From : Flower News
ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရန် တင်ပြထားသည့် နိုင်ငံတကာ လေကြောင်းလိုင်း များကို အောက်တိုဘာလမှ စတင်ကာ ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာနမှ သိရသည်။ နိုင်ငံတကာ လေကြောင်းလိုင်းများ ဖြစ်သည့် ကိုရီးယား၊ ဂျပန်၊ ဂျာမ နီ၊ ဟောင်ကောင်နှင့် ကာတာနိုင်ငံ လေကြောင်းလိုင်းများကို တိုက်ရိုက်ပျံသန်းနိုင်ရန် ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း သိရသည်။ “နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံးကို အောက်တိုဘာလက စပြီးတော့
ပျံသန်းခွင့် ပြုလိုက်ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေး မှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။ တိုက်ရိုက် ပျံသန်းမည့် လေကြောင်းလိုင်းများမှာ တရုတ်(တိုင်ပေ) အခြေစိုက် EVA Air Line လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်း (KAL)၊ ဂျပန်လေကြောင်း လိုင်း ဖြစ်သည့် All Nippon Air Line လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်း ဖြစ်သည့် Quatar လေကြောင်းလိုင်း၊ ဟောင်ကောင် အခြေစိုက် Dragon Air Line လေကြောင်းလိုင်း များ ဖြစ်ကြောင်း သိရှိရသည်။

Time in Rangoon

0 comments:
Post a Comment