Tuesday, October 09, 2012

ခွေးတူဝက်တူ (သို့)အရောင်ပြောင်းနေတဲ့ အနုပညာလောကသားတွေ

Posted by drmyochit Tuesday, October 09, 2012, under | No comments

သီချင်းဆိုပေမယ့် တီဗွီသတင်းမှာမပါလို့ နိုင်ငံရေးလုပ်နေတဲ့ အဆိုတော် ပြောရင်လည်း အတင်းဖြစ် အုံးမယ်...မြင်မကောင်းတော့လည်း ပြောချင်တာပဲ..သူများတွေတော့ ငါတော့ သတင်းတွေ facebook စာမျက်နှာတွေက အရောင်ပြောင်းနေတဲ့ အနုပညာသမားတွေကို ကြည့်ပြီးအော့နှလုံးနာ မိပါတယ်...... ဘာလို့ဒီလိုပြောလဲသိလား... တပ်မတော် လက်ထက်က ဘဘ..ဘဘ နဲ့ တစ် ဘ တည်း ဘ နေခဲ့တဲ့ အနုပညာရှင်တွေ လည်း အခုတော့ ဘဘ ကို ပုန်ကန်တဲ့ ခွပ်ဒေါင်း အလှံ နဖူးမှာစည်းပြီး ဒါမှ ဒီမိုကရေ စီကွ...စစ်အာဏာ ဖယ်ရှာပေးကွ ဆိုပြီး မုန်တိုင်းတိုက်ပြီး မှလေမုန်တိုင်း သတင်းသ တိပေးကြော်ငြာနေကြ ပါလေရဲ့..ဒါမှမဟုတ် တောတွင်းတိရိစ္ဆာန် ခွေးတစ်ပိုင်း ၀က်တစ်ပိုင်းနဲ့တူနေသလားလို့ပါ........ တစ်ချို့ ကျတော့လည်း အနုပညာ မလုပ်ရရင် မနေနိုင်ပေါင်...အနုပညာက ငယ်ငယ်ကတည်းက အရိုးစွဲနေ တာပါဆိုပြီး ရုပ်ရှင်ရိုက်တယ်...ထင်သလောက်မအောင်မြင်..သီချင်းတက်ဆိုတယ်...ခိုးကူးခွေကြောင့် ထင်သလောက် ဖြစ်မလာတော့ NLD ဆိုတဲ့ ပါတီကိုပဲ သည်းကြီးမဲကြီးလိုက်ကပ်နေတော့ တဲ့အဖြစ်တွေက လည်း မြင်ယောင်နေပါသေးရဲ့........သူတို့ အင်တာဗျူးတွေမှာပြောခဲ့တဲ့ အနုပညာက သူ့တို့ဘ၀ ပါဆိုတာကို လိမ်ပြောနေကြတာနဲ့ တူမနေဘူးလား..အမှန်ဆို တပ်မတော် လက်ထက်ကတည်းက အနုပ ညာအင်ဗျူးတွေမှာ ဖြေသင့်တာက ငယ်ငယ်ကတည်းက ၀ါသနာပါတာ နိုင်ငံရေး လုပ်တာ... ပါတီထောင် တာ လို့ပြောသင့်တယ်. ဟိုပါတီကလည်း ပါတီအင်အားတောင့်ရင်ပြီးရော...ပါတီမှာ နာမည်ကြီးအနုပညာ ရှင်တွေ ၀င်လာလေ ပြည်သူတွေပိုပြီး အထင်ကြီးလေးစား လူသိများလာလေဆိုပြီး လာသမျှ အနုပညာ ရှင်တွေကို ရင်ထိုး တွေပေး နဖူးစည်းတွေပေးပြီး ဇာတ်ကားတွေထဲမှာ ငါလည်း ဒီပါတီပဲကွ ဆိုပြီး သရုပ်ဆောင်ခိုင်းအုံးမယ်ထင်ပါတယ်....... ရှိပါသေးရဲ့ နောက်အတင်း....ငါတို့က အနုပညာ ရှင်တွေ မြန်မာလူမျိုး သိက္ခာမဲ့အောင် ဘယ်တော့မှမလုပ်ဘူး...ယဉ်ကျေးမှုတွေကို ဖေါ်ဆောင်ပြီး မျိုးဆက် သစ်လူငယ်တွေကို အတုယူစေရမယ့် အပြုအမူ အ၀တ်အစားမျိုးတွေနဲ့ ငါတို့က လမ်းပြကြယမအဖြစ် လုပ်ဆောင်ပေးနေမှာတဲ့.... လုပ်လိုက်ပါတယ်......... .မြန်မာလိုဝတ်စားထားတာ ကလည်း မြင်မကောင်း ရုံတမယ်ပဲ....ဖေါ်လိုက်တာများ... အမေပေးတဲ့ ရွှေခွက်ကို လုံရုံတစ်မယ်ပါပဲ....လူမှုရေး အရှုပ်တော်ပုံထဲ မျာလည်း အနုပညာရှင်တွေက စံနမူနာယူချင်စရာပါပဲ....ဒီနှစ် ဒီလင်တစ်ယောက် ဆို နောက်နှစ် ကျ မြရိပ်ညိုမှာ မင်္ဂလာပွဲနွဲသေးတယ်..နောက်လင်တစ်ယောက် နဲ့......အင်တာနက်စာမျက်နှာလည်း ကြည့်မကောင်းတဲ့ အနုပညာရှင်တွေရဲ့ ဗွီဒီယို ကားတွေ...ကြည့်မကောင်းရှုမကောင်းတွေပါလား... ဒါလည်းအရေးမကြီးမပါဘူး... သတင်းဆိုတာက ကြာရင်မေ့သွားတာပဲ ဆိုတဲ့အသိ နဲ့ မျက်ခွက်ပြောင်ပြီး စင်ပေါ်တက်ပြီး ပြောသွားသေးတယ်..လူတိုင်းအမှားဆိုတာ ရှိစမြဲပါတဲ့.....မျိုးဆက်သစ် မြန်မာလူငယ်များ အနုပညာရှင်တွေ ပြောစကားကို အတုယူကြပါ....လူငယ်တွေ ထက်ကာ တလဲလဲ မှားကြပါ... အနုပညာရှင်တွေပြောတယ် မှားလို့ရတယ်တဲ့.........ဒါလည်း ထားပါတော့...နောက် အတင်းထပ်ပြောပါ ရစေ......ပြည်ပထွက်ပြီး အနုပညာရှင်တွေ မပီကလာနဲ့ သီချင်းထွက်ဆိုကြ တယ်.....ဆပွန် ဆာ ပေးတဲ့သူတွေက ဘာပြောလဲသိလား....ဘယ်မင်းသမီးကို ဘယ်လောက်နဲ့ခေါ်ရင် ဘယ်လိုလုပ် လို့ရတယ်ဆိုတဲ့ စကားတွေကို ဆပွန်ဆာပေးတဲ့သူပြောစကားကို ဒီနားနဲ့လည်း ဆက်ဆက်ကြားခဲ့ သဗျ.......တကယ်ပဲသူတို့ပြောသလိုများလားလို့





