Tuesday, October 09, 2012

ဒေါ်စု သတင်းစာရှင်းလင်းပွဲ အိုင်တီသမားများ စိတ်ပျက်

Posted by drmyochit Tuesday, October 09, 2012, under | No comments

အင်တာနက်သုံးခြင်းက ပေါင်းသင်းဆက်ဆံရေး ထိခိုက် ၍ အစွန်းရောက်စေတယ် လို့ နောက်တစ်ဆက် သမ္မတ လုပ်မယ်ဆိုတဲ့ မြန်မာအဖွားအို ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာရှင်း လင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို နိုင်ငံတကာရှိ IT ပညာရှင်များ၊ ပရော်ဖက်ဆာများ နဲ့ ခေါင်းဆောင်များက စိတ်ပျက်လျှက် ရှိကြောင်း သိရပြီး ထိုသို့ပြောကြားခြင်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ခေတ်မှီနည်းပညာများဖြင့် အလွန်အလှမ်းဝေးစွာ နောက်မှာကျန်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားခြင်း ဖြစ်တယ်လို့ မြန်မာ ICT မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၇ နှစ် ရှိပြီဖြစ်ပြီး စာအုပ် နှင့် လက်နှိပ်စက် ကြားတွင်ကြီးပြင်း လာသူဖြစ်ကာ ငယ်စဉ်ကတည်းက နည်းပညာပိုင်းဆိုင်ရာ အလွန်အားနည်းသူဖြစ်ကြောင်း နီးစပ်သူများ မှ ပြောကြားသည်။ သိပ္ပံနှင့် နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်းကြောင့် အတွေးအခေါ် စာအုပ်များသာ တဖက်သက် ဖတ်ရှုခဲ့ခြင်းကြောင့် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားများဟာ နားထောင်လို့ အင်မတန်ကောင်းသလောက် လက်တွေ့ မဆန်မှုတွေနဲ့ ဖုံးလွှမ်းနေခဲ့သည်။

ယနေ့ ကမ္ဘာတွင် အင်တာနက် နှင့် ကွန်ပျူတာများ ကို မရှိမဖြစ် အသုံးအဆောင် တစ်ခုအဖြစ် လက်ခံ ကျင့်သုံးလာသော်လည်း NLD ပါတီ အစည်းအဝေးခန်းတွင် ကွန်ပျူတာ တစ်လုံးမှ မရှိသေးပေ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လူငယ်များကို အင်တာနက်သုံးရန် အားပေးခြင်း လုံးဝမရှိတဲ့အပြင် အင်တာနက်ကြောင့် ပေါင်းသင်းဆက်ဆံရေး မကောင်းကြောင်း၊ လူတွေ အစွန်းရောက်ကြောင်း စသည့်ဖြင့် အပြစ်သာ ပြောဆိုခဲ့သည်။ ခေတ်ပညာနှင့် အလှန်းဝေးနေသော်လည်း ယနေ့ အိုင်တီခေတ် တွင် နောက်တဆက် ၌ သမ္မတလုပ်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင် ဆန်းစုကြည် က အရှက်မရှိ ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်