝန်းများအားဒီမှာတိုးမြှင့်ပေးပါ
ရန်မှာကြားအပ်ပါသည်ဆေးရုံ-ဆေးခန်းများ
ဆောက်လုပ်ပေးပါရန်တိုင်ကြားအပ်ပါ
သည်ဆေးရုံ-ဆေးခန်းတိုးမှာလား
သချိုင်္င်တိုးပေးမှာလား

ညောင်ဦးမြိုကျက်သရေဆောင်ရွှေစည်းခုံ
ဘုရားအနီးရှိအရှေဘက်စောင်းတန်း
နာတွင်အနော်ရထာတည်ဆောက်ထား
သောနဂါးကျစ်မြတ်စွာဘုရားအားဧရာဝတီ
မြစ်ရေတိုက်စားမှုကြောင့်ယခုဆိုရင်စေတီ
ဟာရေတိုက်စားမှုကိုတော်တော်ခံရပါ
သည်နဂါးကျစ်မှာဧရာဝတီမြစ်ပုန်မြေပေါ်မှာတည်ထားငောကြေင့်ဖြစ်ပါသည်
၎င်းအားမြေထိန်နံရံတည်ဆောက်ဖိုရန်း
ကုန်ကြငွေမှာသိန်း၆၀၀ကျပ်ကုန်မည်ဖြစ်
မိမိတိုသဒ္ဒါအားထက်သန်စွာဖြင့်လှူတန်း
နိုင်ပါကြောင်းသတင်ကောင်ပန်းကြားအပ်
ပါသည်
ရွှေစည်ခုံဟာယခင်ကမြစ်ရေပြင်ဖြစ်သဖြင့်
နဂါးမင်းကရေတွေအားကျစ်ထုပ်ပေးသော
ကြောင့်နဂါးကျစ်ဟုအမည်ပေးအပ်ခဲ့ပါ
တယ်ရန်အပေါင်တို့ကိုအောင်မြင်သဖြင့်
ရန်အောင်မြင်ဟုလည်းနာမည်နှစ်ခုပေးအပ်
ထားပါသည်
လှူတမ်းနိုင်သောဖုန်နံပါတ်မှာ
၀၉၂၅၆၀၁၆၅၅၀

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်