တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော သမ္မတဦးသိန်းစိန်သည် တောင်ကိုရီးယားသမ္မတ လီမြောင် ဘတ်နှင့် အောက်တိုဘာလ ၉ ရက်နေ့ (ယနေ့) က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တွေ့ ဆုံရာ ၌ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးအတွက်နှစ်နိုင်ငံကြားရင်းနှီးမြုပ်နှံမှု အာမခံ စာချုပ်ကို ချုပ်ဆိုရန် တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်အတွက်သဘောတူခဲ့ကြောင်းသိရသည်။ ထို့ ပြင် နှစ်နိုင် ငံကြား ကုန်သွယ် မှုနှင့် ရင်းနှီးမြုပ်နှံမှု တိုးမြင့်ရေးကိုလည်း သဘောတူခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးးချုပ်
Sheikh Hasina ဟာ ပြီးခဲ့တဲ့သီတင်းပါတ်က ထောင်ချီတဲ့ မူဆလင် လူအုပ်စုက ဒါဇင်နဲ့ချီတဲ့
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ အိမ်ခြေ ၅၀လောက်ကို ဖျက်ဆီးမီးရှို့ခဲ့တဲ့
Cox’s Bazar ဒေသကို တနင်္လာနေ့ က သွားရောက်ခဲ့ပါတယ်။
အမေရိကန်သံအမတ်ကြီး ဒဲလ်ရစ်မစ်ချယ်နှင့် ဇနီးတို့သည် လာမည့် အောက်တိုဘာ ၃၀ ရက်နေ့ သီတင်း ကျွတ် လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမည်ဖြစ်ကြောင်း သံရုံးပြောရေးဆိုခွင့် ရှိသူမှ ယနေ့ပြောကြားလိုက်သည်။
အောက်မှာမြန်မာလိုရေးသာထားပါတယ်။
his coming 11pm,all facebook account will be CUT. This is according from the creator of facebook. All the activities that was being done this time will be delay, SORRY FOR THE INCONVENIENCE. To save you're facebook accounts,
ရှမ်းပြည်မြောက်ပိုင်း မုန်ဂိုး
(Munggu) ဒေသ နောင်ဟမ် (Nawng Hem)နှင့် ရွှေအိုင် (Shwi Ai) တွင် မြန် မာအစိုးရတပ်ခလရ(၆၉)တပ်နှင့် မုန်ဂိုးဒေသမှ KIA စစ်သား များ။ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့
(KIA) တပ်မဟာ(၄)၊ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)တို့ ယနေ့ နံနက် ၁၀ ခွဲချိန်တွင်
တိုက် ပွဲဖြစ်ပွားနေ ကြောင်းရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉
နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်းရပ်ကွက်၊ ဦးချစ်ဆွေ၏
ရာဘာခြံဝင်း အတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ်
(ဘ)ဦးဖုန်းငို၊ ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့်အတူ အိပ်ပျော်နေ စဉ်
နေ အိမ်ပေါ်သို့ လူတက် လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည် မသိလူ (၁)
ဦး၊ နေအိမ်
အနောက်ဘက်တွင် အမည်မသိ လူ(၂)ဦး၊ နေအိမ် အရှေ့ဘက် ထိုင်ခုံတွင် မျက်နှာအား ပုဆိုးစည်း
ထားသော လူ(၁)ဦး၊ ရာဘာခြံ အပြင်ဘက်တွင် အမည်မသိ လူ (၂) ဦး၊ ပေါင်း (၆) ဦးအား ဓားကိုယ်စီ
ကိုင်ဆောင်ထားသည်ကို တွေ့ရှိခဲ့ပြီး လူ (၃) ဦးမှာ ဒေါ်------နှင့် သမီးအကြီး ဖြစ်သူ
------- (၁၄)နှစ်၊ (ဘ) ဦးသန်းလွင်၊ ရာဘာခြံ အလုပ်သမ (၂) ဦးတို့ အား ဒေါ်------၏ နေအိမ်
