Tuesday, October 09, 2012

2012 အတွက် အလုပ်လုပ်ရင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိသူ စကာတင် စာရင်း ဦးသိန်းစိန် ပါဝင်

Posted by drmyochit Tuesday, October 09, 2012, under | No comments




အလုပ်လုပ်ရင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိသူ စကာတင် စာရင်း ဦးသိန်းစိန် ပါဝင် ကြောင်း AFP သတင်း က ဖော်ပြလိုက်ပါတယ်။ ၂၀၁၂ ခုနှစ်၏ နိုဘယ်ဆု ရာသီသည် ယခုရက်ပိုင်းအတွင်း စတင်ခဲ့ပြီဖြစ်ပြီး ဆုပေးပွဲ ကို လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ပြုလုပ်မှာဖြစ်ပြီး ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဒီတပတ်အတွင်းမှာ ကျေညာတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား ဦးဆောင်ပြီး ဆောင်ရွက်နေခဲ့သည့် သမ္မတ ဦးသိန်းစိန်သည်လည်း နိုဘယ် ငြိမ်းချမ်းရေးဆု ပဏာမစာရင်း ၌ ပါဝင်လာဖွယ် ရှိနေသည်ဟု AFP သတင်းဌာနမှ Bets and rumors kick off Nobel prize season ဟု အမည်ရသည့် ဆောင်းပါး၌ ထည့်သွင်းဖော်ပြ ထားပါတယ်။


ငြိမ်းချမ်းရေးနိုဘယ်ဆု နှစ်မျိုးရှိပြီး ပထမ တစ်မျိုးမှာ တကယ့်ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သူ များဖြစ် ကာ၊ ဒုတိယ တစ်မျိုးမှာ ဘာမှမလုပ်ပဲ စာရေးကာ ရသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်