အနုပညာရှင်တွေကို မေးကြည့်ချင်သေးတယ်....ခုနောက်ပိုင်း လူငယ်တွေ အနုပညာကို စိတ်ဝင်စားမှု နည်းလာတယ်..ဘာလို့လဲဆိုတော့ စင်ပေါ်တက်ပြီး သီချင်းဆိုပြန်တော့လည်း မအောင်မြင်...ရင်ဖေါ် တင်ဖေါ် ၀တ်ပြပြီး မော်ဒယ်လုပ်ပြန်တော့လည်း တွက်ခြေကမကိုက်...ဒီတော့ လူငယ်တွေအသိထဲမှာ ၀င်လာတာက ပါတီထောင်မယ်ကွ...MRTV မှာလည်း ငါတို့ရုပ်တွေ ပါမယ် MWD မှာလည်း ငါတို့ သတင်းတွေ ပါမယ်....ဟိုဂျာနယ် မျက်နှာဖုံးမှာလည်း ငါတို့ ရုပ်ပုံတွေပါမယ်... ဒီဂျာနယ် မျက်နှာဖုံးမှာ ငါတို့ပုံတွေ တသီကြီးပါနေတော့ နာမည်ကြီးအောင်လုပ်နည်းက ခုချိန်မှာ အခါသင့်တဲ့အ ချိန်ပဲ.... အခင့်သင့်လို့ ဒီထက်လူသိလာရင် ဥရောပထိ ကိုယ်ရံတော်လုပ်ပြီးလိုက်ရအုံးမယ်... လွယ်အိတ်လေးပဲ ကိုင်ပြီးလိုက်ရလိုက်ရ....ထဘီထုတ်ပဲ ဆွဲရဆွဲရ..ဥရောပ ထိလိုက်ပြီး ကမ္ဘာ့သတင်းမှာ ငါ့မျက်နှာလေး တစ်ချက်လောက်ပါရင်ပြီးရော ...ပြည်တော်ပြန်လာတဲ့အချိန် အတင်းအဓမ္မ ခေါ်ဆောင်လာတဲ့ ပါတီတွေနဲ့ သက်ဆိုင်တဲ့ စက်ရုံအလုပ်ရုံက ၀န်ထမ်းတွေကို လာဖ၀ါးနာအောင် လက်ခုတ်တွေတီးခိုင်းပြီး ထောင်ချီတဲပ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုရင် ပြီးရော ဆိုတဲ့ အတွေးတွေ လူငယ်တွေ ၀င်လာကြပြီလေ... ဒီတော့ လက်ရှိ အနုပညာရှင်တွေ တကယ်လုပ်နေတာက မြန်မာပြည် အနုပညာတွေ ကမ္ဘာသိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် လုံးဝမပါပဲ..ဂျာနယ်တွေ..အင်တာနက် စာမျက်နှာတွေမှာ သူတို့သတင်းများ


များပါလာဖို့အရေးကို ကုလားတွေ နွားလည်လှီးတဲ့နေရာထိသွားပြီး နွားလည်လှီးပွဲမှာ သူတို့လည်း သွားရောက်အားပေးခဲ့ကြောင်းကို အင်တာနက်ပေါ်..ဂျာနယ်တွေပေါ်မှာ ပါအောင်လုပ်နေကြ ပါတော့တယ်................ဒီတော့ ခုခေတ် အနုပညာသည်များဟာ တောတွင်းက ခွေတပိုင်းဝတ်တပိုင်း တရိစ္ဆာန်နဲ့ အသွင်တူနေပြီး ရုပ်ရှင်ရိုက်မလား သီချင်းဆိုမလား...ဒါမှမဟုတ် ကင်မရာကိုင်ပြီး သတင်းထောက်လုပ်မလား...ဒါမှမဟုတ် နဖူးမှာခေါင်းစည်းစည်းပြီး ပါတီထောင်လားလို့ သာမေးလိုက် ချင်ပါတော့တယ်.........

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်