အနောက်ဘက်တွင် ရှိသော ဒေါ်------- (၃၀) နှစ် (ဘ)ဦးတင်ထွန်း၊ ရာဘာခြံ အလုပ်သမ၏ နေအိမ်သို့
ခေါ်ဆောင် သွား ခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ(၃)ရက်တွင် မြစ်ကြီးနားမြို့၊
ကြာရာပတ္တီး(ဘီ)နယ်မြေ၊ တပ်ကုန်းရပ်ကွက်ရှိ ဦးချစ်ဆွေ၏ ရာဘာခြံတွင် KIA မှ ဆရာကြီး ဘွမ်ချမ်းနှင့်
သူ၏အမာခံ တပည့်များသည် လူသစ်လို၍ ၀င်ရောက် ဖမ်း ဆီးစဉ်ရာဘာခြံအလုပ်သမဒေါ်ဇာ၏သမီးကြီးမ(----)(၁၄)နှစ်နှင့်ရာဘာခြံအလုပ်သမကလေးနှစ်ယောက် အမေမ(-----) (၃၀) နှစ်တို့ (၂)
ဦးအား တွေ့ရှိပြီး အုပ်စုလိုက်မုဒိမ်းကျင့်ခဲ့ကြောင်း သိရပါသည်။
From : Flower News
ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရန် တင်ပြထားသည့် နိုင်ငံတကာ လေကြောင်းလိုင်း များကို အောက်တိုဘာလမှ စတင်ကာ ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာနမှ သိရသည်။ နိုင်ငံတကာ လေကြောင်းလိုင်းများ ဖြစ်သည့် ကိုရီးယား၊ ဂျပန်၊ ဂျာမ နီ၊ ဟောင်ကောင်နှင့် ကာတာနိုင်ငံ လေကြောင်းလိုင်းများကို တိုက်ရိုက်ပျံသန်းနိုင်ရန် ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း သိရသည်။ “နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံးကို အောက်တိုဘာလက စပြီးတော့
From : MRTV4
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထုတ်ပြန် ချက်အရ ဂျီအက်စ်အမ် အင်တာနက် အသုံးပြုမှုများ အစဉ်ပြေစေဖို့ အတွက် ဂျီအက်စ်အမ် အင်တာနက် Network အဆင့်မြင့်တင်မှု တွေကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ ပြည်တွင်းမှာ GSM အင်တာနက် အသုံးပြုသူများ ပိုမိုများပြား လာပြီး သုံးစွဲမှု ပိုမို အဆင်ပြေ စေဖို့အတွက် Upgrade ပြုလုပ် မှုတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အဆင့်မြင့်တင်မှု မှာတော့ ရန်ကုန်မြို့တွင်း Huawei GSM/UMTS စနစ်နဲ့ ချိတ်ဆက် အသုံးပြုလျက် ရှိတဲ့ Internet User များ နေ့စဉ် တိုးတက် များပြား လာတဲ့ အတွက် Huawei network SGSN Capacity (2.75)G ကို သုံးစွဲမှု အစဉ်ပြေစေရန် Expansion ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အခုလို ပြုလုပ်မှု တွေကြောင့် အောက်တိုဘာလ ၁၀ ရက်နှင့် ၁၅ ရက်နေ့တို့မှာ
From : Internet
ဒုတိယအကြိမ် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့် ဆက်သွယ်ရေး ဥပဒေပြုသူများ၊ ကောင်စီတို့၏ ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်းသစ် နှစ်မျိုးကို စတင်ထုတ်ဝေလိုက်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက အောက်တိုဘာလ ၂ ရက်နေ့တွင် ပုဂံမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်း 2nd TELSON–ATRC Leaders Retreat အထိမ်းအမှတ် အဖြစ် ငွေကျပ် ၅၀၀ တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ် နှစ်မျိုး ကို ရောင်းချခြင်းဖြစ် သည်။ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆက်သွယ်ရေးစခန်း (စာတိုက်) များ၌ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။ တံဆိပ်ခေါင်းကတ်တွင် THE 11th ASEAN TELMIN/ THE 12th ASEAN TELSOM and Related Mettings with Dialoge
From : မြန်မာ့အလင်း
မိမိတို့၏ ဆက်သွယ်ရေးကဏ္ဍသည် ပြုပြင်ပြောင်းလဲမှုကို မလွဲမသွေပြုလုပ်ရမည့် ကဏ္ဍဖြစ်ကြောင်း၊ ယခု အခါ ဌာနဗဟိုပြု ဆက်သွယ်ရေး ဝန်ဆောင်မှုပုံစံမှ ပြည်သူဗဟိုပြု ဆက်သွယ်ရေး ဝန်ဆောင်မှုပုံစံသို့ စတင်ပြောင်းလဲနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍ ပါဝင် ဝန်ဆောင် မှု ပေးခြင်းဖြင့် ပြည်သူနှစ်သက်မည့် ယှဉ်ပြိုင်ဝန်ဆောင်မှုများ ဖြစ်ပေါ်ဖန်တီးပေးရန် အ တွက် ပြည် တွင်းပြည်ပမှ ပုဂ္ဂလိက ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများအား နိုင်ငံတကာ တင်ဒါခေါ် ယူ ဆောင်ရွက်သွားနိုင်ရန် အတွက် အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့များကို စိစစ်ရွေး
ရခိုင်တွေသေတုန်းက ဘာမှမလုပ်ခဲ့တဲ့ ရန်ကုန်က ဘုန်းကြီးများ အမေရိကန် သံအမတ်သေဆုံးမှုအတွက် သံရုံးရှေ့ ပန်းသွားချကာ ငြိမ်သက်ခဲ့ကြကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ် သူများရောက်ရှိမေတ္တာ ပို့ခဲ့ကြပြီး ဆန္ဒပြဘုန်းကြီးများသည် သာသနာ အလံ ကို ဇောက်ထိုးကိုင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
From : The Voice
ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန်ကြေညာ မည်ဖြစ် ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေးခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်းတွင်ဖော်ပြ ထားသည်။
From : ကြေးမုံ
မြန်မာနိုင်ငံ၏ အနာဂတ်လေကြောင်း ပို့ဆောင်ရေးစနစ်များ အဆင့်မြင့် ခေတ်မီလာစေရန်အတွက် ကမ္ဘာ့လေကြောင်းလိုင်း နည်းပညာပံ့ပိုးမှု ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဂျီနီဗာအခြေစိုက် SITA ကုမ္ပဏီ သည် မြန်မာနိုင်ငံ၌ လာမည့်သုံးနှစ်အတွင်း စတင်အသုံးပြုသွားမည့် လေကြောင်းဝန်ဆောင်မှုများ၌ ခရီး သည်နှင့် ခရီးဆောင်အိတ်များ စီမံခန့်ခွဲမှု၊ လေဆိပ်စီမံခန့်ခွဲ ဆောင်ရွက်မှုများ၊ လေယာဉ်ဆက်သွယ်ရေး လုပ်ငန်းများနှင့် အဆင့်မြင့် ဆက်သွယ်ရေး လုပ်ငန်းများအပြင် ခရီးသည်များ ခရီးသွားလာရာတွင် စရိတ်သက်သာပြီး ပိုမိုအကျိုးရှိစေမည့် နည်းစနစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) နှင့် SITA ကုမ္ပဏီတို့ (၁၀)နှစ်မြောက် ပူးပေါင်းလက်တွဲခြင်း အခမ်းအနားတွင် SITA ၏ အာရှပစိဖိတ် ဒေသဆိုင်ရာဥက္ကဋ္ဌ အီလ်ယာဂွတ်လင်က ပြောကြားသည်။
စာပေစိစစ်ရေးဖြတ်သိမ်းမှု ရလဒ်အဖြစ်
ဂျာနယ်များ အချင်းချင်း ရင်ကြားမစေ့နိုင်ပဲ အပြန်အလှန် တရားစွဲ လာခဲ့ကြရာ မြန်မာနိုင်ငံသတင်းစာဆရာ
အသင်း (မန်း) မှ Eleven ကို ဝန်ချတောင်းပန်ခိုင်းခဲ့မှုအတွက် Eleven မှ MJA သို့ တရားပြန်စွဲမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံသို့သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ
အကြောင်းအချက် နှစ်ခု ရှိပြီး သူမအား ကူညီလုပ်ဆောင်ပေးခဲ့သည့်
အမေရိကန် အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများမှ အရေးပါသောပုဂ္ဒိုလ်များကို ကျေးဇူးတင်စကား
တကူး တက သွားရောက် ပြောကြားရန်နှင့် မြန်မာ့ဒီမိုကရေစီလမ်းစ စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို
ရှင်း လင်း ပြောကြား ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်တာနက်သုံးခြင်းက ပေါင်းသင်းဆက်ဆံရေး ထိခိုက် ၍ အစွန်းရောက်စေတယ် လို့ နောက်တစ်ဆက်
သမ္မတလုပ်မယ်ဆိုတဲ့ မြန်မာအဖွားအို ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ
ပြော ကြား လိုက်ပါတယ်။
၎င်းစက်ရုံမှအလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်များအပါအ၀င်လုပ်သားပေါင်း၃၀၀ကျော်သည်ယနေ့နံနက် ၉နာရီခန့်ကရန်ကုန်မြို့ဦးဝိစာရလမ်းရှိ တော်ဝင်ကုမ္ပဏီရုံးချုပ်သို့ချီတက်လာပြီး အလုပ်ရှင် ဖြစ်သူ ဦးကို ကိုထွေး ကို တွေ့ဆုံရန်ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။
မြန်မာနိုင်ငံ ဧရိယာ တစ်ခုလုံး၏ ၅၅
ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း နေသော ဧရာဝတီမြစ်ကြီး တွင် မြစ်ဆုံ စီမံကိန်းကို
ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ် ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ်
ပြောင်းလဲ သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်း လွင်က အောက်တိုဘာလ
၃ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ် သည့် ဧရာဝတီမြစ်ဆုံ
စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။
ဘဏ်လုပ်ငန်း၊ စတော့ လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မည့်အင်္ဂ လန်နိုင် ငံ Charterred Institute for Securities and Investment မှ အသိအမှတ်ပြု စီးပွားရေး ဒီပလိုမာ သင်တန်းအား စင်္ကာပူနိုင်ငံတွင် တက်ရောက် သင်ကြားတော့  မည်ဖြစ်သည်။ ပြည်တွင်း၌ မကြာမီ ဖွံ့ဖြိုး တိုး တက်လာတော့ မည့် ဘဏ်လုပ်ငန်းစုကြီးများတွင် အသက်မွေးဝမ်း ကြောင်းပြုလိုသည့် လူငယ်များ အ တွက် The Diploma in Banking, Securities and Investment Management ဘာသာရပ်များအား စင်္ကာပူရှိ Kaplan Higher Education Academyတွင် လေ့လာသင်ယူနိုင်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာတစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်း ခဲ့သည်ဟု သတင်း ရရှိသည်။
မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးရှေ့တွင်ဆန္ဒဖော်ထုတ်သူ များရောက်ရှိမေတ္တာပို့နေပြီဖြစ်ပြီးလုံခြုံရေးချ ထားမှုမှာဘင်္ဂလားဒေရှ်သံရုံးရှေ့ဆန္ဒဖော်ထုတ်စဉ်ကထက်များကြောင်းပေါ်ပြူလာနယူးစ်သတင်းထောက်မှ
သတင်းပေးပို့သည်။
အင်တာနက်မှ
ဘာသာရေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပွားခဲ့သည့် ဘာသာရေးတိုက်ခိုက်နေမှုများ ရပ် တန့် စေရန်
ရည်ရွယ်၍ ရန်ကုန်မြို့မှ ဗုဒ္ဓဘာသာဘုန်းကြီးများနှင့်
လူထုပါဝင်သည့် ဆန္ဒပြမှု တစ်ရပ်ဖြစ် ပွား ခဲ့သည်။
အသက် ၃၀ အရွယ် မနှုင်းဝေလွင်သည် အကျိတ်ဝေဒနာခံစားနေရသည် ဟုသိရသည်။ ခင်ပွန်းသည်လည်း ကိုယ်တစ်ခြင်းမသန်းမစွမ်းရောဂါဖြင့် အိပ်ရာထဲ တွင်ခံစားနေသည် ဟုသိရသည်။
အတင်းအဓမ္မစုဆောင်းခံရသော KIA ကလေးစစ်သားများ(ဓါတ်ပုံ- AlJazeera English)
KIA တပ်မဟာ(၃)လက်အောက်ခံတပ်ရင်းများမှ စက်တင်ဘာလအတွင်းတွင် လူသစ်ဖမ်းဆီးရရှိမှု (၄၅၀)ကျော် ရှိကြောင်း သိရှိရပါတယ်။
ဖမ်းဆီးထားသော လူသစ်များသည် တပ်မဟာ(၃) ထိန်းချုပ်နယ်မြေများဖြစ်သည့် မန်စီ၊ အူလန်ပါ၊ ဗန်မော်၊ လွယ်ဆိုင်းနဲ့ မန်ဝိန်ကြီး စသော ဒေသအသီးသီးမှ စုဆောင်းထားခြင်းဖြစ်ကြောင်းနှင့် လူသစ်အများဆုံး စုဆောင်းပေးနိုင် သူမှာ အူလန်ပါခရိုင်မှူး ဇော်ရှိန်းဖြစ်ကြောင်း သိရပါတယ်။ ထိုလူသစ်(၄၅၀)တွင် (၂၀၀)ကျော်မှာ ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းနှင့် မံဝိန်းကြီးတို့ဘက်မျာ နေထိုင်တဲ့ ရှမ်းလူမျိုးများနှင့် ရှမ်း-ကချင် လူမျိုးများ ဖြစ်ပါတယ်။
ဆယ်ခုနှစ်ရက်ကြာ အမေရိကန် ခရီးစဉ်သို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်နှင့် ပတ်သက်သော အောက်တို ဘာ ၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိမိအနေဖြင့် သမ္မတ တာဝန်ကို ယူရဲကြောင်း သတင်း မီဒီယာများသို့ ရဲဝံ့စွာ ပြောကြားသည်။
အင်တာနက်သုံးခြင်းက ပေါင်းသင်းဆက်ဆံရေး ထိခိုက် ၍ အစွန်းရောက်စေတယ် လို့ နောက်တစ်ဆက် သမ္မတ လုပ်မယ်ဆိုတဲ့ မြန်မာအဖွားအို ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာရှင်း လင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။
သီချင်းဆိုပေမယ့် တီဗွီသတင်းမှာမပါလို့ နိုင်ငံရေးလုပ်နေတဲ့ အဆိုတော် ပြောရင်လည်း အတင်းဖြစ် အုံးမယ်...မြင်မကောင်းတော့လည်း ပြောချင်တာပဲ..သူများတွေတော့ ငါတော့ သတင်းတွေ facebook စာမျက်နှာတွေက အရောင်ပြောင်းနေတဲ့ အနုပညာသမားတွေကို ကြည့်ပြီးအော့နှလုံးနာ မိပါတယ်...... ဘာလို့ဒီလိုပြောလဲသိလား... တပ်မတော် လက်ထက်က ဘဘ..ဘဘ နဲ့ တစ် ဘ တည်း ဘ နေခဲ့တဲ့ အနုပညာရှင်တွေ လည်း အခုတော့ ဘဘ ကို ပုန်ကန်တဲ့ ခွပ်ဒေါင်း အလှံ နဖူးမှာစည်းပြီး ဒါမှ ဒီမိုကရေ စီကွ...စစ်အာဏာ ဖယ်ရှာပေးကွ ဆိုပြီး မုန်တိုင်းတိုက်ပြီး မှလေမုန်တိုင်း သတင်းသ တိပေးကြော်ငြာနေကြ ပါလေရဲ့..ဒါမှမဟုတ် တောတွင်းတိရိစ္ဆာန် ခွေးတစ်ပိုင်း ၀က်တစ်ပိုင်းနဲ့တူနေသလားလို့ပါ........ တစ်ချို့ ကျတော့လည်း အနုပညာ မလုပ်ရရင် မနေနိုင်ပေါင်...အနုပညာက ငယ်ငယ်ကတည်းက အရိုးစွဲနေ တာပါဆိုပြီး ရုပ်ရှင်ရိုက်တယ်...ထင်သလောက်မအောင်မြင်..သီချင်းတက်ဆိုတယ်...ခိုးကူးခွေကြောင့်
From : နန်းအသင်္ခယာ
အခုတလော .. ကျမတို့ ဘာသာရေးနယ်ပယ်မှာ အငြင်းပွားနေတာလေးတစ်ခုနဲ့ပတ်သက်ပြီး ကျမပြောချင် တာလေးရှိပါတယ်။ အဲဒါက ကျမတို့ရဲ့ မြန်မာလူမျိုးဘယ်ကစသလဲဆိုတာရယ်၊ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ကုလားမျိုး ဟုတ် မဟုတ်ဆိုတာရယ်ပါ ...။
တကယ်တော့ ဗုဒ္ဓဘုရားဟာ (သကျသာကီဝင်) အာရိယာန်(အရိယာဖြစ်ကြမယ့်အမျိုး)လူမျိုး ၊ ရွှေဝါရောင် အသားဝါ လူမျိုး ဖြစ်ပါတယ်။ ဟိန္ဒူကုလား၊ ပန်ချာပီကုလား၊ ဂေါ်ရခါးကုလား၊ တမီးလ်ကုလား၊ ဘင်္ဂလီကု လား၊ ဂေါ်ရင်ဂျီကုလား၊ ပါရှန်းကုလား၊ အာဖရိကလူမည်းကုလား၊ ခေါ်တောကုလား ..စတဲ့ လူမျိုးမဟုတ် ပါဘူး။ ဒီလိုပဲ အမေရိကန်၊ အင်္ဂလိပ် (ကုလားဖြူ)ကုလားမျိုးလည်းမဟုတ်ပါဘူး။ မျိုးနွယ်စုတစ်စုအဖြစ် သန့်သန့်လေးရပ်တည်တဲ့ အာရိယာန်ဆိုတဲ့ အထက်တန်းစား၊ မြင့်မြတ်သောလူမျိုးတွေဖြစ်ပြီး၊ ဒီ အာရိ ယာန်လူမျိုးတွေက မြန်မာပြည် တကောင်းမြို့ကိုရောက်လာပြီး တိုင်းပြည်ထူထောင်လို့၊ ဗမာလူမျိုး၊ မြန် မာနိုင်ငံကြီးဖြစ်လာတာပါ။ မှန်နန်းရာဇ၀င်နှင့် ဓည၀တီမှတ်တမ်းတွေမှာလေ့လာနိုင်ပါတယ်။
ဒီတော့ မြတ်စွာဘုရားဟာ ကုလားမဟုတ်ဘဲ (သကျသာကီနွယ် အာရိယာန်လူမျိုး)ဖြစ်ပါတယ်။ ပါဠိ စာပေ နှင့် သက္ကတစာပေအချို့၏ ရောထွေးမှုကို အကြောင်းပြု၍ ကိုယ်လိုရာဆွဲ ငြင်းခုံသူ များမှ မြတ်စွာ ဘုရားကို ကုလားဟု၊ ထင်မှတ်မှားစေခြင်းကို ဖြေရှင်းရန်အလို့ငှာ ဖတ်မှတ်မိသမျှထဲမှ ထုတ်နုတ် တင်ပြခြင်းဖြစ်ပါတယ်။
ထို့အတူ ဗမာအစ တကောင်းကဟူသည့်၊ အဆိုလေးကိုလည်းမြန်မာနိုင်ငံသူနိုင်ငံသားများ အမှတ်ရစေ ရန် ပြန်လည်တင်ပြလိုက်ပါတယ်။ အခုလို ကျမကိုပြန်လည်ဝေမျှနိုင်အောင် လမ်းညွှန်ပေးသူများကို လည်း ကျေးဇူး တင်ပါတယ်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်သောအာရှအသံ RFA မြန်မာဋ္ဌာန၏ Facebook စာမျက်နှာကို မကြာသေးမီက ပိတ်သိမ်း လိုက်ကြောင်း သိရသည်။ ပုံမှန်ကြည့်ရှုသူ ပရိတ်သတ် Fan အရေ အတွက် ၁၇၀၀၀ ကျော်ရှိသည့် ဖေ့စ်ဘွတ်စာမျက်နှာကို မည်သည့်အကြောင်းကြောင့် ပိတ်သိမ်းလိုက် သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မကြာသေးမီ ရက်ပိုင်းက RFA သတင်းဋ္ဌာနတွင်း လိင်မှု ကိစ္စ ပြဿနာများနှင့် ပတ်သက်သည့် ဝေဘန်ချက်များကို ဖေ့စ်ဘွတ်စာမျက်နှာများတွင် ၀င်ရောက်ရေး သားကြမှုနှင့် ဆက်စပ်နိုင်ကြောင်း ယင်းသတင်းဋ္ဌာနမှ အမည်မဖေါ်လိုသည့် ၀န်ထမ်းတဦးက YPI သို့ပြောသည်။
အလုပ်လုပ်ရင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိသူ စကာတင် စာရင်း ဦးသိန်းစိန် ပါဝင် ကြောင်း AFP သတင်း က ဖော်ပြလိုက်ပါတယ်။ ၂၀၁၂ ခုနှစ်၏ နိုဘယ်ဆု ရာသီသည် ယခုရက်ပိုင်းအတွင်း စတင်ခဲ့ပြီဖြစ်ပြီး ဆုပေးပွဲ ကို လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ပြုလုပ်မှာဖြစ်ပြီး ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဒီတပတ်အတွင်းမှာ ကျေညာတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား ဦးဆောင်ပြီး ဆောင်ရွက်နေခဲ့သည့် သမ္မတ ဦးသိန်းစိန်သည်လည်း နိုဘယ် ငြိမ်းချမ်းရေးဆု ပဏာမစာရင်း ၌ ပါဝင်လာဖွယ် ရှိနေသည်ဟု AFP သတင်းဌာနမှ Bets and rumors kick off Nobel prize season ဟု အမည်ရသည့် ဆောင်းပါး၌ ထည့်သွင်းဖော်ပြ ထားပါတယ်။